Unicode
မောင်....မောင်ဖန်တီးပေးထားတဲ့ကောင်းကင်ကြီးကလှလိုက်တာ
ဒါပင်မဲ့ အကို ကအစစ်အမှန်ပဲလိုချင်တာ
ဘယ်လိုအရာတွေကို မောင် အစစ်ဖြစ်အောင် ဘယ်လောက်လုပ်လုပ်
အတုကအတုပဲမောင် အစစ်ဖြစ်မလား
ထို့အတူပဲ ပျက်ဆီးသွားတဲ့စစ်ကလည်းဘယ်တော့မှကောင်းမလားဘူးမောင်
ဥပမာ... မောင့် ရဲ့ဖန်ရုပ်လေးလိုပေါ့
မောင် ကိုယ်တိုင်ပဲဖြတ်ဆီးပြီး မောင်ကိုယ်တိုင်ပဲအသက်ပြန်သွင်းခဲ့တယ်
အသက်ပြန်သွင်း လိုက်တဲ့ဖန်ရုပ်လေးက
မောင်သွင်းလိုက်တဲ့အသက်နဲ့ ရှင်သာရှင်နေမယ်
ဖန်ရုပ်လေးပေါ်က အနာဆာတွေတော့
မောင်ဘယ်တော့မှာပျောက်အောင်လုပ်နိုင်တော့မှာမဟုတ်ဘူးမောင်
ဒီနေ့လည်း...မောင်ရဲ့..ဘာနေ့လေးဖြစ်မလဲ ။
ဖန်တီးမှုကြောင့် အပြစ်အနာအစာကင်မဲ့နေတဲ့
အတုအရောင်ကောင်းကင်ကြီး နဲ့အတူစီးမျှော်လိုက်ပါဖို့ ဖိတ်ခေါ်နေတာကြောင့်
မျှော်လွှင့်ရင်း တူဆုံ ကူလူးကာ အမှောင်ကမ္ဘာသို့
ခဏတာ ဖြတ်သန်းရတော့သည်။
.................အတိတ်ရက်စွဲများစီသို့...................
ညခင်းပိုင်းကပျော်စရာတွေစီးကူးကာ
သာယာတဲ့မနက်လေးတစ်ခုမှာတော့
ဖုန်းသံကြောင့်နိုးထလာသည်။
နိုးနိုးချင်း ဖုန်တောင်မကိုင်နိုင်သေးဘဲ
အိပ်ယာဘေးက ဒိုရေမွန် အရုပ်လေးကို
ရင်မှာပိုက်ကာ
တစ်ဖက်သာပါတဲ့ပါးချိုင့်လေး
ပေါ်ပြီး သွားတက်လေးထင်းနေတဲ့ထိ
အာရပါးရကိုပြုံးလိုက်တဲ့ပြုံးများ
နံရံတွေတောင်ကြွေကျလို့ရတဲ့မောင့်အပြုံး...။
မရပ်မနားမြည်နေတဲ့ ဖုန်းလေးကို
ကောက်ကိုင်လိုက်ရတော့သည်။
Content မှတ်ထားတော့တက်နေတဲ့နမည်ကာ
"သစ္စာဂေါက်သီးမ" ပင်။
"အေး....ပြော မနက်စောစော ဘာကျက်သရေတုံးအုံးမလဲ"
သစ္စာဘက်မှစကားတောင်မရသေးသော်လည်း
ကျွန်တော့ ဘက်ကစရန်စကားကြိုပြောထားသည်။
ဟား......
