[ရှီးနန်စံအိမ်တော်မှ စာလွှာ]
==============================
တာ့လီမြို့ စျေးထဲတွင် စျေးသည်ဦးကြီးများက နောက်ဆုံးပေါ်ထွက်ရှိထားသော ဗောဓိစိတ္တသိုင်းကျင့်စဥ်ကျမ်းစာအုပ်ကို အားရပါးရ အော်ဟစ်ရောင်းချနေ၏။ ယခုနောက်ဆုံးပေါ်ကျင့်စဥ်ကတော့ ယန်ဓာတ်ကို အားဖြည့်ပေးရုံတင်မက ရင်သွေးမျိုးဆက်ပါ အလွယ်တကူရနိုင်ပေသည်၊ ထို့အပြင် ယောကျ်ားမိန်းမမရွေး ကျင့်ကြံလို့ရသည်မို့ အရင်ကထက် ရောင်းအားနှစ်ဆ တိုးမြင့်လာသည်။
ရှေ့ကဦးကြီး အတင်းလာရောင်းနေသည်ကို သည်းမခံနိုင်သည့်အဆုံး သွမ့်ယောင်လည်း တစ်အုပ်ဆွဲကာ အမြန်လှန်လောဖတ်ကြည့်လိုက်သည်။ ကြေးရတတ်လူတန်းစားမှ သခင်လေးတစ်ယောက်ဖြစ်ဟန်ရသောကြောင့် အခြားကုန်သည်ဦးကြီးများလည်း သွမ့်ယောင်အနား ဝိုင်းဝိုင်းလည်လာကြသည်။ဆံပင်စီးသော ဖဲကြိုးရော၊ ဓားမြှောင်အတိုများရော ၊ ကောင်းကင်ဘုံမှ အက္ခရာမဲ့ကျမ်းစာများဆိုသည်ကိုရော လာရောက်ရောင်းချကြသည်။ ဘယ်ကလာမှန်းမသိရသော ခပ်ဝဝဦးဇင်းတစ်ပါးပါ ပါလာသေး၏။ မေတ္တာကရုဏာပြည့်ဝလှသာမျက်နှာထားနှင့် ကံကြမ္မာကိုဟောပြောပေးပါ့မည်ဟုဆိုလာသည်။
သွမ့်ယောင်ခမျာ မိမိခေါင်းတစ်ခုလုံး ချက်ချင်းပင်ပေါက်ထွက်တော့မလို ခံစားနေရ၏။
"သခင်လေး၊ ဗေဒင်ကြည့်လိုပါသလား"
"မကြည့်တော့ပါဘူး"
"အခမဲ့ပါ၊ အိမ်သူအိမ်သားတွေအတွက်လည်း ကြည့်ပေးလို့ရပါတယ်"
ဖက်တီးဦးဇင်းလေးက ဇွဲမလျှော့သေး။
"ဒါဆိုလည်း ကျွန်တော့်အစ်ကိုကြီးရဲ့ အချစ်ရေးကံကြမ္မာအကြောင်း ဟောပြဗျာ"
ဖက်တီးဦးဇင်းက လက်ချောင်းလေးများ ချိုးကာခေါက်ကာ တွက်ဆချင့်ချိန်နေသည်။
"သခင်လေးရဲ့အစ်ကို ကံကြမ္မာကောင်းချင်ရင် ဦးဇင်းဆီကနေ ဆေးဝယ်ဖို့လိုမယ်"
"ဘာဆေးလဲ"
"ယန်ဓာတ်အားတိုးဆေး"
သွမ့်ယောင်လည်း ထိုဦးဇင်း၏ ရင်ဘတ်တည့်တည့်ကို အားဖြင့် ပင့်တွန်းပစ်လိုက်ရာ ထိုဦးဇင်းမှာ ချက်ချင်းပင် လွင့်စင်သွားသောဟူ၏။ထိုဦးဇင်းမှာ မျက်ရည်စမ်းစမ်းနှင့် ချောင်းတဟွတ်ဟွတ်ဆိုးရင်း သွမ့်ယောင်အား ပြောလာသည်။
"ဒီကဒကာလေး ဘာလို့ ဒီလောက်ထိ ကြမ်းတမ်းနေရတာလဲ။ ဦးဇင်းရဲ့ဆေးက တော်တော်စွမ်းတာနော့ ၊ ချုန်းဟွားတောင်သခင် သမားတော်ယဲ့ကိုယ်တိုင် ဖော်စပ်ထားတာ။ သူက သိုင်းလောကမှာ အတော်ဆုံးသမားတော်နော်။ သောက်လိုက်ရင် ရွှေလှံတော်ကြီးက ထောင်ပဲထောင်မယ်၊ ညှိုးကျတယ်ဆိုတာမျိုး မရှိစေရဘူး၊ ဂိုဏ်းချုပ်ရှန်တောင် ဒီဆေးကိုသုံးပြီး ကောင်းတယ်လို့တောင်ညွှန်းဖူးတယ်"
သွမ့်ယောင် လက်သီးဆုပ်လိုက်လေရာ တဖျစ်ဖျစ်ပင် အသံမြည်လာ၏။ဖက်တီးဦးဇင်းကြီးလည်း တစ်ချိုးတည်းလစ်တော့သည်။
သွမ့်ယောင်လည်း မရီးတော်အလတ်အတွက်ဝယ်ထားသော မုန့်ထုပ်ကိုဆွဲကာ ရှီးနန်စံအိမ်တော်သို့ ပြန်သွားလေသည်။ သို့သော် ဟွားထန်က ရှိမနေ။ မနက်ကတည်းက အပြင်ထွက်သွားကာ အခုထက်ထိ ပြန်မလာကြောင်း၊ ဘယ်ဆီကိုသွားနေမှန်းလည်း မသိရကြောင်း အရီးတော်ကျင်းက သူ့အား ဆီးကြိုပြောပြလာ၏။
******
ညစာစားခါနီးတော့မှ ဟွားထန် ပြန်ရောက်လာ၏။
"ယောင်အာလေးက မင်းကိုမေးနေသေးတယ်ကွယ်။ ခုတော့ အိမ်နောက်ဖေးဘက် အခေါ်ခံသွားရတယ်၊ ဝမ်ရယ့်အခန်းမှာ ရှိနေလောက်ရဲ့"
အရီးတော်ကျင်းက ဟွားထန်အား အကျိုးအကြောင်းပြောပြလာ၏။
"နောင်တော်ကြီးရော ဘယ်လိုနေသေးလဲ"
"လန်းလန်းဆန်းဆန်းပါပဲ။ ဒါပေမယ့် ဆရာကြီးနန်ကပြောတယ်၊ ဆက်ပြီး အချိန်ဆွဲလို့မရတော့ဘူးတဲ့၊ အမြန်ဆုံး ရေခဲဂူဗိမာန်ဆီသွားပြီး သိုင်းကျင့်ရမယ်လို့ပြောတယ်။ တိုင်းရေးပြည်ရာတွေကိုလည်း ဝန်ကြီးတွေဆီ လွှဲပြောင်းခွဲဝေပြီး စီမံခိုင်းထားမယ်လို့ကြားတယ်။ ရှောင်ဝူပြန်လာတဲ့အချိန်ကျရင်တော့ တာဝန်ယူစရာတွေ များနေတော့မှာပဲ။ ဝမ်ရယ်ကလည်း သုံးနှစ်ကြီးများတောင် အချိန်ယူရမယ်၊ ယောင်အာကလည်း ငယ်လွန်းသေးတယ် ၊ ဒီနှစ်နှစ်အတွင်း ရှီးနန်နယ်စပ် ဘယ်လောက်ပဲငြိမ်းချမ်းနေတယ်ပြောပြော ရှီးနန်ကိုစောင့်ရှောက်မယ့်လူ ရှိခါမှ ဝမ်ရယ်လည်း စိတ်ဖြောင့်ဖြောင့်ထားပြီး ဒဏ်ရာကုစားနိုင်မှာ"
"ရှောင်ဝူလည်း ဒီအိမ်သားပါ၊ အရီးတော်ရယ်။ ဒီကိစ္စတွေအားလုံး သူ လုပ်သင့်လုပ်ထိုက်တဲ့ တာဝန်ဝတ္တရားရှိပါတယ်။ ပြီးတော့ ကျွေ့ယင်နန်းမှာလည်း ဂိုဏ်းချုပ်ရော သခင်လေးရှန်ရော ရှိနေပါတယ်။ ဆူကျုံးနဲ့ရှီးနန်ဆိုတာကလည်း နီးနီးလေးပါ ၊ ဟိုမှာ တစ်ခုခုအရေးအကြောင်းရှိခဲ့ရင်တောင် အမြန်မြင်းနှင်ပြီး သွားလို့ရပါတယ်ရှင်၊ အရီးတော်ကျင်း မစိုးရိမ်ပါနဲ့"
အရီးတော်ကျင်းက သူမလက်များကို ခပ်ဖွဖွပုတ်လိုက်ကာ
"မင်းတို့ ဇနီးမောင်နှံကို ပင်ပန်းစေမိပါပြီကွယ် ။ သြော်၊ ဒါနဲ့ နေ့ခင်းတုန်းက ဘယ်ကိုသွားနေတာလဲ၊ တစ်နေ့လုံးပျောက်နေလို့ပါရော"
"အစကတော့ ဆေးသွားဝယ်မလို့ပါရှင်။ ဒါပေမယ့် ကျင်နျဲန်နဲ့ လမ်းမှာဆုံခဲ့ပါတယ်"
ကျင်နျဲန်ဆိုသည်မှာ ထိုနေ့က ကျားရန်မှ ကျောက်ဝူကယ်ဆယ်ပေးခဲ့သော ကလေးအမေဖြစ်သည်။ ဒီတစ်ခေါက် ရှီးနန်ပြန်ရောက်လာတော့ အကြာကြီးမှီခိုနေထိုင်မည်ဖြစ်ရာ အရီးတော်ကျင်းလည်း အထည်ဆိုးဆေးလုပ်ငန်း၌ သူမအား လုပ်ကိုင်ခွင့်ပြုထား၏။ အခြားမိန်းမပျိုလေးများ၏ သာယာရွှင်လန်းသော တက်ကြွလန်းဆန်းမှုကြား သူမသည်လည်း ပြုံးရွှင်လာတတ်ပြီဖြစ်ကာ လူတိုင်းနှင့်လည်း ဆက်ဆံရေးအဆင်ပြေနေခဲ့သည်။
"ကျင်နျဲန်?.....သူ ဘာဖြစ်လို့လဲ"
"ကျင်နျဲန်က တစ်ယောက်ယောက်ကို ပုန်းနေသလိုပဲ၊ အရီးတော် ။ လမ်းဘေးစျေးဆိုင်မှာ ခြင်းတောင်းပစ်ချပြီးတော့ကို အိမ်ကြိုအိမ်ကြားထဲ ပုန်းနေတာ၊ နာရီဝက်တိတိပြည့်တော့မှ ထွက်လာတယ်၊ ထွက်လာတော့လည်း မျက်နှာကို အဝတ်ဖြင့်သေချာအုပ်ပြီးတော့မှ စံအိမ်တော်ဆီပြန်လာတယ်"
"ဟင်.....ဘယ်သူ့ကို ထွက်ပြေးနေသတဲ့လဲ"
"ခပ်ဝဝဘုန်းကြီးတစ်ယောက်ပါ အရီးတော်။ ရှီးနန်ဒေသခံလည်း မဟုတ်လောက်ဘူး ၊ စောနလည်း လမ်းကလူတွေမေးကြည့်တော့ အဲ့ဘုန်းကြီးက အရင်နှစ်ရက်သုံးရက်လောက်ကမှ ဒီကိုရောက်လာတာလို့ပြောတယ်။ အပြောကောင်းတာနဲ့လုပ်စားပြီး ဆေးအတုတွေ လိုက်ရောင်းနေတယ်တဲ့"
"ကျင်နျဲန် ဒီလိုမျိုး အသက်လုပြီးထွက်ပြေးလာခဲ့တဲ့ပုံအရ နောက်ကြောင်းမရှင်းတဲ့လူဖြစ်မှန်း သိသာပါတယ်။ သူနဲ့အရင်က ရန်သူတွေဖြစ်ခဲ့တာနေမှာပေါ့၊ သွားမေးကြည့်ကြမလား"
ဟွားထန်က ခေါင်းခါပြသည်။
"အတိတ်ဒဏ်ရာဖြစ်ရိုးမှန်ရင် ခုနေ ပြန်သွားဆွလိုက်လို့ကတော့ အနာပေါ်ဆားဖြူးသလိုဖြစ်မှာစိုးပြန်တယ်။ ကျွန်မလည်း သူ့ကိုသနားမိရုံတင်ပါ"
"ဒါဆိုလည်း မမေးသေးဘဲ ထားလိုက်ဦးစို့။ သူ့ရဲ့ လူမမယ်ကလေးကို ငဲ့ညှာတယ်လို့ပဲထားလိုက်ပါလေ။ တကယ်ပြဿနာတက်လာရင် ကျင်နျဲန်ကိုယ်တိုင် လာပြီး ငါတို့ကိုအကူအညီတောင်းပါလိမ့်မယ်။ သူ ထုတ်မပြောသေးသရွေ့တော့ ငါတို့နှစ်ယောက်လည်း မသိချင်ယောင်ဆောင်ထားကြစို့"
" ဟုတ်ကဲ့၊ ဒါဆို ကျွန်မလည်း ယောင်အာ့ကို သွားရှာလိုက်ဦးမယ်နော်"
အရီးတော်ကျင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် သူမကိုယ်တိုင်လည်း ဆေးရည်ကျိုရန် စားဖိုဆောင်ဘက်သို့ ထွက်သွားလေ၏။
******
"အမှန်အတိုင်းပြောပြ၊ ဗောဓိစိတ္တသိုင်းက ဘာသိုင်းမျိုးကြီးလဲ"
သွမ့်ယောင် ထမေးလာခြင်းဖြစ်သည်။
"ရှစ်ဖူးကိုယ်တိုင် တီထွင်ဖန်တီးထားတဲ့သိုင်း"
"ဒီလိုအဖြေမျိုးဆိုရင်တော့ ဖြေဖြေမဖြေဖြေ ဘာမှထူးမနေဘူး"
သွမ့်ပိုင်ယွဲ့က လက်ကိုဆန့်လိုက်ကာ ညီဖြစ်သူ၏ ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေး၏။
"ငါလည်း သုံးကွက်လောက်ပဲကျင့်ရသေးတာလေ၊ အကုန်လုံးကို နက်နက်နဲနဲသိပြီးရှင်းပြဖို့မှမဖြစ်နိုင်တာ။ သိချင်ရင် ရှစ်ဖူးကိုသွားမေး"
"မေးပြီးသွားပြီ၊ ရှစ်ဖူးကမှ မပြောပြတာ"
"ကျင့်စဥ်ပြီးမြောက်သွားရင် အတော်ဆုံးသိုင်းပညာရှင်ဖြစ်မှာ"
"လိမ်ပြောနေပြန်ပြီ"
သွမ့်ယောင် လုံးဝမယုံပေ။
"အဲ့လောက်ကောင်းနေရိုးမှန်ရင် သူများတကာကို ရှစ်ဖူးလိုက်ပြီးကြွားလုံးထုတ်နေလောက်ပြီ။ အခုလို စိတ်ဓာတ်ကျနေမှာမဟုတ်ဘူး"
သွမ့်ပိုင်ယွဲ့က သွမ့်ယောင်မေးသည်ကိုမဖြေဘဲ -
"နောက်သုံးနှစ်ဆိုရင် မင်းအသက် ဆယ့်ကိုးပြည့်ပြီ၊ ဆွီ့ရွှေနဲ့တွက်ရင် နှစ်ဆယ်ပေါ့။ အဲ့ချိန်ကျ မိန်းမယူ -"
"တော်တန်တိတ်"
သွမ့်ယောင်က အစ်ကိုဖြစ်သူ၏ ပါးစပ်အား ချက်ချင်းပိတ်ပစ်လိုက်သည်။
"ဟားဟား၊ ဒါက ဘာဖြစ်သွားတာတုန်း"
"မင်္ဂလာမရှိဘူး"
သွမ့်ယောင် စိုးရိမ်စွာပြောလာ၏။ ဤသို့သောစကားများက မသိလျှင်....
