ဧည့်ခန်းထဲ လှဲအိပ်နေရင်း စာအုပ်ဖတ်နေတဲ့မဟာ ၊ အနားကိုရောက်လာတဲ့ အန်တီမြကြောင့်
"ဘာလို့လဲ အန်တီမြ"
"ဒီနေ့ သူဌေးပြန်လာမယ်တဲ့ ခရီးကပြန်လာနေပြီပြောတယ်"
အရင်အပတ်ထဲက ယုဝါက ပြင်သစ်ပြန်သွားခဲ့ပြီး တုနှိုင်းမောင်ကတော့ ၊ ယုဝါမပြန်ခင်ရက်ကထဲက အလုပ်ကိစ္စနဲ့ခရီးသွားရသည်လို့ အန်တီမြပြောသည် ။ ဒီနေ့ပြန်ရောက်မည်ပေါ့
"အဒါဘာလို့လဲ အန်တီမြ"
"ညစာစားဖို့ သူ့ကိုစောင့်ပါတဲ့"
"အော် အင်း"
ခေါင်းတစ်ချက််ငြိမ့်ပြရင်း ဖတ်လက်စ စာအုပ်ကိုသာ ဆက်ဖက်နေသည် ။
စာအုပ်ပြီးသွားချိန် နာရီကိုလှမ်းကြည့်လိုက်တော့ ၇ နာရီခွဲ ၊ ဗိုက်ဆာနေသလိုရှိတာကြောင့် ထမင်းစားခန်းထဲသွားလိုက်ပြီး
"အန်တီမြ ဘာချက်တာလဲ"
"အကိုလေးစားချင်တယ်ဆိုတဲ့ ငါးပေါင်းလုပ်ထားတယ်"
"စားတော့မယ် အန်တီမြ"
"ရှင် ဟို သူဌေးက"
"ကျွန်တော်ဗိုက်ဆာနေပြီ"
"ပြင်လိုက်ပါ အန်တီမြ"
ဘယ်အချိန်ရောက်လာတဲ့မသိတဲ့ တုနှိုင်းမောင်က စာပွဲမှာ ဝင်ထိုင်ရင်းဆိုလာသည် ။
"အယ် သူဌေး ၊ ဒေါ်မြတောင်းပန်ပါတယ် ကားသံမကြားမိလိုက်လို့"
"မင်းထိုက်လိုက်ပို့တာမလို့ပါ"
"ဟုတ်ကဲ့"
ပင်ပန်းနေပုံရတဲ့ တုနှိုင်းမောင်က ရေဗူးကိုကိုင်ကာ မနားတမ်းမော့သောက်နေသည် ။
"ဒေါ်မြ ရေထပ်ပေးဦး"
"ဟုတ်ကဲ့သူဌေး"
တစ်ဗူးလုံးကုန်သွားတာတောင် ထပ်တောင်းနေတဲ့ တုနှိုင်းမောင်ကို အန်တီမြကအမြန်ပင်ယူပေးသည် ။ မဟာကတော့ ငါးပေါင်းကိုသာ စားနေရင်း ထပ်မကြည့်တော့ ။
"ဘာလိုသေးလဲ ကျွန်မဘာလုပ်ပေးရမလဲ သူဌေး"
လက်ခါပြလိုက်တာမလို့ အန်တီမြ အပြင်ထွက်သွားသည် ။ မျက်နှာချင်းဆိုင်ထိုင်နေပေမယ့် သူ့ကိုလုံးဝအာရုံမရှိတဲ့ မဟာက အေးဆေးစွာပင် စားနေလေရဲ့ ။
"မဟာ"
ခေါ်လိုက်တော့ မော့ကြည့်လာပေမယ့် မည်သည့်စကားမှတော့ မမေး ။
"ငါ ကလောမှာ ဝယ်ဖို့လုပ်ထားတဲ့ စက်ရုံအတွက်မြေကွက်ကို စျေးပိုပေးပြီး ကြားဖြတ်ဝယ်သွားတယ်"
"အော်"
"စုံစမ်းကြည့်တော့ မင်းအကိုဆိုတဲကောင်ဖြစ်နေတယ် ၊ မမိုက်ရိုင်းဘူးလား မဟာ"
"ဘာလို့လဲ"
"ကျစ် ငါတို့အရင်စရံပေးထားပြီးသားကို တမင်လုပ်သွားတာလေ ၊ အဒီကောင်လွန်တယ်မထင်ဘူးလား"
"မထင်ပါဘူး"
"ဘာပြောတယ်"
"စီးပွားရေးလောကမှာ တရားတယ်မတရားဘူးဆိုတာရှိလို့လား"
"မဟာ! ငါပြောနေတာ ငါဝယ်ဖို့လုပ်ပြီးသားကို ကြားကနေဖြတ်လုသွားတဲ့ မင်းအကိုဆိုတဲ့အကောင်ကြောင်းပြောနေတာ "
"ကြားတယ်လေ အဒီတော့"
"ငါ့ကိုလာစိန်ခေါ်တာလား"
"ဘယ်သိမလဲ သွားမေးလေ"
"မဟာမြတ်သူ"
"ငါ့အကိုလေ ငါမဟုတ်ဘူး ၊ ငါဘယ်သိပါ့မလဲ"
"တောက်! အဒီမြေနေရာကိုရဖို့ ငါဘယ်လောက်ကြိုးစားထားရတယ်ထင်လဲ"
"မသိဘူးလေ မင်းပြောဖူးလို့လား"
"မင်းငါ့ကိုဘယ်လိုတွေလာပြောနေတာလဲ"
"မင်းမေးတာကိုဖြေနေတာပဲလေ"
"ကွာ! ဒီမှာမဟာ မင်းအကိုကိုပြောလိုက် ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေလို့ ၊ နောက်တစ်ခါဆို ငါဘာလုပ်မိမလဲ အာမမခံဘူး"
"ဘာလုပ်မှာလဲ ဘာထပ်လုပ်ချင်သေးတာလဲ"
"မဟာ!"
"မင်းဘာလုပ်မလဲ ငါမသိပေမယ့် ငါပြောနိုင်တာတစ်ခုက အခုမှ first time ဆိုတာပဲ"
"ဘာကွ"
ဒုန်း!
တုနှိုင်းမောင် အားပြင်းစွာနဲ့စာပွဲကို လက်နဲ့ရိုက်လိုက်တဲ့ အသံကြောင့် အန်တီမြကပြေးဝင်လာသည် ။
"သူဌေး"
"ထွက်သွား!"
တုနှိုင်းမောင် အော်လိုက်တာကြောင့် အန်တီမြ ပြန်ထွက်သွားရသည် ။ မဟာကအေးဆေးစွာပင်
"ကိုယ်ပိုင်ဆိုင်တဲ့အရာတစ်ခုကို ဆုံးရှုံးသွားတယ်ဆိုတဲ့ အရသာကဘယ်လိုလဲ ၊ ခံစားလို့ကောင်းလား"
"ဘာ"
"နည်းနည်းတော့ခါးတယ်မလား"
"မင်းဘာကိုပြောနေတာလဲ မဟာ"
"စကားလေ စကားပြောနေတာ"
"ကျစ် မဟာမြတ်သူ!"
