Blind Date (OC) (Completed)
By WintThit-99
103K 8.1K 1.2K
Dee× Shar ဒါက ကိုယ်Plotချထားပြီးသားဇာတ်လမ်းထဲကအရံအတွဲလေးကို side storyအနေနဲ့ရေးတာပါ အလွတ်တမ်းစုံထောက်ကောင်လေ... More
Blind Date- Ep1(Unicode)
Characters
Blind Date Ep2 (Unicode)
Blind Date Ep2 (Zawgyi)
Blind Date Ep.3 (Unicode)
Blind Date Ep3(Zawgyi)
Ep4: Blind Date App(Unicode)
Ep4: Blind Date App (Zawgyi)
Ep5: ငါ့ကို ကိုကိုလို့ခေါ်ပါ
Ep5 ငါကို ကိုကိုလို့ခေါ်ပါ
Ep6: ရည်းစားတစ်ယောက်အဖက်တင်လေသည်..(Unicode)
Ep6:ရည်းစားတစ်ယောက်အဖက်တင်လေသည် (Zawgyi)
Ep7: အမည်ခံရည်းစားထက် အစ်ကိုကပိုအရေးကြီးတယ်
Ep7:အမည်ခံရည်းစားထက်အစ်ကိုကအရေးကြီးတယ်
Ep8: Let's meet unknown(Unicode)
Ep8:Let's meet unknown (Zawgyi)
Ep9:Idiot Brother(Unicode)
Ep9: Idiot Brother(Zawgyi)
Ep10: Junior with Girlfriend(Unicode)
Ep10: Junior with Girlfriend (Zawgyi)
Ep11: အသဲကွဲနေတာ ဘယ်သူလဲ (Unicode)
Ep12:My brother, third wheel(Unicode)
Ep12:My brother, third wheel (Zawgyi)
Author Note
Ep13: the New room-mate(Unicode)
Ep13: the New room-mate (Zawgyi)
Ep14 (Unicode)
Ep14(Zawgyi)
Ep15(Unicode)
Ep15(Zawgyi)
Ep16 (Unicode)
Ep16 (Zawgyi)
Ep17 (Unicode)
Ep17 (Zawgyi)
A/N (Don't skip please)
Ep18 (Unicode)
Ep18 (Zawgyi)
Ep19 (Unicode)
Ep19 (Zawgyi)
Ep20 (Unicode)
Ep20 (Zawgyi)
Ep21(Unicode)
Ep21 (Zawgyi)
Ep22 (Unicode)
Ep22 (Zawgyi)
Ep23 (Unicode)
Ep23 (Zawgyi)
Ep24 (Unicode)
Ep24 (Zawgyi)
Ep25 (Unicode)
Ep-25 (Zawgyi)
Ep-26 (Uni & Zawgyi)
Ep27 (Uni+Zawgyi)
Ep28 (Uni & Zawgyi)
🥰😍
Ep-29 (Uni & Zawgyi)
Ep30 (Uni & Zawgyi)
Ep31(Uni & Zawgyi)
Ep32 [uni &zawgyi]
Ep-33 (uni & zawgyi)
Ep-34(Uni &Zawgyi)
Ep35(Uni & Zawgyi)
Ep36 (Uni & Zawgyi)
Ep37(Uni & Zawgyi)
Ep38(Uni & Zawgyi)
Ep39(Uni & Zawgyi)
Ep-40(Uni & Zawgyi)
Ep-41(Uni & Zawgyi)
Ep42 (Uni & Zawgyi)
Ep43(Uni & Zawgyi)
Ep-44(Uni& Zawgyi)
Ep-45 (Uni & Zawgyi)
Ep46(Uni & Zawgyi)
Ep47(Uni &Zawgyi)
Ep- (48) Ending
ကျေးဇူးတင်လွှာ 💗💕
သတင်းကောင်းလေးဝေမျှခြင်း🤗
သီတင်းကျွတ်အတွက် Extraပိစိ💗
I've something to say!