သေခါနီး မှာတမ်းခြွေနေသလိုပင်။
"လျှောက်တွေးနေပြန်ပြီ။ ငါ မသေသေးပါဘူး"
"အင်း"
"ခန္ဓာအသစ်လဲပြီး နေထိုင်သွားရမယ်၊ ဒါပါပဲ"
"ခန္ဓာအသစ်လဲတယ်ဆိုတာ ဘာကြီးလဲ"
သွမ့်ယောင်မျက်နှာရှုံ့မဲ့သွားသည်။
"နောက်ဆို ငါ ရှီးနန်ဘုရင် လုပ်လို့မရတော့ဘူး။ရှောင်ဝူကလည်း ဒီမှာပဲ တစ်သက်လုံးနေသွားချင်တဲ့ပုံလည်းမပေါက်ဘူး။ မင်းကလည်း ငယ်ငယ်ကတည်းက အလိုလိုက်ခံခဲ့ရပေါင်းများပြီး စိတ်ရှိသလိုနေတတ်တာ အကျင့်ပါနေပြီ။ ဒါပေမယ့် ဘာမှတော့ စိတ်ပူစရာမရှိပါဘူး၊ နယ်စပ်ဘက်ကတော့ နောက်ဆယ်နှစ်လောက်ထိ ငြိမ်းချမ်းနေဦးမယ်ထင်တာပဲ"
"ဘာလို့ ရှီးနန်ဘုရင် လုပ်လို့မရတော့တာလဲ"
သွမ့်ယောင်စိတ်များ ထူပူလောင်မြိုက်နေပြီဖြစ်သည်။
"ဗောဓိစိတ္တသိုင်းကိုကျင့်ပြီးသွားရင် ခန္ဓာကိုယ်တစ်ခုလုံးထဲ ရှိရှိသမျှသွေးတွေကအစ အဆိပ်တွေဖြစ်သွားမယ်၊ ရုပ်ရည်ကလည်း ပျက်စီးသွားမယ်၊ လူတစ်ပိုင်းမိစ္ဆာတစ်ပိုင်းဖြစ်သွားမယ်"
"ကျွန်တော်မယုံဘူး!!!!!!!"
တုန်လှုပ်သွားသောသွမ့်ယောင်ကို သွမ့်ပိုင်ယွဲ့က ပခုံးအသာပုတ်ပေးကာ ချော့မော့နှစ်သိမ့်လိုက်သည်။
"မယုံချင်ရင်လည်း ယုံရမှာပဲ။ ကလေးတွေလို နေလို့မရတော့ဘူး၊ မင်း လူကြီးဖြစ်ရတော့မယ်"
"မကျင့်လို့မရဘူးလား။ ရှစ်ဖူးကရောဘာပြောလဲ၊ တခြားနည်းလမ်းရော မရှိတော့ဘူးတဲ့လား။ နောင်တော်လတ်လည်း ဆေးသွားရှာနေပြီလေ၊ သူပြန်လာတဲ့အထိ စောင့်လို့မရတော့ဘူးလား"
"အင်း၊စောင့်လို့မရတော့ဘူး"
"ဒါဆို မရီးတော်ကရော....."
သွမ့်ပိုင်ယွဲ့မျက်နှာမှာ ချက်ချင်းပင် အေးစက်တောင့်တင်းသွား၏။
"ကျွန်တော် အိမ်ပြန်မလာခင်တုန်းက တစ်လကိုစာတစ်စောင်ရေးဖို့ သူ့ခမျာ ဆက်ဆက်မှာလိုက်ရရှာတာ ။ နောင်တော် ဘယ်လိုအခြေအနေရှိသလဲဆိုတာ လတိုင်း အသေးစိတ်ရေးပြီး ပို့ခိုင်းထားသေးတယ်။ နန်းတွင်းရေးရာကိစ္စတွေ ပါးတာနဲ့ နောင်တော့်ဆီလာတွေ့မှာတဲ့။ အဲ့အချိန်ကျ ဘယ်နှယ့်လုပ်ကြမလဲ"
"အတွေ့မခံဘဲ ရှောင်ပြေးရုံပေါ့"
အတွေ့မခံဘဲ ရှောင်ပြေးမယ်၊ ဟုတ်လား။
သွမ့်ပိုင်ယွဲ့က မျက်ဝန်းလွှာများကို ဖြည်းညှင်းစွာ မှိတ်ချလိုက်ကာ ပြော၏။
"သူက တိုင်းပြည်ရေမြေကိုအုပ်ချုပ်ရတဲ့ ဧကရာဇ်ပြည့်ရှင်တစ်ပါး ဖြစ်နေပြီပဲ။ ဘယ်ကိစ္စကိုဆ်ိုရင် အသင့်တော်ဆုံးဖြစ်အောင် ဘယ်လိုဆုံးဖြတ်ချက်ချရမလဲ လုပ်ဆောင်ရမလဲဆိုတာ သူသိပါတယ်။ သုံးနှစ်ငါးနှစ်လောက်တော့ စိတ်ဆိုးဦးမှာပေါ့ ။ ဒါပေမယ့် နောက်ငါးနှစ် ဆယ်နှစ်၊ နှစ်နှစ်ဆယ် နှစ်သုံးဆယ်၊ ဟိုးနှစ်လေးဆယ်ကြာသွားတဲ့အထိတော့ ဘယ်သူကမှ တစ်သက်လုံး စိတ်မဆိုးနိုင်လောက်ပါဘူး"
ဒါက ဘယ်လိုတောင် ရူးမိုက်လွန်းတဲ့အကြံအစည်ကြီးလဲ။
သွမ့်ယောင်ခမျာ အစ်ကိုဖြစ်သူအား ဖက်တွယ်ထားချင်လွန်းနေပေပြီ။
"အသက်ရှင်နေသေးတာကိုပဲ ကံကောင်းလှပါပြီလို့ အကောင်းဘက်ကနေ တွေးရမယ်လေ။ မျက်နှာဖုံးတပ်ထားလိုက်ရင် လမ်းပေါ်လျှောက်သွားလို့ရပါသေးတယ်"
သွမ့်ယောင် ချက်ချင်းပင် ထရပ်လိုက်သည်။
"ကျွန်တော် ရှစ်ဖူးဆီသွားတွေ့မယ်"
"လာတွေ့စရာကို မလိုတော့ဘူး"
နန်မော်ယဲ့က တံခါးလှစ်ဟပြီးဝင်လာ၏။
"မင်း ရှစ်ဖူးကို လာရှာရင်တောင်မှ မဟုတ်ဘူး၊ ဧကရာဇ်ဆီကိုသွားပြီးအခစားဝင်ရင်တောင် ဘာမှထူးမှာမဟုတ်ဘူး။ ထျဲန်းချန်ရှားကလွဲရင် ရွေးစရာနည်းဆိုလို့ ဒီတစ်နည်းပဲကျန်တော့တယ်"
"ဒါပေမယ့်"
သွမ့်ယောင် ဘာပြန်ပြောရမှန်းမသိတော့။
"တော်ပြီ၊ ထွက်သွားလိုက်တော့"
နန်မော်ယဲ့က သွမ့်ယောင်ပခုံးကိုပုတ်ပေးလိုက်ကာ သက်ပြင်းချလိုက်ပြီးဆို၏။
"မင်းရဲ့နောင်တော်လတ်သာ ထျဲန်းချန်ရှားကိုရှာတွေ့ခဲ့ရင် အခြေအနေက တစ်မျိုးတစ်ဖုံပြောင်းလဲသွားလိမ့်မယ်။ဒါပေမယ့် ဒီအချိန်မှာတော့ ဒီနည်းကိုသုံးမှရတော့မယ်"
*******
သွမ့်ယောင်က ညောင်ပင်အိုကြီးအောက်တွင်ထိုင်ရင်း ညောင်ပင်အမြစ်များကို ငေးကြည့်နေသည်။ ထိုစဥ် ဟွားထန် ရောက်လာ၏။
"နောင်တော်ကြီးက အနားယူနေတာလား"
"ဟင့်အင်း၊ ရှစ်ဖူးက သူ့ကို အပ်စိုက်ပေးနေတယ်"
သွမ့်ယောင် ထရပ်လိုက်ကာ မျက်ရည်များမကျအောင် အတော်ထိန်းချုပ်နေသည်။
"ရာသီဥတုက ဒီလောက်အေးနေတာကို အပြင်မှာလာထိုင်စရာလားကွယ်၊ အအေးမိမှာ မကြောက်ဘူးလား"
"နောက်ရက်တွေကျ နောင်တော်လည်း သိုင်းကျင့်ဖို့ ဂူအောင်းရတော့မှာ။ ရေခဲဂူဗိမာန်ထဲဆို ဒီထက်အများကြီးပိုအေးတယ်"
"သြော်၊ အကုန်သိသွားပြီပေါ့"
"အင်း"
သွမ့်ယောင်မှာ မျက်ရည်များကိုသုတ်ကာ ရှိုက်ရင်းဖြေ၏။ တွေးလေ ဝမ်းနည်းလေဖြစ်နေရှာသည်။
ဟွားထန်က သူ့အားလက်ဆွဲခေါ်လာကာ အဆောင်ရှေ့ဝရန်တာ၌ ထိုင်စေ၏။
"ရှစ်ဖူးကလည်း နောက်တော့်ကိုဆို မဟုတ်တရုတ် သိုင်းတွေချည်းပဲ သင်ပေးတယ်"
ဟွားထန်က သူ့မျက်ရည်များကို သုတ်ပေးလာကာ -
"အခု ရှောင်ဝူလည်း ပင်လယ်ပြင်ဘက်မှာ ထျဲန်းချန်ရှားကို ရှာပုံတော်ထွက်နေတာပဲ၊ ရှာတွေ့ချင်ရှာတွေ့နိုင်သေးတယ်လေ။ ဝမ်ရယ်လည်း ယာယီလောက်ပဲ ဂူအောင်းသိုင်းကျင့်မှာပါ၊ အရာရာတိုင်းက ကောင်းတဲ့ဘက်ကို ရောက်လာပါလိမ့်မယ်။ ယောင်အာလေး နားလည်တယ်ဟုတ်"
"ဟုတ်ကဲ့"
"ဟုတ်ပြီ၊ ဒါဆို အဆောင်ပြန်ပြီး အနားယူလိုက်တော့။ ဝမ်ရယ် ဒဏ်ရာတောင်အရှင်းမပျောက်သေးဘူး၊ မင်းပါ အအေးထပ်မိရင် ဘယ်နှယ့်လုပ်ကြမလဲ"
"မရီးတော်လတ်လည်း အဆောင်ပြန်လှည့်ပါတော့။ ဒီဘက်က နောင်တော်တို့အပ်စိုက်နေတာဆိုတော့ အလွန်ဆုံးရှိ သန်းခေါင်ကျော်မှ ပြီးလောက်တယ်။ အဲ့ချိန်မှပြန်ရင် တာ့ပေါ်နဲ့ ရှောင်ပေါ်*တို့ ဂျီကျကြလိမ့်မယ်"
(T/N: တာ့ပေါ်နဲ့ရှောင်ပေါ်က ကျောက်ဝူနဲ့ဟွားထန်တို့ အမြွှာသားလေးနှစ်ယောက်ကို ပြောတာပါ )
ဟွားထန်လည်း ခေါင်းညိတ်လိုက်ကာ သွမ့်ပိုင်ယွဲ့တို့ရှိရာ အခန်းတွင်းဘက် စောင်းငဲ့ကြည့်လိုက်၏။ အခန်းထဲဝယ် ငြိမ်သက်တိတ်ဆိတ်နေကာ ဘာပြဿနာမှုဖြစ်ဟန်မပေါ်သဖြင့် နောက်ဆုံးတော့ သွမ့်ယာင်နှင့်အတူတူ မိမိတို့အခန်းသို့ ကိုယ်စီကိုယ်င ပြန်သွားကြ၏။
******
နောက်သုံးရက်ကြာတော့ သွမ့်ပိုင်ယွဲ့လည်း တိုင်းပြည်ရေးရာ အမှုကိစ္စအဝဝကို သက်ဆိုင်ရာအရာရှိများထံ ခွဲဝေလွှဲပြောင်းပေးလိုက်ကာ စာတစ်စောင်ရေးသားပြီး ရွှေမြို့တော်ဆီသို့ ပို့လွှတ်စေ၏။ ထို့နောက် နန်မော်ယဲ့နှင့်အတူ ရေခဲဂူဗိမာန်သို့ ဝင်သွားတော့လေသည်။
ကျောက်သားတံခါးကြီးမှာ ဒုန်းခနဲ ပိတ်သွား၏။ အပြင်ဘက်မှရပ်နေသောသူများပင် ဂူဗိမာန်ထဲက အရိုးခိုက်မတတ် အေးစက်လှသော အရိပ်အငွေ့ကို ခံစား၍ရနေပေသည်။
ဤမျှဆိုးရွားလှသောနေရာကြီးတွင် သုံးနှစ်တောင်နေရမည့် နောင်တော့်အဖြစ်ကိုတွေးတိုင်း သွမ့်ယောင်လည်း အလွန်ရင်နာရ၏။ သို့သော်လည်း မိမိကူညီပေးနိုင်သည့်နည်းလမ်းဟူ၍ တစ်ခုတစ်လေမျှပင်မရှိကြောင်း တွေးမိပြန်တော့ သွမ့်ယောင်လည်း မခံနိင်တော့သည့်အဆုံး အရီးတော်ကျင်းအား လှမ်းဖက်ပြီး အော်ဟစ်ငိုယိုတော့လေသည်။
ဘာလို့များ ဒီလောက်ထိ ကံဆိုးနေရတာလဲ။
ဒီထက်နည်းနည်းလေး ကံဇာတာကောင်းလို့ကို မရတော့ဘူးလား။
ရှီးနန်စံအိမ်တော်၏ အခြွေအရံများကတော့ သူတို့၏ဝမ်ရယ်မှာ ကျင့်ကြံခြင်းသုံးနှစ်ပြည့်ပြီးသွားလျှင် သိုင်းလောကမှာ အတော်ဆုံးပညာရှင်ဖြစ်လာမည်၊ သိုင်းလောကခေါင်ချုပ်ပင် ယှဥ်လို့မရလောက်တော့ဟုသာ တီးတိုးပြောဆိုနေကြ၏။
ရှီးနန်နယ်စပ်တစ်လျှောက်ရှိ မျိုးနွယ်စုခေါင်းဆောင်များကတော့ ထိုသတင်းကိုကြားပြီးသည်နှင့် အတော်ပင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ အမျိုးမျိုးအထွေထွေ စိတ်အပြောင်းအလဲမြန်လှသော ရှီးနန်ဝမ်ကြီးနှင့်တွေ့ဆုံရတိုင်း စိတ်နှလုံးတုန်လှုပ်နေရပါသည်ဆိုမှ ယခုဆို ဂူအောင်းပြီး လျှို့ဝှက်သိုင်းပါ ကျင့်နေပြန်ပြီတဲ့။ ဤမိုးမြေအောက်တွင် အတော်ဆုံးသောသိုင်းပညာရှင် ဖြစ်ချင်သည်ဟု လာမပြောသေးလေနှင့် ၊ မိမိတို့ခမျာ ယခုနှစ်ပိုင်းမှာမှ အေးချမ်းစွာ လုပ်ကိုင်စားသောက်ကြရသည်မို့ မြေယာထွန်ယက်ရင်း ခိုင်မြဲသော အိုးအိမ်တစ်ခုတည်ထောင်ချင်သေး၏။ မြောက်အရပ်သို့ဆန်တက်ကာ ထီးနန်းသိမ်းမည့်စီမံကိန်းထဲ မပါဝင်ချင်သေး။
*******
ရေခဲဂူဗိမာန်အတွင်းဝယ်။
သွမ့်ပိုင်ယွဲ့က ရေခဲကျောက်ဖျာပေါ် တွင် တင်ပလ္လင်ခွေထိုင်နေ၏။ မျက်လွှာများလည်း ချထားသည်။ ထို့နောက်ကိုယ်တွင်းအပူများကို ဖြည်းဖြည်းချင်းစီ ထုတ်လွှတ်လိုက်၏။ ကိုယ်ခန္ဓာထဲ စီးဆင်းနေသော သွေးမြစ်သည်လည်း တဖြည်းဖြည်း အေးခဲစပြုလာချေပြီ။
********
မိုင်ထောင်ချီဝေးသော ရွှေမြို့တော်တွင်။
ယနေ့ ချူယွမ်တစ်ယောက် မင်းမှုရေးရာများ ရှင်းလင်းဖြေရှင်းလို့အပြီး စာကြည့်ဆောင်မှထွက်လာတော့ ရှစ်ဇီက ဝမ်းပန်းတသာ အပြေးရောက်လာကာ ရှီးနန်မှ စာတစ်စောင်ထပ်ရောက်လာကြောင်း လျှောက်တင်လာ၏။ ပိတ်ထားသော ချိတ်တံဆိပ်အရ ဤစာလွှာမှာ သွမ့်ရှောင်ဝမ်ရယ်ဆီကနေမဟုတ်၊ ရှီးနန်ဝမ်ကိုယ်တော်တိုင် ရေးသားခြင်း ဖြစ်တန်ရာသည်။
"ရက်တွေတွက်ကြည့်ရင်တော့ ဖြစ်နိုင်ပါတယ်"
"မှန်ပါ့ဘုရား.... မှန်ပါ့"
ရှစ်ဇီကုန်းကုန်းမျက်နှာမှာ ပီတိဖြာဝေနေသည်။ ချူယွမ်က ရှစ်ဇီ၏ အခေါက်ထူထူဗိုက်ပူပူကို ရိုက်လိုက်ကာ -
"ဘာကိစ္စ ဒီလောက်ထိ ပေါ်တင်ကြီးအူမြူးနေတာလဲ။ ပေး၊ ကိုယ်တော့်ဆီ ဆက်သပေးလှည့်"
"မှန်ပါ့"
ရှစ်ဇီလည်း စာလွှာကို လက်နှစ်ဖက်ဖြင့် သေချာဆက်ကပ်လိုက်သည်၊ ထို့နောက် နောက်သို့ဆုတ်ကာ အခန်းထဲမှထွက်သွားပြီး တံခါးကိုပါ အလိုက်တသိစေ့ပေးလိုက်သည်။
ချူယွမ်က ရွှေနဂါးပလ္လင်တော်ထက် ထိုင်လိုက်ပြီးနောက် ချိတ်တံဆိပ်ကို ညင်သာစွာခွာလိုက်၏။ ထို့နောက် အထဲက စက္ကူပါးပါးလေးတစ်စောင်ကို ထုတ်ယူလိုက်သည်။
အင်မတန်မှ ရင်းနှီးကျွမ်းဝင်လှသော လက်ရေးလက်သားဖြစ်နေသည်ပင်။ သို့သော် အက္ခရာစာလုံးများက များများစားစားပါမလာ။ မိမိမှာ ရေခဲဂူဗိမာန်ထဲသွားပြီး သိုင်းကျင့်ရမည်ဖြစ်ကြောင်းနှင့် ရှီးနန်ကိစ္စများကို သေသေချာချာ စီမံခန့်ခွဲပြီးဖြစ်ကြောင်း ၊ စိုးရိမ်ပူပန်စရာမလိုကြောင်း။
ဤမျှသာ ပါလာ၏။
ချူယွမ် မျက်မှောင်ကြုံ့သွားသည်။ထို့နောက် စာအိတ်ကိုယူကာ အကြိမ်ကြိမ်မှောက်ပြီး ခါထုတ်လိုက်၏။
တကယ်ကိုပဲ ဒီတစ်စောင်တည်းတဲ့လား။
......
ခဏကြာတော့။
ဟွန့်...
*****
"အရှင်မင်းမြတ်"
ချူယွမ်ထွက်လာသည်ကိုမြင်တော့ ရှစ်ဇီက ပြုံးရွှင်စွာမေးလာ၏။
"မနက်စာသုံးဆောင်တော့မှာမလားဘုရား"
"သွား၊ အဲ့မေဟွားပင် သွားတူးထုတ်ချေ"
ချူယွမ်မျက်နှာမှာ ခံစားချက်ကင်းမဲ့နေပေ၏။ ရှစ်ဇီ၏ အပြုံးများမှာ ချက်ချင်းတုံ့ဆိုင်းသွားသည်။
"ထပ်တူးထုတ်ရဦးမှာလားဘုရား"
ရှစ်ဇီက စိတ်မသက်မသာဖြစ်စွာ ဆက်ပြောလာ၏။
"အဲ့သစ်ပင်က ခုထက်ထိ အပယ်ခံနန်းမှာပဲ ရှိနေတုန်းပါဘုရား"
အရင်တစ်ခေါက်ကတည်းက ခုထက်ထိ ပြန်တောင်ရွှေ့မလာရသေးဘူးလေ။ ကျွန်တေ်မျိုးလည်း တစ်ခေါက်သွားကြည့်ထားပြီးသား။ အတော်လေး စည်ပင်ဖွံ့ဖြိုးပြီး ပန်းများလည်း ဝေဝေဆာဆာဖူးပွင့်နေရှာတာ။
ချူယွမ် - "......."
"သြ၊ စောနက အမတ်မင်းဆွီရောက်လာပြီး အရှင့်ကို အစီရင်ခံစာဆက်သဖို့စောင့်နေပါတယ်။ ရာသီဥတုက အတော်လေးချမ်းစိမ့်နေတာဆိုတော့ သူ့ကို ဘေးနားက နန်းဆောင်မှာ လက်ဖက်ရည်နွေးနွေးလေးနဲ့ တည်ခင်းဧည့်ခံရင်း စောင့်ထားခ်ိုင်းပါတယ်ဘုရား"
ရှစ်ဇီ အမြန်ပင် စကားလမ်းကြောင်းလွှဲလိုက်၏။
"ဟုတ်ပြီ၊ သူ့ကို အခစားဝင်ခိုင်းလိုက်တော့"
ချူယွမ်က ချာခနဲလှည့်ကာ အခန်းထဲပြန်ဝင်သွား၏။
"ပြီးတော့ အမိန့်ကိုထုတ်ပြန်လိုက်။ကိုယ်တော် တစ်နေကုန် ဒီစာကြည့်ဆောင်မှာပဲ စံမြန်းနေမယ်၊ အစီရင်ခံစာတင်စရာရှိတဲ့လူမှန်သမျှ အကုန်လာခဲ့လို့။ အလုပ်မရှိရင်တောင် စကားတွေလာပြောနေချေလို့"
"ဒါဆို.....မနက်စာ သုံးဆောင်ဖို့ကရောဘုရား"
ရှစ်ဇီ သတိကြီးကြီးထားပြီးမေးလိုက်၏။
"မစားတော့ဘူး"
"ဒါဆို နေ့လယ်စာအတွက် အမြန်လေး ချက်ပြီး ပြင်ဆင်ထားခိုင်းလိုက်မယ်နော်"
"နေ့လယ်စာလည်း မစားဘူး"
ချူယွမ် ဒေါသအလွန်ထွက်နေပြီဖြစ်၏။ ရှစ်ဇီက ပြုံးလိုက်ကာ ချော့မော့ပြီးဆိုလာ၏။
"ဒါဆို ညစာကိုရော ဘာများ -"
"ဆွီလန်ကို ခေါ်လာခဲ့လို့ပြောနေတယ်လေ!!!!!!"
စားပွဲပေါ် ဒုန်းခနဲရိုက်ချလာသော အသံနှင့်အတူ ချူယွမ်၏ အော်သံ။
ရှစ်ဇီ - "......"
********
"ကုန်းကုန်း"
အမတ်မင်းဆွီက အတူတူလမ်းလျှောက်လာရင်း ရှစ်ဇီအားမေးလာ၏။
"ဒီနေ့ရော အရှင်မင်းမြတ် ဘယ်လိုနေသေးလဲခင်ဗျာ။ ကျွန်တော်မျိုး တင်ပြမယ့် အစီရင်ခံစာက အတော်လေးရှုပ်ထွေးပွေလီနေလို့ပါ"
"ဒီနေ့ပြောမှဖြစ်မယ်ဆိုတဲ့အထိ အရေးမပါသေးရင်၊ ရှုပ်တဲ့ကိစ္စလည်းဖြစ်နေရင် မပြောသေးဘဲနေတာ ပိုကောင်းပါမယ်ခင်ဗျာ"
ရှစ်ဇီက အသံနှိမ့်ပြီးဆက်ဆို၏။
"ဟိုးနွေဦးကတည်းကနေခုချိန်ထိ ကြည့်လိုက်ရင် အရှင်မင်းမြတ်က ဒီနေ့မှာမှ စိတ်အညစ်ဆုံးဖြစ်နေလို့ပါ အမတ်မင်းခင်ဗျာ"
အမတ်မင်းဆွီခမျာ ခြေလှမ်းများပင် ပျက်သွားသည်။
******
နောက်နာရီဝက်ကြာတော့ ရှိသမျှ မှူးမတ်များအားလုံး နန်းတော်ထဲ ဆင့်ခေါ်ခံရသည်။ အလုပ်ရှိရှိမရှိရှိ ဟာသတွေလာပြောကာ သောသောညံအောင်နေရမည်တဲ့။ သို့နှင့် တော်ဝင်စာကြည့်ဆောင်တွင် လူများပြည့်နှက်စည်ကားသွားကာ ညဥ့်နက်တော့မှ လူစူခွဲလိုက်ကြပေ၏။
ချူယွမ်လည်း အိပ်ခန်းဆောင်ပြန်ရောက်သည်နှင့် အဆောတလျင် ကိုယ်လက်သန့်စင်လိုက်ကာ စကားတစ်ခွန်းမှမဟဘဲ သလွန်ပေါ်လဲလျောင်းလိုက်၏။ ထို့နောက် ခေါင်းမြီးပါခြုံလိုက်သေးသည်။
ရှစ်ဇီခမျာ ငိုရခက်ရယ်ရခက်ဖြစ်သွားသည်။ အရှင်မင်းမြတ် ဤသို့ဒေါသထွက်သည်မျိုးမမြင်ရသည်မှာ ဆယ်စုနှစ်တစ်ခုတောင်ကြာခဲ့ချေပြီ။ ထိုစဥ်က အရှင်မင်းမြတ်မှာ သက်တော်ကိုးနှစ်သာရှိသေးကာ ဒေါသူပုန်ထရခြင်းအကြောင်းရင်းမှာတော့ အတူတူပင်ဖြစ်သည်။ ဆိုလိုသည်မှာ နှစ်ကြိမ်နှစ်ခါစလုံး ဒေါသူပုန်ထသည်မှာ ရှီးနန်ဝမ်ကြောင့်ချည်းသာဖြစ်၏။
ဝေယံထက်တွင် ပျံသန်းဝေ့ဝဲနေသော နှင်းပွင့်လေးများမှာ မေဟွားပင်၏ အကိုင်းအခက်များထက် ဆင်းသက်ခိုနားသွားကြသည်။ချမ်းစိမ့်နေသည်ဆိုသော်ငြား မေဟွားပန်းများမှာ ပိုလို့ပင် ပွင့်လန်းဝေဖြာနေကာ သင်းပျံ့ချိုအေးသော ရနံ့မွှေးမွှေးလေးများအား လေညှင်းနှင့်အတူ နှင်းအပ်လွှင့်ပါးသွားစေ၏။
*****
ရှီးနန်စံအိမ်တော်မှ စာလွှာများလည်း ခါတိုင်းလိုပင် ရောက်လာမြဲ။ ယခုတော့ သွမ့်ရှောင်ဝမ်ရယ်၏ လက်ရေးလက်သားများပြန်ဖြစ်သွားချေပြီ။ နောင်တော်ကြီးက သိုင်းကျင့်ကြံနေဆဲဖြစ်ကြောင်း ၊ အရာအားလုံး အဆင်ပြေကာ ဘေးကင်းနေပါကြောင်းများသာ ပါလာ၏။
ချူယွမ်က ထိုစာလွှာများအားလုံးကို ခေါက်ကာ အံဆွဲထဲ စုစည်းသိမ်းဆည်းထားလိုက်၏။
အရာအားလုံးအဆင်ပြေကာ ဘေးကင်းနေသည်တဲ့။
ဒါဆိုလည်း တခြားအရာဖြစ်သွားမှာထက်စာလျှင်တော့ တော်ပါသေးရဲ့။
******
ကျွေ့ယင်နန်းနှင့် သူရိယစန္ဒာတောင်စခန်းဘက်ကလည်း ချူယွမ်ဆီ အမြဲမပြတ် စာပို့နေခဲ့သည်။ ကျောက်ဝူက အကျိုးအကြောင်းရှင်းပြထားသောကြောင့် ချင်ရှောက်ယွီလည်း အကျိုးအကြောင်းနားလည်ထားပြီးဖြစ်ကာ ဤအကြောင်းကို လုံးဝမပေါက်ကြားစေခဲ့ဘဲ ဝိုင်းဝန်းလျှို့ဝှက်ပေးခဲ့သည်။ အရင်စာလွှာထဲမှ ချူယွမ်တောင်းဆိုထားသော အချက်များကိုလက်ခံကြောင်း၊ နန်ယန်ရှိ လန်ချုန်းကျွန်းပေါ်သို့ တပည့်များအား စေလွှတ်ပြီး အခြေအနေကြည့်ပေးစေမည်ဖြစ်ကြောင်း အကြောင်းပြန်လိုက်သည်။
ယဲ့ကျင့်ကတော့ မိမိနောင်တော်မှာ အဘယ်ကြောင့်များ ရွှေချည်ပိုးကောင်နှင့် ထျဲန်းချန်ရှားကို ဤမျှထိ သည်းသည်းလှုပ် ရှာဖွေနေသနည်းဆိုသည့်ကိစ္စကို နားမလည်နိုင်ခဲ့၊ မည်သူကများ အဆိပ်သင့်နေလို့လဲဟု မေးပြန်ရင်လည်း ချူယွမ်ကတော့ အသေသာခံမည်၊ ဘယ်တော့မှပြောပြမည်မဟုတ်ဆိုသော လူစားမျိုးဖြစ်နေပြန်သည်။
*********
သူရ်ိယစန္ဒာ တောင်စခန်းဝယ်။
"အရှင်မင်းမြတ်က ထုတ်တောင်မပြောပြတဲ့ကိစ္စကို မင်း မရရအောင်သွားမေးကြည့်မလို့လား"
ရှန်ချန်းဖုန်းက ယဲ့ကျင့်အား မေးလာ၏။
"မမေးပါဘူး"
ယဲ့ကျင်က ဆေးဖက်ဝင်လက်ဖက်ရည်ကို မြည်းစမ်းနေလိုက်သည်၊ စိတ်ထဲမှာတော့ လေးလံထိုင်းမှိုင်းနေဆဲပင်ဖြစ်၏။ ယဲ့ကျင့်သည်လည်း အစတုန်းက ထျဲန်းချန်ရှားကို လုံးဝစိတ်မဝင်စားခဲ့၊ သို့ပေမင့် စာအကြိမ်ကြိမ်ရောက်လာတော့ မနေနိုင်တော့ဘဲ သိချင်လာသည်။ ကြာလာလေ ပို၍သံသယဖြစ်ဖွယ်ကောင်းလေဖြစ်ကာ တစ်ခါတစ်ရံ ညကြီးမင်းကြီး ထထနိုးလာကာ ဤကိစ္စကို စိုးရိမ်တကြီး တွေးနေတတ်၏။
"တကယ်သိချင်တယ်ဆိုရင် ရွှေမြို့တော်ဆီ ကိုယ်လိုက်ပို့ပေးရမလား။ နှစ်ယောက်သား မျက်နှာချင်းဆိုင်တွေ့ပြီး မေးရင်တော့ ဖြေလောက်မယ်ထင်တယ်"
"ခင်ဗျားက သူ့ကို ဘာမှတ်နေတာလဲဟမ်။ လမ်းဘေးက ကလေကချေ လူနုံလူအများမှတ်နေသလား"
ယဲ့ကျင်က ရှန်ချန်းဖုန်း၏ ရင်ဘတ်အား တစ်ချက်ထုလိုက်ပြီး ဆက်ဆို၏။
"စာထဲမှာတောင် မပြောပြဘူးဆိုတော့ လူချင်းသွားတွေ့လည်း ပြောပြမှာမဟုတ်ဘူး။ အတင်းမေးလိုက်လို့ နာမည်တစ်ခုခု ထုတ်ပြောလိုက်ပြန်ရင် ကျွန်တော်တို့မသိတဲ့လူဖြစ်နေရင်လည်း အလကားပဲ"
"အင်း၊ အခြေအနေပိုဆိုးလာရင် ကိုယ်တို့ မမေးဘဲနဲ့ အရှင်မင်းမြတ်ကိုယ်တော်တိုင် ပြောပြလာလောက်ပါတယ်။ အခုချက်ချင်း သိမှဖြစ်မယ်ဆိုပြီး မလောကောင်းပါဘူး၊ ဟုတ်တယ်ဟုတ်"
ရှန်ချန်းဖုန်းက သူ့အား ချော့မော့နှစ်သိမ့်လာ၏။
"ထျဲန်းချန်ရှား......"
ယဲ့ကျင့်က မေးကိုထောက်ရင်း တွေးဆဆဆိုလာ၏။
"ကျွန်တော်ကိုယ်တိုင်ပဲ နန်ယန်ဘက်ဆင်းသွားလိုက်ရမလား"
"ရတယ်လေ"
"ဘာကိုရတာလဲ၊ ကျွန်တော်က လျှောက်ပြောနေတာလေ။ နန်ယန်ကိုသွားတဲ့ခရီးက အသွားအပြန်နဲ့တင် တစ်နှစ်ကြာသွားရင်တောင် အချိန်မလောက်ဘူးဗျ"
ရှန်မျိုးနွယ်၏ သားအကြီးဆုံးဖြစ်သည့်အပြင် လူသူအများလက်ခံထားသော လေးစားရသော သိုင်းလောကခေါင်ချုပ်ဖြစ်နေသောသူက အဘယ်မှာများ ထိုမျှထိ အချိန်အားလပ်မည်နည်း။
ရှန်ချန်းဖုန်းက ပြုံးလိုက်ကာ -
"တစ်နှစ်ဆိုလည်းတစ်နှစ်ပေါ့။ နန်ယန်လေးပဲသွားတာကို၊ မင်းသွားချင်တယ်ဆိုရင် ကိုယ်အဖော်လိုက်ပေးမှာပဲ"
ယဲ့ကျင့်မှာ ရှန်ချန်းဖုန်းကိုကြည့်ပြီး မျက်တောင်တဖျတ်ဖျတ်ခပ်ကာ မှင်သက်နေ၏။
ဒီလူကြီးကတော့လား ......
ဒီလိုမျိုး တုံးအအ အူလည်လည် ပုံစံလေးလုပ်ပြလာရင် အသေချောတာပဲ။
.
အသေချောတာပဲ။
.
အား၊ အသေချောတာပဲလို့။
.
.
.
**********
2020.09.31.