ကျွန်တော့် စကားကို သစ္စာ ရယ်တောင််နေလေသည်။
"မောင် နာရီ လည်းကြည့်အုံး
နေ ကနင့်ဖင်ထဲထိုးဝင်တော့မယ်"
"တုံးစရာကျက်သရေ ငါမဟုတ်ပဲ နင်ဖြစ်နေမယ်"
သစ္စာစကားကြောင့် ဘေးနားကနာရီလေးကို
ကြည့်လိုက်မိသည်။
အချိန်သည် ၁၀ နာရီခွဲကျော်ပင်ရှိနေပြီပင်။
ကျွန်တော် တို့ဖြေနေတဲ့စာမေးပွဲမှာ
တစ်ဘာသာကျန်နေသေးသည်။
ကြားထဲပိတ်ရက်ကြောင့် ၁ ရက်ပိတ်ပြီး
ကျွန်တော် လည်း ညကပျော်ရင်းတွေးရင်း
စာကျက်ရတာကြောင့်
အတော်နောက်ကျမှအိပ်ဖြစ်သည်။
"ဟဲ့ သစ္စာ ငါက ည ကစာကျက်တယ်"
"နင့်လို fb ကကောင်မျိုးစုံနဲ့ ကျူမနေဘူး"
ထို့အခါသစ္စာခက်တိုးတိုးလေးရယ်ပြန်သည်။
"မောင် နင်လည်းနောက်ကျူ ခံရမှာပါဟ"
သစ္စာစကား နားမလည်းဖြစ်မိသည်။
တောင်ပြော မြောက်ပြောပြောတာတာမို့
အမြန်အစမ်ဖုန်းချရန်
"တော်စမ်းပါဟာ နင့်အရူးစကားနားထောင်ဖို့
ငါမအားဘူး"
"ဒါပဲ ဟာ ဒါပဲ"
ပြောရင်ဆိုရင်ဖုန်းချသွားတဲ့
ကျွန်တော့် ကိုသစ္စာကတော့ နောက်ပိုင်းမှာ
ပွ စိပွစိပြောနေလေတော့သည်။
ဖုန်းသာချသွားသည်အထိသစ္စာဘာပြောဖို့ဆက်သလဲမေးချိန်မရောက်ခဲ့ချေ။
ဖုန်းချပြီးတစ်ခါထဲရေချိုးခန်းထဲပြေးဝင်ကာ
တစ်နေ့တာကိုစတင်တော့သည်။
၉တန်းကျောင်းသားအသက် ၁၅ နှစ်သာရှိသေးသော်လည်း
ငယ်စဉ် ထဲကတစ်ယောက်ထဲ နေသားကျနေကြောင့်
အရွယ်နဲ့မလိုက်အောင် ရင့်ကျက်လွန်းလှသည်။
စာမေးပွဲနီးမှစာလုပ်တက်တဲ့ အကျင့်ကြောင့်
ပိတ်ရက်တစ်ရက်လေးတန်ဖိုးရှိလွန်းလှသည်။
ဉာဏ်ကောင်းလို့အောင်နိုင် ပင်မဲ့ အောင်တာထက်ပိုချင်တဲ့ လောဘ ကြောင့်
စာကိုအသေချာကျက်ရလေသည်။
ထို့ချိန် အိမ်ထဲသို့ဝင်လာတဲ့ကားသံတချို့နဲ့
လူတချို့ရဲ့ ရယ်သံတွေကြောင့်
စံအိမ်ကြီးကိုတောင်ဆူညံသွားစေသည်။
ဆူညံသံ မကြိုက်တဲ့ ကျွန်တော့တွက်
စာပင်ဆက်ကျက်လို့မရတော့ပေ။
ထို့ကြောင့် စာအုပ်တွေ ယူအပြင်သို့ထွက်လာသည်။
လှေကားပေါ်ကဆင်းသည်နဲ့မြင်နေရတဲ့ဧည့်ခန်းက
ယောကျာ်းတချို့နဲ့မိန်းမ တချို့ ရယ်မော
နေကြသည်။
ထိုထဲတွင်ကျွန်တော့ အဖေနဲ့အမေပါဝင်ပေါ့။
စကားပြောသံများမှာလည်း အလွန်ကျယ်လောင်နေသည်။
ကျွန်တော် ဆင်းလာသည်ကိုထိုသူတို့မမြင်ကြသလို
ကျွန်တော် ကလည်းထိုလူတွေကို မမြင်သလို
ပင်ဆင်းလာတော့သည်။
အားလုံဆူညံနေရာမှထွက်ပေါ်လာတဲ့ ဦးမင်းဟိန်း ဆိုတဲ့ အဖေရဲ့အသံကြောင့်
အားလုံတိတ်ဆိတ်သွားသည်။
"သား အာဂ အပြင်သွားမလို့လား"
"အဖေတို့ ဆူညံမိပြီထင်တယ် Sorry သားရေ"
"ပိုက်ဆံမလောက်ရင်ပြောနော်အဖေသား ဘဏ်ကဒ်ထဲလွဲပေးမယ်"
ကျွန်တော့တွက် ပြန်ပြောစရာ စကားလုံးမရှိချေ။
ငယ်ငယ်ထဲကဘာမဆိုအကုန်လုပ်နိုင်လို့
မောင့်ကို ဦးမင်းဟိန်း က (အာဂ)အာဂမောင်လို့ခေါ်ခြင်းဖြစ်သည်။
လှေကားအဆင်းမှာသာရပ်နားထောင်နေတဲ့ ကျွန်တော် ရပ်ပဲနားထောင်နေတာလား
ရှေ့ဆက်လျှောက်ဖို့်အားမရှိတာ
ဤအရာတွေကိုမည်သူမှမသိခဲ့ချေ။
"အာဂ တော့အဖေ့စိတ်ဆိုးပြီးထင်တယ်"
"အဖေ့အားတဲ့နေ့မှ သာစိတ်ဆိုးပြေအောင် "
"အဖေ သား လိုချင်တာလိုက်ဝယ်ပေးပါ့မယ်သားရယ်.... "
ဦးမင်းဟိန်းရဲ့ ခက်ပေါ့ပေါ့ အသံနဲ့အတူ
ဝဲတက်လာတဲ့ မျက်ရည်တွေ
မျက်လုံးတစ်ခုလုံးကိုပြည့်သွားတော့သည်။
ထိုမျက်ရည်တွေ ဘယ်သူမှမမြင်ခင်မှာပဲ
ဤနေရာကနေ ရုန်းထွက်လာခဲ့သည်။
အားလုံကိုကြောခိုင်းကာထွက်လာခဲ့တော့သည်။
အေဖ သားစိတ်ဆိုး နေတာငယ်ငယ်ထဲက
အဖေချော့မယ်ပြောနေတာလည်းငယ်ငယ်ထဲက
အဖေ့ရဲ့အားရက်ဆိုတာ ဘယ်နေ့မှလဲ
သားသေတဲ့နေ့မှလား
မျှော်လင့်ချက်တွေပေးပြီး ကတိမတည်တဲ့အဖေကို
သား မုန်းတယ် မုန်းချင်တယ်
အမေလည်းထိုနည်းတူပါပဲ
အဖေတို့သိစေချင်တယ် ပိုက်ဆံဆိုတာလောကမှာ
နေရာတိုင်သုံးလို့မရဘူးဆိုတာကိုပေါ့ .....
