Transmigrating into a mob cha...

By SHIN_s

278K 52.1K 3.5K

Type : Web novel Author : Sha Xiao Wan Translators : Winter translators, Orange translations, Hell... More

Vol 1. Chapter 1
Vol 1 Chapter 2
Vol 1 Chapter 3
Vol 1 Chapter 4
Vol 1 chapter 5
Vol 1 Chapter 6
Vol 1 Chapter 7
Vol 1 Chapter 9
Vol 1: Chapter 10
Vol 1 : Chapter 11
Not update
Vol 1: Chapter 12
Vol 1 : Chapter 13
Vol 1 : Chapter 14
Vol 1 : Chapter 15
Vol 1 : Chapter 16
Vol 1 : Chapter 17
Vol 1 : Chapter 18
Vol 1 : Chapter 19
Vol 1 : Chapter 20
Vol 1 : Chapter 21
Vol 1 : Chapter 22
Vol 1 : Chapter 23
Vol 1 : Chapter 24
Vol 1 : Chapter 25
Vol 1 : Chapter 26
Vol 1 : Chapter 27
Vol 1 : Chapter 28
Vol 1 : Chapter 29
Vol 2 : Chapter 1
Vol 2 : Chapter 2
Vol 2 : Chapter 3
Vol 2 : Chapter 4
Vol 2 : Chapter 5
Vol 2 : Chapter 6
Vol 2 : Chapter 7
Vol 2 : Chapter 8
Vol 2 : Chapter 9
Vol 2 : Chapter 10
Vol 2 : Chapter 11
Vol 2 : Chapter 12
Vol 2 : Chapter 13
Vol 2 : Chapter 14
Vol 2 : Chapter 15
Vol 2 : Chapter 16
Vol 2 : Chapter 17
Vol 2 : Chapter 18
Vol 2 : Chapter 19
Vol 2 : Chapter 20
Vol 2 : Chapter 21
Vol 2 : Chapter 22
Vol2 : Chapter 23
Vol 3 : Chapter 1
Vol 3 : Chapter 2
Vol 3 : Chapter 3
Vol 3 : Chapter 4
Vol 3 : Chapter 5
Vol 3 : Chapter 6
Vol 3 : Chapter 7
Vol 3 : Chapter 8
Vol 3 : Chapter 9
Vol 3 : Chapter 10
Vol 3 : Chapter 11
Vol 3 : Chapter 12
Vol 3 : Chapter 13
Vol 3 : Chapter 14
⛔️ Notice ⛔️

Vol 1 Chapter 8

4.1K 897 42
By SHIN_s

<Zawgyi>

သူေခါင္းကိုေမာ့ၾကည့္လိုက္သည္ႏွင့္ ယုဇီေကြ်း သည္ သူ႔မ်က္ႏွာနားသို႔ ကပ္လာေသာ ႏႈတ္ခမ္းတစ္စံုကို ေတြ႔လိုက္ရ၏။ လင္းရွ ဘာလုပ္ဖို႔ႀကိဳးစားေနသည္ကို မသိေသာ္လည္း သူသည္ ေခတၱမွ် အသိစိတ္လြတ္သြားကာ သူ႔အေတြးေတြမဆံုးေသးမီမွာပင္ သူ႔လက္က လႈပ္ၿပီးေနေပၿပီ။

ခပ္သြယ္သြယ္ လက္ေလးတစ္ဖက္သည္ အရွိန္ျပင္းစြာ လႊဲရိုက္လိုက္သည္မွာ ရုတ္တရက္ဆန္လွသလို ေပါက္ကြဲတစ္ခုနီးပါးေလာက္ပင္ စြမ္းအားႀကီးမားလွသည္။ ယုဇီေကြ်း ၏ လက္သည္ လင္းရွ ၏ ညာဖက္ပါးတည့္တည့္ကို ရိုက္ခ်လိုက္ကာ ေရထုထည္ခံေနသည့္ၾကားမွပင္ သူ႔ကို ေပေပါင္းေျမာက္မ်ားစြာသို႔ လြင့္သြားေစေလသည္။

ယုဇီေကြ်း အသိျပန္ဝင္လာေသာအခါတြင္မူ လင္းရွ သည္ မလႈပ္မယွက္ႏွင့္ပင္ ေသေနေသာ အေလာင္းေကာင္ႀကီးကဲ့သို႔ ေရလယ္တြင္ ေပါေလာေပၚေနေပသည္။

" … " တခဏမွ် တိတ္ဆိတ္သြားၿပီးေနာက္တြင္မူ ယုဇီေကြ်း သည္ အလ်င္အျမန္ ေရကူးသြားကာ လင္းရွ ၏ ေကာ္လံကို ဆြဲ၍ ေရေပၚသို႔ ေရာက္ရန္ ေျခေထာက္ျဖင့္ အနည္းငယ္ ကူးခတ္လိုက္သည္။
(T/N; ကဲ ကဲ ေမွ်ာ္လင့္ေစာင့္စားေနတဲ့ first kiss ေလးဟာဆိုရင္ေတာ့ ပါးရိုက္ခံရၿပီး ပြဲၿပီးသြားပါသတဲ့ကြယ္။ 😂😂)

သူသည္ မတိုင္ခင္က ခံစားလိုက္ရေသာ ထိတ္လန္႔သည့္ ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္သြားေသာအခါ သူ႔ကိုယ္ထဲရွိ ကုန္ခန္းလုနီးပါး စြမ္းအင္မ်ားမွာ အံ့ၾသစရာေကာင္းေလာက္ေအာင္ ျပန္ျပည့္လာသည္ကို သတိထားမိသြားသည္။ မသိလွ်င္ ေရထဲတြင္ရွိေနသည့္ ေသးငယ္ကာ မေရမတြက္ႏိုင္သည့္ စြမ္းအားအမႈန္ေလးမ်ားက သူ႔ခႏၶာကိုယ္ထဲသို႔ ျဖည္းျဖည္းခ်င္း စီးဝင္ေနသကဲ့သို႔ပင္။

သို႔ေသာ္လည္း ယုဇီေကြ်း သည္ ေရေပၚသို႔ ရုန္းကန္တက္လာရေသာေၾကာင့္ အနည္းငယ္ ေမာဟိုက္ေနကာ လင္းရွ ၏ ပါးကို ခတ္ဆတ္ဆတ္ ရိုက္ရင္း ေအာ္ႏႈိးလိုက္၏။ " ေဟး ထေတာ့ ! အသံုးမက်လိုက္တာ ! "

လင္းရွ သည္ မ်က္လံုးမ်ားကို ျဖည္းညင္းစြာ ဖြင့္ၾကည့္ၿပီးေနာက္ အနည္းငယ္ မူးေဝေနသည့္ၾကားမွ သူပထမဆံုး သတိထားမိသည့္အရာမွာ သူ႔ပါးတစ္ဖက္မွာ နာက်င္လြန္း၍ မီးကြ်မ္းသြားသလားဟုေတာင္ ခံစားလိုက္ရျခင္းေပ။ သူသည္ အနည္းငယ္ အူေၾကာင္ေၾကာင္ျဖစ္ေနေသးေသာ္လည္း လက္ရွိတြင္ ေရထဲမွ မတက္ရေသးသည့္ အေျခအေနေၾကာင့္ မေႏွာင့္ေႏွးရဲပဲ ယုဇီေကြ်း ေနာက္သို႔လိုက္ကာသာ ကမ္းစပ္ဖက္သို႔ အားကုန္ကူးခတ္ေတာ့၏။

မၾကာခဏဆိုသလို ယုဇီေကြ်း သည္ သူ႔ကို တြဲ၍ကူးေပးရကာ လင္းရွ သည္ အံႀကိတ္ရင္း ႀကိဳးစားကူးခတ္၍ ေနာက္ဆံုးတြင္ ေျခာက္ေသြ႔ေသာ ကုန္းေျမေပၚသို႔ ေအာင္ျမင္စြာ ေရာက္လာႏိုင္ေလသည္။ သူတို႔ႏွစ္ေယာက္စလံုးမွာ အလြန္႔ကို ပင္ပန္းေနကာ ခြန္အားအနည္းငယ္မွ်ပင္ မက်န္ေတာ့သည့္အတြက္ ကမ္းေပၚသို႔ တြားသြားကာ တက္လာၾကရေလသည္။

လင္းရွ သည္ သူ႔ပါးကို ကိုင္ၾကည့္ၿပီးေနာက္ ယင္းမွာ ဝက္ေခါင္းနီးပါး ႀကီးမားေနသည္ဟု ေတြးလိုက္မိသည္ ! သူသည္ ေရထဲတြင္ ျဖစ္ပ်က္သြားသည္ကို အေသအခ်ာ ျပန္စဥ္းစားၾကည့္ၿပီးေနာက္ ရုတ္တရက္ႀကီးပင္ ဝမ္းေျမာက္သြားသလို ခံစားလိုက္ရ၏။

ထိုအခ်ိန္တုန္းက သူေဇာအကပ္လြန္ၿပီး အသိစိတ္ေပ်ာက္သြားေသာ္လည္း ထိုကိစၥကို တကယ္ႀကီး အေကာင္အထည္ မေဖာ္ျဖစ္သည္မွာ ကံေကာင္းလွေလသည္ ! မဟုတ္လွ်င္ သူေခါင္းတစ္ခုလံုး ဝက္ေခါင္းပံုျဖစ္ေအာင္ အရိုက္ခံရလွ်င္ေတာင္ ထိုျပႆနာကို ေျဖရွင္းႏိုင္မွာ မဟုတ္ေပ !