Physical Book
Book Detail & Gift away
Blind Date Ep1(Zawgyi)
4.6K 183 5
By WintThit-99
အပိုင်း-(၁)
"ခင်ဗျားတို့ BLIND DATEဆိုတဲ့ Appကိုကြားဖူးကြသလားဗျ။
ဒါကရိုးရိုး dating appတစ်ခုဆိုပေမယ့် ခင်များတို့ရဲ့ personal infoတွေကို သေချာစွာထိန်းသိမ်းထားပေးပြီး လက်တွဲဖော်ကိုရှာပေးတဲ့ appတစ်ခုပဲ။
မယုံမရှိနဲ့ ဒီကfeed backတွေကိုအရင်ဖတ်ကြည့်ပြီး စမ်းလိုက်ကြ။ "
"ဟာ ဒီ APPကလဲကွာ မDownမချင်းကိုပေါ်နေတော့တာပဲ အာရုံပဲ''
ရှား တစ်ယောက်စိတ်ပျက်လက်ပျက်ညည်းတွားလိုက်သည်။
"မင်းမေကြီးတော် လက်တွဲဖော်ကငါ့ကိုရှာကျွေးမှာမို့လား"
ရှုပ်ပါတယ် ကြည့်လိုက်တော့ storageမှာနေရာသိပ်မယူတာမို့ သူdownloadလုပ်လိုက်မိသည်။ သူဖုန်းကိုအာရုံစိုက်နေတုန်း ဖုန်းcallတစ်ခုကဝင်လာတော့သူကြည့်လိုက်ရာ ခေါ်ဆိုသူက အစ်ကိုဒီး(ကိုနန်ဒီး)တဲ့။
"ပြော ဘရားသား "
" ညီလေးရှား အစ်ကိုရှာခိုင်းထားတဲ့ဖိုင်တွဲလေး" ကိုနန်ဒီး၏ စကားဆုံးအောင် မစောင့်နိုင်တော့ဘဲ သူ့ရဲ့ ရလေလိုလေဗီဇလေးက ပညာပြလို့လာသည်။
"ဘရားသား အလကားတော့ဘယ်ရမလဲ။ ကျွန်တော် ဘိုင်ပြတ်နေပြီ။ နှစ်ကြိမ်စာဗိုက်ဖြည့်ပေးမယ်ဆို အခုချက်ချင်းဖိုင်ကို အစ်ကို့ဆီ လာပို့ပေးလိုက်မယ်...အိုကေလား။"
ရှားက တစ်ဖက်သူ၏စိတ်ကို အသေချာကိုသိ၏။ ထိုသူသည် သူက အငယ်ဖြစ်တာကြောင့်လား ဒါမှမဟုတ် သဘောကောင်းလွန်းသည်လားတော့မသိ သူ့ကိုဆို ဘယ်တုန်းကမှ မငြင်းဆန်‌ပေ။ ငြင်းတာမျိုးကို မလုပ်နိုင်သည့်လူစားမျိုးပင်။
ကျွန်တော်က သူ့ထက်၂နှစ်ငယ်တဲ့ ဂျူနီယာ ထပ်ပြောရရင်တောက်တဲ့လိုကောင်ဟူသော ဝေါဟာရသည် ကျွန်တော်နှင့်အကိုက်ဆုံးပဲလို့ပြောလိမ့်မည်ထင်သည်။
အစ်ကိုဒီးက စိတ်ရှည်သည်းခံတတ်တဲ့ ကျနော့်ရဲ့ စီနီယာဗျ။
ကျောင်းတုန်းတည်းက တကောက်ကောက်လိုက်ပြီး ပညာယူခဲ့ရတဲ့သူဆိုပိုမှန်မယ်။
သူ့နာမည်က Dee (Conan Dee)။
သူက စုံထာက်ရူးဗျ Detective Conanတို့
ရှားလော့ဟုမ်းတို့ကိုအရမ်းအားကျလို့ စုံထောက်ဖြစ်လာတာလို့ပြောရမယ်။
အဲ့တာကြောင့်လည်းနာမည်ကိုက ကိုနန်ဒီးပါဆို..