"အင်း"
တည်ငြိမ်စွာပင်ပြောနေတဲ့ မဟာကြောင့် တုနှိုင်းမောင်သက်ပြင်းချလိုက်ရင်း ။
"ငါမင်းကိုနားမလည်နိုင်ဘူး မဟာ"
"မင်းဘယ်တုန်းကနားလည်ခဲ့ဖူးလို့လဲ"
"ငါနောက်တစ်ခါ ဒီလောက်နဲ့ပြီးသွားမှာမဟုတ်ဘူးဆိုတာ မင်းအကိုကိုသတိပေးလိုက်ပါ"
ထထွက်သွားတဲ့ တုနှိုင်းမောင်ကျောပြင်ကို မဟာ ငေးကြည့်နေလိုက်သည် ။ သေချာစတောင်မစရသေးတာကို ။
မဟာနဲ့စကားဆက်မဆိုချင်တာကြောင့် ထထွက်လာခဲ့တဲ့ တုနှိုင်းမောင်က သူ့အလုပ်ခန်းဆီကိုပဲ ဦးတည်လိုက်သည် ။
ကြိုးစလေးကို ပြတ်သွားမှာစိုးလို့ တင်းနေအောင်ဆုပ်ကိုင်ထားမိတာ တမင်တင်းစေချင်တဲ့ ရည်ရွယ်ချက်မဟုတ်ခဲ့ဘူး ။
မင်းမေးတာကိုကြားချင်လို့ မပေးခဲ့တဲ့ ဖြေရှင်းချက်က မင်းယုံကြည်စေဖို့မဟုတ်ခဲ့ဘူး ။
မင်းမဟုတ်တဲ့အခြားသူကို လက်တွေ့မပြောနဲ့ စိတ်ကူးနဲ့တောင် မရှိဘူးဆိုတာ ၊ ငါမပြောလည်း မင်းသိသင့်တာ ။
"သူဌေး"
အပြင်က အန်တီမြရဲ့ခေါ်သံကြောင့်
"ဝင်ခဲ့"
"သူဌေး ခေါင်းနောက်နေမလားလို့ သံပုရာရည်ဖျော်လာပေးတာ"
"အင်း ထားခဲ့ဒေါ်မြ"
"သူဌေး ယုဝါက ဒါလေးပေးသွားတယ်"
လှမ်းပေးလာတဲ့ စာအိတ်လေးကို လှမ်းယူလိုက်ရင်း
"ဘာတဲ့လဲ"
"ကိုယ်တိုင်ပြောချင်ခဲ့တာလို့ပြောတယ် ပြီးတော့ သေချာဖတ်ပေးပါတဲ့"
"အော် အင်း"
ဒေါ်မြထွက်သွားပီးတော့ တုနှိုင်းမောင် စာအိတ်ကိုဖွင့်ဖတ်လိုက်သည် ။
ကိုကို
ယုဝါပြောဖို့ အခွင့်မသာလိုက်လို့ စာနဲ့ပဲရေးခဲ့လိုက်ရတယ် ။
ယုဝါတို့ တစ်ခုခုတော့ လွဲနေပြီထင်တယ် ။
အကိုမဟာကို ယုဝါတောင်းပန်တဲ့နေတုန်းက အကိုကပြောတယ် ၊ အကို့ဖေဖေက alcohol မသောက်တက်ဘူးတဲ့ ၊ တကယ်လို့ အဒါသာအမှန်ဖြစ်ခဲ့ရင် ကိုကိုဆုံးဖြတ်ချက်နဲ့ ကိုကို့အပြုအမူတွေ မှားနေပြီမဟုတ်လား ။
ယုဝါစိုးရိမ်တယ်ကိုကို တစ်စုံတစ်ခုလွဲမှားနေမှာကို ယုဝါကြောက်နေတယ် ၊ အကိုမဟာ့နှုတ်ကဖြေလာမယ့် အဖြေကိုနားထောင်ဖို့ ကိုကိုအင်အားမရှိဘူးဆိုရင်တောင် ကိုကိုတစ်ကြိမ်လောက်တော့မေးကြည့်သင့်တယ် ။
ကိုကို အကိုမဟာကိုသိပ်ချစ်တယ်မဟုတ်လား ။ ကိုကိုတို့ချစ်နေကြပါလျက်နဲ့ အခုလိုအနေအထားမျိုး မဖြစ်စေချင်ဘူး ၊ ကိုကို ပြန်စုံစမ်းကြည့်ပါဦးလားဟင် ပြီးတော့.......
ကျန်ရှိနေသေးတဲ့စာတွေကို တုနှိုင်းမောင်ဆက်ဖတ်လို့မရဘူး ၊ စာရွက်လေးကိုကိုင်ထားတဲ့ သူ့လက်တွေ တုန်ယင်နေခဲ့သည် ။
"alcohol မသောက်တက်ဘူးတဲ့လား မသောက်တက်ဘူးလား ၊ မဖြစ်နိုင်တာ မဖြစ်နိုင်တာကြီးကို"
ဝုန်း...ဒုန်း....
စာရွက်ကို လုံးချေကာ လွှင့်ပစ်လိုက်ရင်း စာပွဲပေါ်ရှိပစ္စည်းတွေကိုပါ တွန်းဖယ်ပစ်လိုက်သည် ။
"ဘာကမှားရမှာလဲ! သူ့မိဘတွေကြောင့် ငါ့မိဘတွေအခုလိုဖြစ်ခဲ့ရတာကို ဘာကိုမှားနေတာမလို့လဲ"
အော်ပစ်ပြီး ဒေါသထွက်နေတဲ့ တုနှိုင်းမောင် ရဲ့၊ အမှန်တကယ်သူ့စိတ်ထဲက ကြောက်ရွံ့နေမှုကိုတော့ မည်သူမျှသိမည်မဟုတ်သိလို ။
သူလွှင့်ပစ်လိုက်တဲ့ စာရွက်ထဲက မဖက်လိုက်ရသောစာအချို့ထဲတွင် ၊ မဟာ့ဆီမှာရှိနေတဲ့ သူ့ရဲ့ရင်သွေးအကြောင်းရေးထားသည်ကိုလည်း သူသိတော့မည်မဟုတ် ။
ယုဝါက မဟာ့ဆေးစစ်ချက်စာရွက်တွေနဲ့ ၊ မဟာနဲ့ထွန်းအောင် ကလေးအကြောင်းဖုန်းပြောနေသည်ကို ကြားခဲ့တာမလို့ တုနှိုင်းမောင်ကို သူမထင်တာပြောခဲ့ပေမယ့် ၊ ထိုစာကိုမဖက်မိခင် သူ့ရဲ့အတ္တကအနိုင်ယူသွားပြန်သည် ။
*****************************
T & T Group
စက်တီခုံပေါ် ဘေးဘောင်ကိုလက်တင်ကာ နဖူးကိုလက်ထောက်လျက် နေနေတဲ့ တုနှိုင်းမောင်ရဲ့ ဘေးတွင်တော့ ၊ စိတ်ပျက်နေတဲ့ မျက်နှာထားမျိုးနဲ့ မင်းထိုက်ထိုင်နေသည် ။
"ဘယ်လိုလုပ်ကြမလဲ နှိုင်း"
"ချေးငွေယူရမယ်ထင်တယ် ၊ စက်ရုံ Project မှာအရင်းအနှီးများနေတာမလို့ လိုတဲ့ပမာဏအဆင်သင့်ရှိမနေဘူး"
"ငါ ဥပဒေအဖွဲ့နဲ့စုံစမ်းထားလိုက်မယ်"
"တောက်! ချိန်းဆိုတာဘယ်သူလဲကွာ"
T & T Group ရဲ့ share များကို ဝယ်နေတဲ့ ချိန်းက အတော်ပင်ပိုဆိုးလာတာမလို့ ၊ တုနှိုင်းမောင်တို့ဘက်က ထုတ်ရောင်းထားသော share တွေကိုလိုက်ပြန်စုနေရသည်အထိ ။
"ငါပြောဦးမယ် အလင်းသစ် Microfinance ကအဆင်ပြေတယ်ကြားတယ် ၊ bank ကမယူချင်ရင် အဒီနဲ့ joinမလား"
"အလင်းသစ် Microfinance? "
"အင်း ငါ့အသိတစ်ယောက်ပြောတာ"
"အလင်းသစ်လုပ်ငန်းစုတွေက ဘယ်နှစ်ခုရှိတာလဲ ဘယ်သူပိုင်တာလဲ"
"ဟင်"
တုနှိုင်းမောင် မျက်မှောင်ကျုံ့လိုက်ရင်း ဖုန်းနံပါတ်တစ်ခုကိုခေါ်ကာ
"ငါအလင်းသစ်လုပ်ငန်းစုနဲ့ ပတ်သက်တဲ့သတင်းမှန်သမျှလိုချင်တယ် ဒီနေ့ချက်ချင်း"
သူဖုန်းချပြီးတာနဲ့ မင်းထိုက်ကမေးခွန်းထုတ်လာသည် ။
"ဘာဖြစ်လို့လဲ နှိုင်း အလင်းသစ်လုပ်ငန်းစုကဘာဖြစ်လို့လဲ"
"အလင်းသစ် ဆေးဝါးဖြန့်ချီရေး ကုမ္ပဏီရဲ့ boss က ထွန်းအောင်"
"ဘယ်လို!"