**********
အခန္း - ၆၈ (ဂူေအာင္းၿပီး သိုင္းက်င့္ျခင္း)
[ရွီးနန္စံအိမ္ေတာ္မွ စာလႊာ]
================================
တာ့လီၿမိဳ႔ ေစ်းထဲတြင္ ေစ်းသည္ၪီးႀကီးမ်ားက ေနာက္ဆံုးေပၚထြက္ရိွထားေသာ ေဗာဓိစိတၲသိုင္းက်င့္စဥ္က်မ္းစာအုပ္ကို အားရပါးရ ေအာ္ဟစ္ေရာင္းခ်ေန၏။ ယခုေနာက္ဆံုးေပၚက်င့္စဥ္ကေတာ့ ယန္ဓာတ္ကို အားျဖည့္ေပးရံုတင္မက ရင္ေသြးမ်ိဳးဆက္ပါ အလြယ္တကူရႏိုင္ေပသည္၊ ထို႔အျပင္ ေယာက်္ားမိန္းမမေရြး က်င့္ႀကံလို႔ရသည္မို႔ အရင္ကထက္ ေရာင္းအားႏွစ္ဆ တိုးျမင့္လာသည္။
ေရ႔ွကၪီးႀကီး အတင္းလာေရာင္းေနသည္ကို သည္းမခံႏိုင္သည့္အဆံုး သြမ့္ေယာင္လည္း တစ္အုပ္ဆြဲကာ အျမန္လွန္ေလာဖတ္ၾကည့္လိုက္သည္။ ေၾကးရတတ္လူတန္းစားမွ သခင္ေလးတစ္ေယာက္ျဖစ္ဟန္ရေသာေၾကာင့္ အျခားကုန္သည္ၪီးႀကီးမ်ားလည္း သြမ့္ေယာင္အနား ဝိုင္းဝိုင္းလည္လာၾကသည္။ဆံပင္စီးေသာ ဖဲႀကိဳးေရာ၊ ဓားေျမႇာင္အတိုမ်ားေရာ ၊ ေကာင္းကင္ဘံုမွ အကၡရာမဲ့က်မ္းစာမ်ားဆိုသည္ကိုေရာ လာေရာက္ေရာင္းခ်ၾကသည္။ ဘယ္ကလာမွန္းမသိရေသာ ခပ္ဝဝၪီးဇင္းတစ္ပါးပါ ပါလာေသး၏။ ေမတၲာကရုဏာျပည့္ဝလွသာမ်က္ႏွာထားႏွင့္ ကံၾကမၼာကိုေဟာေျပာေပးပါ့မည္ဟုဆိုလာသည္။
သြမ့္ေယာင္ခမ်ာ မိမိေခါင္းတစ္ခုလံုး ခ်က္ခ်င္းပင္ေပါက္ထြက္ေတာ့မလို ခံစားေနရ၏။
"သခင္ေလး၊ ေဗဒင္ၾကည့္လိုပါသလား"
"မၾကည့္ေတာ့ပါဘူး"
"အခမဲ့ပါ၊ အိမ္သူအိမ္သားေတြအတြက္လည္း ၾကည့္ေပးလို႔ရပါတယ္"
ဖက္တီးၪီးဇင္းေလးက ဇြဲမေလ်ွာ့ေသး။
"ဒါဆိုလည္း ကြၽန္ေတာ့္အစ္ကိုႀကီးရဲ့ အခ်စ္ေရးကံၾကမၼာအေၾကာင္း ေဟာျပဗ်ာ"
ဖက္တီးၪီးဇင္းက လက္ေခ်ာင္းေလးမ်ား ခ်ိဳးကာေခါက္ကာ တြက္ဆခ်င့္ခ်ိန္ေနသည္။
"သခင္ေလးရဲ့အစ္ကို ကံၾကမၼာေကာင္းခ်င္ရင္ ၪီးဇင္းဆီကေန ေဆးဝယ္ဖို႔လိုမယ္"
"ဘာေဆးလဲ"
"ယန္ဓာတ္အားတိုးေဆး"
သြမ့္ေယာင္လည္း ထိုၪီးဇင္း၏ ရင္ဘတ္တည့္တည့္ကို အားျဖင့္ ပင့္တြန္းပစ္လိုက္ရာ ထိုၪီးဇင္းမွာ ခ်က္ခ်င္းပင္ လြင့္စင္သြားေသာဟူ၏။ထိုၪီးဇင္းမွာ မ်က္ရည္စမ္းစမ္းႏွင့္ ေခ်ာင္းတဟြတ္ဟြတ္ဆိုးရင္း သြမ့္ေယာင္အား ေျပာလာသည္။
"ဒီကဒကာေလး ဘာလို႔ ဒီေလာက္ထိ ၾကမ္းတမ္းေနရတာလဲ။ ၪီးဇင္းရဲ့ေဆးက ေတာ္ေတာ္စြမ္းတာေနာ့ ၊ ခ်ဳန္းဟြားေတာင္သခင္ သမားေတာ္ယဲ့ကိုယ္တိုင္ ေဖာ္စပ္ထားတာ။ သူက သိုင္းေလာကမွာ အေတာ္ဆံုးသမားေတာ္ေနာ္။ ေသာက္လိုက္ရင္ ေရႊလွံေတာ္ႀကီးက ေထာင္ပဲေထာင္မယ္၊ ၫွိုးက်တယ္ဆိုတာမ်ိဳး မရိွေစရဘူး၊ ဂိုဏ္းခ်ဳပ္ရွန္ေတာင္ ဒီေဆးကိုသံုးၿပီး ေကာင္းတယ္လို႔ေတာင္ၫႊန္းဖူးတယ္"
သြမ့္ေယာင္ လက္သီးဆုပ္လိုက္ေလရာ တဖ်စ္ဖ်စ္ပင္ အသံျမည္လာ၏။ဖက္တီးၪီးဇင္းႀကီးလည္း တစ္ခ်ိဳးတည္းလစ္ေတာ့သည္။
သြမ့္ေယာင္လည္း မရီးေတာ္အလတ္အတြက္ဝယ္ထားေသာ မုန္႔ထုပ္ကိုဆြဲကာ ရွီးနန္စံအိမ္ေတာ္သို႔ ျပန္သြားေလသည္။ သို႔ေသာ္ ဟြားထန္က ရိွမေန။ မနက္ကတည္းက အျပင္ထြက္သြားကာ အခုထက္ထိ ျပန္မလာေၾကာင္း၊ ဘယ္ဆီကိုသြားေနမွန္းလည္း မသိရေၾကာင္း အရီးေတာ္က်င္းက သူ႔အား ဆီးႀကိဳေျပာျပလာ၏။
******
ညစာစားခါနီးေတာ့မွ ဟြားထန္ ျပန္ေရာက္လာ၏။
"ေယာင္အာေလးက မင္းကိုေမးေနေသးတယ္ကြယ္။ ခုေတာ့ အိမ္ေနာက္ေဖးဘက္ အေခၚခံသြားရတယ္၊ ဝမ္ရယ့္အခန္းမွာ ရိွေနေလာက္ရဲ့"
အရီးေတာ္က်င္းက ဟြားထန္အား အက်ိဳးအေၾကာင္းေျပာျပလာ၏။
"ေနာင္ေတာ္ႀကီးေရာ ဘယ္လိုေနေသးလဲ"
"လန္းလန္းဆန္းဆန္းပါပဲ။ ဒါေပမယ့္ ဆရာႀကီးနန္ကေျပာတယ္၊ ဆက္ၿပီး အခ်ိန္ဆြဲလို႔မရေတာ့ဘူးတဲ့၊ အျမန္ဆံုး ေရခဲဂူဗိမာန္ဆီသြားၿပီး သိုင္းက်င့္ရမယ္လို႔ေျပာတယ္။ တိုင္းေရးျပည္ရာေတြကိုလည္း ဝန္ႀကီးေတြဆီ လႊဲေျပာင္းခြဲေဝၿပီး စီမံခိုင္းထားမယ္လို႔ၾကားတယ္။ ေရွာင္ဝူျပန္လာတဲ့အခ်ိန္က်ရင္ေတာ့ တာဝန္ယူစရာေတြ မ်ားေနေတာ့မွာပဲ။ ဝမ္ရယ္ကလည္း သံုးႏွစ္ႀကီးမ်ားေတာင္ အခ်ိန္ယူရမယ္၊ ေယာင္အာကလည္း ငယ္လြန္းေသးတယ္ ၊ ဒီႏွစ္ႏွစ္အတြင္း ရွီးနန္နယ္စပ္ ဘယ္ေလာက္ပဲၿငိမ္းခ်မ္းေနတယ္ေျပာေျပာ ရွီးနန္ကိုေစာင့္ေရွာက္မယ့္လူ ရိွခါမွ ဝမ္ရယ္လည္း စိတ္ေျဖာင့္ေျဖာင့္ထားၿပီး ဒဏ္ရာကုစားႏိုင္မွာ"
"ေရွာင္ဝူလည္း ဒီအိမ္သားပါ၊ အရီးေတာ္ရယ္။ ဒီကိစၥေတြအားလံုး သူ လုပ္သင့္လုပ္ထိုက္တဲ့ တာဝန္ဝတၲရားရိွပါတယ္။ ၿပီးေတာ့ ေကြၽ့ယင္နန္းမွာလည္း ဂိုဏ္းခ်ဳပ္ေရာ သခင္ေလးရွန္ေရာ ရိွေနပါတယ္။ ဆူက်ံဳးနဲ႔ရွီးနန္ဆိုတာကလည္း နီးနီးေလးပါ ၊ ဟိုမွာ တစ္ခုခုအေရးအေၾကာင္းရိွခဲ့ရင္ေတာင္ အျမန္ျမင္းႏွင္ၿပီး သြားလို႔ရပါတယ္ရွင္၊ အရီးေတာ္က်င္း မစိုးရိမ္ပါနဲ႔"
အရီးေတာ္က်င္းက သူမလက္မ်ားကို ခပ္ဖြဖြပုတ္လိုက္ကာ
"မင္းတို႔ ဇနီးေမာင္ႏွံကို ပင္ပန္းေစမိပါၿပီကြယ္ ။ ေၾသာ္၊ ဒါနဲ႔ ေန့ခင္းတုန္းက ဘယ္ကိုသြားေနတာလဲ၊ တစ္ေန့လံုးေပ်ာက္ေနလို႔ပါေရာ"
"အစကေတာ့ ေဆးသြားဝယ္မလို႔ပါရွင္။ ဒါေပမယ့္ က်င္န်ဲန္နဲ႔ လမ္းမွာဆံုခဲ့ပါတယ္"
က်င္န်ဲန္ဆိုသည္မွာ ထိုေန့က က်ားရန္မွ ေက်ာက္ဝူကယ္ဆယ္ေပးခဲ့ေသာ ကေလးအေမျဖစ္သည္။ ဒီတစ္ေခါက္ ရွီးနန္ျပန္ေရာက္လာေတာ့ အၾကာႀကီးမွီခိုေနထိုင္မည္ျဖစ္ရာ အရီးေတာ္က်င္းလည္း အထည္ဆိုးေဆးလုပ္ငန္း၌ သူမအား လုပ္ကိုင္ခြင့္ျပဳထား၏။ အျခားမိန္းမပ်ိဳေလးမ်ား၏ သာယာရႊင္လန္းေသာ တက္ႂကြလန္းဆန္းမႈၾကား သူမသည္လည္း ၿပံဳးရႊင္လာတတ္ၿပီျဖစ္ကာ လူတိုင္းႏွင့္လည္း ဆက္ဆံေရးအဆင္ေျပေနခဲ့သည္။
"က်င္န်ဲန္?.....သူ ဘာျဖစ္လို႔လဲ"
"က်င္န်ဲန္က တစ္ေယာက္ေယာက္ကို ပုန္းေနသလိုပဲ၊ အရီးေတာ္ ။ လမ္းေဘးေစ်းဆိုင္မွာ ျခင္းေတာင္းပစ္ခ်ၿပီးေတာ့ကို အိမ္ႀကိဳအိမ္ၾကားထဲ ပုန္းေနတာ၊ နာရီဝက္တိတိျပည့္ေတာ့မွ ထြက္လာတယ္၊ ထြက္လာေတာ့လည္း မ်က္ႏွာကို အဝတ္ျဖင့္ေသခ်ာအုပ္ၿပီးေတာ့မွ စံအိမ္ေတာ္ဆီျပန္လာတယ္"
"ဟင္.....ဘယ္သူ႔ကို ထြက္ေျပးေနသတဲ့လဲ"
"ခပ္ဝဝဘုန္းႀကီးတစ္ေယာက္ပါ အရီးေတာ္။ ရွီးနန္ေဒသခံလည္း မဟုတ္ေလာက္ဘူး ၊ ေစာနလည္း လမ္းကလူေတြေမးၾကည့္ေတာ့ အဲ့ဘုန္းႀကီးက အရင္ႏွစ္ရက္သံုးရက္ေလာက္ကမွ ဒီကိုေရာက္လာတာလို႔ေျပာတယ္။ အေျပာေကာင္းတာနဲ႔လုပ္စားၿပီး ေဆးအတုေတြ လိုက္ေရာင္းေနတယ္တဲ့"
"က်င္န်ဲန္ ဒီလိုမ်ိဳး အသက္လုၿပီးထြက္ေျပးလာခဲ့တဲ့ပံုအရ ေနာက္ေၾကာင္းမရွင္းတဲ့လူျဖစ္မွန္း သိသာပါတယ္။ သူနဲ႔အရင္က ရန္သူေတျြဖစ္ခဲ့တာေနမွာေပါ့၊ သြားေမးၾကည့္ၾကမလား"
ဟြားထန္က ေခါင္းခါျပသည္။
"အတိတ္ဒဏ္ရာျဖစ္ရိုးမွန္ရင္ ခုေန ျပန္သြားဆြလိုက္လို႔ကေတာ့ အနာေပၚဆားျဖဴးသလိုျဖစ္မွာစိုးျပန္တယ္။ ကြၽန္မလည္း သူ႔ကိုသနားမိရံုတင္ပါ"
"ဒါဆိုလည္း မေမးေသးဘဲ ထားလိုက္ၪီးစို႔။ သူ႔ရဲ့ လူမမယ္ကေလးကို ငဲ့ၫွာတယ္လို႔ပဲထားလိုက္ပါေလ။ တကယ္ျပႆနာတက္လာရင္ က်င္န်ဲန္ကိုယ္တိုင္ လာၿပီး ငါတို႔ကိုအကူအညီေတာင္းပါလိမ့္မယ္။ သူ ထုတ္မေျပာေသးသေရြ့ေတာ့ ငါတို႔ႏွစ္ေယာက္လည္း မသိခ်င္ေယာင္ေဆာင္ထားၾကစို႔"
" ဟုတ္ကဲ့၊ ဒါဆို ကြၽန္မလည္း ေယာင္အာ့ကို သြားရွာလိုက္ၪီးမယ္ေနာ္"
အရီးေတာ္က်င္းက ေခါင္းညိတ္ျပလိုက္ၿပီးေနာက္ သူမကိုယ္တိုင္လည္း ေဆးရည္က်ိဳရန္ စားဖိုေဆာင္ဘက္သို႔ ထြက္သြားေလ၏။
******
"အမွန္အတိုင္းေျပာျပ၊ ေဗာဓိစိတၲသိုင္းက ဘာသိုင္းမ်ိဳးႀကီးလဲ"
သြမ့္ေယာင္ ထေမးလာျခင္းျဖစ္သည္။
"ရွစ္ဖူးကိုယ္တိုင္ တီထြင္ဖန္တီးထားတဲ့သိုင္း"
"ဒီလိုအေျဖမ်ိဳးဆိုရင္ေတာ့ ေျဖျဖေမေျဖျဖေ ဘာမွထူးမေနဘူး"
သြမ့္ပိုင္ယြဲ႔က လက္ကိုဆန္႔လိုက္ကာ ညီျဖစ္သူ၏ ေခါင္းကို ခပ္ဖြဖြ ပြတ္သပ္ေပး၏။
"ငါလည္း သံုးကြက္ေလာက္ပဲက်င့္ရေသးတာေလ၊ အကုန္လံုးကို နက္နက္နဲနဲသိၿပီးရွင္းျပဖို႔မွမျဖစ္ႏိုင္တာ။ သိခ်င္ရင္ ရွစ္ဖူးကိုသြားေမး"
"ေမးၿပီးသြားၿပီ၊ ရွစ္ဖူးကမွ မေျပာျပတာ"
"က်င့္စဥ္ၿပီးေျမာက္သြားရင္ အေတာ္ဆံုးသိုင္းပညာရွင္ျဖစ္မွာ"
"လိမ္ေျပာေနျပန္ၿပီ"
သြမ့္ေယာင္ လံုးဝမယံုေပ။
"အဲ့ေလာက္ေကာင္းေနရိုးမွန္ရင္ သူမ်ားတကာကို ရွစ္ဖူးလိုက္ၿပီးႂကြားလံုးထုတ္ေနေလာက္ၿပီ။ အခုလို စိတ္ဓာတ္က်ေနမွာမဟုတ္ဘူး"
သြမ့္ပိုင္ယြဲ႔က သြမ့္ေယာင္ေမးသည္ကိုမေျဖဘဲ -
"ေနာက္သံုးႏွစ္ဆိုရင္ မင္းအသက္ ဆယ့္ကိုးျပည့္ၿပီ၊ ဆြီ႔ေရႊနဲ႔တြက္ရင္ ႏွစ္ဆယ္ေပါ့။ အဲ့ခ်ိန္က် မိန္းမယူ -"
"ေတာ္တန္တိတ္"
သြမ့္ေယာင္က အစ္ကိုျဖစ္သူ၏ ပါးစပ္အား ခ်က္ခ်င္းပိတ္ပစ္လိုက္သည္။
"ဟားဟား၊ ဒါက ဘာျဖစ္သြားတာတုန္း"
"မဂၤလာမရိွဘူး"
သြမ့္ေယာင္ စိုးရိမ္စြာေျပာလာ၏။ ဤသို႔ေသာစကားမ်ားက မသိလ်ွင္....
ေသခါနီး မွာတမ္းေႁခြေနသလိုပင္။
"ေလ်ွာက္ေတြးေနျပန္ၿပီ။ ငါ မေသေသးပါဘူး"
"အင္း"
"ခႏၶာအသစ္လဲၿပီး ေနထိုင္သြားရမယ္၊ ဒါပါပဲ"
"ခႏၶာအသစ္လဲတယ္ဆိုတာ ဘာႀကီးလဲ"
သြမ့္ေယာင္မ်က္ႏွာရႈံ႔မဲ့သြားသည္။
"ေနာက္ဆို ငါ ရွီးနန္ဘုရင္ လုပ္လို႔မရေတာ့ဘူး။ေရွာင္ဝူကလည္း ဒီမွာပဲ တစ္သက္လံုးေနသြားခ်င္တဲ့ပံုလည္းမေပါက္ဘူး။ မင္းကလည္း ငယ္ငယ္ကတည္းက အလိုလိုက္ခံခဲ့ရေပါင္းမ်ားၿပီး စိတ္ရိွသလိုေနတတ္တာ အက်င့္ပါေနၿပီ။ ဒါေပမယ့္ ဘာမွေတာ့ စိတ္ပူစရာမရိွပါဘူး၊ နယ္စပ္ဘက္ကေတာ့ ေနာက္ဆယ္ႏွစ္ေလာက္ထိ ၿငိမ္းခ်မ္းေနၪီးမယ္ထင္တာပဲ"
"ဘာလို႔ ရွီးနန္ဘုရင္ လုပ္လို႔မရေတာ့တာလဲ"
သြမ့္ေယာင္စိတ္မ်ား ထူပူေလာင္ၿမိဳက္ေနၿပီျဖစ္သည္။
"ေဗာဓိစိတၲသိုင္းကိုက်င့္ၿပီးသြားရင္ ခႏၶာကိုယ္တစ္ခုလံုးထဲ ရိွရိွသမ်ွေသြးေတြကအစ အဆိပ္ေတျြဖစ္သြားမယ္၊ ရုပ္ရည္ကလည္း ပ်က္စီးသြားမယ္၊ လူတစ္ပိုင္းမိစၧာတစ္ပိုင္းျဖစ္သြားမယ္"
"ကြၽန္ေတာ္မယံုဘူး!!!!!!!"
တုန္လႈပ္သြားေသာသြမ့္ေယာင္ကို သြမ့္ပိုင္ယြဲ႔က ပခံုးအသာပုတ္ေပးကာ ေခ်ာ့ေမာ့ႏွစ္သိမ့္လိုက္သည္။
"မယံုခ်င္ရင္လည္း ယံုရမွာပဲ။ ကေလးေတြလို ေနလို႔မရေတာ့ဘူး၊ မင္း လူႀကီးျဖစ္ရေတာ့မယ္"
"မက်င့္လို႔မရဘူးလား။ ရွစ္ဖူးကေရာဘာေျပာလဲ၊ တျခားနည္းလမ္းေရာ မရိွေတာ့ဘူးတဲ့လား။ ေနာင္ေတာ္လတ္လည္း ေဆးသြားရွာေနၿပီေလ၊ သူျပန္လာတဲ့အထိ ေစာင့္လို႔မရေတာ့ဘူးလား"
"အင္း၊ေစာင့္လို႔မရေတာ့ဘူး"
"ဒါဆို မရီးေတာ္ကေရာ....."
သြမ့္ပိုင္ယြဲ႔မ်က္ႏွာမွာ ခ်က္ခ်င္းပင္ ေအးစက္ေတာင့္တင္းသြား၏။
"ကြၽန္ေတာ္ အိမ္ျပန္မလာခင္တုန္းက တစါး္လကိုစာတစ္ေစာင္ေရးဖို႔ သူ႔ခမ်ာ ဆက္ဆက္မွာလိုက္ရရွာတာ ။ ေနာင္ေတာ္ ဘယ္လိုအေျခအေနရိွသလဲဆိုတာ လတိုင္း အေသးစိတ္ေရးၿပီး ပို႔ခိုင္းထားေသးတယ္။ နန္းတြင္းေရးရာကိစၥေတြ ပါးတာနဲ႔ ေနာင္ေတာ့္ဆီလာေတြ့မွာတဲ့။ အဲ့အခ်ိန္က် ဘယ္ႏွယ့္လုပ္ၾကမလဲ"
"အေတြ့မခံဘဲ ေရွာင္ေျပးရံုေပါ့"
အေတြ့မခံဘဲ ေရွာင္ေျပးမယ္၊ ဟုတ္လား။
သြမ့္ပိုင္ယြဲ႔က မ်က္ဝန္းလႊာမ်ားကို ျဖည္းၫွင္းစြာ မိွတ္ခ်လိုက္ကာ ေျပာ၏။
"သူက တိုင္းျပည္ေရေျမကိုအုပ္ခ်ဳပ္ရတဲ့ ဧကရာဇ္ျပည့္ရွင္တစ္ပါး ျဖစ္ေနၿပီပဲ။ ဘယ္ကိစၥကိုဆ္ိုရင္ အသင့္ေတာ္ဆံုးျဖစ္ေအာင္ ဘယ္လိုဆံုးျဖတ္ခ်က္ခ်ရမလဲ လုပ္ေဆာင္ရမလဲဆိုတာ သူသိပါတယ္။ သံုးႏွစ္ငါးႏွစ္ေလာက္ေတာ့ စိတ္ဆိုးၪီးမွာေပါ့ ။ ဒါေပမယ့္ ေနာက္ငါးႏွစ္ ဆယ္ႏွစ္၊ ႏွစ္ႏွစ္ဆယ္ ႏွစ္သံုးဆယ္၊ ဟိုးႏွစ္ေလးဆယ္ၾကာသြားတဲ့အထိေတာ့ ဘယ္သူကမွ တစ္သက္လံုး စိတ္မဆိုးႏိုင္ေလာက္ပါဘူး"
ဒါက ဘယ္လိုေတာင္ ရူးမိုက္လြန္းတဲ့အႀကံအစည္ႀကီးလဲ။
သြမ့္ေယာင္ခမ်ာ အစ္ကိုျဖစ္သူအား ဖက္တြယ္ထားခ်င္လြန္းေနေပၿပီ။
"အသက္ရွင္ေနေသးတာကိုပဲ ကံေကာင္းလွပါၿပီလို႔ အေကာင္းဘက္ကေန ေတြးရမယ္ေလ။ မ်က္ႏွာဖံုးတပ္ထားလိုက္ရင္ လမ္းေပၚေလ်ွာက္သြားလို႔ရပါေသးတယ္"
သြမ့္ေယာင္ ခ်က္ခ်င္းပင္ ထရပ္လိုက္သည္။
"ကြၽန္ေတာ္ ရွစ္ဖူးဆီသြားေတြ့မယ္"
"လာေတြ့စရာကို မလိုေတာ့ဘူး"
နန္ေမာ္ယဲ့က တံခါးလွစ္ဟၿပီးဝင္လာ၏။
"မင္း ရွစ္ဖူးကို လာရွာရင္ေတာင္မွ မဟုတ္ဘူး၊ ဧကရာဇ္ဆီကိုသြားၿပီးအခစားဝင္ရင္ေတာင္ ဘာမွထူးမွာမဟုတ္ဘူး။ ထ်ဲန္းခ်န္ရွားကလြဲရင္ ေရြးစရာနည္းဆိုလို႔ ဒီတစ္နည္းပဲက်န္ေတာ့တယ္"
"ဒါေပမယ့္"
သြမ့္ေယာင္ ဘာျပန္ေျပာရမွန္းမသိေတာ့။
"ေတာ္ၿပီ၊ ထြက္သြားလိုက္ေတာ့"
နန္ေမာ္ယဲ့က သြမ့္ေယာင္ပခံုးကိုပုတ္ေပးလိုက္ကာ သက္ျပင္းခ်လိုက္ၿပီးဆို၏။
"မင္းရဲ့ေနာင္ေတာ္လတ္သာ ထ်ဲန္းခ်န္ရွားကိုရွာေတြ့ခဲ့ရင္ အေျခအေနက တစ္မ်ိဳးတစ္ဖံုေျပာင္းလဲသြားလိမ့္မယ္။ဒါေပမယ့္ ဒီအခ်ိန္မွာေတာ့ ဒီနည္းကိုသံုးမွရေတာ့မယ္"
*******
သြမ့္ေယာင္က ေညာင္ပင္အိုႀကီးေအာက္တြင္ထိုင္ရင္း ေညာင္ပင္အျမစ္မ်ားကို ေငးၾကည့္ေနသည္။ ထိုစဥ္ ဟြားထန္ ေရာက္လာ၏။
"ေနာင္ေတာ္ႀကီးက အနားယူေနတာလား"
"ဟင့္အင္း၊ ရွစ္ဖူးက သူ႔ကို အပ္စိုက္ေပးေနတယ္"
သြမ့္ေယာင္ ထရပ္လိုက္ကာ မ်က္ရည္မ်ားမက်ေအာင္ အေတာ္ထိန္းခ်ဳပ္ေနသည္။
"ရာသီဥတုက ဒီေလာက္ေအးေနတာကို အျပင္မွာလာထိုင္စရာလားကြယ္၊ အေအးမိမွာ မေၾကာက္ဘူးလား"
"ေနာက္ရက္ေတြက် ေနာင္ေတာ္လည္း သိုင္းက်င့္ဖို႔ ဂူေအာင္းရေတာ့မွာ။ ေရခဲဂူဗိမာန္ထဲဆို ဒီထက္အမ်ားႀကီးပိုေအးတယ္"
"ေၾသာ္၊ အကုန္သိသြားၿပီေပါ့"
"အင္း"
သြမ့္ေယာင္မွာ မ်က္ရည္မ်ားကိုသုတ္ကာ ရိႈက္ရင္းေျဖ၏။ ေတြးေလ ဝမ္းနည္းေလျဖစ္ေနရွာသည္။
ဟြားထန္က သူ႔အားလက္ဆြဲေခၚလာကာ အေဆာင္ေရ႔ွဝရန္တာ၌ ထိုင္ေစ၏။
"ရွစ္ဖူးကလည္း ေနာက္ေတာ့္ကိုဆို မဟုတ္တရုတ္ သိုင္းေတြခ်ည္းပဲ သင္ေပးတယ္"
ဟြားထန္က သူ႔မ်က္ရည္မ်ားကို သုတ္ေပးလာကာ -
"အခု ေရွာင္ဝူလည္း ပင္လယ္ျပင္ဘက္မွာ ထ်ဲန္းခ်န္ရွားကို ရွာပံုေတာ္ထြက္ေနတာပဲ၊ ရွာေတြ့ခ်င္ရွာေတြ့ႏိုင္ေသးတယ္ေလ။ ဝမ္ရယ္လည္း ယာယီေလာက္ပဲ ဂူေအာင္းသိုင္းက်င့္မွာပါ၊ အရာရာတိုင္းက ေကာင္းတဲ့ဘက္ကို ေရာက္လာပါလိမ့္မယ္။ ေယာင္အာေလး နားလည္တယ္ဟုတ္"
"ဟုတ္ကဲ့"
"ဟုတ္ၿပီ၊ ဒါဆို အေဆာင္ျပန္ၿပီး အနားယူလိုက္ေတာ့။ ဝမ္ရယ္ ဒဏ္ရာေတာင္အရွင္းမေပ်ာက္ေသးဘူး၊ မင္းပါ အေအးထပ္မိရင္ ဘယ္ႏွယ့္လုပ္ၾကမလဲ"
"မရီးေတာ္လတ္လည္း အေဆာင္ျပန္လွည့္ပါေတာ့။ ဒီဘက္က ေနာင္ေတာ္တို႔အပ္စိုက္ေနတာဆိုေတာ့ အလြန္ဆံုးရိွ သန္းေခါင္ေက်ာ္မွ ၿပီးေလာက္တယ္။ အဲ့ခ်ိန္မျွပန္ရင္ တာ့ေပၚနဲ႔ ေရွာင္ေပၚ*တို႔ ဂ်ီက်ၾကလိမ့္မယ္"
(T/N: တာ့ေပၚနဲ႔ေရွာင္ေပၚက ေက်ာက္ဝူနဲ႔ဟြားထန္တို႔ အႁမြွာသားေလးႏွစ္ေယာက္ကို ေျပာတာပါ )
ဟြားထန္လည္း ေခါင္းညိတ္လိုက္ကာ သြမ့္ပိုင္ယြဲ႔တို႔ရိွရာ အခန္းတြင္းဘက္ ေစာင္းငဲ့ၾကည့္လိုက္၏။ အခန္းထဲဝယ္ ၿငိမ္သက္တိတ္ဆိတ္ေနကာ ဘာျပႆနာမႈျဖစ္ဟန္မေပၚသျဖင့္ ေနာက္ဆံုးေတာ့ သြမ့္ယာင္ႏွင့္အတူတူ မိမိတို႔အခန္းသို႔ ကိုယ္စီကိုယ္င ျပန္သြားၾက၏။