သတင်းတစ်ခုခုများသိချင်ရင် သူ့ကိုသာပိုက်ဆံပေးလိုက်။ ဘယ်အိမ်မှာဘာချက်တယ်။ အပ်ကျတာကအစ အကုန်သိတယ် အရမ်းလည်းပါးနပ်တယ်။
တစ်ခုပဲ စော်မရှိတာလေးပဲ။
အဲ့လိုတွေးနေတဲ့ ကျွန်တော့်မှာလည်း မရှိဘူး။
ကျွန်တော်တို့၂ယောက်လုံးက လူလွတ်တွေ၊
အစ်ကိုဒီးကတော့ ရုံးခန်းတစ်ခုငှားထားပြီး၊ ရုံးအိပ်ရုံးစားအလွတ်တမ်းအမှုလိုက်တယ်။
ကျွန်တော်ကတော့ အစိုးရကစစ်တဲ့ interviewအောင်လို့ အမှုစစ်ဖြစ်လာတယ်ပေါ့ဗျာ။
ရှား အစ်ကိုဒီးရဲ့ရုံခန်းကိုလွင့်လာတော့ အမှုသည် ရောက်နေတာကိုတွေ့လိုက်ရတယ်။
အစ်ကို့ကို မြင်တာနှင့် လက်ပြပြီး
"ကျွန်တော် စောင့်နေလို့ရတယ် အေးဆေးပြောကြ"
ထိုအမှုသည်အမျိုးသားက
" ချိန်းထားတာရှိနေတာလား ကျွန်တော် အကြောင်းမကြားဘဲရောက်လာမိတာပဲ..."
"ရပါတယ် ကျွန်တော့်ရဲ့ ဂျူနီယာပါ သူလည်းကျနော်နဲ့နယ်ပယ်တူမို့ အစ်ကိုလွတ်လွတ်လပ်လပ်ပြောလို့ရတယ်"
မျက်နှာမသက်မသာဖြစ်နေတဲ့ထိုသူကို ကြည့်ရတာ မယားပူမိနေပုံပဲ။
စုံထောက်တွေရဲ့ instinctကဘယ်တော့မှမှားဘူး။
ကျွန်တော် မထင်ထားမိခဲ့တာက အဲ့လူက Gayဆိုတာပဲ။
သူက ကျွန်တော့်နာမည်ကိုပြောဖို့လိုလားလို့မေးတော့
ကိုနန်ဒီးက စာရွက်ကိုကမ်းပေးကာ ပြုံးပြလိုက်သည်။ ထိုအပြုံးက သူ့ကိုယုံကြည်စိတ်ချလို့ရတယ်ဆိုတဲ့ အပြုံးမျိုးဆိုပိုမှန်မည်။
ထိုသူ အချက်လက်တွေရေးပြီးတော့
အဓိကအချက်ကို ပြောလာတဲ့အခါ ကျွန်တော်တို့နှစ်ယောက်လုံးမျက်လုံးပြူးရပါလေသည်။
သူပြောလိုက်တာက
"ဟောဒီကစုံထောက်ကြီး ကျွန်တော့်ယောက်ျားကို
စုံစမ်းပေးပါ "တဲ့
ဘာတဲ့ယောက်ျား ဒီလူက...
သူ့ကိုကြည့်တော့ထင်ရက်စရာကိုမရှိ။
အရပ်ရှည်ရှည် အသားကဖြူဖြူ လက်ချောင်းသွယ်သွယ်ကိုမှ လက်သူကြွယ်ကလက်စွပ်ကတော့ ပိုင်ရှင်ရှိတယ်ဆိုတာပြပြီးသားဆိုပေမယ့် သူ့ဆိုင်သူက
ယောက်ျားလို့မထင်ရလောက်အောင် ဖြောင့်ပါတယ်။
သူ့လည်ပင်းကအညိုကွက်တွေကိုမြင်ရင်တော့ ဒီလူမှာပိုင်ရှင်ရှိတယ်ဆိုတာသိမှာပဲ။
ရှားကတော့ စဝင်လာတည်းကသတိထားမိပြီးသားပါ။
ကိုနန်ဒီးက
"ကျွန်တော်တို့က မိသားစုရေးရာ ကွာရှင်းတာ ပေါင်းတာတွေ
မလုပ်ပေးသလို မိသားစုချင်း နောက်ယောင်ခံလုပ်တာတွေ
မလုပ်ပေးဘူးဗျ "
ထိုသူက "ကျွန်တော် နောက်တစ်ခါပြန်လာခဲ့ပါမယ် ..."