သူသည္ ယုဇီေကြ်း ကို သတိထားရင္းႏွင့္ပင္ တစ္ခ်က္ေခ်ာင္းၾကည့္လိုက္၏။ ႀကီးျမတ္လွသည့္ ဗီလိန္ေလး၏ ဆံပင္မ်ားမွာ ေရေၾကာင့္ အနည္းငယ္ ကပိုကရိုျဖစ္ေနသည့္အျပင္ ရွည္လ်ားႏူးညံ့ကာ မင္နက္ေရာင္ေတာက္ေနသည့္ ဆံႏြယ္အခ်ိဳ႕သည္ ပခံုးနားတြင္ ေလ်ာ့ရဲရဲျဖစ္ၿပီး ေက်ာက္စိမ္းကဲ့သို႔ေသာ အသားအေရေပၚတြင္ ကပ္တြယ္ေနေလသည္။ သူ၏ ႏႈတ္ခမ္းပါးမ်ားကမူ ခပ္တန္းတန္းျဖစ္ေနေလကာ သစ္အယ္သီးပံု မ်က္ဝန္းမ်ားသည္ မ်က္လံုးေထာင့္စြန္းရွိ ေသြးကဲ့သို႔ ရဲရဲနီေနသည့္ မွဲ႔ေလးႏွင့္ ေပါင္းစပ္လိုက္ရာတြင္ ျမင္သူတကာအား ဖမ္းစားႏိုင္သည့္ အၾကည့္တစ္ခ်က္ကို ျဖစ္ေပၚလာေစ၏။ သူသည္ အလြန္ငယ္ရြယ္ေသးေသာ္ျငားလည္း သူ႔အနီးတြင္မူ ဘုရင္တစ္ပါးႏွင့္တူသည့္ လႊမ္းမိုးမႈ ခပ္ေဖ်ာ့ေဖ်ာ့ပင္ ရွိေနေလသည္။

ယုဇီေကြ်း က သူ႔ကို ျပန္ၾကည့္လာေသာအခါ လင္းရွ သည္ အျပစ္ရွိသေယာင္ ခံစားလိုက္ရေသာေၾကာင့္ ခပ္ျမန္ျမန္ပင္ မ်က္လႊာခ်လိုက္ေလ၏။

သူတို႔ႏွင့္အတူ သေဘၤာပ်က္သည့္အထဲတြင္ ႂကြက္စုတ္ျဖစ္ခဲ့ရသူမ်ားသည္လည္း အေစာကတည္းကပင္ ကမ္းစပ္ကိုေရာက္ရွိကာ အနီးဝန္းက်င္တြင္ အနားယူေနျခင္း ျဖစ္ၾကေလရာ သူတို႔ကို ေတြ႔ရေသာအခါတြင္မူ ဆဲဆိုသံမ်ား ပြက္ပြက္ညံသြားေပသည္။

ေလွသမားထဲမွတစ္ဦးသည္ ေဒါသတႀကီးေျပးလာကာ လင္းရွ ကို လက္ညိွဳးထိုးရင္း " မင္း … ေခြးေကာင္ေလး ! ငါမင္းကို မွတ္မိတယ္ ! ငါ့ေလွကို ျပန္ေလ်ာ္ေပး ! "

လင္းရွ သည္ ပါးစပ္ထဲမွ ေရအနည္းငယ္ကို အန္ထုတ္လိုက္ၿပီးေနာက္ ႏွလံုးသားမ်ားပင္ အရည္ေပ်ာ္သြားေလာက္မည့္  စကားခ်ိဳခ်ိဳမ်ားကို ေလသံေပ်ာ့ေပ်ာ့ေလးႏွင့္ မရပ္မနား ေခ်ာ့ေျပာရင္း သူ႔တြင္က်န္သမွ် စြမ္းအင္ေက်ာက္တံုးမ်ားကို လိုက္ရွာေနရေပသည္။ သို႔ေသာ္လည္း ေလွသမားမ်ားသည္ မေက်နပ္ေသးပဲ သူ႔အကီ်ကိုပင္ ႏွံ႔ႏွံ႔စပ္စပ္ မရမကရွာကာ သူ႔တြင္ စြမ္းအင္ေက်ာက္တံုးမ်ား ထပ္မရွိေတာ့မွန္း ေသခ်ာသြားေသာအခါမွ လက္ေလ်ာ့လိုက္ၾကေလ၏။

အျခားေသာေလွသမားတစ္ဦးသည္ ယုဇီေကြ်း ထံသို႔ ရွာေဖြရန္ ခ်ဥ္းကပ္လာေသာအခါ ယုဇီေကြ်း သည္ ေခါင္းကို ေမာ့ၾကည့္လိုက္ၿပီး မ်က္လံုးထဲတြင္မူ ရက္စက္သည့္ အရိပ္အေယာင္ ဖ်တ္ခနဲေပၚလာကာ လက္သီးကို တင္းတင္းဆုပ္လိုက္ေပ၏။ ထိုျမင္ကြင္းေၾကာင့္ ေလွသမားမ်ားသည္ ရင္ထဲတြင္ ေအးစိမ့္စိမ့္ ခံစားလိုက္ရၿပီး တစ္ခဏမွ် တုန္႔ဆိုင္းသြားကာ ေရွ႕သို႔ ဆက္မတိုးရဲေတာ့ေပ။

လင္းရွ သည္ ဝံပုေလြရိုင္းတစ္ေကာင္ထက္ပင္ ပို၍ ရက္စက္ကာ ၾကမ္းၾကဳတ္ဟန္ေပၚသည့္ ယုဇီေကြ်း ၏ အၾကည့္ေၾကာင့္ ထိတ္လန္႔သြားသည္ မွန္ေသာ္လည္း ခ်က္ခ်င္းပင္ ထိုေကာင္ေလးကို သူ႔ေက်ာေနာက္သို႔ တြန္းပို႔ၿပီး ဝွက္ထားလိုက္၏။ သူသည္ ထိုေလွသမားမ်ားဖက္က နည္းနည္းေလးေရွ႕တိုးလိုက္တာနဲ႔ ယုဇီေကြ်း က ခ်က္ခ်င္းပင္ ျပန္တိုက္ခိုက္လိမ့္မည္ ဆိုသည္ကို ခြ်င္းခ်က္မရွိ ယံုေလသည္ !

သူအတြက္လည္း ထိုသို႔ ထူးထူးဆန္းဆန္း အေျခအေနႀကီးအား ပထမဆံုး ၾကံဳဖူးျခင္းျဖစ္ေသာေၾကာင့္ အျခားသူမ်ားအား ေတာင္းပန္ကာ ကတိမ်ား အထပ္ထပ္ေပးလိုက္ရသည္မွာ သူ႔လည္ေခ်ာင္းတစ္ခုလံုး ေျခာက္ေသြ႔ အက္ကြဲေတာ့မည္ဟု ထင္ရသည္အထိေပ။ အဆံုးတြင္မူ သူ႔နာမည္ႏွင့္ အေႂကြးလက္မွတ္ ထိုးေပးလိုက္ေသာအခါမွသာ ေလွသမားေခါင္းေဆာင္သည္ သူတို႔ကို သြားခြင့္ ျပဳလိုက္ေပ၏။

မည္သို႔ပင္ ျဖစ္ေနပါေစ၊ သူတို႔ ၿမိဳ႕ထဲက ျပန္ထြက္ခ်င္သည္ဆိုလွ်င္ ေလွငွားရဦးမည္ပင္ျဖစ္ကာ အကယ္၍ ရွာက္ယန္ ဂိုဏ္းမွ တပည့္အျဖစ္ လက္ခံလိုက္ပါကလည္း ပိုက္ဆံျပန္မေပးႏိုင္မွာကို သူစိတ္ပူစရာ မရွိေတာ့ေပ။ ထို႔ေၾကာင့္ သူသည္ ထိုကေလးမ်ားကို ေလာေလာဆယ္တြင္ အတင္းအၾကပ္မလုပ္ပဲ အေလ်ာ့ေပးလိုက္ျခင္းပင္။

