ကောင်းကင်ကြီးတစ်ခုလုံးသည် အပြာရောင်အတိနှင့် လှရက်လွန်းနေသည် ။ ခပ်နွေးနွေးနေရောင်ခြည်လေးက စိတ်တို့ကို ကြည်လင်စေလိုက်တာ ။ ရှူရှိုက်လိုက်တဲ့ လေထုထဲမှာရှိနေတဲ့ carnation ပန်းနံ့လေးဟာ ဒီနေ့မှ ပိုမွှေးလွန်းနေသလား ။
ကားမှန်ကိုဖွင့်ထားရင်း အပြင်ဘက်က သဘာဝတရားရဲ့အလှကို ခံစားနေတဲ့ သူ ။ လက်ထဲက အဖြူရောင် carnation ပန်းလေးကိုတစ်ချက်မွှေးကြူလိုက်ရင်း အလှဆုံးပြုံးရယ်နေသေးသည် ။
*** ရောက်ပြီ လူလေး ***
ဆေးရုံတစ်ခုရှေ့တွင်ရပ်သွားသော ကားလေး
*** ကျေးဇူးပါဗျ ***
*** လူလေးရဲ့ ပန်းလေးတွေက တော်တော်လှတာပဲ ဆေးရုံမှာ ဘယ်သူရှိတာလဲ ***
ကားဆရ ဦးလေးကြီးက သူ့လက်ထဲမှ ပန်းတွေကို ကြည့်ပြီးမေးသည် ။ အင်းလေ သေချာရွေးထားတာပဲ ။
*** ဖေဖေအတွက် မေမေကြိုက်တဲ့ပန်းလေးတွေနဲ့ ဂုဏ်ပြုလက်ဆောင်ပေးဖို့ပါ ***
သူ့အမေးကို ပြုံးရယ်လျက်ပင် ပြန်ဖြေကာ Taxi ခ ရှင်းပေးပြီး ဆင်းသွားသော လူငယ်လေးရဲ့ ၊ မည်သည့်ခံစားချက်မှရှာမတွေ့နိုင်တဲ့ မျက်ဝန်းတွေက တောက်ပနေလိုက်တာ ။
*** အကိုလေး ***
ဆေးရုံရှေ့ပေါက်မှာ ရပ်စောင့်နေသော ကောင်လေးတစ်ယောက်က အပြေးလာပြီး ခေါင်းငုံ့နှုတ်ဆက်သည် ။
*** စောသားပဲ ရော့ ကူညီပေးပါဦး ***
လက်ထဲမှ ပန်းစည်းကို ထိုကောင်လေးကို ပေးလျက် တစ်ဖက်သို့ ထွက်သွားသော သူကို ၊ ထိုကောင်လေး သေချာလိုက်ကြည့်နေမိသည် ။ အေးဆေးစွာပင် ပြောသွားတဲ့ ထိုသူရဲ့ မျက်နှာလေးသည် ပူလှောင်နေတဲ့ မျက်နှာမျိုးမဟုတ်ပေမယ့် အေးချမ်းနေတဲ့ မျက်နှာမျိုးလည်းမဟုတ် ၊ အေးဆေးတည်ငြိမ်နေရုံသက်သက်ပဲ ။
ဖြူဝင်းနေသော အသားအရည်နှင့် shirt လက်ရှည်အဖြူသည် လိုက်ဖက်နေသလို ၊ တွဲဖက်ဝတ်ဆင်ထားသော style pan အနက်ရောင်နဲ့ ထိုသူသည် အခြားဘာမှ ပြင်ဆင်ထားခြင်းမရှိတာတောင် သိပ်ကိုပြည့်စုံလွန်းနေတာအမှန် ။
>>>>>>>>>>>>>>>>>>
စာပွဲပေါ်တင်ထားသောပန်းတို့ကို တုနှိုင်းမောင် အတော်ကြာ ထိုင်ကြည့်နေမိရင်း ရှုပ်ထွေးနေတဲ့ စိတ်တွေနဲ့ ရင်ခွင်တစ်ခုလုံး ပြောင်းဆန်အောင်ပူလောင်နေသည် ။
*** လူနာရှင်ရှင့် ဒေါက်တာကြီးက ဆွေးနွေးဖို့ ခေါ်ခိုင်းလို့ပါ ***
အပေါက်ဝမှ ဆရာမလေးလာပြောတာကြောင့် ၊ ကုတင်ထက် အိပ်စက်နေဆဲဖြစ်သော မိခင်ကို တစ်ချက်ကြည့်ကာ တံခါးအသာပြန်ပိတ်ပြီးထွက်ခဲ့လိုက်သည် ။
ဆရာဝန်ကြီးနှင့် မာမီအခြေအနေကို အတိအကျဆွေးနွေးပြောဆိုတော့ ၊ မာမီကိုစစ်ဆေးမှုတွေ အထပ်ထပ်လုပ်ရင်း သိလိုက်ရတာ မာမီရဲ့ အဆုတ်သည်ပျက်ဆီးနေခဲ့တာဖြစ်ပြီး နှလုံးသည်လည်းမကောင်းတော့ပေ ။ ထပ်မံခွဲစိတ်မှုပြုလုပ်၍လည်း မရနိုင်တော့တာကြောင့် နေဖို့သိပ်မကျန်ဘူးတဲ့ ။
အချိန်အတော်ကြာ ဆွေးနွေးပြောနေပြီး ပြန်လာချိန်မှာတော့ တုနှိုင်းမောင်ရဲ့စိတ်တွေသည် အစိုးမရနိုင်တော့ဘူး ။ လက်ခံဖို့ခက်ခဲလွန်းလိုက်တာ ။ အခုမှ...အခုမှ မာမီက သူ့ဘဝထဲ ပြန်ရောက်လာခဲ့တာကို လက်လွတ်ဖို့ အသင့်ပြင်ထားရတော့မှာလား ၊ ကံတရားက မတရားဘူး ။
ထိုဆေးရုံ ရုံးခန်းကနေ မာမီရှိရာဆီ သူဘယ်လိုခြေလှမ်းမျိုးတွေနဲ့ လှမ်းနေမိလဲ မသိဘူး ။ ၉နှစ်တောင်စောင်နေခဲ့ရပြီးမှ ဘာလို့များလဲ ။
ထောင့်ချိုးတစ်ခုသို့ အရောက်တွင်တော့ ပုံမှန်မဟုတ်တဲ့ ပတ်ဝန်းကျင်ကြောင့် ခြေလှမ်းတို့က တို့ခနဲ ။
လူတွေဘာလို့ အဒီလောက်များနေရတာလဲ ။
မာမီရဲ့ အခန်းက သီးသန့် VIP အခန်းမလို့ အခြားလူသိပ်မရှိတာကို ဘာလို့များနေရတာလဲ ။
တစ်စုံတစ်ခုကို ရိပ်မိသွားတဲ့ တုနှိုင်းမောင်သည် သူ့၏ မိခင်ရှိရာဆီပြေးတော့သည် ။
အခန်းထဲနဲ့ အခန်းပြင်မှာ အပြည့်ရှိနေတဲ့ သတင်းသမားတွေ ၊ thai ဘက်က သတင်းသမားအနည်းငယ်နှင့် myanmar ဘက်မှ သတင်းသမားတွေကြောင့်
"မင်းတို့ဘာလဲ! အခုဘာလုပ်နေကြတာလဲ!"
တုနှိုင်းမောင်အော်လိုက်တော့ ထိုလူတွေက သူတို့လုပ်နေသော ပုံရိုက်ခြင်းနဲ့ ရေးမှတ်ခြင်းတွေရပ်တန့်သွားကာ သိမ်းဆည်းလျက် အသီးသီးထွက်သွားကြသည် ။
တကယ်တမ်းက သူအော်လို့မဟုတ်ပဲ အလုပ်ပြီးသွားကြတာပဲ ။ ထိုထဲက တစ်ယောက်ကို တုနှိုင်းမောင် လက်မောင်းကနေဆောင့်ဆွဲလိုက်ပြီး
"ဘာလဲ! မင်းတို့ကဘယ်သူခွင့်ပြုချက်နဲ့ ဒီကိုလာတာလဲ!"
ထိုလူသည် တုနှိုင်းမောင်အမေးကို ပြန်မဖြေဘဲ ခေါင်းငုံကာရှောင်သွားသည် ။
ထိုလူတွေ အားလုံးထွက်သွားပြီး သူမြင်လိုက်ရတာက wheelchair ပေါ်တွင် ထိုင်နေသော မိခင်ဖြစ်သူ ။ လက်အချင်းချင်းကို ဆုပ်ကိုင်လျက် ငိုနေသော သူမကြောင့် တုနှိုင်းမောင် ထိုနားလေးသို့ အပြေးသွားမိသည် ။
"မာမီ ဘာလို့လဲဟင် ဘာဖြစ်တာလဲ ၊ ဘာဖြစ်လို့လဲဟင်"
မာမီနဲ့ မလှမ်းမကမ်းမှာရပ်နေသော မင်းထိုက်ကိုမြင်တော့ သူပိုဒေါသဖြစ်သွားကာ ၊ မင်းထိုက်နားသွား၍
"မာမီဘာဖြစ်တာလဲ အစောကလူတွေကဘာလဲ ၊ ဘာတွေဖြစ်သွားတာလဲ"
တုနှိုင်းမောင်မေးပေမယ့် ခေါင်းကိုအောက်သို့သာငုံ့နေတဲ့ မင်းထိုက်က မော့ပင်ကြည့်မလာတာကြောင့် ၊ မင်းထိုက် အင်္ကျီရင်ဖက်ကိုဆောင့်ဆွဲလျက် ။
"ဟေ့ကောင် ! ငါမေးနေတယ် အစောဘာဖြစ်တာလဲလို့ ၊ မာမီဘာဖြစ်တာလဲ!"
"နှိုင်း.."
ကြေကွဲအက်နေတဲ့အသံနဲ့ဆိုလာရင်းမော့ကြည့်လာသော မင်းထိုက်သည် ၊ အတော်ပင်တုန်လှုပ်နေသည့်ပုံ ။
"ကျစ် မာမီဘာဖြစ်တာလဲလို့!"
တုနှိုင်းမောင် စိတ်မရှည်စွာ အော်ဟစ်မေးလိုက်တော့
"နှိုင်း.."
နာကျင်စွာပင် စကားဆက်မဆိုနိုင်တဲ့ မင်းထိုက်သည် ခေါင်းကိုသာတသွင်သွင်ခါရမ်းနေသည် ။
"တောက်!"
မင်းထိုက်ကိုလွတ်လိုက်ရင်း မိခင်ဖြစ်သူနားပြန်သွားကာ ၊ တုန်ယင်နေသော လက်ကလေးတွေကို ဆုပ်ကိုင်လျက် ။
"မာမီ ဘာလို့လဲဟင် ဘာလို့ငိုနေတာလဲ"
စီးကျနေသော မျက်ရည်များကို သုတ်ပေးရင်း မေးနေပေမယ့် ၊ သူ့ရင်ထဲက ဆို့တက်နေသော အမည်မသိနာကျင်မှုက သူကိုယ်တိုင်ပင် မျက်ရည်များစီးကျနေသည် ။
သူမကိုမေးရင်း ငိုနေသော သားဖြစ်သူကို ၊ သူမကတစ်ဖန် မျက်ရည်တွေကို ပြန်သုတ်ပေးရင်း ပါးလေးကိုကိုင်ကာ နှုတ်မှဖွင့်ဟမပြောနိုင်သော တောင်းပန်စကားဆိုမိသည် ။
"မာမီ အစောကသူတွေက ဘာလဲ ဘာဖြစ်လို့မာမီဆီရောက်နေကြတာလဲ"
"အဒေါ်"
ရှိုက်သံတွေသာကြီးစိုးနေတဲ့ အခန်းထဲ ဝင်လာတဲ့ ကြည်လင်လှသော အသံတစ်ခု ။ မဟုတ်ပါစေနဲ့ဟုသော ဆုတောင်းတွေက မပြည့်နိုင်တာသေချာနေပြန်သည် ။
ထိုအသံလေးက တုနှိုင်းမောင်ရဲ့နှလုံးသားထဲက အသံပိုင်ရှင် ။
အဖြူရောင် shirt အင်္ကျီလက်ရှည်ကို လက်ဖျားအနည်းငယ်ခေါက်ဝတ်ထားကာ ၊ လက်နှစ်ဖက်ကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်လျက်လျောက်လှမ်းလာသော သူက တည်ငြိမ်လျက်ပင် ။
"မဟာ"
တုနှိုင်းမောင် နာကျင်တုန်လှုပ်စွာ ရေရွတ်လိုက်သည် ။
"ကျေးဇူးတင်ပါတယ် အဒေါ်"
သူ့ကိုတစ်ချက်မကြည့် မာမီကိုသာ စကားဆိုနေတဲ့ မဟာရဲ့မျက်ဝန်းတို့သည် ပျော်ရွှင်နေသည် ။
"တကယ်ကို ကျေးဇူးတင်ပါတယ်"
တရိုတသေပင် ခေါင်းငုံ့ကာပြောနေသော မဟာကို တုနှိုင်းမောင်နားမလည်နိုင်တာကြောင့် ၊ မာမီကိုကြည့်လိုက်တော့ အစောကထက်ပင် တသွင်သွင်စီးကျနေတဲ့ မျက်ရည်တွေနဲ့ မိခင်ဖြစ်သူ ။
"မင်းဘာလဲ မဟာမြတ်သူ ၊ ဒီကိုဘာထင်လို့ရောက်လာတာလဲ"
"မင်းရှာနေရမှာစိုးလို့လေ"
"ဘာပြောတယ်"
သူနဲ့ မဟာ စကားပြောနေတုန်း မောလွန်းနေသည့်ပုံနဲ့ အသက်ရှုလို့မဝဖြစ်နေတဲ့ မိခင်ကြောင့် တုနှိုင်းမောင်စိုးရိမ်စွာပင် ။
"Doctor မင်းထိုက် doctor ခေါ်"
"ငါခေါ်ထားတယ် လာလိမ့်မယ်"
"ဘာ!"
မဟာစကားကို တုနှိုင်းမောင်နားမလည်စွာဖြစ်နေတုန်း ၊ အခန်းထဲဝင်လာတဲ့ ဆရာဝန်တွေနဲ့ သူနာပြုအချို့က မာမီကို ကုတင်ပေါ်ရွေ့စေလျက် စမ်းသပ်ပေးနေကြသည် ။
"ပင်ပန်းသွားပြီပဲ ကောင်းကောင်းအနားယူပါ အဒေါ်"
"မာမီကိုကြည့်ထားပေး"
အေးဆေးစွာပင် လက်ပိုက်ရပ်ကြည့်နေရင်း စကားဆိုကာ ထွက်သွားသော မဟာနောက်ကို တုနှိုင်းမောင်ပြေးလိုက်သွားသည် ။
"နှိုင်း! နေဦး နှိုင်း ခဏ နေဦး"
မင်းထိုက်တားပေမယ့် မမီလိုက်သလို ၊ ကုတင်ထက် ခဏမျှငြိမ်သက်နေတဲ့ မိခင်သည် သားဖြစ်သူပြေးလိုက်သွားတာကိုမြင်လိုက်တော့ လက်ရပ်ခေါ်ကာတားဆီးပေမယ့်လို့ မမီတော့ ။
နောက်မှပြေးလာသော ခြေလှမ်းတို့ကို နားထောင်နေတုန်းမှာပဲ ၊ တင်းကျပ်စွာ ဆုပ်ကိုင်ခြင်းခံလိုက်ရတဲ့ လက်ကောက်ဝတ်
"လိုက်ခဲ့"
အားနဲ့ဆောင့်ဆွဲခေါ်ခြင်းခံလိုက်ရတာကြောင့် နာကျင်သွားရပေမယ့်လို့ အလိုက်သင့်ပဲ ငြိမ်နေလိုက်သည် ။ ဆေးရုံရဲ့ အရေးပေါ်ရိုးရိုးလှေကားဘက်သို့ ဝင်သွားရင်း အတွင်းဘက်လည်းရောက်ရော နံရံဘက်ဆောင့်တွန်းခံလိုက်ရတာကြောင့် နာကျင်သွားရပြန်သည် ။
"မင်းဘာလဲ! မင်းဘာလုပ်တာလဲ မဟာမြတ်သူ ၊ တကယ်ပဲ ဘာတွေလဲ"
ဒေါသနဲ့ အော်ဟစ်ကာမေးနေသော တုနှိုင်းမောင်ကို မဟာက တည်ငြိမ်စွာပင် ကြည့်နေလေသည် ။
"ငါမေးနေတယ် မင်းဘာလဲလို့"
"ငါကဘာကိုဘာရမှာလဲ"
အေးဆေးလျက် တုန့်ပြန်မေးလာသော မဟာသည် ပကတိတည်ငြိမ်လျက် ။
"ဘာလို့ငါ့အမေလဲ မင်းဘာဖြစ်ချင်နေတာလဲ"
"သိချင်လို့လား"
"မင်းမိဘတွေကြောင့် ငါတို့မိသားစုပြိုကွဲရတာ မလုံလောက်သေးဘူးလား ၊ ဘာလို့ထပ်ပြီးလဲ"
"ဟက်"
တုနှိုင်းမောင်စကားကို သဘောကျရယ်လိုက်တဲ့ မဟာကို တုနှိုင်းမောင်စိတ်တိုသွားကာ လည်ပင်းမှအင်္ကျီစဆောင့်ဆွဲလျက် ။
"ရယ်တယ် ငါပြောတာရယ်စရာပါလို့လား"
"အင်း"
"တောက်! မဟာမြတ်သူ"
"အင်း"
"ဘာလို့ငါမိသားစုလဲ! ၊ ဘာလို့ငါ့အမေလဲ! မင်းဘာလဲ မင်းကပါ ဘာလို့လဲ ၊ ဒီနှစ်တွေမှာ ငါဘယ်လိုနေခဲ့ရတယ်ထင်လဲ ငါဘယ်လောက်တောင်ခက်ခဲခဲ့ရတယ်ထင်လဲ ဘာလို့မင်းလဲ ဘာဖြစ်လို့ ၊ ဘာဖြစ်လို့မင်းဖြစ်နေရတာလဲ"
တစ်ခါတစ်ခါမာကျောလိုက် ၊ တစ်ခါတစ်ခါတုန်ယင်လိုက်ဖြစ်နေလိုက်တဲ့ တုနှိုင်းမောင်ရဲ့စကားတွေကို မဟာ ငြိမ်သက်လျက်နားထောင်နေသည် ။
"တော်သင့်ပြီ မလုံလောက်သေးဘူးလား ငါ့မိသားစုကို ဖျက်ဆီးလို့ မလုံလောက်သေးဘူးလား ၊ ငါ့ဘဝကိုဖျက်ဆီးလို့ မလုံလောက်သေးဘူးလား"
"အင်း"
"ဘာ!"
"မလုံလောက်သေးဘူး"
တစ်လုံးချင်းပြတ်သားစွာပြောနေတဲ့မဟာက တုနှိုင်းမောင်ရဲ့ဒေါသတွေကို စိန်ခေါ်နေသည်လား ။
"ဘာပြောတယ်!"
"ငါ့မှာ ဖေဖေရောမေမေရော မရှိတော့တာကို မင်းမှာဘာလို့ မင်းမာမီရှိနေသေးတာလဲ"
"ဘာကွ"
"ဘာလို့ငါလဲဟုတ်လား ၊ ငါက ဦးမျိုးမဟာ ဒေါ်မြတ်သိင်္ဂီတို့ရဲ့သားဖြစ်နေလို့လေ"
"မဟာမြတ်သူ!"
"အင်း အဒါငါပဲ ၊ ငါဒီနေ့ကို စိတ်ကူးယဥ်ခဲ့ရတာကြာပြီ ၉ နှစ်ကျော်ပဲ ၊ ရှိမလာနိုင်တော့ဘူးလို့တောင် ထင်ထားတာ"
"မဟာ!"
"ဒီအတောအတွင်း ငါ့အကြောင်းတွေကို အသည်းအသန်စုံစမ်းနေရတာတွေ ပင်ပန်းနေမှာပဲ"
"မင်း!"
"အင်း ဘယ်ကစပြောပြရမလဲ ၊ ငါ့ရဲ့အလင်းသစ်လုပ်ငန်းတွေအကြောင်းပြောရမလား no No ၊ အဒါစိတ်ဝင်စားဖို့သိပ်မကောင်းဘူး"
"ဘာ"
"အာ မထိသင့်တာကို သွားထိလို့ ဖြစ်သွားတဲ့ တိရစ္ဆာန်တစ်ကောင်ရဲ့ ယာဥ်တိုက်မှုအကြောင်းပြောရမလား"
"အဒါဘာလဲ"
"မင်းရဲ့ချစ်လှစွာသော သူငယ်ချင်းကြီးလေ"
"မင်းကမ္ဘာ? ၊ မဟုတ်မှ အဒီကိစ္စကမင်း"
"အင်း မတော်တဆဖြစ်သွားတာပါ ၊ မစိုးရိမ်ပါနဲ့ အလျှော်ပေးတဲ့အနေနဲ့ VIP room မှာ free ပေးထားတယ်လေ ထားပါ ၊ အဒီဘာမဟုတ်တဲ့ကိစ္စကို"
"မတော်တဆ! ဘာမဟုတ်တဲ့ကိစ္စ! ဆေးရုံမှာ မသေရုံတမယ်ဖြစ်နေတာ ဘာမဟုတ်တဲ့ကိစ္စလား"
တုနှိုင်းမောင် ကိုယ့်နားကိုယ်ပင် မယုံနိုင် ၊ မဟာကဘယ်လိုဖြစ်ပြီးတော့လဲ အဒီလောက်ဆိုးရွားတဲ့ လုပ်ရပ်ကို ဘယ်လိုများ ။
"မင်း သိချင်လား ဘာလို့မင်းအမေဖြစ်လဲသိချင်လား"
"ငါ့အမေကိုမထိနဲ့ မဟာ ၊ ငါမင်းကိုခွင့်လွတ်မှာမဟုတ်ဘူး"
"မင်း ငါ့ကို ဘယ်တုန်းက ခွင့်လွတ်ဖူးလို့လဲ"
"မဟာ!"
"ငါမင်းအမေကိုဘာလို့ထိလဲဆိုတော့ မင်းအမေဖြစ်နေလို့ဆိုတာထက် ဦးရဲထွဋ်မောင်ရဲ့ဇနီး ဒေါ်သန္တာခိုင်ဖြစ်နေလို့ပဲ"
"ဘာပြောတယ်"
"မင်းယုံကြည်လား ၊ မင်းလုပ်တာတွေ မှန်ပါတယ်လို့ မင်းယုံကြည်တယ်မလား ၊ မင်းဘယ်လောက်ယုံကြည်လဲ မင်းယုံကြည်တဲ့ အမှန်တရားတွေ ဘယ်လောက်တောင်မှန်နေမယ်လို့ထင်လဲ"
"ဘာပြောတယ်"
"ငါပြောဖူးတယ်လေ ၊ အချို့အမှန်တရားတွေက သိပ်ကြောက်စရာကောင်းတယ်လို့ ၊ ငါ့ကိုမယုံခဲ့ပေမယ့် မင်းမာမီကိုတော့ မင်းယုံမှာပါ"
"မင်းဘာတွေလာပြောနေတာလဲ"
"ငါဘာတွေပြောနေလဲဆို မင်းမကြာခင်သိပါလိမ့်မယ် ၊ အရင်ကထဲက ငါ့ကိုလွတ်ပေးဖို့ မင်းကိုပြောခဲ့ဖူးတယ် မင်းမလွတ်ပေးခဲ့တာ ၊ အခုငါ့ကိုအဆိုးမဆိုနဲ့"
"အေး ၊ မလွတ်ပေးနိုင်ဘူး မင်းတသက်လုံးငါ့ဘေးမှာနေရမှာ"
"မင်းငါ့ကိုဆွဲထားနိုင်မှာလား"
"ဘာ"
"ငါလည်းအရမ်းမုန်းတယ် ၊ မင်းသိလား မင်းငါ့မိဘတွေကို မုန်းသလို ၊ ငါလည်း မင်းမိဘတွေကို အရမ်းမုန်းတာ သေမတက်မုန်းတယ် ၊ သူတို့သားမှန်းမသိခဲ့လို့ မင်းကိုသူတို့သားမှန်းမသိခဲ့လို့ အဒီမိသားစုကမှန်း ငါမသိခဲ့လို့"
"မဟာမြတ်သူ ! ! !"
ဆုပ်ကိုင်ထားသော လက်တို့က ပိုမိုတင်းကျပ်စွာဖြင့် အော်ဟစ်လိုက်မိသည် ။ နှလုံးသားကို ဓားနဲ့မွှမ်းရင်တောင် ခံနိုင်ရည်ရှိဦးမည် ။
"ဒီညနေသတင်းမှာ မင်းအတွက် လက်ဆောင်ရှိတယ် ၊ နားထောင်ဖြစ်အောင်ထောင်လိုက်ဦး"
ပြောပြီး တုနှိုင်းမောင် လက်တို့ကိုရုန်းကာ ရှောင်ဖယ်သွားသော မဟာ့ကို ပခုံးကနေ ဆွဲလှည့်လိုက်တော့ ၊ အားပါသွားတာကြောင့် ယိုင်သွားတဲ့ ခန္ဓာကိုယ်ကို ထိန်းဖို့မမှီတော့ ။
"အမေ့"
သူ့လက်မှချော်၍ လှေကားကနေ တစ်ဆင့်ချင့် ပြုတ်ကျသွားတဲ့ ခန္ဓာကိုယ်လေးကို တုနှိုင်းမောင် ကြောင်ကြည့်နေမိသည် ။
ဂျောက်
ပွင့်သွားသော တံခါးချပ်နဲ့အတူ ရောက်လာတဲ့သူတို့ ၊ မာမီကိုထိန်းလျက် ရောက်လာသော မင်းထိုက်ရယ် ထွန်းအောင် ၊ ထွန်းအောင်ကဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ ။
"မဟာ!"
"နှိုင်း!"
"သား"
မာမီ...မာမီစကားပြောလိုက်တာလား ၊ တွေဝေနေတဲ့သူက တစ်ခဏအတွင်းဖြစ်သွားတဲ့ အရာတွေကို ဝေခွဲမရသေးဘူး ။
"တုနှိုင်းမောင်! !"
သူ့ကိုတွန်းဖယ်ပြီး ပြေးဆင်းသွားတဲ့ ထွန်းအောင် ၊ အဒီတော့မှ တုနှိုင်းမောင် သတိဝင်လာရင်း လိုက်ဆင်းမိသည် ။
မရည်ရွယ်ဘူး မဟာ ၊ ငါတကယ်မရည်ရွယ်ပါဘူး တောင်းပန်ပါတယ် ၊ မင်းထိခိုက်စေဖို့ မရည်ရွယ်ခဲ့ဘူး ။
"မဟာ...မဟာ မဖြစ်ဘူး...မဟာ ငါခေါ်နေတယ် မဟာ ၊ ဒီလိုမဖြစ်ဘူး မဟာ မဟာ"
မဟာကိုပွေ့ချီရင်လိုက်ရင်း အရူးလိုအော်နေတဲ့ ထွန်းအောင် ။
တုနှိုင်းမောင်ကတော့ ကြောင်နေတုန်း ၊ မဟာထိခိုက်ရတာ သူကြောင့်ဆိုတဲ့အသိက အခြားဘာမှမတွေးနိုင်အောင်အထိပဲ ။ သူ့ရှေ့ကနေ မဟာကိုပွေ့ချီကာ သွားဖို့ပြင်နေတဲ့ ထွန်းအောင်ကို သတိထားမိတော့မှ ။
"ဖယ်စမ်း ၊ မင်းကဘာလို့ရောက်လာတာလဲ"
ထွန်းအောင်ပွေ့ချီထားသော မဟာကိုဆွဲခေါ်တော့ ၊ ထွန်းအောင် က တုနှိုင်းမောင်ကို ဆောင့်တွန်းလျက်
"တကယ်လို့ တစ်ခုခုမှားသွားခဲ့ရင် ငါကိုယ်တိုင်မင်းကိုသတ်မှာ"
"ဘာ!"
"ယွန်း...ယွန်းလေး...ယွန်း..."
မဟာ တိုးညှင်းစွာပြောနေတဲ့ စကားသံလေးက ယွန်းလေးတဲ့ ၊ အဒါဘယ်သူလဲ ။
"အင်း ယွန်းလေး ဘာမှမဖြစ်စေရဘူး ၊ ယွန်းလေး အဆင်ပြေတယ် ခဏလေးသည်းခံ ခဏပဲ"
ပြောရင်းနဲ့ပင် ထွန်းအောင်က မဟာကိုပွေ့ချီလျက် ထွက်သွားလေသည် ။
"က က လေး ကလေး ရှိတယ်"
ထွန်းအောင်နောက် လိုက်ဖို့လုပ်တော့ တားဆီးလျက်ပြောလာတဲ့ မိခင်စကားကိုနားမလည်ပြန်ဘူး ။ မောဟိုက်နေတဲ့ မိခင်သည် စကားကိုအတက်နိုင်ဆုံး ထိန်းပြောနေသည် ။
"ကလေး ဘာကလေးလဲ ၊ မာမီ မာမီစကားပြောလို့ရပြီလားဟင်"
"မဟာလေးမှာ သားရဲ့..သားရဲ့ က လေး ရှိ တယ်"
"ဗျာ.."
မာမီရဲ့ လုံးထွေးနေတဲ့ အသံလေးနဲ့ ဆိုလာတဲ့ စကားမှာ တုနှိုင်းမောင်ခြေထောက်တို့တောင် ရပ်တည်နိုင်မှု မရှိတော့ဘူး ။
မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေ ၊ ကြောက်လန့်သွားတဲ့မျက်ဝန်းတွေ ၊ သူမဘယ်လိုဆက်ပြောရပါ့မလဲ ။
"နှိုင်း မဟာ့ဆီမှာ မင်းရဲ့...မင်းရဲ့ရင်သွေးရှိနေတယ်"
မင်းထိုက်ကပါ ဆိုလာတဲ့စကား အဓိပ္ပါယ်ကို သူလက်ခံဖို့ ခက်ခဲနေသည် ။
"ဘယ်လိုလုပ်ပြီး"
"နှိုင်း!"
"သား"
ခြောက်ခြားလှစွာသော တုန်လှုပ်မှုမှာ တုနှိုင်းမောင် အရုပ်ကြိုးပျက် ထိုင်ချလိုက်မိသည် ။
ဒေါသအရှိန်နဲ့ နံရံဘက် ဆောင့်တွန်းလိုက်မိတုန်းက ၊ ခဏမျှမြင်လိုက်ရတဲ့ စိုးရိမ်သွားတဲ့ မျက်နှာလေးက အဒါကြောင့်လား ။
ဆွဲလှည့်လိုက်မိတဲ့ အားအရှိန်က ထိုကဲ့သို့မရည်ရွယ်ပေမယ့် ၊ သူ့ကိုနာကျဥ်းစွာကြည့်လိုက်တဲ့ မဟာ့ရဲ့ မျက်ဝန်းတွေကို သူမြင်လိုက်သည် ။
ကလေး..ကလေးတဲ့ ၊ မဟာ့မှာ သူ့ရဲ့ရင်သွေးရှိနေခဲ့တာတဲ့ ၊ အတွေးလေးနဲ့တင် ရင်ခုန်စေမှုက ခန္ဓာကိုယ်ကသွေးတွေ ပြောင်းပြန်စီးဆင်းစေတယ် ။
အဒါကြောင့် မဟာက နေမကောင်းတာကို ထွန်းအောင်ပဲခေါ်စေခဲ့တာလား ။
ထူပူနေတဲ့ ခေါင်းထဲ ခြောက်ခြားလှတဲ့ များစွာသော အတွေးတွေကို သူ မထိန်းချုပ်နိုင်ခဲ့ဘူး ။ ဘာတွေက ဘယ်ကစပြီး မှားနေခဲ့တာလဲ ။
(မင်းသေရင်တောင် ငါ့လက်ထဲမှာပဲသေရမယ် ၊ ငါဘယ်တော့မှ လွတ်ပေးမှာမဟုတ်ဘူး)
"မဖြစ်ဘူး ၊ အဒီလိုမဟုတ်ဘူး ငါပြောတာအဒီလိုမဟုတ်ဘူး မဟာ ၊ မဟာ"
ခေါင်းခါရမ်းရင်းထပြေးထွက်သွားတဲ့ တုနှိုင်းမောင်သည် စိတ်နဲ့လူနဲ့ ကပ်သည့်ပုံမပေါ်တော့ ။ တမင်မရည်ရွယ်ဘဲ ထပ်ခါတလဲလဲ မှားနေခဲ့ကြတဲ့ သူတို့နှစ်ဦးမှာ ဘယ်သူက ဘယ်ကစပြီး ဘယ်လိုမှားခဲ့တာလဲ ။
(ကလေးရေ
အဒီတုန်းက ရေးချထားခဲ့တဲ့ အနာဂတ်မှာ daddy ရဲ့ကလေးလေးမပါခဲ့တာမလို့ ၊ အဒါကြောင့် တကယ်လို့များ ၊ daddy ကလေးလေးကို daddyကာကွယ်မပေးနိုင်ခဲ့ရင် ၊ daddyကလေးနဲ့ အတူလိုက်ခဲ့ပေးမယ်)
**********************************
>>>>>>>>>>>>>>>>>>>>>>>
ဆက်ရန်
.
.
.
.
.
Zawgyi
ေကာင္းကင္ႀကီးတစ္ခုလုံးသည္ အျပာေရာင္အတိႏွင့္ လွရက္လြန္းေနသည္ ။ ခပ္ႏြေးႏြေးေနေရာင္ျခည္ေလးက စိတ္တို႔ကို ၾကည္လင္ေစလိုက္တာ ။ ရႉရွိုက္လိုက္တဲ့ ေလထုထဲမွာရွိေနတဲ့ carnation ပန္းနံ႕ေလးဟာ ဒီေန႕မွ ပိုေမႊးလြန္းေနသလား ။
ကားမွန္ကိုဖြင့္ထားရင္း အျပင္ဘက္က သဘာဝတရားရဲ႕အလွကို ခံစားေနတဲ့ သူ ။ လက္ထဲက အျဖဴေရာင္ carnation ပန္းေလးကိုတစ္ခ်က္ေမႊးၾကဴလိုက္ရင္း အလွဆုံးၿပဳံးရယ္ေနေသးသည္ ။
*** ေရာက္ၿပီ လူေလး ***
ေဆး႐ုံတစ္ခုေရွ႕တြင္ရပ္သြားေသာ ကားေလး
*** ေက်းဇူးပါဗ် ***
*** လူေလးရဲ႕ ပန္းေလးေတြက ေတာ္ေတာ္လွတာပဲ ေဆး႐ုံမွာ ဘယ္သူရွိတာလဲ ***
ကားဆရ ဦးေလးႀကီးက သူ႕လက္ထဲမွ ပန္းေတြကို ၾကည့္ၿပီးေမးသည္ ။ အင္းေလ ေသခ်ာေ႐ြးထားတာပဲ ။
*** ေဖေဖအတြက္ ေမေမႀကိဳက္တဲ့ပန္းေလးေတြနဲ႕ ဂုဏ္ျပဳလက္ေဆာင္ေပးဖို႔ပါ ***
သူ႕အေမးကို ၿပဳံးရယ္လ်က္ပင္ ျပန္ေျဖကာ Taxi ခ ရွင္းေပးၿပီး ဆင္းသြားေသာ လူငယ္ေလးရဲ႕ ၊ မည္သည့္ခံစားခ်က္မွရွာမေတြ႕နိုင္တဲ့ မ်က္ဝန္းေတြက ေတာက္ပေနလိုက္တာ ။
*** အကိုေလး ***
ေဆး႐ုံေရွ႕ေပါက္မွာ ရပ္ေစာင့္ေနေသာ ေကာင္ေလးတစ္ေယာက္က အေျပးလာၿပီး ေခါင္းငုံ႕ႏႈတ္ဆက္သည္ ။
*** ေစာသားပဲ ေရာ့ ကူညီေပးပါဦး ***
လက္ထဲမွ ပန္းစည္းကို ထိုေကာင္ေလးကို ေပးလ်က္ တစ္ဖက္သို႔ ထြက္သြားေသာ သူကို ၊ ထိုေကာင္ေလး ေသခ်ာလိုက္ၾကည့္ေနမိသည္ ။ ေအးေဆးစြာပင္ ေျပာသြားတဲ့ ထိုသူရဲ႕ မ်က္ႏွာေလးသည္ ပူေလွာင္ေနတဲ့ မ်က္ႏွာမ်ိဳးမဟုတ္ေပမယ့္ ေအးခ်မ္းေနတဲ့ မ်က္ႏွာမ်ိဳးလည္းမဟုတ္ ၊ ေအးေဆးတည္ၿငိမ္ေန႐ုံသက္သက္ပဲ ။
ျဖဴဝင္းေနေသာ အသားအရည္ႏွင့္ shirt လက္ရွည္အျဖဴသည္ လိုက္ဖက္ေနသလို ၊ တြဲဖက္ဝတ္ဆင္ထားေသာ style pan အနက္ေရာင္နဲ႕ ထိုသူသည္ အျခားဘာမွ ျပင္ဆင္ထားျခင္းမရွိတာေတာင္ သိပ္ကိုျပည့္စုံလြန္းေနတာအမွန္ ။
>>>>>>>>>>>>>>>>>>
စာပြဲေပၚတင္ထားေသာပန္းတို႔ကို တုႏွိုင္းေမာင္ အေတာ္ၾကာ ထိုင္ၾကည့္ေနမိရင္း ရႈပ္ေထြးေနတဲ့ စိတ္ေတြနဲ႕ ရင္ခြင္တစ္ခုလုံး ေျပာင္းဆန္ေအာင္ပူေလာင္ေနသည္ ။
*** လူနာရွင္ရွင့္ ေဒါက္တာႀကီးက ေဆြးႏြေးဖို႔ ေခၚခိုင္းလို႔ပါ ***
အေပါက္ဝမွ ဆရာမေလးလာေျပာတာေၾကာင့္ ၊ ကုတင္ထက္ အိပ္စက္ေနဆဲျဖစ္ေသာ မိခင္ကို တစ္ခ်က္ၾကည့္ကာ တံခါးအသာျပန္ပိတ္ၿပီးထြက္ခဲ့လိုက္သည္ ။
ဆရာဝန္ႀကီးႏွင့္ မာမီအေျခအေနကို အတိအက်ေဆြးႏြေးေျပာဆိုေတာ့ ၊ မာမီကိုစစ္ေဆးမႈေတြ အထပ္ထပ္လုပ္ရင္း သိလိုက္ရတာ မာမီရဲ႕ အဆုတ္သည္ပ်က္ဆီးေနခဲ့တာျဖစ္ၿပီး ႏွလုံးသည္လည္းမေကာင္းေတာ့ေပ ။ ထပ္မံခြဲစိတ္မႈျပဳလုပ္၍လည္း မရနိုင္ေတာ့တာေၾကာင့္ ေနဖို႔သိပ္မက်န္ဘူးတဲ့ ။
အခ်ိန္အေတာ္ၾကာ ေဆြးႏြေးေျပာေနၿပီး ျပန္လာခ်ိန္မွာေတာ့ တုႏွိုင္းေမာင္ရဲ႕စိတ္ေတြသည္ အစိုးမရနိုင္ေတာ့ဘူး ။ လက္ခံဖို႔ခက္ခဲလြန္းလိုက္တာ ။ အခုမွ...အခုမွ မာမီက သူ႕ဘဝထဲ ျပန္ေရာက္လာခဲ့တာကို လက္လြတ္ဖို႔ အသင့္ျပင္ထားရေတာ့မွာလား ၊ ကံတရားက မတရားဘူး ။
ထိုေဆး႐ုံ ႐ုံးခန္းကေန မာမီရွိရာဆီ သူဘယ္လိုေျခလွမ္းမ်ိဳးေတြနဲ႕ လွမ္းေနမိလဲ မသိဘူး ။ ၉ႏွစ္ေတာင္ေစာင္ေနခဲ့ရၿပီးမွ ဘာလို႔မ်ားလဲ ။
ေထာင့္ခ်ိဳးတစ္ခုသို႔ အေရာက္တြင္ေတာ့ ပုံမွန္မဟုတ္တဲ့ ပတ္ဝန္းက်င္ေၾကာင့္ ေျခလွမ္းတို႔က တို႔ခနဲ ။
လူေတြဘာလို႔ အဒီေလာက္မ်ားေနရတာလဲ ။
မာမီရဲ႕ အခန္းက သီးသန့္ VIP အခန္းမလို႔ အျခားလူသိပ္မရွိတာကို ဘာလို႔မ်ားေနရတာလဲ ။
တစ္စုံတစ္ခုကို ရိပ္မိသြားတဲ့ တုႏွိုင္းေမာင္သည္ သူ႕၏ မိခင္ရွိရာဆီေျပးေတာ့သည္ ။
အခန္းထဲနဲ႕ အခန္းျပင္မွာ အျပည့္ရွိေနတဲ့ သတင္းသမားေတြ ၊ thai ဘက္က သတင္းသမားအနည္းငယ္ႏွင့္ myanmar ဘက္မွ သတင္းသမားေတြေၾကာင့္
"မင္းတို႔ဘာလဲ! အခုဘာလုပ္ေနၾကတာလဲ!"
တုႏွိုင္းေမာင္ေအာ္လိုက္ေတာ့ ထိုလူေတြက သူတို႔လုပ္ေနေသာ ပုံရိုက္ျခင္းနဲ႕ ေရးမွတ္ျခင္းေတြရပ္တန့္သြားကာ သိမ္းဆည္းလ်က္ အသီးသီးထြက္သြားၾကသည္ ။
တကယ္တမ္းက သူေအာ္လို႔မဟုတ္ပဲ အလုပ္ၿပီးသြားၾကတာပဲ ။ ထိုထဲက တစ္ေယာက္ကို တုႏွိုင္းေမာင္ လက္ေမာင္းကေနေဆာင့္ဆြဲလိုက္ၿပီး
"ဘာလဲ! မင္းတို႔ကဘယ္သူခြင့္ျပဳခ်က္နဲ႕ ဒီကိုလာတာလဲ!"
ထိုလူသည္ တုႏွိုင္းေမာင္အေမးကို ျပန္မေျဖဘဲ ေခါင္းငုံကာေရွာင္သြားသည္ ။
ထိုလူေတြ အားလုံးထြက္သြားၿပီး သူျမင္လိုက္ရတာက wheelchair ေပၚတြင္ ထိုင္ေနေသာ မိခင္ျဖစ္သူ ။ လက္အခ်င္းခ်င္းကို ဆုပ္ကိုင္လ်က္ ငိုေနေသာ သူမေၾကာင့္ တုႏွိုင္းေမာင္ ထိုနားေလးသို႔ အေျပးသြားမိသည္ ။
"မာမီ ဘာလို႔လဲဟင္ ဘာျဖစ္တာလဲ ၊ ဘာျဖစ္လို႔လဲဟင္"
မာမီနဲ႕ မလွမ္းမကမ္းမွာရပ္ေနေသာ မင္းထိုက္ကိုျမင္ေတာ့ သူပိုေဒါသျဖစ္သြားကာ ၊ မင္းထိုက္နားသြား၍
"မာမီဘာျဖစ္တာလဲ အေစာကလူေတြကဘာလဲ ၊ ဘာေတြျဖစ္သြားတာလဲ"
တုႏွိုင္းေမာင္ေမးေပမယ့္ ေခါင္းကိုေအာက္သို႔သာငုံ႕ေနတဲ့ မင္းထိုက္က ေမာ့ပင္ၾကည့္မလာတာေၾကာင့္ ၊ မင္းထိုက္ အကၤ်ီရင္ဖက္ကိုေဆာင့္ဆြဲလ်က္ ။
"ေဟ့ေကာင္ ! ငါေမးေနတယ္ အေစာဘာျဖစ္တာလဲလို႔ ၊ မာမီဘာျဖစ္တာလဲ!"