သူ့စကားအဆုံး ရုတ်တရက်ထပြီးတော့ အင်္ကျီကြယ်သီးတွေကိုချွတ်ပြမည်ပြုတော့
"ရုတ်တရက်ကြီး ဘာထလုပ်တာလဲ ခင်ဗျားက "
ရှားကအော်တော့တယ်
"ကျွန်တော်ပြစရာရှိလို့ပါ အလုပ်လက်ခံလာအောင် "
"ခင်ဗျားဂေးဆိုတာကျနော်သိပေမယ့် ကျွန်တော့်စီနီယာကိုအာ့လို ဟိုချွတ်ပြ ဒီချွတ်ပြတော့ မလုပ်သင့်ပါဘူး
ကျွန်တော့်မရီးက ခင်ဗျားကိုခွင့်လွှတ်မှာမဟုတ်ဘူး..."
ကိုနန်ဒီးတစ်ယောက် ဆေးလိပ်ကိုမီးညှိသောက်နေရင်း မရီးဆိုတဲ့စကားကြောင့်သီးကာ မျက်ရည်ပင်ကျတော့သည်။
ရှားက "ခင်ဗျားပြန်ပါတော့ အဲ့လိုတွေပဲလုပ်နေမှာဆို "
"ကျွန်တော့်ယောက်ျားကကျွန်တော်ကိုရိုက်ထားတဲ့ ဒဏ်ရာကိုပြချင်တာဗျ"
"ချီးပဲ အဲ့တာများအစောထဲကပါးစပ်နဲ့ပြောလည်းရတာပဲကို ဘယ်နှယ့် ဟိုပြဒီပြနဲ့..."
ထိုသူကသူ့ကိုဘုကြည့်ကြည့်တော့
"ဘာကြည့်တာလဲ အပေါက်ဆိုးတဲ့စုံထောက်ကိုမတွေ့ဖူးလို့လား
စုံထောက်တွေကအမှုသည်ကို အမြဲသည်းခံနေရမှာလာ။ ကျွန်တော်ကတော့ ဆဲတယ်ရိုက်တယ် ...
ဟွန်း အကိုဒီးရဲ့အမှုသည်မို့ သည်းခံနေတာ .."
ထိုအမှုသည်က "ကျွန်တော် နောက်မြှပန်လာခဲ့ပါ့မယ်"ဆိုပြီးထွက်သွားတော့တယ်။
ဗိုက်ထဲကတိုက်ပွဲကလည်းပြင်းထန်နေပါတယ်ဆိုမှ အကိုဒီးရဲ့ ဆေးလိပ်ငွေ့တွေကလည်းတထောင်းထောင်းနှင့်။
"ငါရေမချိုးရသေးဘူးကွ"
"ကျွန်တော်ဗိုက်ဆာပြီ ဒိုးရအောင် ရေမချိုးနဲ့တော့ ရေချိုးလည်း ဒီဆေးလိပ်နံ့တွေကပျောက်မှာမဟုတ်ဘူး"
"အံမယ် သကောင့်သား အရက်သမားကများ"
အစ်ကိုကဆေးလိပ်ကြိုက်တယ်။ ကျွန်တော်က အရက်ဘီယာ အသောက်ကိုပိုခုံမင်တယ်။
ယောက်ျားတွေက ဒါတွေနဲ့ဘယ်ကင်းမလဲ။
ရှားက သူ့နှာခေါင်းလေးသူပွတ်ကာ ပိုက်ဆံသာရှိကြည့် ဟောတစ်ဖက် ဒီတစ်ဖက် အပြည့်ဆိုပြီး သူကရယ်မောလေတယ်။သူပြောချင်တာက သေချာပေါက် မိန်းမကိစ္စပင်။
စားသောက်ပြီးတော့ ကျွန်တော်အလုပ်ထဲပြန်မယ်လုပ်တော့ အစ်ကိုက
"နေအုန်း မရီးလိုချင်နေတဲ့ကောင် ဆန္ဒပြည့်စေရမယ်တဲ့ ...
...