ခ်ဳန္းမင္ ၿမိဳ႕ေတာ္၏ ဂိတ္ဝေရွ႕သို႔ ေရာက္လာေသာအခါတြင္မူ လင္းရွ သည္ ကိုယ္ေရာစိတ္ပါ ပင္ပန္းလြန္းေနေသာေၾကာင့္ စိတ္လႈပ္ရွားမႈ နည္းနည္းေလးကိုပင္ မခံစားမိေခ်။

ဆုန္းေရွာင္ဟူ အေၾကာင္းကို ေတြးမိသြားေသာအခါ ခ်ဳန္းမင္ ၿမိဳ႕ေတာ္၏ အႀကီးဆံုး စားေသာက္ဆိုင္၏ ေနရာကို လိုက္လံေမးျမန္းၿပီးေနာက္ ယုဇီေကြ်း ကိုဆြဲကာ ထိုေနရာသို႔ အလ်င္စလို သြားေလေတာ့သည္။

လမ္းေပၚရွိ လူအခ်ိဳ႕သည္ လင္းရွ ကို တအံ့တၾသႏွင့္ လွည့္ၾကည့္ၾကေသာ္လည္း ကာယကံရွင္ကိုယ္တိုင္ကမူ ဘာကိုမွ် သတိမထားမိေခ်။ သူ၏ လက္ရွိ အသားအေရမွာ ယုဇီေကြ်း ၏ ေက်ာက္စိမ္းလိုျဖဴၿပီး ေႂကြသားလိုေခ်ာေမြ႔တဲ့ အသားအေရကို မမီဘူးဆိုေသာ္လည္း သာမန္လူထက္ေတာ့ ၾကည္လင္ကာ ေဖ်ာ့ေတာ့သည့္ အသားအေရ ရွိေလရာ ပါးေပၚရွိ နီရဲေယာင္ကိုင္းေနသည့္ လက္ဝါးရာႀကီးမွာ တထင္တရွား ျဖစ္ေနေပ၏။

ယုဇီေကြ်း သည္ အနည္းငယ္ေတြးေနၿပီး ေနာက္ဆံုးတြင္မူ သူ႔ပါးစပ္ကို ဟကာ သိခ်င္စိတ္ႏွင့္ သံသယမ်ား ေရာႁပြန္းေနသည့္ ေလသံႏွင့္ ေမးလာေလသည္။ " အေစာပိုင္းက၊ ေရထဲမွာ၊ အကို ဘာလုပ္ဖို႔ လုပ္ေနတာလဲ ? "

လင္းရွ ၏ အလ်င္လိုေနသည့္ ေျခလွမ္းမ်ားမွာ ရုတ္တရက္ တန္႔သြားေပသည္။ သူ၏ ႏွလံုးခုန္ႏႈန္းမ်ားမွာ ျမန္ဆန္လြန္းေသာေၾကာင့္ သူ႔နံရိုးမ်ားပင္ နာလာသေယာင္ ခံစားလိုက္မိ၏။

သူဘာေျပာသင့္လဲ ? သူ႔ကိုယ္သူကယ္တင္ဖို႔ ျမင့္ျမတ္လွတဲ့ ဗီလိန္ရဲ႕ အဖိုးတန္ၿပီး ေတာ္ဝင္ဆန္တဲ့ ႏႈတ္ခမ္းေတြကို ကိုက္မိေတာ့မလို႔ လို႔ ေျပာရမွာလား ? ဒီစကားေျပာၿပီးသြားရင္ သူမနက္ျဖန္ထြက္မယ့္ ေနကိုေတာင္ ျမင္ခြင့္ရွိပါေတာ့မလား ? ………

ကေလးေတြအတြက္ ေျပာျပလို႔မေကာင္းသည့္ အရာျဖစ္ေသာေၾကာင့္ သူသည္ ေသခ်ာေပါက္ ဤဗီလိန္ေလးအား ဖြင့္ဟ ေျပာျပမည္မဟုတ္ေပ ! ၿပီးေတာ့ ယုဇီေကြ်း ရဲ႕ ခႏၶာကိုယ္ထဲမွာ ေရစြမ္းအင္ရွိတဲ့အေၾကာင္း သူသိေနတာကို ဘယ္လိုရွင္းျပရမွာလဲ ?

ထို႔ေၾကာင့္ သူသည္ ရုပ္တည္ႏွင့္ပင္ လိမ္လိုက္ေပ၏။ " အကို႔ ပါးစပ္ထဲကို ငါးတစ္ေကာင္ဝင္သြားလို႔ ေထြးထုတ္ဖို႔ လုပ္ေနတာ။ "

" … … "  ယုဇီေကြ်း သည္ ထိုျမင္ကြင္းကို မ်က္လံုးထဲတြင္ ျမင္ေယာင္လာရာ ရြံရွာမႈေၾကာင့္ မ်က္ေမွာင္အနည္းငယ္က်ံဳ႕သြားၿပီး လင္းရွ ႏွင့္ သူ႔ၾကားတြင္ ပိုေဝးသြားေစရန္ ခပ္ခြာခြာေနလိုက္၏။

ခ်ဳန္းမင္ ၿမိဳ႕ေတာ္မွာ အလြန္ႀကီးမားကာ သူ၏ အေက်ာ္ၾကားဆံုး စားေသာက္ဆိုင္နာမည္ကမူ တိမ္လႊာေမွ်ာ္ေငး နန္းျမင့္သာ ဟု အမည္ရေပသည္။
(T/N; ကိုယ့္ရဲ႕ နာမည္ေပးစေကးေတြက တအားကို မိုက္တာပါေနာ္။ 😂😂)

လင္းရွ သည္ ထိုစားေသာက္ဆိုင္ကို တိမ္မ်ားၾကားတြင္ တည္ရွိေနဟန္ျဖစ္ေလေအာင္ လွပစြာေဆာက္လုပ္ထားသည္ကို ျမင္လိုက္ရေသာအခါ  ခဏတာမွ် ဆြံ႕အသြားရသည္။ ဒီလိုမ်ိဳးဟာက ထူးျခားၿပီး အံ့ၾသဖို႔ေကာင္းတယ္ဆိုတဲ့ ဂုဏ္ကိုရဖို႔ တကယ္ထိုက္တန္တယ္ ! ဝင္ထြက္သြားလာေနၾကသည့္ သူမ်ားအားလံုးမွာ ျမင့္ျမတ္ကာ ဂုဏ္သိကၡာရွိသည့္ မိသားစုႀကီးမ်ားမွ သခင္ေလး၊ သခင္မေလးမ်ားႏွင့္ နာမည္ႀကီးဂိုဏ္းမ်ားမွ ထူးခြ်န္ကာ ထက္ျမတ္လွသည့္ ဂိုဏ္းသားမ်ားသာ။ ထို႔ေၾကာင့္ လင္းရွ ႏွင့္ ယုဇီေကြ်း တို႔ အခန္းထဲသို႔ မဝင္ႏိုင္ခင္မွာပင္ သူတို႔ေရွ႕သို႔ လူတစ္ေယာက္ေရာက္လာကာ အထဲမဝင္ႏိုင္ေစရန္ လမ္းပိတ္ရပ္ထားလိုက္ေပသည္။

လင္းရွ သည္ ခ်က္ခ်င္းပင္ ယဥ္ေက်းကာ ေႏြးေထြးသည့္ အျပံဳးေလးျဖင့္ ေမၚလိုက္၏။ " လူႀကီးမင္း ဒီအေဆာက္အဦးထဲမွာ စီးေတာ္သတၱဝါတစ္ေကာင္နဲ႔ ခပ္ငယ္ငယ္ မိန္းကေလးတစ္ေယာက္ ရွိသလားဆိုတာကို သိလို႔ရမလား ? "

တိမ္လႊာေမွ်ာ္ေငး နန္းျမင့္သာ မွ စားပြဲထိုးမ်ားႏွင့္ တံခါးေစာင့္မ်ားအားလံုးသည္ အဆင့္တစ္ခုအထိ က်င့္ၾကံၿပီး ျဖစ္ၾကေလရာ လင္းရွ ႏွင့္ ယုဇီေကြ်း တို႔၏ ပံုသဏၭာန္ကို တစ္ခ်က္ၾကည့္လိုက္သည္ႏွင့္ ရွာက္ယန္ ဂိုဏ္းတြင္ စာရင္းသြင္းရန္လာသည့္ ဆင္းရဲသားမိသားစုမွ ကေလးမ်ားျဖစ္ေၾကာင္း ခ်က္ခ်င္း သိလိုက္ေပသည္။ လင္းရွ ၏ ပါးျပင္ေပၚရွိ လက္ဝါးရာကိုပါ ထည့္ေပါင္းလိုက္ေသာအခါ သူ႔အတြင္းစိတ္ရွိ အထင္ေသးမႈမ်ားမွာ ပိုမိုႀကီးမားလာၿပီး ပ်င္းရိပ်င္းတြဲ ဂရုမစိုက္ဟန္ႏွင့္ပင္ ျပန္ေျဖလာ၏။ " တကယ္ေတာ့၊ မင္းေျပာတဲ့ စီးေတာ္သတၱဝါနဲ႔ မိန္းကေလးက ဒီကိုလာခဲ့တယ္။ ဒါေပမယ့္ လြန္ခဲ့တဲ့ တစ္နာရီေလာက္ကတည္းက ျပန္သြားၿပီ။ "

လင္းရွ သည္ ျပံဳးကာ ယဥ္ယဥ္ေက်းေက်းပင္ ေက်းဇူးတင္စကားေျပာလိုက္ေသာ္လည္း ထိုစားပြဲထိုးကမူ အၾကည့္ေလးတစ္ခ်က္ပင္ မေပးပဲ အေဆာက္အအံုထဲသို႔ ျပန္ဝင္သြားေတာ့သည္။ လင္းရွ ၏ အထင္သာမွန္လွ်င္ ယြင္ေရွာက္ ဂိုဏ္းမွလူမ်ားပါ လာၿပီးသြားေလာက္ေခ်ၿပီ။ ခြ်႕ယု သည္ မည္မွ် ဆိုးသြမ္းကာ မသိတတ္သည့္ မမေလးျဖစ္သည္ဟု ဆိုေစကာမူ သူမဖခင္ အျပစ္ေပးမွာကိုေတာ့ ေၾကာက္ရေလရာ သူ၏ ဆရာတူ အကိုမ်ားမွ ဂိုဏ္းခ်ဳပ္နာမည္သံုး၍ အတင္းအၾကပ္ျပန္ေခၚသြားျခင္း ျဖစ္ဖို႔ မ်ားေလသည္။ သူတို႔သည္ ရွာက္ယန္ ဂိုဏ္းကို ကူဖို႔လာသည္ဆိုမွေတာ့ သူတို႔ကို ဆက္ရွာရန္ ရွာက္ယန္ ဂိုဏ္းသို႔သာ သြားရေပေတာ့မည္။

သူသည္ စဥ္းစားေတြးေတာေနစဥ္မွာပင္ ယုဇီေကြ်း သည္ သိသိသာသာပင္ အျပစ္တင္ေဝဖန္ဟန္ ေပါက္ေလသည့္ ေလသံႏွင့္ ရုတ္တရက္ ထေမးလာ၏။ " အကို႔ကို သူတို႔က ဒီလိုဆက္ဆံတာေတာင္ အကိုက ဘယ္လိုလုပ္ၿပီး ျပန္ျပံဳးျပေနႏိုင္ေသးတာလဲ ? "

လင္းရွ သည္ ေသေသခ်ာခ်ာ မေတြးပဲ ျပန္ေမးလိုက္ေပသည္။ " သူတို႔ဆိုတာက ? "

" ဟို ေလွသမားႏွစ္ေယာက္ေလ၊ " ယုဇီေကြ်း သည္ သူ႔အမူအရာကို အေသအခ်ာၾကည့္ရင္း ေျဖလာ၏။ " ၿပီးေတာ့ ခုနက စားပြဲထိုးေရာေပါ့။ "

ထပ္ေျပာရလွ်င္ သူကိုယ္တိုင္ပင္ ေရထဲတြင္ လင္းရွ ၏ ပါးကို ရိုက္မိဖူးေလရာ တစ္ဖက္သားက စိတ္မဆိုးဘူးဆိုသည္မွာ မည္သို႔ ျဖစ္ႏိုင္ပါမည္နည္း ?

ႀကီးက်ယ္ျမင့္ျမတ္လွသည့္ ဗီလိန္ေလးသည္ မ်က္လံုးကို ေမွးက်ဥ္းကာ အာရံုစူးစိုက္မႈ အျပည့္ႏွင့္ျဖစ္ေနသည္ကို ေတြ႕လိုက္ရေသာအခါ လင္းရွ သည္လည္း သူ႔စိတ္သူျပန္စုစည္းလိုက္ရင္း ျဖည္းျဖည္းခ်င္းျပန္ေျပာလာ၏။ " အဲ့ဒီေလွ နစ္သြားတာက ငါတို႔ေၾကာင့္လည္း ပါတယ္ေလ။ ဒါက သူတို႔ရဲ႕ အသက္ေမြးဝမ္းေၾကာင္း အလုပ္ပဲဟာ၊ သူတို႔ စိတ္ဆိုးၾကတာ မဆန္းပါဘူး။ သူတို႔ က အကိုတို႔ကို ဆက္ျပႆနာမရွာပဲ လႊတ္ေပးလိုက္တာကိုက ေက်းဇူးတင္စရာ ေကာင္းေနပါၿပီ။ ၿပီးေတာ့လည္း ဟိုစားပြဲထိုးက ငါတို႔ေမးတာကို ျပန္ေျဖေပးေသးတာပဲမဟုတ္လား ? သူတို႔မွာလည္း ဆိုင္ရဲ႕ စည္းမ်ဥ္းေတြကို လိုက္နာဖို႔ရွိေသးေတာ့ … "

ထို ႀကီးျမတ္လွသည့္ ဗီလိန္ေလးက သူ႔ကို သံသယအျပည့္ျဖင့္ ၾကည့္ေနေသာအခါ ခ်က္ခ်င္းပင္ ေႏြးေႏြးေထြးေထြးျပံဳးျပလိုက္ကာ ဆက္ေျပာေလ၏။ " အကယ္လို႔ တျခားသူေတြက မင္းအေပၚ မေကာင္းဘူးဆိုရင္ေတာင္ မင္းသူတို႔ကို ျပံဳးျပသင့္တယ္။ ဒါဆိုရင္ တစ္ခ်ိန္ခ်ိန္မွာ မင္းကို ျပန္ျပံဳးျပမယ့္သူ ေပၚလာလိမ့္မယ္ ! ဒီကမာ႓ေပၚမွာ မမွ်မတတဲ့ ကိစၥေတြ အမ်ားႀကီးရွိတယ္ ဆိုေပမယ့္လည္း တခ်ိဳ႕ကိစၥေတြနဲ႔ တခ်ိဳ႕လူေတြက အရမ္းအံ့ၾသစရာေကာင္းၿပီး တန္ဖိုးထားဖို႔ ထိုက္တန္တယ္ … … "

လင္းရွ သည္ သူယခင္က ဖတ္ဖူးသည့္ ယိလင္ ဘဝအေတြးအေခၚ စာအုပ္မ်ားမွ စာသားမ်ားကို ေသေသခ်ာခ်ာ ျပန္စဥ္းစားေနရင္းပင္ သူ၏ နဂို ေကာင္းမြန္လွသည့္ အသံကို ပို၍ ႏူးညံ့ကာ ညင္သာသည့္ ေလသံျဖစ္ေလေအာင္ ခ်ိဳခ်ိဳသာသာေျပာကာ အနာဂတ္၏ ဗီလိန္ေလးကို နားခ်ေနေပ၏။
(T/N; author ေျပာတာေတာ့ ယိလင္ စာအုပ္ဆိုတာက ကေလးေလးေတြကို လိမၼာယဥ္ေက်းေအာင္ သင္ေပးတဲ့ စာအုပ္မ်ိဳးပါတဲ့။ )

အား၊ ငါ့ရဲ႕ ခ်စ္လွစြာေသာ ဗီလိန္ေလးရယ္၊ ဇာတ္လိုက္နဲ႔ အတူလိုက္ၿပီး နေရာင္ေအာက္မွာ ဘဝကို ပ်ာ္ေပ်ာ္ပါးပါး ဖတ္သန္းလိုက္စမ္းပါ ! ဒါကမွ မင္းျဖစ္သင့္တဲ့ ဘဝပဲ !!!