"ကလောကမြေနေရာကိုဝယ်တာ သူဆေးကုမ္ပဏီခွဲဖွင့်ဖို့လို့ကြားတယ်"
"ထွန်းအောင်ကဆရာဝန်ပဲမဟုတ်ဘူးလား"
"ငါမသိဘူး ငါသိချင်နေတာ သူတစ်ယောက်ထဲဟုတ်မဟုတ်ကိုပဲ"
"မင်းဆိုလိုတာက"
"ဟုတ်တယ် မင်းတွေးလိုက်တဲ့ဟာ"
"ဒါပေမယ့် မဖြစ်နိုင်ဘူး"
"အင်း ၊ ငါ ချိန်းဆိုတာကို ထွန်းအောင်လို့ထင်နေတယ်"
"ဘာအကြောင်းပြချက်နဲ့လဲ"
"ထွန်းအောင်နဲ့ငါ့ကြားမှာ အကြောင်းပြချက်က မဟာပဲလေ"
"မဖြစ်နိုင်တာတော့ မဟုတ်ဘူးပဲ"
"မင်းရော သူ့ကိုသွားတွေ့သေးလား"
တုနှိုင်းမောင် မေးခွန်းမှာ ငြှိုးငယ်သွားတဲ့ မင်းထိုက်မျက်နှာကို မြင်လိုက်ရသည် ။
"သူကငါ့ကိုတွေ့ချင်မှာမှမဟုတ်တာ"
"ငါ့ကြောင့်မဟုတ်လား ၊ အဒီထွန်းအောင်ဆိုတဲ့ကောင်က"
"ငါဘာမှမဖြစ်ပါဘူး နှိုင်း ပြီးခဲ့တာတွေကပြီးပြီပဲ ၊ ထားလိုက်ပါတော့"
သူ့ရှေ့မှာမလို့ ဟန်ဆောင်နေတဲ့ မင်းထိုက်ကို တုနှိုင်းမောင်အားနာမိသည် ။ သူနဲ့သာ သူငယ်ချင်းမဟုတ်ဘူးဆိုရင် မင်းထိုက်က သူချစ်တဲ့သူနားမှာနေနိုင်မှာပဲ ၊ ဖွင့်မပြောနိုင်တဲ့အထိ အဝေးကနေ ငေးကြည့်ခွင့်တောင်မရှိတဲ့အထိ ၊ ဝေးကွာစေခဲ့တာ သူ့ငယ်ချင်းဖြစ်နေလို့ ။
သို့ပေမယ့် ထွန်းအောင်ကို သူအလျော့မပေးနိုင်ပြန်ဘူး ၊ သူ့ထက်ပိုပြီး မဟာအကြောင်းပိုသိနေတဲ့ ထွန်းအောင်ကို သူတကယ်မကြိုက်ဘူး ၊ ညီအကိုဆိုပေမယ့် နားလည်မပေးနိုင် ။
"နှိုင်း ထွန်းအောင်တကယ်ပဲနေနိုင်တယ် သိလား"
သူ့အတ္တက သူ့သူငယ်ချင်းကိုပါ ထိခိုက်စေတာမှန်ပေမယ့် မဟာနဲ့ပတ်သတ်တိုင်း သူဘာကိုမှနားမလည်ပေးနိုင် ။
"မင်းရှောင်နေမလား မင်းထိုက် ၊ ငါ့စိတ်ထဲ ချိန်းဆိုတဲ့သူကို ထွန်းအောင်ပဲထင်နေတယ် တစ်ခုခုဖြစ်လာရင် မင်းထိခိုက်လိမ့်မယ်"
"မဟုတ်တာပဲ ၊ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ မဆိုင်ဘူးလေ"
"အင်း"
"နှိုင်း ငါတို့ပြန်စုံစမ်းကြည့်ကြမလား"
"ဘာကိုလဲ"
"အဒီယာဥ်တိုက်မှု ငါတို့ပြန်စုံစမ်းကြည့်ကြမလား"
"ဘာကိုလဲ ဘာကိုထပ်စုံစမ်းမှာလဲ ၊ သိပြီးသားအဖြေတစ်ခုကို ထပ်စုံစမ်းတော့ရော ဘာများပြောင်းလဲသွားမှာမလို့လဲ"
"နှိုင်း"
"တော်လိုက်တော့!"
အဒီကိစ္စနဲ့ဆို ဘယ်တော့မှ ပြောလို့မရခဲ့တဲ့ တုနှိုင်းမောင်က တကယ်ပင်ခေါင်းမာလွန်းလှသည် ။
(တကယ်ပဲ မင်းကချိန်းဆိုရင် ငါဘယ်လိုလုပ်သင့်လဲ)
Ring.....
ထမြည်လာတဲ့ဖုန်းက အိမ်ကဖြစ်တာမလို့ တုနှိုင်းမောင်အမြန်ပင်ကောက်ကိုင်လိုက်သည် ။
"ဟလို"
"သူဌေး ၊ အကိုလေး အကိုလေးမူးလဲလို့"
"ဘာ!"
ထိုင်နေရာကနေ ချက်ချင်းထကာ ကားသော့ယူပြီး ထွက်သွားတဲ့ တုနှိုင်းမောင်နောက်ကို မင်းထိုက်ပြေးလိုက်ရသည် ။
"ဘာလဲ ဘာဖြစ်လို့လဲ"
"မဟာမူးလဲလို့တဲ့"
"အဒါဆို ငါရောလိုက်ခဲ့မယ် doctor ကိုဖုန်းဆက်လိုက်ရမလား"
"အင်း"
မီးပွိုင့်တွေကိုပင် မစောင့်နိုင်ပဲမောင်းနေတဲ့ တုနှိုင်းမောင်အစား မင်းထိုက်စိတ်ပင်ပန်းနေမိသည် ။ မဟာထိခိုက်မိတိုင်းအရူးလိုပဲ ခံစားနေပြီး ဘယ်တော့မှ ထုတ်မပြ ။ မဟာနေမကောင်းရင်လည်း တစ်ညလုံးတစ်နေ့လုံးအနားမှာ ရှိနေပေးပေမယ့် ၊ သတိရလာတဲ့အခါ မသိစေရပြန် ။
မင်းနဲ့တော့ ဘယ်လိုတောင်လုပ်ရမလဲ နှိုင်းရာ ။
ထင်ထားတာထက်ပိုကျပ်နေတဲ့ လမ်းတွေကြောင့် တစ်နာရီခန့်ပင်ကြာသွားသည် ။ အိမ်ရောက်ရောက်ချင်း ကားပေါ်ကချက်ချင်းဆင်းပြေးသွားတဲ့ တုနှိုင်းမောင်
"သူဌေး"
အပေါ်ကိုပြေးတက်မလို့ လှမ်းလိုက်ချိန် အန်တီမြကလာတားသည် ။
"ဘာလို့လဲ ဒေါ်မြ မဟာဘယ်လိုနေလဲ အခန်းထဲမှာလား"
"ဟို ဟို အဒါ"
"ဘာလဲ ပြောမှာပြော"
တုနှိုင်းမောင် စိတ်မရှည်စွာအော်လိုက်တော့မှ
"ဆရာလေးထွန်းအောင်နဲ့မိန်းကလေးတစ်ယောက်ရောက်နေတယ် အကိုလေးက သူတို့ကိုခေါ်ပေးပါဆိုလို့"
"ဘာ!"
ဖြစ်သွားတဲ့ဒေါသက ရင်ထဲကို ပလောင်ဆူစေသည် ။
"အခန်းထဲမှာလား"
အံကြိတ်ကာမေးလိုက်တဲ့ တုနှိုင်းမောင်ရဲ့အမေးကို ဒေါ်မြက စိုးရိမ်စွာနဲ့ အသာခေါင်းငြိမ့်ပြသည် ။
"နှိုင်း"
ဒေါသတကြီးတက်သွားတဲ့ တုနှိုင်းမောင်နောက်ကို မင်းထိုက်လိုက်သွားရင်း ပြသနာမဖြစ်စေဖို့ ဘယ်လိုတားရမလဲတွေးနေရသည် ။
လှေကားက ဒီနေ့မှ ပိုများနေပြီး မဟာရှိတဲ့အခန်းကိုရောက်ဖို့ ဝေးနေသလို ။
တုနှိုင်းမောင် အခန်းတံခါးကို ဆွဲဖွင့်မလို့လက်ရွယ်လိုက်ပေမယ့် အရင်ပွင့်လာတဲ့တံခါးကြောင့် နောက်ပြန်ဆုတ်လိုက်သည် ။
အခန်းထဲက ထွက်လာတဲ့ ထွန်းအောင်က တုနှိုင်းမောင်ကိုမြင်တာနဲ့ မျက်မှောင်ကျုံ့သွားသည် ။ ထိုနည်းတူ တုနှိုင်းမောင်ကလည်း ထွန်းအောင် ရင်ဖက်က အင်္ကျီစကိုဆောင့်ဆွဲလျက်
"မင်းက ဘာမလို့လဲ ငါ့အိမ်ကိုလာရတာလဲ"
"ငါ့ညီရှိတဲ့နေရာ ငါလာတာ"
"တောက်! မင်း"
"ရှူး မင်းပါးစပ်ကိုပိတ်လိုက်ရင်ကောင်းမယ် တုနှိုင်းမောင် ၊ မဟာအခုမှအိပ်သွားတာ"
"အဒီတော့ငါက ဘာလုပ်ရမှာလဲ"
"လူစကား လူလိုပြောနေတာ၊ လူဆိုနားလည်လိုက်"
"ဘာကွ"
"နှိုင်း မဟာနေမကောင်းဘူးလေ"
ထွန်းအောင်ကို ထိုးမလို့ရွယ်လိုက်တဲ့လက်ကို မင်းထိုက်ဝင်ဆွဲလျက်တားသည် ။ အဒီတော့မှ တုနှိုင်းမောင်သက်ပြင်းချလိုက်ရင်း
"မဟာဘာဖြစ်တာလဲ"
"မင်းသိဖို့မလိုဘူး"
"တောက်! မင်းဘာစကားပြောတာလဲ မဟာကငါ့အမျိုးသား ဘာကိုသိဖို့မလိုတာလဲ ၊ ငါ့အိမ်ကိုလည်းလာသေးတယ် ဘာစောက်ချိုးတာလဲ"
"တန်ရာတန်ရာပေါ့"
"ထွန်းအောင်!"