******
ေနာက္သံုးရက္ၾကာေတာ့ သြမ့္ပိုင္ယြဲ႔လည္း တိုင္းျပည္ေရးရာ အမႈကိစၥအဝဝကို သက္ဆိုင္ရာအရာရိွမ်ားထံ ခြဲေဝလႊဲေျပာင္းေပးလိုက္ကာ စာတစ္ေစာင္ေရးသားၿပီး ေရႊၿမိဳ႔ေတာ္ဆီသို႔ ပို႔လႊတ္ေစ၏။ ထို႔ေနာက္ နန္ေမာ္ယဲ့ႏွင့္အတူ ေရခဲဂူဗိမာန္သို႔ ဝင္သြားေတာ့ေလသည္။
ေက်ာက္သားတံခါးႀကီးမွာ ဒုန္းခနဲ ပိတ္သြား၏။ အျပင္ဘက္မွရပ္ေနေသာသူမ်ားပင္ ဂူဗိမာန္ထဲက အရိုးခိုက္မတတ္ ေအးစက္လွေသာ အရိပ္အေငြ့ကို ခံစား၍ရေနေပသည္။
ဤမ်ွဆိုးရြားလွေသာေနရာႀကီးတြင္ သံုးႏွစ္ေတာင္ေနရမည့္ ေနာင္ေတာ့္အျဖစ္ကိုေတြးတိုင္း သြမ့္ေယာင္လည္း အလြန္ရင္နာရ၏။ သို႔ေသာ္လည္း မိမိကူညီေပးႏိုင္သည့္နည္းလမ္းဟူ၍ တစ္ခုတစ္ေလမ်ွပင္မရိွေၾကာင္း ေတြးမိျပန္ေတာ့ သြမ့္ေယာင္လည္း မခံနိင္ေတာ့သည့္အဆံုး အရီးေတာ္က်င္းအား လွမ္းဖက္ၿပီး ေအာ္ဟစ္ငိုယိုေတာ့ေလသည္။
ဘာလို႔မ်ား ဒီေလာက္ထိ ကံဆိုးေနရတာလဲ။
ဒီထက္နည္းနည္းေလး ကံဇာတာေကာင္းလို႔ကို မရေတာ့ဘူးလား။
ရွီးနန္စံအိမ္ေတာ္၏ အေႁခြအရံမ်ားကေတာ့ သူတို႔၏ဝမ္ရယ္မွာ က်င့္ႀကံျခင္းသံုးႏွစ္ျပည့္ၿပီးသြားလ်ွင္ သိုင္းေလာကမွာ အေတာ္ဆံုးပညာရွင္ျဖစ္လာမည္၊ သိုင္းေလာကေခါင္ခ်ဳပ္ပင္ ယွဥ္လို႔မရေလာက္ေတာ့ဟုသာ တီးတိုးေျပာဆိုေနၾက၏။
ရွီးနန္နယ္စပ္တစ္ေလ်ွာက္ရိွ မ်ိဳးႏြယ္စုေခါင္းေဆာင္မ်ားကေတာ့ ထိုသတင္းကိုၾကားၿပီးသည္ႏွင့္ အေတာ္ပင္ ထိတ္လန္႔တုန္လႈပ္သြားၾကသည္။ အမ်ိဳးမ်ိဳးအေထြေထြ စိတ္အေျပာင္းအလဲျမန္လွေသာ ရွီးနန္ဝမ္ႀကီးႏွင့္ေတြ့ဆံုရတိုင္း စိတ္ႏွလံုးတုန္လႈပ္ေနရပါသည္ဆိုမွ ယခုဆို ဂူေအာင္းၿပီး လ်ိႈ႔ဝွက္သိုင္းပါ က်င့္ေနျပန္ၿပီတဲ့။ ဤမိုးေျမေအာက္တြင္ အေတာ္ဆံုးေသာသိုင္းပညာရွင္ ျဖစ္ခ်င္သည္ဟု လာမေျပာေသးေလႏွင့္ ၊ မိမိတို႔ခမ်ာ ယခုႏွစ္ပိုင္းမွာမွ ေအးခ်မ္းစြာ လုပ္ကိုင္စားေသာက္ၾကရသည္မို႔ ေျမယာထြန္ယက္ရင္း ခိုင္ၿမဲေသာ အိုးအိမ္တစ္ခုတည္ေထာင္ခ်င္ေသး၏။ ေျမာက္အရပ္သို႔ဆန္တက္ကာ ထီးနန္းသိမ္းမည့္စီမံကိန္းထဲ မပါဝင္ခ်င္ေသး။
*******
ေရခဲဂူဗိမာန္အတြင္းဝယ္။
သြမ့္ပိုင္ယြဲ႔က ေရခဲေက်ာက္ဖ်ာေပၚ တြင္ တင္ပလႅင္ေခြထိုင္ေန၏။ မ်က္လႊာမ်ားလည္း ခ်ထားသည္။ ထို႔ေနာက္ကိုယ္တြင္းအပူမ်ားကို ျဖည္းျဖည္းခ်င္းစီ ထုတ္လႊတ္လိုက္၏။ ကိုယ္ခႏၶာထဲ စီးဆင္းေနေသာ ေသြးျမစ္သည္လည္း တျဖည္းျဖည္း ေအးခဲစျပဳလာေခ်ၿပီ။
********
မိုင္ေထာင္ခ်ီေဝးေသာ ေရႊၿမိဳ႔ေတာ္တြင္။
ယေန့ ခ်ူယြမ္တစ္ေယာက္ မင္းမႈေရးရာမ်ား ရွင္းလင္းေျဖရွင္းလို႔အၿပီး စာၾကည့္ေဆာင္မွထြက္လာေတာ့ ရွစ္ဇီက ဝမ္းပန္းတသာ အေျပးေရာက္လာကာ ရွီးနန္မွ စာတစ္ေစာင္ထပ္ေရာက္လာေၾကာင္း ေလ်ွာက္တင္လာ၏။ ပိတ္ထားေသာ ခ်ိတ္တံဆိပ္အရ ဤစာလႊာမွာ သြမ့္ေရွာင္ဝမ္ရယ္ဆီကေနမဟုတ္၊ ရွီးနန္ဝမ္ကိုယ္ေတာ္တိုင္ ေရးသားျခင္း ျဖစ္တန္ရာသည္။
"ရက္ေတြတြက္ၾကည့္ရင္ေတာ့ ျဖစ္ႏိုင္ပါတယ္"
"မွန္ပါ့ဘုရား.... မွန္ပါ့"
ရွစ္ဇီကုန္းကုန္းမ်က္ႏွာမွာ ပီတိျဖာေဝေနသည္။ ခ်ူယြမ္က ရွစ္ဇီ၏ အေခါက္ထူထူဗိုက္ပူပူကို ရိုက္လိုက္ကာ -
"ဘာကိစၥ ဒီေလာက္ထိ ေပၚတင္ႀကီးအူျမဴးေနတာလဲ။ ေပး၊ ကိုယ္ေတာ့္ဆီ ဆက္သေပးလွည့္"
"မွန္ပါ့"
ရွစ္ဇီလည္း စာလႊာကို လက္ႏွစ္ဖက္ျဖင့္ ေသခ်ာဆက္ကပ္လိုက္သည္၊ ထို႔ေနာက္ ေနာက္သို႔ဆုတ္ကာ အခန္းထဲမွထြက္သြားၿပီး တံခါးကိုပါ အလိုက္တသိေစ့ေပးလိုက္သည္။
ခ်ူယြမ္က ေရႊနဂါးပလႅင္ေတာ္ထက္ ထိုင္လိုက္ၿပီးေနာက္ ခ်ိတ္တံဆိပ္ကို ညင္သာစြာခြာလိုက္၏။ ထို႔ေနာက္ အထဲက စကၠူပါးပါးေလးတစ္ေစာင္ကို ထုတ္ယူလိုက္သည္။
အင္မတန္မွ ရင္းႏွီးကြၽမ္းဝင္လွေသာ လက္ေရးလက္သားျဖစ္ေနသည္ပင္။ သို႔ေသာ္ အကၡရာစာလံုးမ်ားက မ်ားမ်ားစားစားပါမလာ။ မိမိမွာ ေရခဲဂူဗိမာန္ထဲသြားၿပီး သိုင္းက်င့္ရမည္ျဖစ္ေၾကာင္းႏွင့္ ရွီးနန္ကိစၥမ်ားကို ေသေသခ်ာခ်ာ စီမံခန္႔ခြဲၿပီးျဖစ္ေၾကာင္း ၊ စိုးရိမ္ပူပန္စရာမလိုေၾကာင္း။
ဤမ်ွသာ ပါလာ၏။
ခ်ူယြမ္ မ်က္ေမွာင္ႀကံဳ႔သြားသည္။ထို႔ေနာက္ စာအိတ္ကိုယူကာ အႀကိမ္ႀကိမ္ေမွာက္ၿပီး ခါထုတ္လိုက္၏။
တကယ္ကိုပဲ ဒီတစ္ေစာင္တည္းတဲ့လား။
......
ခဏၾကာေတာ့။
ဟြန္႔...
*****
"အရွင္မင္းျမတ္"
ခ်ူယြမ္ထြက္လာသည္ကိုျမင္ေတာ့ ရွစ္ဇီက ၿပံဳးရႊင္စြာေမးလာ၏။
"မနက္စာသံုးေဆာင္ေတာ့မွာမလားဘုရား"
"သြား၊ အဲ့ေမဟြားပင္ သြားတူးထုတ္ေခ်"
ခ်ူယြမ္မ်က္ႏွာမွာ ခံစားခ်က္ကင္းမဲ့ေနေပ၏။ ရွစ္ဇီ၏ အၿပံဳးမ်ားမွာ ခ်က္ခ်င္းတံု႔ဆိုင္းသြားသည္။
"ထပ္တူးထုတ္ရၪီးမွာလားဘုရား"
ရွစ္ဇီက စိတ္မသက္မသာျဖစ္စြာ ဆက္ေျပာလာ၏။
"အဲ့သစ္ပင္က ခုထက္ထိ အပယ္ခံနန္းမွာပဲ ရိွေနတုန္းပါဘုရား"
အရင္တစ္ေခါက္ကတည္းက ခုထက္ထိ ျပန္ေတာင္ေရႊ့မလာရေသးဘူးေလ။ ကြၽန္ေတ္မ်ိဳးလည္း တစ္ေခါက္သြားၾကည့္ထားၿပီးသား။ အေတာ္ေလး စည္ပင္ဖြံ႔ၿဖိဳးၿပီး ပန္းမ်ားလည္း ေဝေဝဆာဆာဖူးပြင့္ေနရွာတာ။
ခ်ူယြမ္ - "......."
"ၾသ၊ ေစာနက အမတ္မင္းဆြီေရာက္လာၿပီး အရွင့္ကို အစီရင္ခံစာဆက္သဖို႔ေစာင့္ေနပါတယ္။ ရာသီဥတုက အေတာ္ေလးခ်မ္းစိမ့္ေနတာဆိုေတာ့ သူ႔ကို ေဘးနားက နန္းေဆာင္မွာ လက္ဖက္ရည္ေနြးေနြးေလးနဲ႔ တည္ခင္းဧည့္ခံရင္း ေစာင့္ထားခ္ိုင္းပါတယ္ဘုရား"
ရွစ္ဇီ အျမန္ပင္ စကားလမ္းေၾကာင္းလႊဲလိုက္၏။
"ဟုတ္ၿပီ၊ သူ႔ကို အခစားဝင္ခိုင္းလိုက္ေတာ့"
ခ်ူယြမ္က ခ်ာခနဲလွည့္ကာ အခန္းထဲျပန္ဝင္သြား၏။
"ၿပီးေတာ့ အမိန္႔ကိုထုတ္ျပန္လိုက္။ကိုယ္ေတာ္ တစ္ေနကုန္ ဒီစာၾကည့္ေဆာင္မွာပဲ စံျမန္းေနမယ္၊ အစီရင္ခံစာတင္စရာရိွတဲ့လူမွန္သမ်ွ အကုန္လာခဲ့လို႔။ အလုပ္မရိွရင္ေတာင္ စကားေတြလာေျပာေနေခ်လို႔"
"ဒါဆို.....မနက္စာ သံုးေဆာင္ဖို႔ကေရာဘုရား"
ရွစ္ဇီ သတိႀကီးႀကီးထားၿပီးေမးလိုက္၏။
"မစားေတာ့ဘူး"
"ဒါဆို ေန့လယ္စာအတြက္ အျမန္ေလး ခ်က္ၿပီး ျပင္ဆင္ထားခိုင္းလိုက္မယ္ေနာ္"
"ေန့လယ္စာလည္း မစားဘူး"
ခ်ူယြမ္ ေဒါသအလြန္ထြက္ေနၿပီျဖစ္၏။ ရွစ္ဇီက ၿပံဳးလိုက္ကာ ေခ်ာ့ေမာ့ၿပီးဆိုလာ၏။
"ဒါဆို ညစာကိုေရာ ဘာမ်ား -"
"ဆြီလန္ကို ေခၚလာခဲ့လို႔ေျပာေနတယ္ေလ!!!!!!"
စားပြဲေပၚ ဒုန္းခနဲရိုက္ခ်လာေသာ အသံႏွင့္အတူ ခ်ူယြမ္၏ ေအာ္သံ။
ရွစ္ဇီ - "......"
********
"ကုန္းကုန္း"
အမတ္မင္းဆြီက အတူတူလမ္းေလ်ွာက္လာရင္း ရွစ္ဇီအားေမးလာ၏။
"ဒီေန့ေရာ အရွင္မင္းျမတ္ ဘယ္လိုေနေသးလဲခင္ဗ်ာ။ ကြၽန္ေတာ္မ်ိဳး တင္ျပမယ့္ အစီရင္ခံစာက အေတာ္ေလးရႈပ္ေထြးေပြလီေနလို႔ပါ"
"ဒီေန့ေျပာမျွဖစ္မယ္ဆိုတဲ့အထိ အေရးမပါေသးရင္၊ ရႈပ္တဲ့ကိစၥလည္းျဖစ္ေနရင္ မေျပာေသးဘဲေနတာ ပိုေကာင္းပါမယ္ခင္ဗ်ာ"
ရွစ္ဇီက အသံႏိွမ့္ၿပီးဆက္ဆို၏။
"ဟိုးေနြၪီးကတည္းကေနခုခ်ိန္ထိ ၾကည့္လိုက္ရင္ အရွင္မင္းျမတ္က ဒီေန့မွာမွ စိတ္အညစ္ဆံုးျဖစ္ေနလို႔ပါ အမတ္မင္းခင္ဗ်ာ"
အမတ္မင္းဆြီခမ်ာ ေျခလွမ္းမ်ားပင္ ပ်က္သြားသည္။
******
ေနာက္နာရီဝက္ၾကာေတာ့ ရိွသမ်ွ မွဴးမတ္မ်ားအားလံုး နန္းေတာ္ထဲ ဆင့္ေခၚခံရသည္။ အလုပ္ရိွရိွမရိွရိွ ဟာသေတြလာေျပာကာ ေသာေသာညံေအာင္ေနရမည္တဲ့။ သို႔ႏွင့္ ေတာ္ဝင္စာၾကည့္ေဆာင္တြင္ လူမ်ားျပည့္ႏွက္စည္ကားသြားကာ ညဥ့္နက္ေတာ့မွ လူစူခြဲလိုက္ၾကေပ၏။
ခ်ူယြမ္လည္း အိပ္ခန္းေဆာင္ျပန္ေရာက္သည္ႏွင့္ အေဆာတလ်င္ ကိုယ္လက္သန္႔စင္လိုက္ကာ စကားတစ္ခြန္းမွမဟဘဲ သလြန္ေပၚလဲေလ်ာင္းလိုက္၏။ ထို႔ေနာက္ ေခါင္းၿမီးပါၿခံဳလိုက္ေသးသည္။
ရွစ္ဇီခမ်ာ ငိုရခက္ရယ္ရခက္ျဖစ္သြားသည္။ အရွင္မင္းျမတ္ ဤသို႔ေဒါသထြက္သည္မ်ိဳးမျမင္ရသည္မွာ ဆယ္စုႏွစ္တစ္ခုေတာင္ၾကာခဲ့ေခ်ၿပီ။ ထိုစဥ္က အရွင္မင္းျမတ္မွာ သက္ေတာ္ကိုးႏွစ္သာရိွေသးကာ ေဒါသူပုန္ထရျခင္းအေၾကာင္းရင္းမွာေတာ့ အတူတူပင္ျဖစ္သည္။ ဆိုလိုသည္မွာ ႏွစ္ႀကိမ္ႏွစ္ခါစလံုး ေဒါသူပုန္ထသည္မွာ ရွီးနန္ဝမ္ေၾကာင့္ခ်ည္းသာျဖစ္၏။
ေဝယံထက္တြင္ ပ်ံသန္းေဝ့ဝဲေနေသာ ႏွင္းပြင့္ေလးမ်ားမွာ ေမဟြားပင္၏ အကိုင္းအခက္မ်ားထက္ ဆင္းသက္ခိုနားသြားၾကသည္။ခ်မ္းစိမ့္ေနသည္ဆိုေသာ္ျငား ေမဟြားပန္းမ်ားမွာ ပိုလို႔ပင္ ပြင့္လန္းေဝျဖာေနကာ သင္းပ်ံ့ခ်ိဳေအးေသာ ရနံ႔ေမႊးေမႊးေလးမ်ားအား ေလၫွင္းႏွင့္အတူ ႏွင္းအပ္လႊင့္ပါးသြားေစ၏။
*****
ရွီးနန္စံအိမ္ေတာ္မွ စာလႊာမ်ားလည္း ခါတိုင္းလိုပင္ ေရာက္လာၿမဲ။ ယခုေတာ့ သြမ့္ေရွာင္ဝမ္ရယ္၏ လက္ေရးလက္သားမ်ားျပန္ျဖစ္သြားေခ်ၿပီ။ ေနာင္ေတာ္ႀကီးက သိုင္းက်င့္ႀကံေနဆဲျဖစ္ေၾကာင္း ၊ အရာအားလံုး အဆင္ေျပကာ ေဘးကင္းေနပါေၾကာင္းမ်ားသာ ပါလာ၏။
ခ်ူယြမ္က ထိုစာလႊာမ်ားအားလံုးကို ေခါက္ကာ အံဆြဲထဲ စုစည္းသိမ္းဆည္းထားလိုက္၏။
အရာအားလံုးအဆင္ေျပကာ ေဘးကင္းေနသည္တဲ့။
ဒါဆိုလည္း တျခားအရာျဖစ္သြားမွာထက္စာလ်ွင္ေတာ့ ေတာ္ပါေသးရဲ့။
******
ေကြၽ့ယင္နန္းႏွင့္ သူရိယစႏၵာေတာင္စခန္းဘက္ကလည္း ခ်ူယြမ္ဆီ အၿမဲမျပတ္ စာပို႔ေနခဲ့သည္။ ေက်ာက္ဝူက အက်ိဳးအေၾကာင္းရွင္းျပထားေသာေၾကာင့္ ခ်င္ေရွာက္ယြီလည္း အက်ိဳးအေၾကာင္းနားလည္ထားၿပီးျဖစ္ကာ ဤအေၾကာင္းကို လံုးဝမေပါက္ၾကားေစခဲ့ဘဲ ဝိုင္းဝန္းလ်ိႈ႔ဝွက္ေပးခဲ့သည္။ အရင္စာလႊာထဲမွ ခ်ူယြမ္ေတာင္းဆိုထားေသာ အခ်က္မ်ားကိုလက္ခံေၾကာင္း၊ နန္ယန္ရိွ လန္ခ်ဳန္းကြၽန္းေပၚသို႔ တပည့္မ်ားအား ေစလႊတ္ၿပီး အေျခအေနၾကည့္ေပးေစမည္ျဖစ္ေၾကာင္း အေၾကာင္းျပန္လိုက္သည္။
ယဲ့က်င့္ကေတာ့ မိမိေနာင္ေတာ္မွာ အဘယ္ေၾကာင့္မ်ား ေရႊခ်ည္ပိုးေကာင္ႏွင့္ ထ်ဲန္းခ်န္ရွားကို ဤမ်ွထိ သည္းသည္းလႈပ္ ရွာေဖြေနသနည္းဆိုသည့္ကိစၥကို နားမလည္ႏိုင္ခဲ့၊ မည္သူကမ်ား အဆိပ္သင့္ေနလို႔လဲဟု ေမးျပန္ရင္လည္း ခ်ူယြမ္ကေတာ့ အေသသာခံမည္၊ ဘယ္ေတာ့မွေျပာျပမည္မဟုတ္ဆိုေသာ လူစားမ်ိဳးျဖစ္ေနျပန္သည္။
*********
သူရ္ိယစႏၵာ ေတာင္စခန္းဝယ္။
"အရွင္မင္းျမတ္က ထုတ္ေတာင္မေျပာျပတဲ့ကိစၥကို မင္း မရရေအာင္သြားေမးၾကည့္မလို႔လား"
ရွန္ခ်န္းဖုန္းက ယဲ့က်င့္အား ေမးလာ၏။
"မေမးပါဘူး"
ယဲ့က်င္က ေဆးဖက္ဝင္လက္ဖက္ရည္ကို ျမည္းစမ္းေနလိုက္သည္၊ စိတ္ထဲမွာေတာ့ ေလးလံထိုင္းမိႈင္းေနဆဲပင္ျဖစ္၏။ ယဲ့က်င့္သည္လည္း အစတုန္းက ထ်ဲန္းခ်န္ရွားကို လံုးဝစိတ္မဝင္စားခဲ့၊ သို႔ေပမင့္ စာအႀကိမ္ႀကိမ္ေရာက္လာေတာ့ မေနႏိုင္ေတာ့ဘဲ သိခ်င္လာသည္။ ၾကာလာေလ ပို၍သံသယျဖစ္ဖြယ္ေကာင္းေလျဖစ္ကာ တစ္ခါတစ္ရံ ညႀကီးမင္းႀကီး ထထႏိုးလာကာ ဤကိစၥကို စိုးရိမ္တႀကီး ေတြးေနတတ္၏။
"တကယ္သိခ်င္တယ္ဆိုရင္ ေရႊၿမိဳ႔ေတာ္ဆီ ကိုယ္လိုက္ပို႔ေပးရမလား။ ႏွစ္ေယာက္သား မ်က္ႏွာခ်င္းဆိုင္ေတြ့ၿပီး ေမးရင္ေတာ့ ေျဖေလာက္မယ္ထင္တယ္"
"ခင္ဗ်ားက သူ႔ကို ဘာမွတ္ေနတာလဲဟမ္။ လမ္းေဘးက ကေလကေခ် လူႏံုလူအမ်ားမွတ္ေနသလား"
ယဲ့က်င္က ရွန္ခ်န္းဖုန္း၏ ရင္ဘတ္အား တစ္ခ်က္ထုလိုက္ၿပီး ဆက္ဆို၏။
"စာထဲမွာေတာင္ မေျပာျပဘူးဆိုေတာ့ လူခ်င္းသြားေတြ့လည္း ေျပာျပမွာမဟုတ္ဘူး။ အတင္းေမးလိုက္လို႔ နာမည္တစ္ခုခု ထုတ္ေျပာလိုက္ျပန္ရင္ ကြၽန္ေတာ္တို႔မသိတဲ့လူျဖစ္ေနရင္လည္း အလကားပဲ"
"အင္း၊ အေျခအေနပိုဆိုးလာရင္ ကိုယ္တို႔ မေမးဘဲနဲ႔ အရွင္မင္းျမတ္ကိုယ္ေတာ္တိုင္ ေျပာျပလာေလာက္ပါတယ္။ အခုခ်က္ခ်င္း သိမျွဖစ္မယ္ဆိုၿပီး မေလာေကာင္းပါဘူး၊ ဟုတ္တယ္ဟုတ္"
ရွန္ခ်န္းဖုန္းက သူ႔အား ေခ်ာ့ေမာ့ႏွစ္သိမ့္လာ၏။
"ထ်ဲန္းခ်န္ရွား......"
ယဲ့က်င့္က ေမးကိုေထာက္ရင္း ေတြးဆဆဆိုလာ၏။
"ကြၽန္ေတာ္ကိုယ္တိုင္ပဲ နန္ယန္ဘက္ဆင္းသြားလိုက္ရမလား"
"ရတယ္ေလ"
"ဘာကိုရတာလဲ၊ ကြၽန္ေတာ္က ေလ်ွာက္ေျပာေနတာေလ။ နန္ယန္ကိုသြားတဲ့ခရီးက အသြားအျပန္နဲ႔တင္ တစ္ႏွစ္ၾကာသြားရင္ေတာင္ အခ်ိန္မေလာက္ဘူးဗ်"
ရွန္မ်ိဳးႏြယ္၏ သားအႀကီးဆံုးျဖစ္သည့္အျပင္ လူသူအမ်ားလက္ခံထားေသာ ေလးစားရေသာ သိုင္းေလာကေခါင္ခ်ဳပ္ျဖစ္ေနေသာသူက အဘယ္မွာမ်ား ထိုမ်ွထိ အခ်ိန္အားလပ္မည္နည္း။
ရွန္ခ်န္းဖုန္းက ၿပံဳးလိုက္ကာ -
"တစ္ႏွစ္ဆိုလည္းတစ္ႏွစ္ေပါ့။ နန္ယန္ေလးပဲသြားတာကို၊ မင္းသြားခ်င္တယ္ဆိုရင္ ကိုယ္အေဖာ္လိုက္ေပးမွာပဲ"
ယဲ့က်င့္မွာ ရွန္ခ်န္းဖုန္းကိုၾကည့္ၿပီး မ်က္ေတာင္တဖ်တ္ဖ်တ္ခပ္ကာ မွင္သက္ေန၏။
ဒီလူႀကီးကေတာ့လား ......
ဒီလိုမ်ိဳး တံုးအအ အူလည္လည္ ပံုစံေလးလုပ္ျပလာရင္ အေသေခ်ာတာပဲ။
.
အေသေခ်ာတာပဲ။
.
အား၊ အေသေခ်ာတာပဲလို႔။
.
.
.
**********
2020.09.31.
**********