လင္းရွ သည္ ဗီလိန္ေလးအား နားခ်ေလ သူ၏ ႏွလံုးသားေလးမွ ခံစားလာရေလ ျဖစ္ရာ မ်က္လံုးမွ မ်က္ရည္မ်ား ထြက္က်လာေတာ့မတတ္ေပ။

သို႔ေသာ္လည္း သူ႔ပါးစပ္တစ္ခုလံုးေျခာက္ေသြ႔ကာ အာေပါက္မတတ္မွ် နားခ်ၿပီးေနာက္ သူသည္ ျမင့္ျမတ္လွသည့္ ဗီလိန္ေလးထံသို႔ ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္ လွမ္းၾကည့္လိုက္ေသာအခါတြင္မူ သူ႔ႏွလံုးသားေလးမွာ ကြဲေၾကသြားရေတာ့၏။

ယုဇီေကြ်း သည္ အလြန္တရာမွကို တံုးအကာ စဥ္းစားဆင္ျခင္ဉာဏ္မရွိသူ တစ္ေယာက္ကို မ်က္ျမင္ေတြ႔ေနရသကဲ့သို႔ မ်က္ႏွာတစ္ခုလံုးတြင္   အထင္ေသးမႈမ်ား ျပည့္ႏွက္ေနကာ အသံက်ယ္က်ယ္ျဖင့္ ေျပာလာေပသည္။ " မင္းက တကယ္ တံုးတာပဲ၊ ဟမ္။ မင္းက ငါ့ထက္ႀကီးတယ္ဆိုေပမယ့္ မင္းေခါင္းတစ္ခုလံုးမွာ ဆုန္းေရွာင္ဟူ ထက္ေတာင္ ပိုအူေၾကာင္ေၾကာင္ႏိုင္ၿပီး အသံုးမက်တဲ့ဟာေတြနဲ႔ ျပည့္ေနတာပဲ ! "

သူက ဆက္ေျပာလာ၏။ " အကယ္လို႔ တျခားသူေတြက ကြ်န္ေတာ့္ကို ေကာင္းေကာင္းမဆက္ဆံဘူးဆိုရင္ ကြ်န္ေတာ္လုပ္သင့္တာက သူတို႔ကို ကြ်န္ေတာ့္ထက္ ဆယ္ဆေလာက္ပိုၿပီး ခံစားရေအာင္ လုပ္ဖို႔ပဲ … တျခားသူေတြ ကြ်န္ေတာ့္ကို ျပံဳးျပတာ၊ မျပံဳးျပတာ၊ ကြ်န္ေတာ့္အေပၚ ေကာင္းတာ၊ မေကာင္းတာကို ဘာကိစၥဂရုစိုက္ေနရမွာလဲ ? "

" … … " လင္းရွ သည္ မသိလိုက္မသိဘာသာပင္ သူ႔ပါးေပၚရွိ နီရဲေယာင္ကိုင္းေနသည့္ လက္ငါးေခ်ာင္းရာကို ပြတ္လိုက္မိကာ စိတ္ထဲတြင္မူ စာသားအခ်ိဳ႕က အလိုလို ေပၚလာ၏ :