"ႏွိုင္း.."
ေၾကကြဲအက္ေနတဲ့အသံနဲ႕ဆိုလာရင္းေမာ့ၾကည့္လာေသာ မင္းထိုက္သည္ ၊ အေတာ္ပင္တုန္လႈပ္ေနသည့္ပုံ ။
"က်စ္ မာမီဘာျဖစ္တာလဲလို႔!"
တုႏွိုင္းေမာင္ စိတ္မရွည္စြာ ေအာ္ဟစ္ေမးလိုက္ေတာ့
"ႏွိုင္း.."
နာက်င္စြာပင္ စကားဆက္မဆိုနိုင္တဲ့ မင္းထိုက္သည္ ေခါင္းကိုသာတသြင္သြင္ခါရမ္းေနသည္ ။
"ေတာက္!"
မင္းထိုက္ကိုလြတ္လိုက္ရင္း မိခင္ျဖစ္သူနားျပန္သြားကာ ၊ တုန္ယင္ေနေသာ လက္ကေလးေတြကို ဆုပ္ကိုင္လ်က္ ။
"မာမီ ဘာလို႔လဲဟင္ ဘာလို႔ငိုေနတာလဲ"
စီးက်ေနေသာ မ်က္ရည္မ်ားကို သုတ္ေပးရင္း ေမးေနေပမယ့္ ၊ သူ႕ရင္ထဲက ဆို႔တက္ေနေသာ အမည္မသိနာက်င္မႈက သူကိုယ္တိုင္ပင္ မ်က္ရည္မ်ားစီးက်ေနသည္ ။
သူမကိုေမးရင္း ငိုေနေသာ သားျဖစ္သူကို ၊ သူမကတစ္ဖန္ မ်က္ရည္ေတြကို ျပန္သုတ္ေပးရင္း ပါးေလးကိုကိုင္ကာ ႏႈတ္မွဖြင့္ဟမေျပာနိုင္ေသာ ေတာင္းပန္စကားဆိုမိသည္ ။
"မာမီ အေစာကသူေတြက ဘာလဲ ဘာျဖစ္လို႔မာမီဆီေရာက္ေနၾကတာလဲ"
"အေဒၚ"
ရွိုက္သံေတြသာႀကီးစိုးေနတဲ့ အခန္းထဲ ဝင္လာတဲ့ ၾကည္လင္လွေသာ အသံတစ္ခု ။ မဟုတ္ပါေစနဲ႕ဟုေသာ ဆုေတာင္းေတြက မျပည့္နိုင္တာေသခ်ာေနျပန္သည္ ။
ထိုအသံေလးက တုႏွိုင္းေမာင္ရဲ႕ႏွလုံးသားထဲက အသံပိုင္ရွင္ ။
အျဖဴေရာင္ shirt အကၤ်ီလက္ရွည္ကို လက္ဖ်ားအနည္းငယ္ေခါက္ဝတ္ထားကာ ၊ လက္ႏွစ္ဖက္ကို ေဘာင္းဘီအိပ္ကပ္ထဲ ထည့္လ်က္ေလ်ာက္လွမ္းလာေသာ သူက တည္ၿငိမ္လ်က္ပင္ ။
"မဟာ"
တုႏွိုင္းေမာင္ နာက်င္တုန္လႈပ္စြာ ေရ႐ြတ္လိုက္သည္ ။
"ေက်းဇူးတင္ပါတယ္ အေဒၚ"
သူ႕ကိုတစ္ခ်က္မၾကည့္ မာမီကိုသာ စကားဆိုေနတဲ့ မဟာရဲ႕မ်က္ဝန္းတို႔သည္ ေပ်ာ္႐ႊင္ေနသည္ ။
"တကယ္ကို ေက်းဇူးတင္ပါတယ္"
တရိုတေသပင္ ေခါင္းငုံ႕ကာေျပာေနေသာ မဟာကို တုႏွိုင္းေမာင္နားမလည္နိုင္တာေၾကာင့္ ၊ မာမီကိုၾကည့္လိုက္ေတာ့ အေစာကထက္ပင္ တသြင္သြင္စီးက်ေနတဲ့ မ်က္ရည္ေတြနဲ႕ မိခင္ျဖစ္သူ ။
"မင္းဘာလဲ မဟာျမတ္သူ ၊ ဒီကိုဘာထင္လို႔ေရာက္လာတာလဲ"
"မင္းရွာေနရမွာစိုးလို႔ေလ"
"ဘာေျပာတယ္"
သူနဲ႕ မဟာ စကားေျပာေနတုန္း ေမာလြန္းေနသည့္ပုံနဲ႕ အသက္ရႈလို႔မဝျဖစ္ေနတဲ့ မိခင္ေၾကာင့္ တုႏွိုင္းေမာင္စိုးရိမ္စြာပင္ ။
"Doctor မင္းထိုက္ doctor ေခၚ"
"ငါေခၚထားတယ္ လာလိမ့္မယ္"
"ဘာ!"
မဟာစကားကို တုႏွိုင္းေမာင္နားမလည္စြာျဖစ္ေနတုန္း ၊ အခန္းထဲဝင္လာတဲ့ ဆရာဝန္ေတြနဲ႕ သူနာျပဳအခ်ိဳ႕က မာမီကို ကုတင္ေပၚေ႐ြ႕ေစလ်က္ စမ္းသပ္ေပးေနၾကသည္ ။
"ပင္ပန္းသြားၿပီပဲ ေကာင္းေကာင္းအနားယူပါ အေဒၚ"
"မာမီကိုၾကည့္ထားေပး"
ေအးေဆးစြာပင္ လက္ပိုက္ရပ္ၾကည့္ေနရင္း စကားဆိုကာ ထြက္သြားေသာ မဟာေနာက္ကို တုႏွိုင္းေမာင္ေျပးလိုက္သြားသည္ ။
"ႏွိုင္း! ေနဦး ႏွိုင္း ခဏ ေနဦး"
မင္းထိုက္တားေပမယ့္ မမီလိုက္သလို ၊ ကုတင္ထက္ ခဏမွ်ၿငိမ္သက္ေနတဲ့ မိခင္သည္ သားျဖစ္သူေျပးလိုက္သြားတာကိုျမင္လိုက္ေတာ့ လက္ရပ္ေခၚကာတားဆီးေပမယ့္လို႔ မမီေတာ့ ။
ေနာက္မွေျပးလာေသာ ေျခလွမ္းတို႔ကို နားေထာင္ေနတုန္းမွာပဲ ၊ တင္းက်ပ္စြာ ဆုပ္ကိုင္ျခင္းခံလိုက္ရတဲ့ လက္ေကာက္ဝတ္
"လိုက္ခဲ့"
အားနဲ႕ေဆာင့္ဆြဲေခၚျခင္းခံလိုက္ရတာေၾကာင့္ နာက်င္သြားရေပမယ့္လို႔ အလိုက္သင့္ပဲ ၿငိမ္ေနလိုက္သည္ ။ ေဆး႐ုံရဲ႕ အေရးေပၚရိုးရိုးေလွကားဘက္သို႔ ဝင္သြားရင္း အတြင္းဘက္လည္းေရာက္ေရာ နံရံဘက္ေဆာင့္တြန္းခံလိုက္ရတာေၾကာင့္ နာက်င္သြားရျပန္သည္ ။
"မင္းဘာလဲ! မင္းဘာလုပ္တာလဲ မဟာျမတ္သူ ၊ တကယ္ပဲ ဘာေတြလဲ"
ေဒါသနဲ႕ ေအာ္ဟစ္ကာေမးေနေသာ တုႏွိုင္းေမာင္ကို မဟာက တည္ၿငိမ္စြာပင္ ၾကည့္ေနေလသည္ ။
"ငါေမးေနတယ္ မင္းဘာလဲလို႔"
"ငါကဘာကိုဘာရမွာလဲ"
ေအးေဆးလ်က္ တုန့္ျပန္ေမးလာေသာ မဟာသည္ ပကတိတည္ၿငိမ္လ်က္ ။
"ဘာလို႔ငါ့အေမလဲ မင္းဘာျဖစ္ခ်င္ေနတာလဲ"
"သိခ်င္လို႔လား"
"မင္းမိဘေတြေၾကာင့္ ငါတို႔မိသားစုၿပိဳကြဲရတာ မလုံေလာက္ေသးဘူးလား ၊ ဘာလို႔ထပ္ၿပီးလဲ"
"ဟက္"
တုႏွိုင္းေမာင္စကားကို သေဘာက်ရယ္လိုက္တဲ့ မဟာကို တုႏွိုင္းေမာင္စိတ္တိုသြားကာ လည္ပင္းမွအကၤ်ီစေဆာင့္ဆြဲလ်က္ ။
"ရယ္တယ္ ငါေျပာတာရယ္စရာပါလို႔လား"
"အင္း"
"ေတာက္! မဟာျမတ္သူ"
"အင္း"
"ဘာလို႔ငါမိသားစုလဲ! ၊ ဘာလို႔ငါ့အေမလဲ! မင္းဘာလဲ မင္းကပါ ဘာလို႔လဲ ၊ ဒီႏွစ္ေတြမွာ ငါဘယ္လိုေနခဲ့ရတယ္ထင္လဲ ငါဘယ္ေလာက္ေတာင္ခက္ခဲခဲ့ရတယ္ထင္လဲ ဘာလို႔မင္းလဲ ဘာျဖစ္လို႔ ၊ ဘာျဖစ္လို႔မင္းျဖစ္ေနရတာလဲ"
တစ္ခါတစ္ခါမာေက်ာလိုက္ ၊ တစ္ခါတစ္ခါတုန္ယင္လိုက္ျဖစ္ေနလိုက္တဲ့ တုႏွိုင္းေမာင္ရဲ႕စကားေတြကို မဟာ ၿငိမ္သက္လ်က္နားေထာင္ေနသည္ ။
"ေတာ္သင့္ၿပီ မလုံေလာက္ေသးဘူးလား ငါ့မိသားစုကို ဖ်က္ဆီးလို႔ မလုံေလာက္ေသးဘူးလား ၊ ငါ့ဘဝကိုဖ်က္ဆီးလို႔ မလုံေလာက္ေသးဘူးလား"
"အင္း"
"ဘာ!"
"မလုံေလာက္ေသးဘူး"
တစ္လုံးခ်င္းျပတ္သားစြာေျပာေနတဲ့မဟာက တုႏွိုင္းေမာင္ရဲ႕ေဒါသေတြကို စိန္ေခၚေနသည္လား ။
"ဘာေျပာတယ္!"
"ငါ့မွာ ေဖေဖေရာေမေမေရာ မရွိေတာ့တာကို မင္းမွာဘာလို႔ မင္းမာမီရွိေနေသးတာလဲ"
"ဘာကြ"
"ဘာလို႔ငါလဲဟုတ္လား ၊ ငါက ဦးမ်ိဳးမဟာ ေဒၚျမတ္သိဂႌတို႔ရဲ႕သားျဖစ္ေနလို႔ေလ"
"မဟာျမတ္သူ!"
"အင္း အဒါငါပဲ ၊ ငါဒီေန႕ကို စိတ္ကူးယဥ္ခဲ့ရတာၾကာၿပီ ၉ ႏွစ္ေက်ာ္ပဲ ၊ ရွိမလာနိုင္ေတာ့ဘူးလို႔ေတာင္ ထင္ထားတာ"
"မဟာ!"
"ဒီအေတာအတြင္း ငါ့အေၾကာင္းေတြကို အသည္းအသန္စုံစမ္းေနရတာေတြ ပင္ပန္းေနမွာပဲ"
"မင္း!"
"အင္း ဘယ္ကစေျပာျပရမလဲ ၊ ငါ့ရဲ႕အလင္းသစ္လုပ္ငန္းေတြအေၾကာင္းေျပာရမလား no No ၊ အဒါစိတ္ဝင္စားဖို႔သိပ္မေကာင္းဘူး"
"ဘာ"
"အာ မထိသင့္တာကို သြားထိလို႔ ျဖစ္သြားတဲ့ တိရစ္ဆာန္တစ္ေကာင္ရဲ႕ ယာဥ္တိုက္မႈအေၾကာင္းေျပာရမလား"
"အဒါဘာလဲ"
"မင္းရဲ႕ခ်စ္လွစြာေသာ သူငယ္ခ်င္းႀကီးေလ"
"မင္းကမၻာ? ၊ မဟုတ္မွ အဒီကိစၥကမင္း"
"အင္း မေတာ္တဆျဖစ္သြားတာပါ ၊ မစိုးရိမ္ပါနဲ႕ အေလွ်ာ္ေပးတဲ့အေနနဲ႕ VIP room မွာ free ေပးထားတယ္ေလ ထားပါ ၊ အဒီဘာမဟုတ္တဲ့ကိစၥကို"
"မေတာ္တဆ! ဘာမဟုတ္တဲ့ကိစၥ! ေဆး႐ုံမွာ မေသ႐ုံတမယ္ျဖစ္ေနတာ ဘာမဟုတ္တဲ့ကိစၥလား"
တုႏွိုင္းေမာင္ ကိုယ့္နားကိုယ္ပင္ မယုံနိုင္ ၊ မဟာကဘယ္လိုျဖစ္ၿပီးေတာ့လဲ အဒီေလာက္ဆိုး႐ြားတဲ့ လုပ္ရပ္ကို ဘယ္လိုမ်ား ။
"မင္း သိခ်င္လား ဘာလို႔မင္းအေမျဖစ္လဲသိခ်င္လား"
"ငါ့အေမကိုမထိနဲ႕ မဟာ ၊ ငါမင္းကိုခြင့္လြတ္မွာမဟုတ္ဘူး"
"မင္း ငါ့ကို ဘယ္တုန္းက ခြင့္လြတ္ဖူးလို႔လဲ"
"မဟာ!"
"ငါမင္းအေမကိုဘာလို႔ထိလဲဆိုေတာ့ မင္းအေမျဖစ္ေနလို႔ဆိုတာထက္ ဦးရဲထြဋ္ေမာင္ရဲ႕ဇနီး ေဒၚသႏၱာခိုင္ျဖစ္ေနလို႔ပဲ"
"ဘာေျပာတယ္"
"မင္းယုံၾကည္လား ၊ မင္းလုပ္တာေတြ မွန္ပါတယ္လို႔ မင္းယုံၾကည္တယ္မလား ၊ မင္းဘယ္ေလာက္ယုံၾကည္လဲ မင္းယုံၾကည္တဲ့ အမွန္တရားေတြ ဘယ္ေလာက္ေတာင္မွန္ေနမယ္လို႔ထင္လဲ"
"ဘာေျပာတယ္"
"ငါေျပာဖူးတယ္ေလ ၊ အခ်ိဳ႕အမွန္တရားေတြက သိပ္ေၾကာက္စရာေကာင္းတယ္လို႔ ၊ ငါ့ကိုမယုံခဲ့ေပမယ့္ မင္းမာမီကိုေတာ့ မင္းယုံမွာပါ"
"မင္းဘာေတြလာေျပာေနတာလဲ"
"ငါဘာေတြေျပာေနလဲဆို မင္းမၾကာခင္သိပါလိမ့္မယ္ ၊ အရင္ကထဲက ငါ့ကိုလြတ္ေပးဖို႔ မင္းကိုေျပာခဲ့ဖူးတယ္ မင္းမလြတ္ေပးခဲ့တာ ၊ အခုငါ့ကိုအဆိုးမဆိုနဲ႕"
"ေအး ၊ မလြတ္ေပးနိုင္ဘူး မင္းတသက္လုံးငါ့ေဘးမွာေနရမွာ"
"မင္းငါ့ကိုဆြဲထားနိုင္မွာလား"
"ဘာ"
"ငါလည္းအရမ္းမုန္းတယ္ ၊ မင္းသိလား မင္းငါ့မိဘေတြကို မုန္းသလို ၊ ငါလည္း မင္းမိဘေတြကို အရမ္းမုန္းတာ ေသမတက္မုန္းတယ္ ၊ သူတို႔သားမွန္းမသိခဲ့လို႔ မင္းကိုသူတို႔သားမွန္းမသိခဲ့လို႔ အဒီမိသားစုကမွန္း ငါမသိခဲ့လို႔"
"မဟာျမတ္သူ ! ! !"
ဆုပ္ကိုင္ထားေသာ လက္တို႔က ပိုမိုတင္းက်ပ္စြာျဖင့္ ေအာ္ဟစ္လိုက္မိသည္ ။ ႏွလုံးသားကို ဓားနဲ႕မႊမ္းရင္ေတာင္ ခံနိုင္ရည္ရွိဦးမည္ ။
"ဒီညေနသတင္းမွာ မင္းအတြက္ လက္ေဆာင္ရွိတယ္ ၊ နားေထာင္ျဖစ္ေအာင္ေထာင္လိုက္ဦး"
ေျပာၿပီး တုႏွိုင္းေမာင္ လက္တို႔ကို႐ုန္းကာ ေရွာင္ဖယ္သြားေသာ မဟာ့ကို ပခုံးကေန ဆြဲလွည့္လိုက္ေတာ့ ၊ အားပါသြားတာေၾကာင့္ ယိုင္သြားတဲ့ ခႏၶာကိုယ္ကို ထိန္းဖို႔မမွီေတာ့ ။
"အေမ့"
သူ႕လက္မွေခ်ာ္၍ ေလွကားကေန တစ္ဆင့္ခ်င့္ ျပဳတ္က်သြားတဲ့ ခႏၶာကိုယ္ေလးကို တုႏွိုင္းေမာင္ ေၾကာင္ၾကည့္ေနမိသည္ ။
ေဂ်ာက္
ပြင့္သြားေသာ တံခါးခ်ပ္နဲ႕အတူ ေရာက္လာတဲ့သူတို႔ ၊ မာမီကိုထိန္းလ်က္ ေရာက္လာေသာ မင္းထိုက္ရယ္ ထြန္းေအာင္ ၊ ထြန္းေအာင္ကဘယ္လိုလုပ္ဒီကိုေရာက္လာတာလဲ ။
"မဟာ!"