"ဟို ကိုတုနှိုင်းမောင် မဟာကအခုမှအိပ်သွားတာ ညဘက်ဆိုအိပ်မပျော်တာ ကြာပြီထင်တယ် ၊ အရမ်းအားနည်းနေတာမလို့ လောလောဆယ်ဆေးနဲ့သိပ်ထားတာ နားပါစေလားရှင်"
ဘေးက ထွန်းအောင်နဲ့ပါလာတဲ့ မိန်းကလေးကဝင်ပြောတာမလို့ တုနှိုင်းမောင် သူဆွဲထားသော အင်္ကျီကိုလွတ်လိုက်သည် ။ ထိုမိန်းကလေးကို မြင်ဖူးပေမယ့် ဘယ်သူမှန်းမသိတော့ ၊ အခုသူသိချင်တာထိုမိန်းကလေးက ဘာအတွက် သူ့အိမ်လာတာလဲဆိုတာပဲ ။
"မင်းကဘာလဲ"
"ရှင် ကျွန်မက"
"သူကဆရာဝန် မင်းတို့ကျေးဇူးကြောင့် ငါဆေးကုသမှုကောင်းကောင်းမလုပ်နိုင်တာကြောင့် သူ့ကိုခေါ်လာတာ"
ချက်ချင်းဝင်ဖြေပေးသော ထွန်းအောင်က ထိုမိန်းကလေးဖြေမှာကို မလိုလားနေသည့်ပုံပဲ ။
"သွားတော့ မလိုဘူး"
"ဟက် ငါ့ညီရှိနေတဲ့နေရာ ငါလာချင်လာမယ် ပြန်ချင်ပြန်မယ် မင်းပြောစရာမလိုဘူး"
"ဒီမှာ ဒါငါ့အိမ် ၊ မင်းညီဆိုတာ ငါ့အမျိုးသား အရင်ကတော့ မင်းညီမလို့မင်းနဲ့ဆိုင်ချင်ဆိုင်မယ် အခုကမင်းညီကိုငါပိုင်တာ စကားပြောဆင်ခြင်"
"နှိုင်း တော်တော့ မဟာကိုသွားကြည့်မှာမဟုတ်ဘူးလား သွား"
စကားဆက်များနေမှာစိုးတာကြောင့် မင်းထိုက်တားရင်း တုနှိုင်းမောင်ကို မဟာ့ဆီသွားစေလိုက်သည် ။ တုနှိုင်းမောင်အခန်းထဲဝင်သွားပြီးတော့ ကျန်ခဲ့တဲ့ မင်းထိုက်မှာ လိုက်ဝင်ရမလို
အောက်ပြန်ဆင်းရမလိုဖြစ်နေသည် ။
"ကိုထိုက်"
ခေါ်ဆိုသူ တစ်ဦးတည်းသာရှိတဲ့ နာမ်စားလေး ၊ မကြားရတာ ၄နှစ်တောင်ရှိတော့မည်မလို့ ရင်ထဲကနာမိသား ။
"အကူအညီတောင်းစရာရှိလို့"
ဦးနှောက်က လက်မခံနဲ့လို့ပြောရင်တောင် ထပ်တူမကျတဲ့ နှလုံးသားက လက်ခံမိမှာ မလို့ မင်းထိုက်ခေါင်းအသာငြိမ့်ပြလိုက်သည် ။
"နောက်တစ်ခါ မဟာ့ဆီမှာ ဘာပဲဖြစ်ဖြစ် အခြားဆရာဝန်မဟုတ်ဘဲ ကိုယ့်ဆီဆက်သွယ်ပေးလို့ရမလား"
မဖြစ်နိုင်ဘူး နှိုင်းကလက်ခံမှာမဟုတ်ဘူး ။
မသိစိတ်ကငြင်းနေပေမယ့် မသိစိတ်ကတော့ လက်ခံနေမိပြန်ပြီ ။
"ဟိုကောင်နဲ့ ကိုယ့်ဘာသူရှင်းမှာမလို့ ကိုထိုက် အဒါလေးကိုတော့ ကူညီပေးလို့ရမလား"
စကားတစ်ခွန်းကအမိန့်တစ်ခုလိုလား သူခေါင်းထပ်ငြိမ့်မိပြန်ပြီ ။
"ကျေးဇူးပါ ကိုထိုက် ၊ ဖြူ သွားရအောင်"
ဘေးကမိန်းကလေးကို ပခုံးဖက်ကာ ထွက်သွားသော ထွန်းအောင်ကို မင်းထိုက်လိုက်မကြည့်မိအောင် မနဲထိန်းထားရသည် ။
(မင်းဘက်ကနေနိုင်ပေမယ့် ငါဘက်ကနေသားမကျသေးဘူး ၊ ငါဘယ်လိုပဲကြိုးစားနေပါစေ မင်းရဲ့စိုးမိုးမှုကနေ ရုန်းထွက်မရဘူး ၊ တစ်ကြိမ်လောက်ပဲဖြစ်ဖြစ် မင်းငါ့ဆီလာပေးလို့မရဘူးလား ထွန်း )
မွေ့ရာထက် အိပ်စက်နေတဲ့ မဟာ့ရဲ့ ဖြူဖျော့နေတဲ့ နှုတ်ခမ်းလေးကို အသာထိတွေ့ရင်း သူပါမျက်ရည်ကျမိသည် ။
ဆေးချိတ်ထားတဲ့ လက်ကလေးက နီရဲနေလိုက်တာ ၊ အနည်းငယ်ညိုနေတဲ့မျက်ကွင်းလေးတွေက ညဘက်အိပ်မပျော်ဘူးဆိုတာ သက်သေ ၊ သူသိပ်မြတ်နိုးရတဲ့ ပါးဖောင်းဖောင်းလေးတွေ မရှိတော့တာ ကြာရောပေါ့ ။
လက်ဖဝါးလေးကို အသာဆုပ်ကိုင်လိုက်တော့ လိုအပ်နေတဲ့ တစ်စုံတစ်ခုကြောင့် မျက်နှာအမူအရာချက်ချင်းပြောင်းလဲသွားသည် ။
သူတို့ရဲ့ လက်ထပ်လက်စွပ် ။
မဟာဘယ်တုန်းကချွတ်ထားခဲ့ပါသနည်း ။ သေချာပေါက် ခရီးမသွားခင်တုန်းကထိရှိနေခဲ့သေးတာကို ၊ သူကိုယ်တိုင်က မဟာရှေ့မှာသာ တမင်မဝတ်ဘဲနေပေမယ့် အခြားမည်သည်အချိန်မှ ချွတ်ထားခြင်းမရှိဘူး ။
မဟာကတော့ သူပြောလို့ အမြဲဝတ်ထားခဲ့သည် ၊ သို့ပေမယ့် ဘယ်အချိန်က မဟာချွတ်ပစ်ပါသနည်း ။
မင်းကငါ့အပိုင်ဆိုတဲ့ သက်သေပြုခြင်းအမှတ်အသားတွေကို မင်းသဘောနဲ့မင်း ဖျောက်ပြစ်လို့မရဘူး မဟာ ။
မင်းထင်ထားခဲ့တာထက် ငါမင်းကိုသိပ်ချစ်တာ ၊ ငါပိုင်တဲ့မင်းဘေးမှာ ငါမဟုတ်တဲ့အခြားဘယ်သူ့ကိုမှ မမြင်ချင်ဘူး ။ မင်း ပျော်ရွှင်ရတာပဲဖြစ်ဖြစ် နာကျင်ရတာပဲဖြစ်ဖြစ် အားလုံးကငါ့ကြောင့်ပဲ ဖြစ်ရမယ် ။
***********************************
***********************************
ဆက်ရန်
.
.
.
.
.