ဒီလိုမ်ိဳး သာက္သံုးမက်တဲ့ ကမာ႓ႀကီးကလံုးဝ ဖ်က္ဆီးလိုက္သင့္တာပဲ

မင္း.က.ဘာ.လို႔.ဒီ.လို.ျဖစ္.ေန.ရ.တာ.လဲ.ကြာ !

~~~
<Unicode>

သူခေါင်းကိုမော့ကြည့်လိုက်သည်နှင့် ယုဇီကျွေး သည် သူ့မျက်နှာနားသို့ ကပ်လာသော နှုတ်ခမ်းတစ်စုံကို တွေ့လိုက်ရ၏။ လင်းရှ ဘာလုပ်ဖို့ကြိုးစားနေသည်ကို မသိသော်လည်း သူသည် ခေတ္တမျှ အသိစိတ်လွတ်သွားကာ သူ့အတွေးတွေမဆုံးသေးမီမှာပင် သူ့လက်က လှုပ်ပြီးနေပေပြီ။

ခပ်သွယ်သွယ် လက်လေးတစ်ဖက်သည် အရှိန်ပြင်းစွာ လွှဲရိုက်လိုက်သည်မှာ ရုတ်တရက်ဆန်လှသလို ပေါက်ကွဲတစ်ခုနီးပါးလောက်ပင် စွမ်းအားကြီးမားလှသည်။ ယုဇီကျွေး ၏ လက်သည် လင်းရှ ၏ ညာဖက်ပါးတည့်တည့်ကို ရိုက်ချလိုက်ကာ ရေထုထည်ခံနေသည့်ကြားမှပင် သူ့ကို ပေပေါင်းမြောက်များစွာသို့ လွင့်သွားစေလေသည်။

ယုဇီကျွေး အသိပြန်ဝင်လာသောအခါတွင်မူ လင်းရှ သည် မလှုပ်မယှက်နှင့်ပင် သေနေသော အလောင်းကောင်ကြီးကဲ့သို့ ရေလယ်တွင် ပေါလောပေါ်နေပေသည်။

" … " တခဏမျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ ယုဇီကျွေး သည် အလျင်အမြန် ရေကူးသွားကာ လင်းရှ ၏ ကော်လံကို ဆွဲ၍ ရေပေါ်သို့ ရောက်ရန် ခြေထောက်ဖြင့် အနည်းငယ် ကူးခတ်လိုက်သည်။
(T/N; ကဲ ကဲ မျှော်လင့်စောင့်စားနေတဲ့ first kiss လေးဟာဆိုရင်တော့ ပါးရိုက်ခံရပြီး ပွဲပြီးသွားပါသတဲ့ကွယ်။ 😂😂)

သူသည် မတိုင်ခင်က ခံစားလိုက်ရသော ထိတ်လန့်သည့် ခံစားချက်ကို ထိန်းချုပ်နိုင်သွားသောအခါ သူ့ကိုယ်ထဲရှိ ကုန်ခန်းလုနီးပါး စွမ်းအင်များမှာ အံ့သြစရာကောင်းလောက်အောင် ပြန်ပြည့်လာသည်ကို သတိထားမိသွားသည်။ မသိလျှင် ရေထဲတွင်ရှိနေသည့် သေးငယ်ကာ မရေမတွက်နိုင်သည့် စွမ်းအားအမှုန်လေးများက သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်း စီးဝင်နေသကဲ့သို့ပင်။

သို့သော်လည်း ယုဇီကျွေး သည် ရေပေါ်သို့ ရုန်းကန်တက်လာရသောကြောင့် အနည်းငယ် မောဟိုက်နေကာ လင်းရှ ၏ ပါးကို ခတ်ဆတ်ဆတ် ရိုက်ရင်း အော်နှိုးလိုက်၏။ " ဟေး ထတော့ ! အသုံးမကျလိုက်တာ ! "

လင်းရှ သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်ပြီးနောက် အနည်းငယ် မူးဝေနေသည့်ကြားမှ သူပထမဆုံး သတိထားမိသည့်အရာမှာ သူ့ပါးတစ်ဖက်မှာ နာကျင်လွန်း၍ မီးကျွမ်းသွားသလားဟုတောင် ခံစားလိုက်ရခြင်းပေ။ သူသည် အနည်းငယ် အူကြောင်ကြောင်ဖြစ်နေသေးသော်လည်း လက်ရှိတွင် ရေထဲမှ မတက်ရသေးသည့် အခြေအနေကြောင့် မနှောင့်နှေးရဲပဲ ယုဇီကျွေး နောက်သို့လိုက်ကာသာ ကမ်းစပ်ဖက်သို့ အားကုန်ကူးခတ်တော့၏။

မကြာခဏဆိုသလို ယုဇီကျွေး သည် သူ့ကို တွဲ၍ကူးပေးရကာ လင်းရှ သည် အံကြိတ်ရင်း ကြိုးစားကူးခတ်၍ နောက်ဆုံးတွင် ခြောက်သွေ့သော ကုန်းမြေပေါ်သို့ အောင်မြင်စွာ ရောက်လာနိုင်လေသည်။ သူတို့နှစ်ယောက်စလုံးမှာ အလွန့်ကို ပင်ပန်းနေကာ ခွန်အားအနည်းငယ်မျှပင် မကျန်တော့သည့်အတွက် ကမ်းပေါ်သို့ တွားသွားကာ တက်လာကြရလေသည်။

လင်းရှ သည် သူ့ပါးကို ကိုင်ကြည့်ပြီးနောက် ယင်းမှာ ဝက်ခေါင်းနီးပါး ကြီးမားနေသည်ဟု တွေးလိုက်မိသည် ! သူသည် ရေထဲတွင် ဖြစ်ပျက်သွားသည်ကို အသေအချာ ပြန်စဉ်းစားကြည့်ပြီးနောက် ရုတ်တရက်ကြီးပင် ဝမ်းမြောက်သွားသလို ခံစားလိုက်ရ၏။

ထိုအချိန်တုန်းက သူဇောအကပ်လွန်ပြီး အသိစိတ်ပျောက်သွားသော်လည်း ထိုကိစ္စကို တကယ်ကြီး အကောင်အထည် မဖော်ဖြစ်သည်မှာ ကံကောင်းလှလေသည် ! မဟုတ်လျှင် သူခေါင်းတစ်ခုလုံး ဝက်ခေါင်းပုံဖြစ်အောင် အရိုက်ခံရလျှင်တောင် ထိုပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပေ !

သူသည် ယုဇီကျွေး ကို သတိထားရင်းနှင့်ပင် တစ်ချက်ချောင်းကြည့်လိုက်၏။ ကြီးမြတ်လှသည့် ဗီလိန်လေး၏ ဆံပင်များမှာ ရေကြောင့် အနည်းငယ် ကပိုကရိုဖြစ်နေသည့်အပြင် ရှည်လျားနူးညံ့ကာ မင်နက်ရောင်တောက်နေသည့် ဆံနွယ်အချို့သည် ပခုံးနားတွင် လျော့ရဲရဲဖြစ်ပြီး ကျောက်စိမ်းကဲ့သို့သော အသားအရေပေါ်တွင် ကပ်တွယ်နေလေသည်။ သူ၏ နှုတ်ခမ်းပါးများကမူ ခပ်တန်းတန်းဖြစ်နေလေကာ သစ်အယ်သီးပုံ မျက်ဝန်းများသည် မျက်လုံးထောင့်စွန်းရှိ သွေးကဲ့သို့ ရဲရဲနီနေသည့် မှဲ့လေးနှင့် ပေါင်းစပ်လိုက်ရာတွင် မြင်သူတကာအား ဖမ်းစားနိုင်သည့် အကြည့်တစ်ချက်ကို ဖြစ်ပေါ်လာစေ၏။ သူသည် အလွန်ငယ်ရွယ်သေးသော်ငြားလည်း သူ့အနီးတွင်မူ ဘုရင်တစ်ပါးနှင့်တူသည့် လွှမ်းမိုးမှု ခပ်ဖျော့ဖျော့ပင် ရှိနေလေသည်။

ယုဇီကျွေး က သူ့ကို ပြန်ကြည့်လာသောအခါ လင်းရှ သည် အပြစ်ရှိသယောင် ခံစားလိုက်ရသောကြောင့် ခပ်မြန်မြန်ပင် မျက်လွှာချလိုက်လေ၏။

သူတို့နှင့်အတူ သင်္ဘောပျက်သည့်အထဲတွင် ကြွက်စုတ်ဖြစ်ခဲ့ရသူများသည်လည်း အစောကတည်းကပင် ကမ်းစပ်ကိုရောက်ရှိကာ အနီးဝန်းကျင်တွင် အနားယူနေခြင်း ဖြစ်ကြလေရာ သူတို့ကို တွေ့ရသောအခါတွင်မူ ဆဲဆိုသံများ ပွက်ပွက်ညံသွားပေသည်။

လှေသမားထဲမှတစ်ဦးသည် ဒေါသတကြီးပြေးလာကာ လင်းရှ ကို လက်ညှိုးထိုးရင်း " မင်း … ခွေးကောင်လေး ! ငါမင်းကို မှတ်မိတယ် ! ငါ့လှေကို ပြန်လျော်ပေး ! "

လင်းရှ သည် ပါးစပ်ထဲမှ ရေအနည်းငယ်ကို အန်ထုတ်လိုက်ပြီးနောက် နှလုံးသားများပင် အရည်ပျော်သွားလောက်မည့်  စကားချိုချိုများကို လေသံပျော့ပျော့လေးနှင့် မရပ်မနား ချော့ပြောရင်း သူ့တွင်ကျန်သမျှ စွမ်းအင်ကျောက်တုံးများကို လိုက်ရှာနေရပေသည်။ သို့သော်လည်း လှေသမားများသည် မကျေနပ်သေးပဲ သူ့အကျီကိုပင် နှံ့နှံ့စပ်စပ် မရမကရှာကာ သူ့တွင် စွမ်းအင်ကျောက်တုံးများ ထပ်မရှိတော့မှန်း သေချာသွားသောအခါမှ လက်လျော့လိုက်ကြလေ၏။

အခြားသောလှေသမားတစ်ဦးသည် ယုဇီကျွေး ထံသို့ ရှာဖွေရန် ချဉ်းကပ်လာသောအခါ ယုဇီကျွေး သည် ခေါင်းကို မော့ကြည့်လိုက်ပြီး မျက်လုံးထဲတွင်မူ ရက်စက်သည့် အရိပ်အယောင် ဖျတ်ခနဲပေါ်လာကာ လက်သီးကို တင်းတင်းဆုပ်လိုက်ပေ၏။ ထိုမြင်ကွင်းကြောင့် လှေသမားများသည် ရင်ထဲတွင် အေးစိမ့်စိမ့် ခံစားလိုက်ရပြီး တစ်ခဏမျှ တုန့်ဆိုင်းသွားကာ ရှေ့သို့ ဆက်မတိုးရဲတော့ပေ။

လင်းရှ သည် ဝံပုလွေရိုင်းတစ်ကောင်ထက်ပင် ပို၍ ရက်စက်ကာ ကြမ်းကြုတ်ဟန်ပေါ်သည့် ယုဇီကျွေး ၏ အကြည့်ကြောင့် ထိတ်လန့်သွားသည် မှန်သော်လည်း ချက်ချင်းပင် ထိုကောင်လေးကို သူ့ကျောနောက်သို့ တွန်းပို့ပြီး ဝှက်ထားလိုက်၏။ သူသည် ထိုလှေသမားများဖက်က နည်းနည်းလေးရှေ့တိုးလိုက်တာနဲ့ ယုဇီကျွေး က ချက်ချင်းပင် ပြန်တိုက်ခိုက်လိမ့်မည် ဆိုသည်ကို ချွင်းချက်မရှိ ယုံလေသည် !

သူအတွက်လည်း ထိုသို့ ထူးထူးဆန်းဆန်း အခြေအနေကြီးအား ပထမဆုံး ကြုံဖူးခြင်းဖြစ်သောကြောင့် အခြားသူများအား တောင်းပန်ကာ ကတိများ အထပ်ထပ်ပေးလိုက်ရသည်မှာ သူ့လည်ချောင်းတစ်ခုလုံး ခြောက်သွေ့ အက်ကွဲတော့မည်ဟု ထင်ရသည်အထိပေ။ အဆုံးတွင်မူ သူ့နာမည်နှင့် အကြွေးလက်မှတ် ထိုးပေးလိုက်သောအခါမှသာ လှေသမားခေါင်းဆောင်သည် သူတို့ကို သွားခွင့် ပြုလိုက်ပေ၏။

မည်သို့ပင် ဖြစ်နေပါစေ၊ သူတို့ မြို့ထဲက ပြန်ထွက်ချင်သည်ဆိုလျှင် လှေငှားရဦးမည်ပင်ဖြစ်ကာ အကယ်၍ ရှောက်ယန် ဂိုဏ်းမှ တပည့်အဖြစ် လက်ခံလိုက်ပါကလည်း ပိုက်ဆံပြန်မပေးနိုင်မှာကို သူစိတ်ပူစရာ မရှိတော့ပေ။ ထို့ကြောင့် သူသည် ထိုကလေးများကို လောလောဆယ်တွင် အတင်းအကြပ်မလုပ်ပဲ အလျော့ပေးလိုက်ခြင်းပင်။

ချုန်းမင် မြို့တော်၏ ဂိတ်ဝရှေ့သို့ ရောက်လာသောအခါတွင်မူ လင်းရှ သည် ကိုယ်ရောစိတ်ပါ ပင်ပန်းလွန်းနေသောကြောင့် စိတ်လှုပ်ရှားမှု နည်းနည်းလေးကိုပင် မခံစားမိချေ။

ဆုန်းရှောင်ဟူ အကြောင်းကို တွေးမိသွားသောအခါ ချုန်းမင် မြို့တော်၏ အကြီးဆုံး စားသောက်ဆိုင်၏ နေရာကို လိုက်လံမေးမြန်းပြီးနောက် ယုဇီကျွေး ကိုဆွဲကာ ထိုနေရာသို့ အလျင်စလို သွားလေတော့သည်။

လမ်းပေါ်ရှိ လူအချို့သည် လင်းရှ ကို တအံ့တသြနှင့် လှည့်ကြည့်ကြသော်လည်း ကာယကံရှင်ကိုယ်တိုင်ကမူ ဘာကိုမျှ သတိမထားမိချေ။ သူ၏ လက်ရှိ အသားအရေမှာ ယုဇီကျွေး ၏ ကျောက်စိမ်းလိုဖြူပြီး ကြွေသားလိုချောမွေ့တဲ့ အသားအရေကို မမီဘူးဆိုသော်လည်း သာမန်လူထက်တော့ ကြည်လင်ကာ ဖျော့တော့သည့် အသားအရေ ရှိလေရာ ပါးပေါ်ရှိ နီရဲယောင်ကိုင်းနေသည့် လက်ဝါးရာကြီးမှာ တထင်တရှား ဖြစ်နေပေ၏။

ယုဇီကျွေး သည် အနည်းငယ်တွေးနေပြီး နောက်ဆုံးတွင်မူ သူ့ပါးစပ်ကို ဟကာ သိချင်စိတ်နှင့် သံသယများ ရောပြွန်းနေသည့် လေသံနှင့် မေးလာလေသည်။ " အစောပိုင်းက၊ ရေထဲမှာ၊ အကို ဘာလုပ်ဖို့ လုပ်နေတာလဲ ? "

လင်းရှ ၏ အလျင်လိုနေသည့် ခြေလှမ်းများမှာ ရုတ်တရက် တန့်သွားပေသည်။ သူ၏ နှလုံးခုန်နှုန်းများမှာ မြန်ဆန်လွန်းသောကြောင့် သူ့နံရိုးများပင် နာလာသယောင် ခံစားလိုက်မိ၏။

သူဘာပြောသင့်လဲ ? သူ့ကိုယ်သူကယ်တင်ဖို့ မြင့်မြတ်လှတဲ့ ဗီလိန်ရဲ့ အဖိုးတန်ပြီး တော်ဝင်ဆန်တဲ့ နှုတ်ခမ်းတွေကို ကိုက်မိတော့မလို့ လို့ ပြောရမှာလား ? ဒီစကားပြောပြီးသွားရင် သူမနက်ဖြန်ထွက်မယ့် နေကိုတောင် မြင်ခွင့်ရှိပါတော့မလား ? ………

ကလေးတွေအတွက် ပြောပြလို့မကောင်းသည့် အရာဖြစ်သောကြောင့် သူသည် သေချာပေါက် ဤဗီလိန်လေးအား ဖွင့်ဟ ပြောပြမည်မဟုတ်ပေ ! ပြီးတော့ ယုဇီကျွေး ရဲ့ ခန္ဓာကိုယ်ထဲမှာ ရေစွမ်းအင်ရှိတဲ့အကြောင်း သူသိနေတာကို ဘယ်လိုရှင်းပြရမှာလဲ ?

ထို့ကြောင့် သူသည် ရုပ်တည်နှင့်ပင် လိမ်လိုက်ပေ၏။ " အကို့ ပါးစပ်ထဲကို ငါးတစ်ကောင်ဝင်သွားလို့ ထွေးထုတ်ဖို့ လုပ်နေတာ။ "

" … … "  ယုဇီကျွေး သည် ထိုမြင်ကွင်းကို မျက်လုံးထဲတွင် မြင်ယောင်လာရာ ရွံရှာမှုကြောင့် မျက်မှောင်အနည်းငယ်ကျုံ့သွားပြီး လင်းရှ နှင့် သူ့ကြားတွင် ပိုဝေးသွားစေရန် ခပ်ခွာခွာနေလိုက်၏။

ချုန်းမင် မြို့တော်မှာ အလွန်ကြီးမားကာ သူ၏ အကျော်ကြားဆုံး စားသောက်ဆိုင်နာမည်ကမူ တိမ်လွှာမျှော်ငေး နန်းမြင့်သာ ဟု အမည်ရပေသည်။
(T/N; ကိုယ့်ရဲ့ နာမည်ပေးစကေးတွေက တအားကို မိုက်တာပါနော်။ 😂😂)

လင်းရှ သည် ထိုစားသောက်ဆိုင်ကို တိမ်များကြားတွင် တည်ရှိနေဟန်ဖြစ်လေအောင် လှပစွာဆောက်လုပ်ထားသည်ကို မြင်လိုက်ရသောအခါ  ခဏတာမျှ ဆွံ့အသွားရသည်။ ဒီလိုမျိုးဟာက ထူးခြားပြီး အံ့သြဖို့ကောင်းတယ်ဆိုတဲ့ ဂုဏ်ကိုရဖို့ တကယ်ထိုက်တန်တယ် ! ဝင်ထွက်သွားလာနေကြသည့် သူများအားလုံးမှာ မြင့်မြတ်ကာ ဂုဏ်သိက္ခာရှိသည့် မိသားစုကြီးများမှ သခင်လေး၊ သခင်မလေးများနှင့် နာမည်ကြီးဂိုဏ်းများမှ ထူးချွန်ကာ ထက်မြတ်လှသည့် ဂိုဏ်းသားများသာ။ ထို့ကြောင့် လင်းရှ နှင့် ယုဇီကျွေး တို့ အခန်းထဲသို့ မဝင်နိုင်ခင်မှာပင် သူတို့ရှေ့သို့ လူတစ်ယောက်ရောက်လာကာ အထဲမဝင်နိုင်စေရန် လမ်းပိတ်ရပ်ထားလိုက်ပေသည်။

လင်းရှ သည် ချက်ချင်းပင် ယဉ်ကျေးကာ နွေးထွေးသည့် အပြုံးလေးဖြင့် မေါ်လိုက်၏။ " လူကြီးမင်း ဒီအဆောက်အဦးထဲမှာ စီးတော်သတ္တဝါတစ်ကောင်နဲ့ ခပ်ငယ်ငယ် မိန်းကလေးတစ်ယောက် ရှိသလားဆိုတာကို သိလို့ရမလား ? "

တိမ်လွှာမျှော်ငေး နန်းမြင့်သာ မှ စားပွဲထိုးများနှင့် တံခါးစောင့်များအားလုံးသည် အဆင့်တစ်ခုအထိ ကျင့်ကြံပြီး ဖြစ်ကြလေရာ လင်းရှ နှင့် ယုဇီကျွေး တို့၏ ပုံသဏ္ဌာန်ကို တစ်ချက်ကြည့်လိုက်သည်နှင့် ရှောက်ယန် ဂိုဏ်းတွင် စာရင်းသွင်းရန်လာသည့် ဆင်းရဲသားမိသားစုမှ ကလေးများဖြစ်ကြောင်း ချက်ချင်း သိလိုက်ပေသည်။ လင်းရှ ၏ ပါးပြင်ပေါ်ရှိ လက်ဝါးရာကိုပါ ထည့်ပေါင်းလိုက်သောအခါ သူ့အတွင်းစိတ်ရှိ အထင်သေးမှုများမှာ ပိုမိုကြီးမားလာပြီး ပျင်းရိပျင်းတွဲ ဂရုမစိုက်ဟန်နှင့်ပင် ပြန်ဖြေလာ၏။ " တကယ်တော့၊ မင်းပြောတဲ့ စီးတော်သတ္တဝါနဲ့ မိန်းကလေးက ဒီကိုလာခဲ့တယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက ပြန်သွားပြီ။ "