ခြံပြင်ရောက်တာနဲ့ စီးကျနေတဲ့ မျက်ရည်တွေ
မည်သူမှမမြင်ခင် တိတ်တဆိတ်
လက်ခုံလေးနဲ့အလျင်အမြန် သုတ်မိသည်။
စိတ်ထဲ ငါမငိုဘူး ဟုအားတင်းကာ ထိုင်နေကျ
စာကြည့်တိုက်လေးကိုခြေဦးတည်ခဲ့တော့သည်။
မအိမ်အနီးနာမှာရှိတဲ့ရပ်ကွတ်စာကြည့်တိုက်လေးဖြစ်သည်။
စာကြည့်တိုက်လေးနမည်က " မျှော်လင့်ခြင်း " ဖြစ်ပြီး
ကျွန်တော် တို့မိသားစုကပဲဆောက်လှူထားပြီး
ကိုယ်တိုင် နမည်ပေးထားခြင်းဖြစ်သည်။
ရပ်ကွတ်စာကြည့်တိုက်လေးမို့ လူသူနည်းကာသစ်ပင်ရိပ်ကောင်လို့
စာကြည့်တိုက်လေးမှာ ဝင်လိုက်သည်နှင့်အေးချမ်းနေသည်။
ကျွန်တော် ကတော့ထိုင်နေကျနေရာ လေးဖြစ်တဲ့
စာအုပ်စဉ်တွေကြားက နောက်ဆုံးနေရာလေးမှာ
နေရာယူလိုက်သည်။
ပါလာတဲ့စာအုပ်တွေအကုန်ဖွင့်ချရင်း
အောက်ရင်းထားတဲ့ မျက်ရည်တွေလည်းဖွင်ချမိတော့သည်။
ပါးပြင်ထက်ရွဲစိုသည်အပြင် စာအုပ်တွေပေါ်တောင်
ကျမိလို့ သုတ်မနိုင်ပေ။
ငိုရင် ကြားလိုက်တဲ့ခြေသံ တစ်ခုကြောင့်ရပ်ကာ
ကျွန်တော်ခေါင်မော့ကြည်မိသည်။
နေပြီး တိုက်ခေတ်နေတဲ့ လေညင်းနဲ့အတူပါလာတဲ့
အမွှေးနံ တစ်ခုကြောင့်လည်း
ရင်ခွင်တစ်စုံဟာ တည်ငြိမ်နေရာကနေ
နိုးထခုန်လှုပ်လာလေသည်။
ရှင်နေမင်း....အကိုပဲမဟုတ်လား...