Zawgyi
ဧည့္ခန္းထဲ လွဲအိပ္ေနရင္း စာအုပ္ဖတ္ေနတဲ့မဟာ ၊ အနားကိုေရာက္လာတဲ့ အန္တီျမေၾကာင့္
"ဘာလို႔လဲ အန္တီျမ"
"ဒီေန႕ သူေဌးျပန္လာမယ္တဲ့ ခရီးကျပန္လာေနၿပီေျပာတယ္"
အရင္အပတ္ထဲက ယုဝါက ျပင္သစ္ျပန္သြားခဲ့ၿပီး တုႏွိုင္းေမာင္ကေတာ့ ၊ ယုဝါမျပန္ခင္ရက္ကထဲက အလုပ္ကိစၥနဲ႕ခရီးသြားရသည္လို႔ အန္တီျမေျပာသည္ ။ ဒီေန႕ျပန္ေရာက္မည္ေပါ့
"အဒါဘာလို႔လဲ အန္တီျမ"
"ညစာစားဖို႔ သူ႕ကိုေစာင့္ပါတဲ့"
"ေအာ္ အင္း"
ေခါင္းတစ္ခ်က္္ၿငိမ့္ျပရင္း ဖတ္လက္စ စာအုပ္ကိုသာ ဆက္ဖက္ေနသည္ ။
စာအုပ္ၿပီးသြားခ်ိန္ နာရီကိုလွမ္းၾကည့္လိုက္ေတာ့ ၇ နာရီခြဲ ၊ ဗိုက္ဆာေနသလိုရွိတာေၾကာင့္ ထမင္းစားခန္းထဲသြားလိုက္ၿပီး
"အန္တီျမ ဘာခ်က္တာလဲ"
"အကိုေလးစားခ်င္တယ္ဆိုတဲ့ ငါးေပါင္းလုပ္ထားတယ္"
"စားေတာ့မယ္ အန္တီျမ"
"ရွင္ ဟို သူေဌးက"
"ကြၽန္ေတာ္ဗိုက္ဆာေနၿပီ"
"ျပင္လိုက္ပါ အန္တီျမ"
ဘယ္အခ်ိန္ေရာက္လာတဲ့မသိတဲ့ တုႏွိုင္းေမာင္က စာပြဲမွာ ဝင္ထိုင္ရင္းဆိုလာသည္ ။
"အယ္ သူေဌး ၊ ေဒၚျမေတာင္းပန္ပါတယ္ ကားသံမၾကားမိလိုက္လို႔"
"မင္းထိုက္လိုက္ပို႔တာမလို႔ပါ"
"ဟုတ္ကဲ့"
ပင္ပန္းေနပုံရတဲ့ တုႏွိုင္းေမာင္က ေရဗူးကိုကိုင္ကာ မနားတမ္းေမာ့ေသာက္ေနသည္ ။
"ေဒၚျမ ေရထပ္ေပးဦး"
"ဟုတ္ကဲ့သူေဌး"
တစ္ဗူးလုံးကုန္သြားတာေတာင္ ထပ္ေတာင္းေနတဲ့ တုႏွိုင္းေမာင္ကို အန္တီျမကအျမန္ပင္ယူေပးသည္ ။ မဟာကေတာ့ ငါးေပါင္းကိုသာ စားေနရင္း ထပ္မၾကည့္ေတာ့ ။
"ဘာလိုေသးလဲ ကြၽန္မဘာလုပ္ေပးရမလဲ သူေဌး"
လက္ခါျပလိုက္တာမလို႔ အန္တီျမ အျပင္ထြက္သြားသည္ ။ မ်က္ႏွာခ်င္းဆိုင္ထိုင္ေနေပမယ့္ သူ႕ကိုလုံးဝအာ႐ုံမရွိတဲ့ မဟာက ေအးေဆးစြာပင္ စားေနေလရဲ႕ ။
"မဟာ"
ေခၚလိုက္ေတာ့ ေမာ့ၾကည့္လာေပမယ့္ မည္သည့္စကားမွေတာ့ မေမး ။
"ငါ ကေလာမွာ ဝယ္ဖို႔လုပ္ထားတဲ့ စက္႐ုံအတြက္ေျမကြက္ကို ေစ်းပိုေပးၿပီး ၾကားျဖတ္ဝယ္သြားတယ္"
"ေအာ္"
"စုံစမ္းၾကည့္ေတာ့ မင္းအကိုဆိုတဲေကာင္ျဖစ္ေနတယ္ ၊ မမိုက္ရိုင္းဘူးလား မဟာ"
"ဘာလို႔လဲ"
"က်စ္ ငါတို႔အရင္စရံေပးထားၿပီးသားကို တမင္လုပ္သြားတာေလ ၊ အဒီေကာင္လြန္တယ္မထင္ဘူးလား"
"မထင္ပါဘူး"
"ဘာေျပာတယ္"
"စီးပြားေရးေလာကမွာ တရားတယ္မတရားဘူးဆိုတာရွိလို႔လား"
"မဟာ! ငါေျပာေနတာ ငါဝယ္ဖို႔လုပ္ၿပီးသားကို ၾကားကေနျဖတ္လုသြားတဲ့ မင္းအကိုဆိုတဲ့အေကာင္ေၾကာင္းေျပာေနတာ "
"ၾကားတယ္ေလ အဒီေတာ့"
"ငါ့ကိုလာစိန္ေခၚတာလား"
"ဘယ္သိမလဲ သြားေမးေလ"
"မဟာျမတ္သူ"
"ငါ့အကိုေလ ငါမဟုတ္ဘူး ၊ ငါဘယ္သိပါ့မလဲ"
"ေတာက္! အဒီေျမေနရာကိုရဖို႔ ငါဘယ္ေလာက္ႀကိဳးစားထားရတယ္ထင္လဲ"
"မသိဘူးေလ မင္းေျပာဖူးလို႔လား"
"မင္းငါ့ကိုဘယ္လိုေတြလာေျပာေနတာလဲ"
"မင္းေမးတာကိုေျဖေနတာပဲေလ"
"ကြာ! ဒီမွာမဟာ မင္းအကိုကိုေျပာလိုက္ ဒီတစ္ခါေနာက္ဆုံးျဖစ္ပါေစလို႔ ၊ ေနာက္တစ္ခါဆို ငါဘာလုပ္မိမလဲ အာမမခံဘူး"
"ဘာလုပ္မွာလဲ ဘာထပ္လုပ္ခ်င္ေသးတာလဲ"
"မဟာ!"
"မင္းဘာလုပ္မလဲ ငါမသိေပမယ့္ ငါေျပာနိုင္တာတစ္ခုက အခုမွ first time ဆိုတာပဲ"
"ဘာကြ"
ဒုန္း!
တုႏွိုင္းေမာင္ အားျပင္းစြာနဲ႕စာပြဲကို လက္နဲ႕ရိုက္လိုက္တဲ့ အသံေၾကာင့္ အန္တီျမကေျပးဝင္လာသည္ ။
"သူေဌး"
"ထြက္သြား!"
တုႏွိုင္းေမာင္ ေအာ္လိုက္တာေၾကာင့္ အန္တီျမ ျပန္ထြက္သြားရသည္ ။ မဟာကေအးေဆးစြာပင္
"ကိုယ္ပိုင္ဆိုင္တဲ့အရာတစ္ခုကို ဆုံးရႈံးသြားတယ္ဆိုတဲ့ အရသာကဘယ္လိုလဲ ၊ ခံစားလို႔ေကာင္းလား"
"ဘာ"
"နည္းနည္းေတာ့ခါးတယ္မလား"
"မင္းဘာကိုေျပာေနတာလဲ မဟာ"
"စကားေလ စကားေျပာေနတာ"
"က်စ္ မဟာျမတ္သူ!"
"အင္း"
တည္ၿငိမ္စြာပင္ေျပာေနတဲ့ မဟာေၾကာင့္ တုႏွိုင္းေမာင္သက္ျပင္းခ်လိဳက္ရင္း ။
"ငါမင္းကိုနားမလည္နိုင္ဘူး မဟာ"
"မင္းဘယ္တုန္းကနားလည္ခဲ့ဖူးလို႔လဲ"
"ငါေနာက္တစ္ခါ ဒီေလာက္နဲ႕ၿပီးသြားမွာမဟုတ္ဘူးဆိုတာ မင္းအကိုကိုသတိေပးလိုက္ပါ"
ထထြက္သြားတဲ့ တုႏွိုင္းေမာင္ေက်ာျပင္ကို မဟာ ေငးၾကည့္ေနလိုက္သည္ ။ ေသခ်ာစေတာင္မစရေသးတာကို ။
မဟာနဲ႕စကားဆက္မဆိုခ်င္တာေၾကာင့္ ထထြက္လာခဲ့တဲ့ တုႏွိုင္းေမာင္က သူ႕အလုပ္ခန္းဆီကိုပဲ ဦးတည္လိုက္သည္ ။
ႀကိဳးစေလးကို ျပတ္သြားမွာစိုးလို႔ တင္းေနေအာင္ဆုပ္ကိုင္ထားမိတာ တမင္တင္းေစခ်င္တဲ့ ရည္႐ြယ္ခ်က္မဟုတ္ခဲ့ဘူး ။
မင္းေမးတာကိုၾကားခ်င္လို႔ မေပးခဲ့တဲ့ ေျဖရွင္းခ်က္က မင္းယုံၾကည္ေစဖို႔မဟုတ္ခဲ့ဘူး ။
မင္းမဟုတ္တဲ့အျခားသူကို လက္ေတြ႕မေျပာနဲ႕ စိတ္ကူးနဲ႕ေတာင္ မရွိဘူးဆိုတာ ၊ ငါမေျပာလည္း မင္းသိသင့္တာ ။
"သူေဌး"
အျပင္က အန္တီျမရဲ႕ေခၚသံေၾကာင့္
"ဝင္ခဲ့"
"သူေဌး ေခါင္းေနာက္ေနမလားလို႔ သံပုရာရည္ေဖ်ာ္လာေပးတာ"
"အင္း ထားခဲ့ေဒၚျမ"
"သူေဌး ယုဝါက ဒါေလးေပးသြားတယ္"
လွမ္းေပးလာတဲ့ စာအိတ္ေလးကို လွမ္းယူလိုက္ရင္း
"ဘာတဲ့လဲ"
"ကိုယ္တိုင္ေျပာခ်င္ခဲ့တာလို႔ေျပာတယ္ ၿပီးေတာ့ ေသခ်ာဖတ္ေပးပါတဲ့"
"ေအာ္ အင္း"
ေဒၚျမထြက္သြားပီးေတာ့ တုႏွိုင္းေမာင္ စာအိတ္ကိုဖြင့္ဖတ္လိုက္သည္ ။
ကိုကို
ယုဝါေျပာဖို႔ အခြင့္မသာလိုက္လို႔ စာနဲ႕ပဲေရးခဲ့လိုက္ရတယ္ ။
ယုဝါတို႔ တစ္ခုခုေတာ့ လြဲေနၿပီထင္တယ္ ။
အကိုမဟာကို ယုဝါေတာင္းပန္တဲ့ေနတုန္းက အကိုကေျပာတယ္ ၊ အကို႔ေဖေဖက alcohol မေသာက္တက္ဘူးတဲ့ ၊ တကယ္လို႔ အဒါသာအမွန္ျဖစ္ခဲ့ရင္ ကိုကိုဆုံးျဖတ္ခ်က္နဲ႕ ကိုကို႔အျပဳအမူေတြ မွားေနၿပီမဟုတ္လား ။
ယုဝါစိုးရိမ္တယ္ကိုကို တစ္စုံတစ္ခုလြဲမွားေနမွာကို ယုဝါေၾကာက္ေနတယ္ ၊ အကိုမဟာ့ႏႈတ္ကေျဖလာမယ့္ အေျဖကိုနားေထာင္ဖို႔ ကိုကိုအင္အားမရွိဘူးဆိုရင္ေတာင္ ကိုကိုတစ္ႀကိမ္ေလာက္ေတာ့ေမးၾကည့္သင့္တယ္ ။
ကိုကို အကိုမဟာကိုသိပ္ခ်စ္တယ္မဟုတ္လား ။ ကိုကိုတို႔ခ်စ္ေနၾကပါလ်က္နဲ႕ အခုလိုအေနအထားမ်ိဳး မျဖစ္ေစခ်င္ဘူး ၊ ကိုကို ျပန္စုံစမ္းၾကည့္ပါဦးလားဟင္ ၿပီးေတာ့.......
က်န္ရွိေနေသးတဲ့စာေတြကို တုႏွိုင္းေမာင္ဆက္ဖတ္လို႔မရဘူး ၊ စာ႐ြက္ေလးကိုကိုင္ထားတဲ့ သူ႕လက္ေတြ တုန္ယင္ေနခဲ့သည္ ။
"alcohol မေသာက္တက္ဘူးတဲ့လား မေသာက္တက္ဘူးလား ၊ မျဖစ္နိုင္တာ မျဖစ္နိုင္တာႀကီးကို"
ဝုန္း...ဒုန္း....
စာ႐ြက္ကို လုံးေခ်ကာ လႊင့္ပစ္လိုက္ရင္း စာပြဲေပၚရွိပစၥည္းေတြကိုပါ တြန္းဖယ္ပစ္လိုက္သည္ ။
"ဘာကမွားရမွာလဲ! သူ႕မိဘေတြေၾကာင့္ ငါ့မိဘေတြအခုလိုျဖစ္ခဲ့ရတာကို ဘာကိုမွားေနတာမလို႔လဲ"
ေအာ္ပစ္ၿပီး ေဒါသထြက္ေနတဲ့ တုႏွိုင္းေမာင္ ရဲ႕၊ အမွန္တကယ္သူ႕စိတ္ထဲက ေၾကာက္႐ြံ႕ေနမႈကိုေတာ့ မည္သူမွ်သိမည္မဟုတ္သိလို ။
သူလႊင့္ပစ္လိုက္တဲ့ စာ႐ြက္ထဲက မဖက္လိုက္ရေသာစာအခ်ိဳ႕ထဲတြင္ ၊ မဟာ့ဆီမွာရွိေနတဲ့ သူ႕ရဲ႕ရင္ေသြးအေၾကာင္းေရးထားသည္ကိုလည္း သူသိေတာ့မည္မဟုတ္ ။
ယုဝါက မဟာ့ေဆးစစ္ခ်က္စာ႐ြက္ေတြနဲ႕ ၊ မဟာနဲ႕ထြန္းေအာင္ ကေလးအေၾကာင္းဖုန္းေျပာေနသည္ကို ၾကားခဲ့တာမလို႔ တုႏွိုင္းေမာင္ကို သူမထင္တာေျပာခဲ့ေပမယ့္ ၊ ထိုစာကိုမဖက္မိခင္ သူ႕ရဲ႕အတၱကအနိုင္ယူသြားျပန္သည္ ။
*****************************
T & T Group
စက္တီခုံေပၚ ေဘးေဘာင္ကိုလက္တင္ကာ နဖူးကိုလက္ေထာက္လ်က္ ေနေနတဲ့ တုႏွိုင္းေမာင္ရဲ႕ ေဘးတြင္ေတာ့ ၊ စိတ္ပ်က္ေနတဲ့ မ်က္ႏွာထားမ်ိဳးနဲ႕ မင္းထိုက္ထိုင္ေနသည္ ။
"ဘယ္လိုလုပ္ၾကမလဲ ႏွိုင္း"
"ေခ်းေငြယူရမယ္ထင္တယ္ ၊ စက္႐ုံ Project မွာအရင္းအႏွီးမ်ားေနတာမလို႔ လိုတဲ့ပမာဏအဆင္သင့္ရွိမေနဘူး"
"ငါ ဥပေဒအဖြဲ႕နဲ႕စုံစမ္းထားလိုက္မယ္"
"ေတာက္! ခ်ိန္းဆိုတာဘယ္သူလဲကြာ"
T & T Group ရဲ႕ share မ်ားကို ဝယ္ေနတဲ့ ခ်ိန္းက အေတာ္ပင္ပိုဆိုးလာတာမလို႔ ၊ တုႏွိုင္းေမာင္တို႔ဘက္က ထုတ္ေရာင္းထားေသာ share ေတြကိုလိုက္ျပန္စုေနရသည္အထိ ။
"ငါေျပာဦးမယ္ အလင္းသစ္ Microfinance ကအဆင္ေျပတယ္ၾကားတယ္ ၊ bank ကမယူခ်င္ရင္ အဒီနဲ႕ joinမလား"
"အလင္းသစ္ Microfinance? "
"အင္း ငါ့အသိတစ္ေယာက္ေျပာတာ"
"အလင္းသစ္လုပ္ငန္းစုေတြက ဘယ္ႏွစ္ခုရွိတာလဲ ဘယ္သူပိုင္တာလဲ"
"ဟင္"
တုႏွိုင္းေမာင္ မ်က္ေမွာင္က်ဳံ႕လိုက္ရင္း ဖုန္းနံပါတ္တစ္ခုကိုေခၚကာ
"ငါအလင္းသစ္လုပ္ငန္းစုနဲ႕ ပတ္သက္တဲ့သတင္းမွန္သမွ်လိုခ်င္တယ္ ဒီေန႕ခ်က္ခ်င္း"
သူဖုန္းခ်ၿပီးတာနဲ႕ မင္းထိုက္ကေမးခြန္းထုတ္လာသည္ ။
"ဘာျဖစ္လို႔လဲ ႏွိုင္း အလင္းသစ္လုပ္ငန္းစုကဘာျဖစ္လို႔လဲ"
"အလင္းသစ္ ေဆးဝါးျဖန့္ခ်ီေရး ကုမၸဏီရဲ႕ boss က ထြန္းေအာင္"
"ဘယ္လို!"
"ကေလာကေျမေနရာကိုဝယ္တာ သူေဆးကုမၸဏီခြဲဖြင့္ဖို႔လို႔ၾကားတယ္"
"ထြန္းေအာင္ကဆရာဝန္ပဲမဟုတ္ဘူးလား"
"ငါမသိဘူး ငါသိခ်င္ေနတာ သူတစ္ေယာက္ထဲဟုတ္မဟုတ္ကိုပဲ"
"မင္းဆိုလိုတာက"
"ဟုတ္တယ္ မင္းေတြးလိုက္တဲ့ဟာ"
"ဒါေပမယ့္ မျဖစ္နိုင္ဘူး"
"အင္း ၊ ငါ ခ်ိန္းဆိုတာကို ထြန္းေအာင္လို႔ထင္ေနတယ္"
"ဘာအေၾကာင္းျပခ်က္နဲ႕လဲ"
"ထြန္းေအာင္နဲ႕ငါ့ၾကားမွာ အေၾကာင္းျပခ်က္က မဟာပဲေလ"
"မျဖစ္နိုင္တာေတာ့ မဟုတ္ဘူးပဲ"
"မင္းေရာ သူ႕ကိုသြားေတြ႕ေသးလား"
တုႏွိုင္းေမာင္ ေမးခြန္းမွာ ျငႇိုးငယ္သြားတဲ့ မင္းထိုက္မ်က္ႏွာကို ျမင္လိုက္ရသည္ ။
"သူကငါ့ကိုေတြ႕ခ်င္မွာမွမဟုတ္တာ"
"ငါ့ေၾကာင့္မဟုတ္လား ၊ အဒီထြန္းေအာင္ဆိုတဲ့ေကာင္က"
"ငါဘာမွမျဖစ္ပါဘူး ႏွိုင္း ၿပီးခဲ့တာေတြကၿပီးၿပီပဲ ၊ ထားလိုက္ပါေတာ့"
သူ႕ေရွ႕မွာမလို႔ ဟန္ေဆာင္ေနတဲ့ မင္းထိုက္ကို တုႏွိုင္းေမာင္အားနာမိသည္ ။ သူနဲ႕သာ သူငယ္ခ်င္းမဟုတ္ဘူးဆိုရင္ မင္းထိုက္က သူခ်စ္တဲ့သူနားမွာေနနိုင္မွာပဲ ၊ ဖြင့္မေျပာနိုင္တဲ့အထိ အေဝးကေန ေငးၾကည့္ခြင့္ေတာင္မရွိတဲ့အထိ ၊ ေဝးကြာေစခဲ့တာ သူ႕ငယ္ခ်င္းျဖစ္ေနလို႔ ။
သို႔ေပမယ့္ ထြန္းေအာင္ကို သူအေလ်ာ့မေပးနိုင္ျပန္ဘူး ၊ သူ႕ထက္ပိုၿပီး မဟာအေၾကာင္းပိုသိေနတဲ့ ထြန္းေအာင္ကို သူတကယ္မႀကိဳက္ဘူး ၊ ညီအကိုဆိုေပမယ့္ နားလည္မေပးနိုင္ ။
"ႏွိုင္း ထြန္းေအာင္တကယ္ပဲေနနိုင္တယ္ သိလား"
သူ႕အတၱက သူ႕သူငယ္ခ်င္းကိုပါ ထိခိုက္ေစတာမွန္ေပမယ့္ မဟာနဲ႕ပတ္သတ္တိုင္း သူဘာကိုမွနားမလည္ေပးနိုင္ ။
"မင္းေရွာင္ေနမလား မင္းထိုက္ ၊ ငါ့စိတ္ထဲ ခ်ိန္းဆိုတဲ့သူကို ထြန္းေအာင္ပဲထင္ေနတယ္ တစ္ခုခုျဖစ္လာရင္ မင္းထိခိုက္လိမ့္မယ္"
"မဟုတ္တာပဲ ၊ အလုပ္နဲ႕ ကိုယ္ေရးကိုယ္တာ မဆိုင္ဘူးေလ"
"အင္း"
"ႏွိုင္း ငါတို႔ျပန္စုံစမ္းၾကည့္ၾကမလား"
"ဘာကိုလဲ"
"အဒီယာဥ္တိုက္မႈ ငါတို႔ျပန္စုံစမ္းၾကည့္ၾကမလား"
"ဘာကိုလဲ ဘာကိုထပ္စုံစမ္းမွာလဲ ၊ သိၿပီးသားအေျဖတစ္ခုကို ထပ္စုံစမ္းေတာ့ေရာ ဘာမ်ားေျပာင္းလဲသြားမွာမလို႔လဲ"
"ႏွိုင္း"
"ေတာ္လိုက္ေတာ့!"
အဒီကိစၥနဲ႕ဆို ဘယ္ေတာ့မွ ေျပာလို႔မရခဲ့တဲ့ တုႏွိုင္းေမာင္က တကယ္ပင္ေခါင္းမာလြန္းလွသည္ ။
(တကယ္ပဲ မင္းကခ်ိန္းဆိုရင္ ငါဘယ္လိုလုပ္သင့္လဲ)
Ring.....
ထျမည္လာတဲ့ဖုန္းက အိမ္ကျဖစ္တာမလို႔ တုႏွိုင္းေမာင္အျမန္ပင္ေကာက္ကိုင္လိုက္သည္ ။
"ဟလို"
"သူေဌး ၊ အကိုေလး အကိုေလးမူးလဲလို႔"
"ဘာ!"
ထိုင္ေနရာကေန ခ်က္ခ်င္းထကာ ကားေသာ့ယူၿပီး ထြက္သြားတဲ့ တုႏွိုင္းေမာင္ေနာက္ကို မင္းထိုက္ေျပးလိုက္ရသည္ ။
"ဘာလဲ ဘာျဖစ္လို႔လဲ"
"မဟာမူးလဲလို႔တဲ့"
"အဒါဆို ငါေရာလိုက္ခဲ့မယ္ doctor ကိုဖုန္းဆက္လိုက္ရမလား"
"အင္း"
မီးပြိုင့္ေတြကိုပင္ မေစာင့္နိုင္ပဲေမာင္းေနတဲ့ တုႏွိုင္းေမာင္အစား မင္းထိုက္စိတ္ပင္ပန္းေနမိသည္ ။ မဟာထိခိုက္မိတိုင္းအ႐ူးလိုပဲ ခံစားေနၿပီး ဘယ္ေတာ့မွ ထုတ္မျပ ။ မဟာေနမေကာင္းရင္လည္း တစ္ညလုံးတစ္ေန႕လုံးအနားမွာ ရွိေနေပးေပမယ့္ ၊ သတိရလာတဲ့အခါ မသိေစရျပန္ ။
မင္းနဲ႕ေတာ့ ဘယ္လိုေတာင္လုပ္ရမလဲ ႏွိုင္းရာ ။
ထင္ထားတာထက္ပိုက်ပ္ေနတဲ့ လမ္းေတြေၾကာင့္ တစ္နာရီခန့္ပင္ၾကာသြားသည္ ။ အိမ္ေရာက္ေရာက္ခ်င္း ကားေပၚကခ်က္ခ်င္းဆင္းေျပးသြားတဲ့ တုႏွိုင္းေမာင္
"သူေဌး"
အေပၚကိုေျပးတက္မလို႔ လွမ္းလိုက္ခ်ိန္ အန္တီျမကလာတားသည္ ။
"ဘာလို႔လဲ ေဒၚျမ မဟာဘယ္လိုေနလဲ အခန္းထဲမွာလား"
"ဟို ဟို အဒါ"
"ဘာလဲ ေျပာမွာေျပာ"
တုႏွိုင္းေမာင္ စိတ္မရွည္စြာေအာ္လိုက္ေတာ့မွ
"ဆရာေလးထြန္းေအာင္နဲ႕မိန္းကေလးတစ္ေယာက္ေရာက္ေနတယ္ အကိုေလးက သူတို႔ကိုေခၚေပးပါဆိုလို႔"
"ဘာ!"
ျဖစ္သြားတဲ့ေဒါသက ရင္ထဲကို ပေလာင္ဆူေစသည္ ။
"အခန္းထဲမွာလား"
အံႀကိတ္ကာေမးလိုက္တဲ့ တုႏွိုင္းေမာင္ရဲ႕အေမးကို ေဒၚျမက စိုးရိမ္စြာနဲ႕ အသာေခါင္းၿငိမ့္ျပသည္ ။
"ႏွိုင္း"
ေဒါသတႀကီးတက္သြားတဲ့ တုႏွိုင္းေမာင္ေနာက္ကို မင္းထိုက္လိုက္သြားရင္း ျပသနာမျဖစ္ေစဖို႔ ဘယ္လိုတားရမလဲေတြးေနရသည္ ။
ေလွကားက ဒီေန႕မွ ပိုမ်ားေနၿပီး မဟာရွိတဲ့အခန္းကိုေရာက္ဖို႔ ေဝးေနသလို ။
တုႏွိုင္းေမာင္ အခန္းတံခါးကို ဆြဲဖြင့္မလို႔လက္႐ြယ္လိုက္ေပမယ့္ အရင္ပြင့္လာတဲ့တံခါးေၾကာင့္ ေနာက္ျပန္ဆုတ္လိုက္သည္ ။
အခန္းထဲက ထြက္လာတဲ့ ထြန္းေအာင္က တုႏွိုင္းေမာင္ကိုျမင္တာနဲ႕ မ်က္ေမွာင္က်ဳံ႕သြားသည္ ။ ထိုနည္းတူ တုႏွိုင္းေမာင္ကလည္း ထြန္းေအာင္ ရင္ဖက္က အကၤ်ီစကိုေဆာင့္ဆြဲလ်က္
"မင္းက ဘာမလို႔လဲ ငါ့အိမ္ကိုလာရတာလဲ"
"ငါ့ညီရွိတဲ့ေနရာ ငါလာတာ"
"ေတာက္! မင္း"
"ရႉး မင္းပါးစပ္ကိုပိတ္လိုက္ရင္ေကာင္းမယ္ တုႏွိုင္းေမာင္ ၊ မဟာအခုမွအိပ္သြားတာ"
"အဒီေတာ့ငါက ဘာလုပ္ရမွာလဲ"
"လူစကား လူလိုေျပာေနတာ၊ လူဆိုနားလည္လိုက္"
"ဘာကြ"
"ႏွိုင္း မဟာေနမေကာင္းဘူးေလ"
ထြန္းေအာင္ကို ထိုးမလို႔႐ြယ္လိုက္တဲ့လက္ကို မင္းထိုက္ဝင္ဆြဲလ်က္တားသည္ ။ အဒီေတာ့မွ တုႏွိုင္းေမာင္သက္ျပင္းခ်လိဳက္ရင္း
"မဟာဘာျဖစ္တာလဲ"
"မင္းသိဖို႔မလိုဘူး"
"ေတာက္! မင္းဘာစကားေျပာတာလဲ မဟာကငါ့အမ်ိဳးသား ဘာကိုသိဖို႔မလိုတာလဲ ၊ ငါ့အိမ္ကိုလည္းလာေသးတယ္ ဘာေစာက္ခ်ိဳးတာလဲ"
"တန္ရာတန္ရာေပါ့"
"ထြန္းေအာင္!"