လင်းရှ သည် ပြုံးကာ ယဉ်ယဉ်ကျေးကျေးပင် ကျေးဇူးတင်စကားပြောလိုက်သော်လည်း ထိုစားပွဲထိုးကမူ အကြည့်လေးတစ်ချက်ပင် မပေးပဲ အဆောက်အအုံထဲသို့ ပြန်ဝင်သွားတော့သည်။ လင်းရှ ၏ အထင်သာမှန်လျှင် ယွင်ရှောက် ဂိုဏ်းမှလူများပါ လာပြီးသွားလောက်ချေပြီ။ ချွေ့ယု သည် မည်မျှ ဆိုးသွမ်းကာ မသိတတ်သည့် မမလေးဖြစ်သည်ဟု ဆိုစေကာမူ သူမဖခင် အပြစ်ပေးမှာကိုတော့ ကြောက်ရလေရာ သူ၏ ဆရာတူ အကိုများမှ ဂိုဏ်းချုပ်နာမည်သုံး၍ အတင်းအကြပ်ပြန်ခေါ်သွားခြင်း ဖြစ်ဖို့ များလေသည်။ သူတို့သည် ရှောက်ယန် ဂိုဏ်းကို ကူဖို့လာသည်ဆိုမှတော့ သူတို့ကို ဆက်ရှာရန် ရှောက်ယန် ဂိုဏ်းသို့သာ သွားရပေတော့မည်။

သူသည် စဉ်းစားတွေးတောနေစဉ်မှာပင် ယုဇီကျွေး သည် သိသိသာသာပင် အပြစ်တင်ဝေဖန်ဟန် ပေါက်လေသည့် လေသံနှင့် ရုတ်တရက် ထမေးလာ၏။ " အကို့ကို သူတို့က ဒီလိုဆက်ဆံတာတောင် အကိုက ဘယ်လိုလုပ်ပြီး ပြန်ပြုံးပြနေနိုင်သေးတာလဲ ? "

လင်းရှ သည် သေသေချာချာ မတွေးပဲ ပြန်မေးလိုက်ပေသည်။ " သူတို့ဆိုတာက ? "

" ဟို လှေသမားနှစ်ယောက်လေ၊ " ယုဇီကျွေး သည် သူ့အမူအရာကို အသေအချာကြည့်ရင်း ဖြေလာ၏။ " ပြီးတော့ ခုနက စားပွဲထိုးရောပေါ့။ "

ထပ်ပြောရလျှင် သူကိုယ်တိုင်ပင် ရေထဲတွင် လင်းရှ ၏ ပါးကို ရိုက်မိဖူးလေရာ တစ်ဖက်သားက စိတ်မဆိုးဘူးဆိုသည်မှာ မည်သို့ ဖြစ်နိုင်ပါမည်နည်း ?

ကြီးကျယ်မြင့်မြတ်လှသည့် ဗီလိန်လေးသည် မျက်လုံးကို မှေးကျဉ်းကာ အာရုံစူးစိုက်မှု အပြည့်နှင့်ဖြစ်နေသည်ကို တွေ့လိုက်ရသောအခါ လင်းရှ သည်လည်း သူ့စိတ်သူပြန်စုစည်းလိုက်ရင်း ဖြည်းဖြည်းချင်းပြန်ပြောလာ၏။ " အဲ့ဒီလှေ နစ်သွားတာက ငါတို့ကြောင့်လည်း ပါတယ်လေ။ ဒါက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်ပဲဟာ၊ သူတို့ စိတ်ဆိုးကြတာ မဆန်းပါဘူး။ သူတို့ က အကိုတို့ကို ဆက်ပြဿနာမရှာပဲ လွှတ်ပေးလိုက်တာကိုက ကျေးဇူးတင်စရာ ကောင်းနေပါပြီ။ ပြီးတော့လည်း ဟိုစားပွဲထိုးက ငါတို့မေးတာကို ပြန်ဖြေပေးသေးတာပဲမဟုတ်လား ? သူတို့မှာလည်း ဆိုင်ရဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ရှိသေးတော့ … "

ထို ကြီးမြတ်လှသည့် ဗီလိန်လေးက သူ့ကို သံသယအပြည့်ဖြင့် ကြည့်နေသောအခါ ချက်ချင်းပင် နွေးနွေးထွေးထွေးပြုံးပြလိုက်ကာ ဆက်ပြောလေ၏။ " အကယ်လို့ တခြားသူတွေက မင်းအပေါ် မကောင်းဘူးဆိုရင်တောင် မင်းသူတို့ကို ပြုံးပြသင့်တယ်။ ဒါဆိုရင် တစ်ချိန်ချိန်မှာ မင်းကို ပြန်ပြုံးပြမယ့်သူ ပေါ်လာလိမ့်မယ် ! ဒီကမ္ဘာပေါ်မှာ မမျှမတတဲ့ ကိစ္စတွေ အများကြီးရှိတယ် ဆိုပေမယ့်လည်း တချို့ကိစ္စတွေနဲ့ တချို့လူတွေက အရမ်းအံ့သြစရာကောင်းပြီး တန်ဖိုးထားဖို့ ထိုက်တန်တယ် … … "

လင်းရှ သည် သူယခင်က ဖတ်ဖူးသည့် ယိလင် ဘဝအတွေးအခေါ် စာအုပ်များမှ စာသားများကို သေသေချာချာ ပြန်စဉ်းစားနေရင်းပင် သူ၏ နဂို ကောင်းမွန်လှသည့် အသံကို ပို၍ နူးညံ့ကာ ညင်သာသည့် လေသံဖြစ်လေအောင် ချိုချိုသာသာပြောကာ အနာဂတ်၏ ဗီလိန်လေးကို နားချနေပေ၏။
(T/N; author ပြောတာတော့ ယိလင် စာအုပ်ဆိုတာက ကလေးလေးတွေကို လိမ္မာယဉ်ကျေးအောင် သင်ပေးတဲ့ စာအုပ်မျိုးပါတဲ့။ )

… အား၊ ငါ့ရဲ့ ချစ်လှစွာသော ဗီလိန်လေးရယ်၊ ဇာတ်လိုက်နဲ့ အတူလိုက်ပြီး နေရောင်အောက်မှာ ဘဝကို ပျော်ပျော်ပါးပါး ဖြတ်သန်းလိုက်စမ်းပါ ! ဒါကမှ မင်းဖြစ်သင့်တဲ့ ဘဝပဲ !!!

လင်းရှ သည် ဗီလိန်လေးအား နားချလေ သူ၏ နှလုံးသားလေးမှ ခံစားလာရလေ ဖြစ်ရာ မျက်လုံးမှ မျက်ရည်များ ထွက်ကျလာတော့မတတ်ပေ။

သို့သော်လည်း သူ့ပါးစပ်တစ်ခုလုံးခြောက်သွေ့ကာ အာပေါက်မတတ်မျှ နားချပြီးနောက် သူသည် မြင့်မြတ်လှသည့် ဗီလိန်လေးထံသို့ မျှော်လင့်ချက်အပြည့်ဖြင့် လှမ်းကြည့်လိုက်သောအခါတွင်မူ သူ့နှလုံးသားလေးမှာ ကွဲကြေသွားရတော့၏။

ယုဇီကျွေး သည် အလွန်တရာမှကို တုံးအကာ စဉ်းစားဆင်ခြင်ဉာဏ်မရှိသူ တစ်ယောက်ကို မျက်မြင်တွေ့နေရသကဲ့သို့ မျက်နှာတစ်ခုလုံးတွင်   အထင်သေးမှုများ ပြည့်နှက်နေကာ အသံကျယ်ကျယ်ဖြင့် ပြောလာပေသည်။ " မင်းက တကယ် တုံးတာပဲ၊ ဟမ်။ မင်းက ငါ့ထက်ကြီးတယ်ဆိုပေမယ့် မင်းခေါင်းတစ်ခုလုံးမှာ ဆုန်းရှောင်ဟူ ထက်တောင် ပိုအူကြောင်ကြောင်နိုင်ပြီး အသုံးမကျတဲ့ဟာတွေနဲ့ ပြည့်နေတာပဲ ! "

သူက ဆက်ပြောလာ၏။ " အကယ်လို့ တခြားသူတွေက ကျွန်တော့်ကို ကောင်းကောင်းမဆက်ဆံဘူးဆိုရင် ကျွန်တော်လုပ်သင့်တာက သူတို့ကို ကျွန်တော့်ထက် ဆယ်ဆလောက်ပိုပြီး ခံစားရအောင် လုပ်ဖို့ပဲ … တခြားသူတွေ ကျွန်တော့်ကို ပြုံးပြတာ၊ မပြုံးပြတာ၊ ကျွန်တော့်အပေါ် ကောင်းတာ၊ မကောင်းတာကို ဘာကိစ္စဂရုစိုက်နေရမှာလဲ ? "

" … … " လင်းရှ သည် မသိလိုက်မသိဘာသာပင် သူ့ပါးပေါ်ရှိ နီရဲယောင်ကိုင်းနေသည့် လက်ငါးချောင်းရာကို ပွတ်လိုက်မိကာ စိတ်ထဲတွင်မူ စာသားအချို့က အလိုလို ပေါ်လာ၏ :

… ဒီလိုမျိုး သောက်သုံးမကျတဲ့ ကမ္ဘာကြီးက … လုံးဝ ဖျက်ဆီးလိုက်သင့်တာပဲ …

မင်း.က.ဘာ.လို့.ဒီ.လို.ဖြစ်.နေ.ရ.တာ.လဲ.ကွာ !

Continue Reading

You'll Also Like

705K 30.5K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန္မင္းတေခတ္ × ခြန္းေနွာင္ႀကိဳး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
13.9K 417 31
Type - bl Genre - Fantasy, Romance ဂရိနတ်ဘုရားဒဏ္ဍာရီတွေကို အခြေခံပြီး ရေးဖြစ်သွားတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ရိုးရိုးလေးပါပဲ။ ဟိုးရှေးရှေးတုန်းက...
1.6M 201K 162
အမျိုးသားကိုယ်ဝန်ဆောင် "ကော"များပါဝင်သည်။ အမ်ိဳးသားကိုယ္ဝန္ေဆာင္ "ေကာ"မ်ားပါဝင္သည္။