စိတ်ထဲက အလိုလိုသိနေမိသည်။
စာအုပ်စဉ်တွေကြားကနေလျှောက်လာတဲ့
မနေ့ကတွေ့တဲ့
ရှင်နေမင်းဆိုသူမှာ
ဒီနေ့တော့ T Shirt အနက်ပွပွလေးကိုဝတ်ထားပြီး
ဘောင်ဘီဒူးဖုံးလောက်လေးနဲ့
ပေါ့ပေါ့ပါးပါးထားသည်။
ကျွန်တော့ ကိုမြင်တာနဲ့ ပြုံးပြလိုက်တဲ့ ရှင်နေမင်း ရဲ့အပြုံးကာ မာကျောလှပါတဲ့
ကျွန်တော့နှလုံးသား ကျောက်ဆောင်ကြီးကို
အပြုံးဆိုတဲ့ ရေလှိုင်းက လာပတ်ခတ်တာကြောင့်
ဝုန်း ကနည်း တုန်လှုပ်သွားလို
ကျွန်တော် တုန်လှုပ်စေသည်။
မဖွေးပဲ ညိုဝင်းတဲ့အသားနဲ့ ဖြူဖွေးနေတဲ့
သွားသေးသေးလေးတွေ
အနက် T Shirt လေးက အသားပိုဖွေးစေသလိုလိုနဲ့
ဝတ်ထားတဲ့ဘောင်ဘီဒူးဖုံးလေးကြောင့်
ပေါ်နေတဲ့ ခြေသလုံး ထက်
ယောကျာ်းသားပီ ပီ မြင်နေရတဲ့အကြောတွေမှာ
ယောကျာ်းသာ ကျွန်တော့ကို ဆွဲဆောင်နေလေ
သလားထင်မှတ်ရသည်။
အနားသို့ရောက်လားတာနဲ့ချက်ချင်း ခေါင်းကိို
ခွေးလေးတစ်ကောင်ပွတ် သလိုပွတ်လိုက်တဲ့ ရှင်နေမင်း ကြောင့်
ဘာပြောရမလဲမသိအောင် ကြောင်ကာ
မျက်တောင်မခတ်ပဲပြူးက ကြည့်နေမိသည်။
" ကလေးလေး ဘာလို့ငိုနေတာလဲ
စာမကျက်ဘူးလား"
ပြောရင်းနဲ့ ဘေးလေးမှာကပ်ထိုင်လေသည်။
"ငိုပါဘူး....ပိုးကောင်မျက်လုံးထဲဝင်သွားလို့"
ရှည်လှတဲ့မျက်တောင်တွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ရင် လိမ်ညာမုသာစကားသာဆိုမိသည်။
"ပြပါဦး....ဘယ်နာပိုးကောင်ဝင်သွားတာလဲ"
အတင်းဇွတ်တိုးကာ မျက်လုံးထဲသို့
ဖြဲခွဲရှာတော့သည်။
လိမ်ပြောမိတာတောင် မှားပြီဟု
နောင်တရတော့သည်။
နီးကပ်နေတဲ့ မျက်နှာနှစ်ခုနဲ့ စုံနေတဲ့မျက်လုံး
မုသာတွေဖြင့်လိမ်ညာသောလည်း
ခန္ဓာကိုယ်က အလိုက်ကမ်းဆိုးမသိပေ။
ကျွန်တော့်မျက်နှာ ထက်မှ ပါးနှစ်ခုဟာ
နီရဲလို့ကို ထက်လာတေ့ာသည်။
နီးရဲတက်နေတဲ့ ပါးကိုမှအဆုံးဆွဲလိုက်လေသည်။
ထူးခြားလှသောအထိအတွေ့ကြောင့်
ပေါက်ကွဲထွက်မတတ်အောင်
ထိန်းထားရပါသော ရင်ခုန်သံနှုန်းတွေကာ
စံချိန်တင်ထားလို့ရလောက်သည်။
စိတ်ထိန်းစမ်း ငြိမ်းချမ်းမောင်
စိတ်ထိန်းစမ်း....
ဟိုကရိုးရိုးသားသား ကိုဘာတွေ
ဖြစ်ပြတ်နေတာတုန်း
တိတ်ဆိတ်နေတဲ့စာကြည့်တိုက်အခန်းလေးက
ဘယ်သူမှမကြားနိုင်တဲ့ ရင်ခုန်သံကျယ်လောင် ဆူညံနေတယ်ဆိုတာ
မည်သူမှမသိခဲပေ....။
"စာလာကျက်တာလား..ဒါနဲ့"
ခြောက်ကပ်ကပ်ထိုလူရဲ့အသံလေးနဲ့ အတူ
နီကပ်နေတဲ့မျက်နှာလေးတော့အနည်းငယ်
ဝေးသွားလေပြီးဖြစ်သည်။
"ဟုတ်..... အိမ်မှာစာကျက်မရလို့
အကိုကရော စာလာကျက်တာလား "
"အကို က စာအုပ်လာရှာတာ အကိုတို့စာမေးပွဲကလိုသေးတော့မကျက်ရသေးဘူး"
"ဪ ဟုတ်....အကိုကဘာတက်နေတာလဲဟင်"
ကျွန်တော် တော်ရုံမစပ်စုတက်ပင်မဲ့ အကိုအကြောင်းအတော်လေးစိတ်ဝင်စားကာမေးလေသည်။
အနည်းငယ်စပ်စုတယ်လို့ထင်မလားတော့
စိတ်ထဲ ခုမိသည်။
"အကို ကတောင်ငူမှာ GTCတက်နေတာ"
"ဟမ်း...တောင်ငူဆိုတော့
အခုဘယ်လိုဒီရောက်နေတာလည်း"
"ကျောင်းပိတ်ရက်နဲ့ခဏလာပြန်နားတာပါ"
"ဪ....ဟုတ် ဟဲ ...စပ်စုရာကျသွားလားသိဘူး"
ကျွန်တော် အာနာနာရယ်ရင်းနဲ့ပဲ မေးမိသည်။
"မကျပါဘူးဗျာ.. ဒီကဖြေချင်နေတာ"
ထိုလူ့ စကားကြောင့်
ဒီလူ သဘောကောင်းလှကြီလားဟုတွေးမိသည်။
ကျွန်တော့် ရင်ထဲ ခံနေတဲ့ အလုံးကြီးကျသွားတော့သည်။
စိတ်ထဲမြဲ သူများကိုယ့် ကြောင့် စိတ်အနှောက် အယှက် ဖြစ်မှာ အမြဲတွေးပူနေတတ်သည်။
ထိုလို တွေးမူနေတတ်သည်မှာ
စိတ်ရောဂါ တစ်ခုလိုပင်။
"အကိုက ဘာစာအုပ်လာရှာတာလဲဟင်"
"အကိုပုံပြင်စာအုပ်လာရှာတာ "
ဟာ....
ဟန်မဆောင်နိုင်ထရယ်မိတော့သည်။
"ပုံပြင်စာအုပ်ဟုတ်လား အကို ပုံပြင်ဖတ်သေးတယ်
မောင် ကတော့ပုံပြင်ဆိုတာတစ်ပုဒ်မှတောင်မသိဘူး"
ရယ်ကာပြောနေတဲ့ကလေးလေး
ကလေးရယ်အဲ့လောက်ကြီးမရယ်ပါနဲ့လား ဘေးလူတွေမမြင်စေချင်လို့.။
"ပုံပြင်တွေကောင်းတယ်ကလေးရဲ့ ကလေးလိုပဲအဖြူတည်လေး
ဖတ်လို့အရမ်းကောင်းတယ်"
ရုတ်တရက် လေပေါ်မြောက်သွားသလို
လေဟာနယ်ထဲရောက်သွားသလို ခံရသော
ခံစားချက်ကြီး တိုးဝင်လာသည်။
ကြားလိုက်ရသော ကလေး ဆိုသော
အသုံး အနှုန်း ကြောင့် မျက်စိစုံတောင်ပြာတတ်ကာ
နားတွေတောင်လေးသွားသလိုပင်။
ဟွန့် သူများကိုများကလေးတဲ့ ပိုင်ဆိုးပါနက်နဲ့...။
"ငြိမ်းချမ်းမောင် ပါကလေးဟုတ်ဘူးဗျ "
နှုတ်သီးခေါင်းအားကောင်းနဲ့ ရန်တွေ့တော့သည်။
"အဲ့ဆို မောင် လို့ပဲခေါ်မယ်လေ"
"အဆင်ပြေပါ့မလား"
ပါးစပ်က ချက်ချင်း ပြန်မေးမိသည်။
မသိစိတ်ထဲက စိုးရိမ်စိတ်တွေကြောင့်ပင်။
"မပြေစရာအကို့တွက်မရှိဘူး...မောင်မို့မောင်လို့ခေါ်တာမပြေစရာလားမောင်ရဲ့"
အကို့စကားကြောင့် ကျွန်တော့် စိတ်ကျေနပ်သွားသည်။
မသိစိတ်ဖြစ်ပေါ်နေတဲ့ စိုးရမ်စိတ်တွေကို
ဖြေဖျောက်ပေးနိုင်တာမို့ ထိုးအမျိုးသား
စိတ်ဝင်စားမိသည်။
"ဟုတ်"
လူမှုရေးအပြုံးဖြင့်သာသွားဖြဲပြရင်းပြောမိသည်။
" ပင်လယ်ရည်တွေဘာလို့ငံနေတာလဲ
မောင်သိလား"
ခေါင်းယမ်းရင်းသာပြန်ဖြေမိ၏။
"အဲ့လိုငံနေတဲ့အကြောင်းပုံပြင်ရှိတယ်"
"မောင် နားထောင်မယ်မဟုတ်လား"
"အင်းနားထောင်မယ်လေ "
"အကိုပြောပြမယ်သေချာနားထောင်"
"ဟိုးရှေးရှေးတုန်းက အရမ်းဆင်းရဲတဲ့လင်မယာနှစ်ယောက်ရှိတယ်တဲ့
သူတို့လင်မယားနှစ်ယောက်ကတစ်ခုသောလပြည့်နေ့တစ်ခုမှာ
အိမ်ရှေ့ဖြတ်ကြွနေကျ ကိုယ်တော်လေးကိုဆွမ်းလှူချင်တယ်ဆိုပြီး
လင်မယားနှစ်ယောက်တိုင်ပင်ကြလေတယ်တဲ့
ဒါပင်မဲ့ အလွန်ဆင်ရဲလှတော့ လှူဖို့မပြောနဲ့တစ်နေ့စားဖို့ထမင်တောင်
ဝအောင်မစားနိုင်ကြတဲ့အဖြစ်ပြောခါဝမ်းနည်းနေကြလေးတယ်တဲ့"
"ဒီလိုနဲ့ယောကျ်ားဖြစ်သူကသူ့အကိုဖြစ်သူကိုသတိရသွားပြီးသူ့အကိုရှိမှာ ဆန် ချေးမယ်ဆို ထွက်လာလေးတယ်
သူအကိုဖြစ်သူ သူတို့ထက်ပိုက်ဆံပိုပြီးပြည့်စုံတော့
ယောကျာ်းဖြစ်သူကသွားချေးကြည့်တာပေါ့
ဟိုလည်းရောက်ရော သူ့အကိုကပ်စေးနဲကြီးက
သူ့ညီကိုမကောင်းပြောဆိုပြန် လွှတ်လိုက်လေတယ်တဲ့"
"ဟင်...မောင်သာဆိုရင်လေ ပေးလိုက်မှာညီအကိုပဲဟာသနားပါတယ်"
ကျွန်တော် မနေနိုင်မထိုင်နိုင်ကြားဖြတ်ဝင်ပြောမိလေသည်။
"ယောကျ်ားဖြစ်သူကလည်းစိတ်ညစ်ညစ်နဲ့ထွက်လာခဲ့တော့တာပေါ့
ခြေဦးတည့်ရာလျှောက်သွားရင်နဲ့တောအုပ်လေးတစ်ခုထဲရောက်သွားပြီး
ယုန်လေးတစ်ကောင်လည်းတွေ့ရော အဲ့ယုန်လေးကိုချက်ပြီးဆွမ်းဟင်ကပ်မယ်ဆိုပြီး
ယုန်လေးကိုလိုက်ဖမ်းတော့တယ်
ယုန်လေးကဖမ်းလည်းမိရော တောင်ပန်တာပေါ့
အသက်လေးချမ်းသာပေးပါ ကျွန်တော် သင့်ကိုပစ္စည်းတစ်ခုပေးမယ်ဆိုပြီး
တောင်ပန်းတယ်တဲ့
အဲ့ဒါနဲ့အဲ့ ယာက်ျားလည်းလွှတ်ပေးလိုက်တယ်ပြီး
ယုန်လေးက ယောကျာ်းဖြစ်သူကို မောင်းဆုံ
(ဆန်ထောင်းတဲ့ဆုံကိုပြောခြင်းဖြစ်သည်)
တစ်ခုလက်ဆောင်ပေးလိုက်တယ်တဲ့
နေပြီးယုန်လေးကမှာလိုက်သေးတယ် ဒီဆုံထဲကဘယ်ဘက်လှည့်ပြီးရင်လိုချင်တဲ့ဟာတောင်း
ဆုံထဲကထွက်လာမယ်နေပြီးကျရင်
ညာဘက်ပြန်လှည့်ရင်ရပ်မယ်ဆိုပြီးမှာပြီး ပေးလိုက်ရော
ယောကျ်ားဖြစ်သူကလည်းပျော်းပျော်းပါးပါပြန်လာပြီး
အဲ့ ဆုံလေးကြောင့်နေချင်းညချင်းချမ်းသာသွားတယ်
အဲ့ချိန်မှာသူအကိုကြီးက သူ့ညီအိမ်ကိုတိတ်တိတ်လေးလာချောင်းနေချိန်
သူ့ညီကလည်းထိုဆုံလေး ထဲကပစ္စည်းတွေတောင်းနေတာတွေ့သွားရော
သူ့အကိုကမကောင်းတဲ့အကြံနဲ့ သူ့ညီအလျစ်မှာ အဲ့ဆုံကြီးကိုခိုးသွားတယ်တဲ့
ရွာပြင်ကိုထွက်ပြေးပြီး ဒီရွာကနေဝေးရာပြေးမယ်ဆိုပြီး
ရွာနားကချောင်းလေးကိုလှေနဲ့ဖြတ်သွားတယ်တဲ့
အဲ့ချိန်မှာသူကပြေးလာတာဆိုရေဆာလာရော
ရေကိုသောက်ကြည့်တော့ချောင်းထဲကရေတွေကပေါ့နေတယ်တဲ့
ပေါ့နေတဲ့ရေကိုဆားခတ်သောက်မယ်ဆိုပြီး ဆုံလေးထဲကဆားတွေထွက်စေဆိုပြီး
လုပ်လိုက်တယ် ဒါပင်မဲ့ဘယ်လိုပိတ်လည်းမကြည့်ထားမိတော့
လှေပေါ်မှာဆားတွေ ပြည့်လာပြီးလှေကြီးရေထဲနစ်သွားရော
အဲ့ဆုံကြီးကလည်းနစ်သွားပြီးဆားတွေကဒီနေ့ထိထွက်နေတာတဲ့
တဖြည်းဖြည်း များလာပြီးတော့ပင်လယ်ရည်ကြီးကလည်း
ဒီနေ့ထိငံနေတာပေါ့မောင်ရဲ့"
"မောင်ကမသိပါဘူး သူ့ဘာသာငန်ချင်လို့ငန်နေတာထင်တာ ဟီဟီး"
"မိုက်တယ်နော် အကိုကသိတယ်"
ကျွန်တော် အတော်လေးအကို ကိုသဘောကျသွားသည်။
ငယ်ငယ်ထဲကပုံပြင်မနားထောင်ဖူးတဲ့တော့
အကိုပြောပြတာတွေက အထူးအဆန်းလို့
ဖြစ်လို့ ပျော်မိသည်။
စိတ်ညစ်နေတာတွေအကုန်ပျောက်သွားကာ
တိတ်ဆိတ်နေတဲ့စာကြည့်တိုက်လေးအသက်တွေ
ဝင်ပြီး
ရယ်မောသံလေးနဲ့ စကားပြောသံလေးတွေတီးတိုးထွက်ပေါ်လာလေသည်။
....................................................
စကားပြောနေတဲ့နာရီသံလေးနဲ့ အတူဝင်လာတဲ့ခြေသံလေး
မောင်မှဟုတ်ရဲ့လား
မောင်ဒီနေ့တော့စောသားပဲ
"အကိုရေ...မောင်ဒီနေ့တော့ပုံပြင်ပြောမယ်သိလား
မောင်တို့ မျှော်လင့်ခြင်း စာကြည့်တိုက်လေးမှာ ပြောခဲ့တဲ့ပုံပြင်လေး
အကိုမှတ်မိလား
ပင်လယ်ရည်တွေငံနေတယ်ပုံပြင်လေးလေ"
မောင်ကရယ်သံလေးနဲ့ပြောနေသည်။
"အကိုသိလားအဲ့တုန်းမောင် စိတ်ညစ်နေတာ
အကိုပြောပြတဲ့ပုံပြင်နားထောင်ပြီး
အတော်ပျော်သွားတာ
နေပြီးတော့အဲ့တုန်းကလေ
အကိုပုံပြင်ပြောပုံပြင် လေးက သိပ်ချစ်ဖို့ကောင်းတယ်
နေပြီး မကြာမကြာလည်းပြုံးတယ်
အဲ့အပြုံးတွေကို .မောင်အရမ်းချစ်သွားတာပဲ"
မောင်ဒီနေ့လည်းပျော်နေတာပဲ
ကြည့်ရတာအခန်းအပြင်ကကောင်းကင်ကြီးက
အခန်းထဲကကောင်းကင်ထက်ပိုလှနေတယ်ထင်ပါတယ်
အဲ့တုန်းကမောင်ကလည်းသိပ်ဖြူးစင်ပြီး မျက်လုံးလေးတွေကလည်း
ကျောက်လေးတွေလိုဝင်းလဲ့နေခဲ့တာပဲ
အခုတော့...........
"သေချာနားထောင်နော်ပုံပြင်လေးနမည်က ထွက်မသွားပါနဲ့ တဲ့ ကိုရဲ့"
ခြောက်ကပ်ကပ်ရယ်သံနဲ့မောင်ရယ်လိုက်သည်။
"ကောင်လေးတစ်ယောက်မှာချစ်ရတဲ့သူတစ်ယောက်ရှိတယ်တဲ့
တစ်နေ့မှာအဲ့ကောင်လေးချစ်ရတဲ့သူကို စုန်းမကြီးကခေါ်သွားတယ်ရော
အဲ့ကောင်လေးကလည်းသူချစ်ရသူလေးကိုခေါ်ရမလားဆိုပြီး
အဲ့စုန်းမကြီးကို အစိတ်စိတ် ပိုင်းပြီးသတ်လိုက်တဲ့တယ်တဲ့"
"အကို..အဲ့ကောင်လေးကရက်စက်နေမလားဟင်"
"မောင်ကတော့မထင်ဘူးစကားပုံရှိတယ်လေ
အချစ်နဲ့စစ်မှာမတရာတာမရှိဘူးတဲ့အကိုရဲ့..."
မောင်ရယ်လိုက်သည်။ အကျယ်ကြီးကိုရယ်လိုက်သည်။
"အဲ့.... နောက်မှာ ကောင်လေးနဲ့သူချစ်ရသူနဲ့ကလည်း
တသက်လုံး.....ပျော်ပျော်ကြီးလက်တွဲ..... ကြလေတယ်တဲ့"
"ဘယ်လောက်ပျော်ဖို့ကောင်းလည်း...မောင်တို့လိုပဲ"
"အခုကတော့ အကို ပြောခဲ့တဲ့ပုံပြင်လေးလိုပဲ"
"မောင်က...ပုံပြင်လေးတပုဒ်တဲ့လားအကို"
မောင်ငိုလိုက်သည်။အားရပါးရကိုငိုချလိုက်သည်။
မောင့်ငိုသံကြောင့်တာဝန်ရစကားပြောနေတဲ့နာရီလေးတောင်
ရပ်နေသည်ဟုထင်ရလေသည်။
အချစ်နဲ့စစ်မှာမတရားတာမရှိဘူးတဲ့လားမောင်
အဲ့တာစစ်မှန်တဲ့အစစ်တွက်ပဲလေ
အချစ်စစ်ဆိုရင်လည်း ကိုယ်ချစ်တဲ့သူကိုပျော်အောင်ထားတယ်
မောင့်ပုံပြင်ကလည်းတစ်ဖက်သတ်ဆန်လိုက်တာ
ကောင်လေးချစ်ရသူကလည်း
ကောင်လေးကိုမချစ်လို့
စုန်းမကြီးနဲ့ခေါ်ရာလိုက်သွားတာလဲ
ဖြစ်နိုင်တာပဲလေမောင်
တသတ်လုံးပျော်ပျော်ကြီး နေသွားရတာလည်း
မောင်ပြောတဲ့ကောင်လေးက ဘာမာယာတွေနဲ့ချုပ်နှောင်နေလဲမှမသိတာ
ရယ်ဖို့ကောင်းလိုက်တာမောင်ရယ်
ဒီနေ့ ကမောင်ရယ်လိုက်ငိုလိုက်နဲ့
မောင်ရူးတဲ့နေ့လေးပဲ
..........................................................................
Morning par
အကိုပြောတဲ့ပုံပြင်လေးကဘယ်စာအုပ်ထဲကလည်းတော့
Nikoမသိပါဘူး
Nikoကိုယ်လဲတစ်ခြားတစ်ယောက်ကပြောပြတာမို့
ယူသုံးခွင့်ပေးပါလို့ခွင့်တောင်းပါတယ်။
ပုံပြင်ထဲက စုန်းမကြီး ကဘယ်သူများဖြစ်နေမလဲ.....NIKO
Zawgyi
Unicode
ရင်မှာပိုက်ကာ
"သစ္စာဂေါက်သီးမ" ပင်။
ဟား......
ကျွန်တော့် စကားကို သစ္စာ ရယ်တောင်နေလေသည်။
ကြည့်လိုက်မိသည်။
တစ်ဘာသာကျန်နေသေးသည်။
စာကျက်ရတာကြောင့်
အမြန်အစမ်ဖုန်းချရန်
ငါမအားဘူး"
"ဒါပဲ ဟာ ဒါပဲ"
နေကြသည်။
ပင်ဆင်းလာတော့သည်။
သားသေတဲ့နေ့မှလား
နေရာယူလိုက်သည်။
မနေ့ကတွေ့တဲ့
ရှင်နေမင်းဆိုသူမှာ
သွားသေးသေးလေးတွေ
သလားထင်မှတ်ရသည်။
အနားသို့ရောက်လားတာနဲ့ချက်ချင်း ခေါင်းကို
စာမကျက်ဘူးလား"
ဖြဲခွဲရှာတော့သည်။
နောင်တရတော့သည်။
နီရဲလို့ကို ထက်လာတော့သည်။
စိတ်ထိန်းစမ်း....
ဖြစ်ပြတ်နေတာတုန်း
မည်သူမှမသိခဲပေ....။
"စာလာကျက်တာလား..ဒါနဲ့"
စိတ်ထဲ ခုမိသည်။
"ဟမ်း...တောင်ငူဆိုတော့
ထိုလူ့ စကားကြောင့်
ဟာ....
"အဆင်ပြေပါ့မလား"
စိတ်ဝင်စားမိသည်။
"ဟုတ်"
မောင်သိလား"
"အင်းနားထောင်မယ်လေ "
"ဒီလိုနဲ့ယောက်ျားဖြစ်သူကသူ့အကိုဖြစ်သူကိုသတိရသွားပြီးသူ့အကိုရှိမှာ ဆန် ချေးမယ်ဆို ထွက်လာလေးတယ်
"ယောက်ျားဖြစ်သူကလည်းစိတ်ညစ်ညစ်နဲ့ထွက်လာခဲ့တော့တာပေါ့
တောင်ပန်းတယ်တဲ့
ယောက်ျားဖြစ်သူကလည်းပျော်းပျော်းပါးပါပြန်လာပြီး
ဖြစ်လို့ ပျော်မိသည်။
ဝင်ပြီး
....................................................
မောင်မှဟုတ်ရဲ့လား
အကိုမှတ်မိလား
အတော်ပျော်သွားတာ
အခုတော့...........
ရပ်နေသည်ဟုထင်ရလေသည်။
မောင်ရူးတဲ့နေ့လေးပဲ
..........................................................................
Morning par
Nikoမသိပါဘူး