"ဟို ကိုတုႏွိုင္းေမာင္ မဟာကအခုမွအိပ္သြားတာ ညဘက္ဆိုအိပ္မေပ်ာ္တာ ၾကာၿပီထင္တယ္ ၊ အရမ္းအားနည္းေနတာမလို႔ ေလာေလာဆယ္ေဆးနဲ႕သိပ္ထားတာ နားပါေစလားရွင္"
ေဘးက ထြန္းေအာင္နဲ႕ပါလာတဲ့ မိန္းကေလးကဝင္ေျပာတာမလို႔ တုႏွိုင္းေမာင္ သူဆြဲထားေသာ အကၤ်ီကိုလြတ္လိုက္သည္ ။ ထိုမိန္းကေလးကို ျမင္ဖူးေပမယ့္ ဘယ္သူမွန္းမသိေတာ့ ၊ အခုသူသိခ်င္တာထိုမိန္းကေလးက ဘာအတြက္ သူ႕အိမ္လာတာလဲဆိုတာပဲ ။
"မင္းကဘာလဲ"
"ရွင္ ကြၽန္မက"
"သူကဆရာဝန္ မင္းတို႔ေက်းဇူးေၾကာင့္ ငါေဆးကုသမႈေကာင္းေကာင္းမလုပ္နိုင္တာေၾကာင့္ သူ႕ကိုေခၚလာတာ"
ခ်က္ခ်င္းဝင္ေျဖေပးေသာ ထြန္းေအာင္က ထိုမိန္းကေလးေျဖမွာကို မလိုလားေနသည့္ပုံပဲ ။
"သြားေတာ့ မလိုဘူး"
"ဟက္ ငါ့ညီရွိေနတဲ့ေနရာ ငါလာခ်င္လာမယ္ ျပန္ခ်င္ျပန္မယ္ မင္းေျပာစရာမလိုဘူး"
"ဒီမွာ ဒါငါ့အိမ္ ၊ မင္းညီဆိုတာ ငါ့အမ်ိဳးသား အရင္ကေတာ့ မင္းညီမလို႔မင္းနဲ႕ဆိုင္ခ်င္ဆိုင္မယ္ အခုကမင္းညီကိုငါပိုင္တာ စကားေျပာဆင္ျခင္"
"ႏွိုင္း ေတာ္ေတာ့ မဟာကိုသြားၾကည့္မွာမဟုတ္ဘူးလား သြား"
စကားဆက္မ်ားေနမွာစိုးတာေၾကာင့္ မင္းထိုက္တားရင္း တုႏွိုင္းေမာင္ကို မဟာ့ဆီသြားေစလိုက္သည္ ။ တုႏွိုင္းေမာင္အခန္းထဲဝင္သြားၿပီးေတာ့ က်န္ခဲ့တဲ့ မင္းထိုက္မွာ လိုက္ဝင္ရမလို
ေအာက္ျပန္ဆင္းရမလိုျဖစ္ေနသည္ ။
"ကိုထိုက္"
ေခၚဆိုသူ တစ္ဦးတည္းသာရွိတဲ့ နာမ္စားေလး ၊ မၾကားရတာ ၄ႏွစ္ေတာင္ရွိေတာ့မည္မလို႔ ရင္ထဲကနာမိသား ။
"အကူအညီေတာင္းစရာရွိလို႔"
ဦးႏွောက္က လက္မခံနဲ႕လို႔ေျပာရင္ေတာင္ ထပ္တူမက်တဲ့ ႏွလုံးသားက လက္ခံမိမွာ မလို႔ မင္းထိုက္ေခါင္းအသာၿငိမ့္ျပလိုက္သည္ ။
"ေနာက္တစ္ခါ မဟာ့ဆီမွာ ဘာပဲျဖစ္ျဖစ္ အျခားဆရာဝန္မဟုတ္ဘဲ ကိုယ့္ဆီဆက္သြယ္ေပးလို႔ရမလား"
မျဖစ္နိုင္ဘူး ႏွိုင္းကလက္ခံမွာမဟုတ္ဘူး ။
မသိစိတ္ကျငင္းေနေပမယ့္ မသိစိတ္ကေတာ့ လက္ခံေနမိျပန္ၿပီ ။
"ဟိုေကာင္နဲ႕ ကိုယ့္ဘာသူရွင္းမွာမလို႔ ကိုထိုက္ အဒါေလးကိုေတာ့ ကူညီေပးလို႔ရမလား"
စကားတစ္ခြန္းကအမိန့္တစ္ခုလိုလား သူေခါင္းထပ္ၿငိမ့္မိျပန္ၿပီ ။
"ေက်းဇူးပါ ကိုထိုက္ ၊ ျဖဴ သြားရေအာင္"
ေဘးကမိန္းကေလးကို ပခုံးဖက္ကာ ထြက္သြားေသာ ထြန္းေအာင္ကို မင္းထိုက္လိုက္မၾကည့္မိေအာင္ မနဲထိန္းထားရသည္ ။
(မင္းဘက္ကေနနိုင္ေပမယ့္ ငါဘက္ကေနသားမက်ေသးဘူး ၊ ငါဘယ္လိုပဲႀကိဳးစားေနပါေစ မင္းရဲ႕စိုးမိုးမႈကေန ႐ုန္းထြက္မရဘူး ၊ တစ္ႀကိမ္ေလာက္ပဲျဖစ္ျဖစ္ မင္းငါ့ဆီလာေပးလို႔မရဘူးလား ထြန္း )
ေမြ႕ရာထက္ အိပ္စက္ေနတဲ့ မဟာ့ရဲ႕ ျဖဴေဖ်ာ့ေနတဲ့ ႏႈတ္ခမ္းေလးကို အသာထိေတြ႕ရင္း သူပါမ်က္ရည္က်မိသည္ ။
ေဆးခ်ိတ္ထားတဲ့ လက္ကေလးက နီရဲေနလိုက္တာ ၊ အနည္းငယ္ညိုေနတဲ့မ်က္ကြင္းေလးေတြက ညဘက္အိပ္မေပ်ာ္ဘူးဆိုတာ သက္ေသ ၊ သူသိပ္ျမတ္နိုးရတဲ့ ပါးေဖာင္းေဖာင္းေလးေတြ မရွိေတာ့တာ ၾကာေရာေပါ့ ။
လက္ဖဝါးေလးကို အသာဆုပ္ကိုင္လိုက္ေတာ့ လိုအပ္ေနတဲ့ တစ္စုံတစ္ခုေၾကာင့္ မ်က္ႏွာအမူအရာခ်က္ခ်င္းေျပာင္းလဲသြားသည္ ။
သူတို႔ရဲ႕ လက္ထပ္လက္စြပ္ ။
မဟာဘယ္တုန္းကခြၽတ္ထားခဲ့ပါသနည္း ။ ေသခ်ာေပါက္ ခရီးမသြားခင္တုန္းကထိရွိေနခဲ့ေသးတာကို ၊ သူကိုယ္တိုင္က မဟာေရွ႕မွာသာ တမင္မဝတ္ဘဲေနေပမယ့္ အျခားမည္သည္အခ်ိန္မွ ခြၽတ္ထားျခင္းမရွိဘူး ။
မဟာကေတာ့ သူေျပာလို႔ အၿမဲဝတ္ထားခဲ့သည္ ၊ သို႔ေပမယ့္ ဘယ္အခ်ိန္က မဟာခြၽတ္ပစ္ပါသနည္း ။
မင္းကငါ့အပိုင္ဆိုတဲ့ သက္ေသျပဳျခင္းအမွတ္အသားေတြကို မင္းသေဘာနဲ႕မင္း ေဖ်ာက္ျပစ္လို႔မရဘူး မဟာ ။
မင္းထင္ထားခဲ့တာထက္ ငါမင္းကိုသိပ္ခ်စ္တာ ၊ ငါပိုင္တဲ့မင္းေဘးမွာ ငါမဟုတ္တဲ့အျခားဘယ္သူ႕ကိုမွ မျမင္ခ်င္ဘူး ။ မင္း ေပ်ာ္႐ႊင္ရတာပဲျဖစ္ျဖစ္ နာက်င္ရတာပဲျဖစ္ျဖစ္ အားလုံးကငါ့ေၾကာင့္ပဲ ျဖစ္ရမယ္ ။
***********************************
***********************************
ဆက္ရန္