"ႏွိုင္း!"
"သား"
မာမီ...မာမီစကားေျပာလိုက္တာလား ၊ ေတြေဝေနတဲ့သူက တစ္ခဏအတြင္းျဖစ္သြားတဲ့ အရာေတြကို ေဝခြဲမရေသးဘူး ။
"တုႏွိုင္းေမာင္! !"
သူ႕ကိုတြန္းဖယ္ၿပီး ေျပးဆင္းသြားတဲ့ ထြန္းေအာင္ ၊ အဒီေတာ့မွ တုႏွိုင္းေမာင္ သတိဝင္လာရင္း လိုက္ဆင္းမိသည္ ။
မရည္႐ြယ္ဘူး မဟာ ၊ ငါတကယ္မရည္႐ြယ္ပါဘူး ေတာင္းပန္ပါတယ္ ၊ မင္းထိခိုက္ေစဖို႔ မရည္႐ြယ္ခဲ့ဘူး ။
"မဟာ...မဟာ မျဖစ္ဘူး...မဟာ ငါေခၚေနတယ္ မဟာ ၊ ဒီလိုမျဖစ္ဘူး မဟာ မဟာ"
မဟာကိုေပြ႕ခ်ီရင္လိုက္ရင္း အ႐ူးလိုေအာ္ေနတဲ့ ထြန္းေအာင္ ။
တုႏွိုင္းေမာင္ကေတာ့ ေၾကာင္ေနတုန္း ၊ မဟာထိခိုက္ရတာ သူေၾကာင့္ဆိုတဲ့အသိက အျခားဘာမွမေတြးနိုင္ေအာင္အထိပဲ ။ သူ႕ေရွ႕ကေန မဟာကိုေပြ႕ခ်ီကာ သြားဖို႔ျပင္ေနတဲ့ ထြန္းေအာင္ကို သတိထားမိေတာ့မွ ။
"ဖယ္စမ္း ၊ မင္းကဘာလို႔ေရာက္လာတာလဲ"
ထြန္းေအာင္ေပြ႕ခ်ီထားေသာ မဟာကိုဆြဲေခၚေတာ့ ၊ ထြန္းေအာင္ က တုႏွိုင္းေမာင္ကို ေဆာင့္တြန္းလ်က္
"တကယ္လို႔ တစ္ခုခုမွားသြားခဲ့ရင္ ငါကိုယ္တိုင္မင္းကိုသတ္မွာ"
"ဘာ!"
"ယြန္း...ယြန္းေလး...ယြန္း..."
မဟာ တိုးညွင္းစြာေျပာေနတဲ့ စကားသံေလးက ယြန္းေလးတဲ့ ၊ အဒါဘယ္သူလဲ ။
"အင္း ယြန္းေလး ဘာမွမျဖစ္ေစရဘူး ၊ ယြန္းေလး အဆင္ေျပတယ္ ခဏေလးသည္းခံ ခဏပဲ"
ေျပာရင္းနဲ႕ပင္ ထြန္းေအာင္က မဟာကိုေပြ႕ခ်ီလ်က္ ထြက္သြားေလသည္ ။
"က က ေလး ကေလး ရွိတယ္"
ထြန္းေအာင္ေနာက္ လိုက္ဖို႔လုပ္ေတာ့ တားဆီးလ်က္ေျပာလာတဲ့ မိခင္စကားကိုနားမလည္ျပန္ဘူး ။ ေမာဟိုက္ေနတဲ့ မိခင္သည္ စကားကိုအတက္နိုင္ဆုံး ထိန္းေျပာေနသည္ ။
"ကေလး ဘာကေလးလဲ ၊ မာမီ မာမီစကားေျပာလို႔ရၿပီလားဟင္"
"မဟာေလးမွာ သားရဲ႕..သားရဲ႕ က ေလး ရွိ တယ္"
"ဗ်ာ.."
မာမီရဲ႕ လုံးေထြးေနတဲ့ အသံေလးနဲ႕ ဆိုလာတဲ့ စကားမွာ တုႏွိုင္းေမာင္ေျခေထာက္တို႔ေတာင္ ရပ္တည္နိုင္မႈ မရွိေတာ့ဘူး ။
မယုံၾကည္နိုင္တဲ့ မ်က္ဝန္းေတြ ၊ ေၾကာက္လန့္သြားတဲ့မ်က္ဝန္းေတြ ၊ သူမဘယ္လိုဆက္ေျပာရပါ့မလဲ ။
"ႏွိုင္း မဟာ့ဆီမွာ မင္းရဲ႕...မင္းရဲ႕ရင္ေသြးရွိေနတယ္"
မင္းထိုက္ကပါ ဆိုလာတဲ့စကား အဓိပၸါယ္ကို သူလက္ခံဖို႔ ခက္ခဲေနသည္ ။
"ဘယ္လိုလုပ္ၿပီး"
"ႏွိုင္း!"
"သား"
ေျခာက္ျခားလွစြာေသာ တုန္လႈပ္မႈမွာ တုႏွိုင္းေမာင္ အ႐ုပ္ႀကိဳးပ်က္ ထိုင္ခ်လိဳက္မိသည္ ။
ေဒါသအရွိန္နဲ႕ နံရံဘက္ ေဆာင့္တြန္းလိုက္မိတုန္းက ၊ ခဏမွ်ျမင္လိုက္ရတဲ့ စိုးရိမ္သြားတဲ့ မ်က္ႏွာေလးက အဒါေၾကာင့္လား ။
ဆြဲလွည့္လိုက္မိတဲ့ အားအရွိန္က ထိုကဲ့သို႔မရည္႐ြယ္ေပမယ့္ ၊ သူ႕ကိုနာက်ဥ္းစြာၾကည့္လိုက္တဲ့ မဟာ့ရဲ႕ မ်က္ဝန္းေတြကို သူျမင္လိုက္သည္ ။
ကေလး..ကေလးတဲ့ ၊ မဟာ့မွာ သူ႕ရဲ႕ရင္ေသြးရွိေနခဲ့တာတဲ့ ၊ အေတြးေလးနဲ႕တင္ ရင္ခုန္ေစမႈက ခႏၶာကိုယ္ကေသြးေတြ ေျပာင္းျပန္စီးဆင္းေစတယ္ ။
အဒါေၾကာင့္ မဟာက ေနမေကာင္းတာကို ထြန္းေအာင္ပဲေခၚေစခဲ့တာလား ။
ထူပူေနတဲ့ ေခါင္းထဲ ေျခာက္ျခားလွတဲ့ မ်ားစြာေသာ အေတြးေတြကို သူ မထိန္းခ်ဳပ္နိုင္ခဲ့ဘူး ။ ဘာေတြက ဘယ္ကစၿပီး မွားေနခဲ့တာလဲ ။
(မင္းေသရင္ေတာင္ ငါ့လက္ထဲမွာပဲေသရမယ္ ၊ ငါဘယ္ေတာ့မွ လြတ္ေပးမွာမဟုတ္ဘူး)
"မျဖစ္ဘူး ၊ အဒီလိုမဟုတ္ဘူး ငါေျပာတာအဒီလိုမဟုတ္ဘူး မဟာ ၊ မဟာ"
ေခါင္းခါရမ္းရင္းထေျပးထြက္သြားတဲ့ တုႏွိုင္းေမာင္သည္ စိတ္နဲ႕လူနဲ႕ ကပ္သည့္ပုံမေပၚေတာ့ ။ တမင္မရည္႐ြယ္ဘဲ ထပ္ခါတလဲလဲ မွားေနခဲ့ၾကတဲ့ သူတို႔ႏွစ္ဦးမွာ ဘယ္သူက ဘယ္ကစၿပီး ဘယ္လိုမွားခဲ့တာလဲ ။
(ကေလးေရ
အဒီတုန္းက ေရးခ်ထားခဲ့တဲ့ အနာဂတ္မွာ daddy ရဲ႕ကေလးေလးမပါခဲ့တာမလို႔ ၊ အဒါေၾကာင့္ တကယ္လို႔မ်ား ၊ daddy ကေလးေလးကို daddyကာကြယ္မေပးနိုင္ခဲ့ရင္ ၊ daddyကေလးနဲ႕ အတူလိုက္ခဲ့ေပးမယ္)
**********************************
>>>>>>>>>>>>>>>>>>>>>>>
ဆက္ရန္