ကျွန်တော် Blind date appကိုစသုံးကြည့်တော့ infoတွေသိပ်မတောင်းဘူး။ နာမည်ကို အမည်ပြောင်ပဲတောင်းတာမို့ ကျွန်တော် Sharmyလို့ပဲရိုက်လိုက်တယ်။
အသက် - (၂၄)နှစ်၊
အလုပ်ကိုတော့ ဝန်ထမ်းလို့ပဲရိုက်လိုက်တယ်။
avatorပုံကို ချစ်စရာကောင်းတဲ့ ယုန်ရုပ်လေးကိုရွေးလိုက်မိတယ်။
အစ်ကိုဒီးက ကျွန်​တော့်ရဲ့ရှေ့သွားလေးမဆိုသလောက်လေးကြီးနေတာကို ယုန်နဲ့တူတယ်ပြောဖူးလို့လေ။
အစ်ကိုသာဆို သေချာပေါက် ကျားပုံကိုရွေးမယ်ထင်တယ်။
မဆီမဆိုင်ဆိုပေမယ့် အစ်ကို့စိတ်ကိုသိသူပီပီ ထိုသို့သောအတွေးကိုတွေးမိလေ၏။
သူ ကိုနန်ဒီးရဲ့နောက် လိုက်ခဲ့တာကိုကျေနပ်တယ်။
အလုပ်သင်အနေနဲ့ အကိုဒီးရဲ့ရုံးမှာအရင်လုပ်ပြီးမှ စာမေးပွဲအောင်သွားတာကြောင့် ကျွန်တော်တို့က သူများတွေထင်တာထက်ပိုရင်းနှီးပါတယ်။
°°°
"အမေ ကျနော်ပြောပြီးပကော ကျနော်မအားပါဘူးလို့ အမေဘာ့သာချွေးမလိုချင်ရင်
ကန်တော့ပွဲတွေ တောင်းတြွေပင်ထားလိုက် မိန်းမလည်းအမေပဲရွေးလိုက်
အကုန်အဆင်သင့် ဖြစ်ရင် ကျွန်တော့်ကိုခေါ်လိုက် ကျွန်တော်ချက်ချင်းလာပြီး အမေရွေးပေးတာကို ချေးမများဘဲ ယူလိုက်မယ် ...
ရည်းစားတော့ မထားပရစေနဲ့ တကယ် ယားလို့တောင် မကုပ်အားပါဘူး အမေရယ်။"
တစ်ဖက်က သူ့အဖေကလည်း ဖုန်းထဲကနေ တပွမ်ပွမ်နဲ့ မိန်းမယူဖို့အရေး တို့အရေးလုပ်ကာ ပြောနေလေသည်။
သူစိတ်ညစ်ညစ်နဲ့ ဆေးလိပ်မီးကိုညှိတော့ မီးကတောက်မလာ ဂတ်စ်ကုန်သွားတာဖြစ်မယ်။ သူမီးခြစ်နဲ့နံရံကို ပေါက်လိုက်သည်။
ရေခဲသေတ္တာထဲက ဘီယာတစ်ဘူးကိုဖောက်ကာ မော့ချလိုက်ပြီး မနက်ကအမှုသည်ရေးသွားတဲ့ စာရွက်ကအချက်အလက်တွေကို ကြည့်မိတော့
သူတို့အိမ်ထောင်သက်က သုံးနှစ်ရှိပြီ ဆိုပဲ။
သူ့ယောက်ျားက မိန်းမတစ်ယောက်နဲ့ဖောက်ပြန်နေတယ်ထင်တာနဲ့ပဲ ငါ့ကိုအလုပ်လာရှုပ်ရတယ်လို့။
ရှားပြောသလိုပေါ့ ယောက်ျားပဲ ဘယ်ကင်းမလဲ
အစတည်းက gayမဟုတ်ရင် ဘာလို့ ငါ့အမှုသည်ကိုယူခဲ့သေးလဲ။
သောက် ဇာတ်လမ်းကိုရှုပ်တယ်။
မယူခဲ့ရင် ငါဒါကိုလက်ခံစရာမလိုဘူး။
လက်ခံလိုက်ရသည်မှာလည်း စာအိတ်ထဲက ချက်လက်မှတ်တစ်စောင်ကြောင့်သာ...
.......####....
Edit -nov12/22
ရေးပြီးသည့်နေ့ - July 31/2020
Continue Reading
You'll Also Like
1M 49.3K 30
What if the people around you- from your classmates to your best friend- were hiding their true feelings behind their smiles? And you found out? Abbi...
97.4K 8.4K 43
သက်ဆုံးတိုင်...ရွယ်ကိုးခဲ့သော
10.3K 649 42
Kim Minji or Jiu is a level 3 Magician.She has a magic that can control fire.She is a student who was currently studying in a school of Magician, Eup...
216K 10.3K 57
ငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြ...