လူသားသစ္စာ Translation Book 4...

kilulayuu121 tarafından

160K 21.6K 152

sequence of Book 3 ~~~ All credits given to original author Daha Fazla

အခန်း (၄၀၁)
chapter 401 (z)
အခန်း (၄၀၂)
chapter 402 (z) book 29 End
အခန်း (၄၀၃)
chapter 403 (z)
အခန်း (၄၀၄)
chapter 404 (z)
အခန်း (၄၀၅)
chapter 405 (z)
အခန်း (၄၀၆)
chapter 406 (z)
အခန်း (၄၀၇)
chapter 407 (z)
အခန်း (၄၀၈)
chapter 408 (z)
အခန်း (၄၀၉)
chapter 409 (z)
အခန်း (၄၁၀)
chapter 410 (z)
အခန်း (၄၁၁)
chapter 411 (z)
chapter 412 (z)
အခန်း (၄၁၃)
chapter 413 (z)
အခန်း (၄၁၄)
chapter 414 (z)
အခန်း (၄၁၅)
chapter 415 (z)
အခန်း (၄၁၆)
chapter 416 (z) Book 30 End
အခန်း (၄၁၇)
chapter 417 (z)
အခန်း (၄၁၈)
chapter 418 (z)
အခန်း (၄၁၉)
chapter 419 (z)
အခန်း (၄၂၀)
chapter 420 (z)
အခန်း (၄၂၁)
chapter 421(z)
အခန်း (၄၂၂)
chapter 422 (z)
အခန်း (၄၂၃)
chapter 423 (z)
အခန်း (၄၂၄)
chapter 424 (z)
အခန်း (၄၂၅)
chapter 425 (z)
အခန်း (၄၂၆)
chapter 426 (z)
အခန်း (၄၂၇)
chapter 427 (z)
အခန်း (၄၂၈)
chapter 428 (z)
အခန်း (၄၂၉)
chapter 429 (z)
အခန်း (၄၃၀)
chapter 430 (z)
အခန်း (၄၃၁)
chapter 431 (z)
အခန်း (၄၃၂)
chapter 432 (z)
အခန်း (၄၃၃)
chapter 433 (z)
အခန်း (၄၃၄)
chapter 434 (z)
အခန်း (၄၃၅)
chapter 435 (z)
အခန်း (၄၃၆)
chapter 436 (z)
အခန်း (၄၃၇)
chapter 437 (z)
အခန်း (၄၃၈)
chapter 438 (z)
အခန်း (၄၃၉)
chapter 439 (z)
အခန်း (၄၄၀)
chapter 440 (z)
အခန်း (၄၄၁)
chapter 441 (z)
အခန်း (၄၄၂)
chapter 442 (z)
အခန်း (၄၄၃)
chapter 443 (z)
အခန်း (၄၄၄)
chapter 444 (z)
အခန်း (၄၄၅)
chapter 445 (z)
အခန်း (၄၄၆)
chapter 446 (z)
အခန်း (၄၄၇)
chapter 447 (z)
အခန်း (၄၄၈)
chapter 448 (z)
အခန်း (၄၄၉)
chapter 449 (z)
အခန်း (၄၅၀)
chapter 450 (z)
အခန်း (၄၅၁)
chapter 451 (z)
အခန်း (၄၅၂)
chapter 452 (z)
အခန်း (၄၅၃)
chapter 453 (z)
အခန်း (၄၅၄)
chapter 454 (z)
အခန်း (၄၅၅)
chapter 455 (z)
အခန်း (၄၅၆)
chapter 456 (z)
အခန်း (၄၅၇)
chapter 457 =z)
အခန်း (၄၅၈)
chapter 458 (z)
အခန်း (၄၅၉)
chapter 459 (z)
အခန်း (၄၆၀)
chapter 460 (z)
အခန်း (၄၆၁)
chapter 461 (z)
အခန်း (၄၆၂)
chapter 462 (z)
အခန်း (၄၆၃)
chapter 463 (z)
အခန်း (၄၆၄)
chapter 464 (z)
အခန်း (၄၆၅)
chapter 465 (z)
အခန်း (၄၆၆)
chapter 466 (z)
အခန်း (၄၆၇)
chapter 467 (z)
အခန်း (၄၆၈)
chapter 468 (z)
အခန်း (၄၆၉)
chapter 469 (z)
အခန်း (၄၇၀)
chapter 470 (z)
အခန်း (၄၇၁)
chapter 471 (z)
အခန်း (၄၇၂)
chapter 472 (z) Book 34 End
အခန်း (၄၇၃)
chapter 473 (z)
အခန်း (၄၇၄)
chapter 474
အခန်း (၄၇၅)
အခန်း (475)
အခန်း (၄၇၆)
chapter 476 (z)
အခန်း (၄၇၇)
chapter 477 (z)
အခန်း (၄၇၈)
chapter 478 (z)
အခန်း (၄၇၉)
chapter 479 (z)
အခန်း (၄၈၀)
chapter 480 (z)
အခန်း (၄၈၁)
chapter 481 (z)
အခန်း (၄၈၂)
chapter 482 (z)
အခန်း (၄၈၃)
chapter 483 (z)
အခန်း (၄၈၄)
chapter 484 (z)
အခန်း (၄၈၅)
chapter 485 (z)
အခန်း (၄၈၆)
chapter 486 (z)
အခန်း (၄၈၇)
chapter 487 (z)
အခန်း (၄၈၈)
chapter 488 (z)
အခန်း (၄၈၉)
chapter 489 (z)
အခန်း (၄၉၀)
chapter 490 (z)
အခန်း (၄၉၁)
chapter 491 (z)
အခန်း (၄၉၂)
chapter 492 (z)
အခန်း (၄၉၃)
chapter 493 (z)
အခန်း (၄၉၄)
chapter 494 (z)
အခန်း (၄၉၅)
chapter 495 (z)
အခန်း (၄၉၆)
chapter 496 (z)
အခန်း (၄၉၇)
chapter 497 (z)
အခန်း (၄၉၈)
chapter 498 (z)
အခန်း (၄၉၉)
chapter 499 (z)
အခန်း (၅၀၀)
chapter 500 (z) [Book 36 End]

အခန်း (၄၁၂)

948 160 0
kilulayuu121 tarafından


အခန်း (၄၁၂) : မိုဝူကျီ၏ မိတ်ဆွေ

" အဲဒီလူဆီက လှည့်စားခံရတော့မလို့ပဲ ... ဒါပေမဲ့ သူက ကျုပ်ကို တကယ်တိုက်ရဲတယ်ဆိုရင်တောင် သူက ကျုပ်ကို ဒဏ်ရာရစေရုံလောက်ပါပဲ " မိုဝူကျီနှင့် ကျာချီတို့ ထွက်သွားပြီးနောက် မိုဝူကျီကို ချောင်းမြောင်းလုပ်ကြံသူက ပြောလိုက်သည်။

သခင်ပုဆိန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် " မင်းကို သတ်နိုင်ဖို့ဆိုရင် သူ့လှည့်ကွက်တွေကို ထုတ်ပြလိုက်ရမှာပဲ။ ဖြစ်နိုင်ရင်တော့ အဲလိုမျိုး လှည့်စားတတ်တဲ့သူက ငါတို့နဲ့ လာပူးပေါင်းရင် ကောင်းမှာ။ အဲလိုဆိုရင် သူက ငါတို့အတွက် တော်တော်အသုံးဝင်လာလိမ့်မယ် .... "

ကြော့ရှင်းလှပသည့် အမျိုးသမီးက ရုတ်တရက် ကောက်ပြောလိုက်သည် " ရှီရှား ... သူက ရှင့်ကို ညာနေတာ မဟုတ်ဘူး။ သူက ရှင့်ကို အချိန်မရွေး သတ်ပစ်နိုင်စွမ်း ရှိတယ် "

ပိန်ပါးပါး အမျိုးသားက ပြောလိုက်သည် " မဖြစ်နိုင်ပါဘူး ... သူ့တိုက်ခိုက်မှုမှာ လူသတ်ငွေ့မှ ပါမနေတာ။ သူ့လှည့်ကွက်ကြောင့်သာ ကျုပ်နောက်ကို ရောက်လာနိုင်တာ။ တကယ်လို့ သူက တိုက်ခိုက်ရင်လည်း ကျုပ်အသက်တော့ စိုးရိမ်စရာ ရှိမှာ မဟုတ်ဘူး "

"ဘယ်လိုလုပ် သိလဲ " သခင်ပုဆိန်က မျက်မှောင်ကျုတ်ကာ အမျိုးသမီးကို ကြည့်ရင်း တစ်ခုခုကို အမှတ်ရဟန်ဖြင့် မေးလိုက်သည်။

အမျိုးသမီးက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည် " အလိုလိုသိစိတ်ပေါ့ ... သူ့မျက်လုံးကနေ ကျမတို့ကို မကြောက်တာ တွေ့နေရတယ်။ ပြီးတော့ အလိုလိုသိစိတ်ကနေ သူ ရှီရှားကို အချိန်မရွေး သတ်ပစ်နိုင်တယ်ဆိုပြီး ပြောပြနေတယ် ... "

အမျိုးသမီး ပြောပြချက်ကို နားထောင်၍ သခင်ပုဆိန်၏ အမူအယာမှာ လေးလေးနက်နက် ပြောင်းသွားကာ " ကူယာ .... မင်း တခြားသိတာရော ရှိသေးလား "

ကူယာက ဤနေရာတွင် အားအကောင်းဆုံး မဟုတ်သော်လည်း သူမတွင် ထူးခြားသည့် စွမ်းဆောင်ရည်တစ်ခု ရှိပေသည်။ ထိုအရာမှာ သူမ၏ တိကျလွန်းသော အလိုလိုသိစိတ် ဖြစ်သည်။ ထို့ကြောင့် သခင်ပုဆိန်က ကူယာ၏ အလိုလိုသိစိတ်ကို အာရုံစိုက်နေခြင်း ဖြစ်သည်။

" သခင်ပုဆိန် ... သူက ကျမတို့နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ရနေတယ်။ အဲဒါကြောင့် သူ့ကို တိုက်တွန်းနေစရာ မလိုတော့ဘူး။ ပြီးတော့ သူ့ကို သွားပြီး ရန်မစတာ အကောင်းဆုံးပဲ။ သူက မြေကမ္ဘာအင်မော်တယ်အဆင့် မရောက်သေးပေမဲ့ ကျမအတွက်တော့ သူက တော်တော်အားကောင်းတယ် ..." ကူယာက လေးလေးနက်နက် ပြောလိုက်သည်။

"ညီမကူ .... အရမ်းစိုးရိမ်လွန်းနေတာ မဟုတ်ဘူးလား။ သူက သတ္တိကောင်းတာတော့ ဝန်ခံပါတယ်။ ပြီးတော့ အစီအရင်ကိုလည်း ကောင်းကောင်း နားလည်ပေမဲ့ သူက လူသစ်လေးပဲလေ " ရှီရှားက မျက်မှောင်ကျုတ်ကာ ပြောလိုက်သည်။

သခင်ပုဆိန်က လက်ကာပြကာ ရှီရှား ဆက်ပြောနေခြင်းကို တားဆီးလိုက်သည် " ကူယာရဲ့ အလိုလိုသိစိတ်က ဘယ်တော့မှ မမှားဘူး။ ပြီးတော့ ငါလည်း သူ့ဆီက အန္တရာယ်ကို ခံစားမိနေတယ်။ ငါတို့ သူ့ဆီက ကျောက်တုံးနက် ရရင် အကျိုးမြတ် ရတာပဲလေ။ နောက်တစ်ကြိမ် တွေ့ရင် ငါတို့နဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားလားတော့ မေးကြည့်ကြတာပေါ့။ စိတ်မဝင်စားရင်တော့ ပြဿနာနည်းလေ ကောင်းလေပေါ့ကွာ ... "

ရှီရှန်းက သခင်ပုဆိန်ကို နားမလည်စွာ ကြည့်လိုက်ပြီး သခင်ပုဆိန်ဆီမှ " ပြဿနာနည်းလေ ကောင်းလေ" ဟူသော စကားကို ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သည်။

.......................

" ရှင် ကျောက်တုံးနက် တစ်တုံးကို စိတ်စွမ်းအင် ကျောက်ချော ၂၅ တုံး ရလာအောင် လုပ်နိုင်ခဲ့တာကို တကယ် မယုံနိင်သေးဘူ " သူတို့ မှောင်ခိုဈေးကွက်နှင့် ဝေးလာသည့်အခါ ကျာချီက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

" ဘာလို့လဲ။ စီးပွားရေးဆိုတာ ညှိညှိနှိုင်းနှိုင်း လုပ်ရမှာပဲ မလား " မိုဝူကျီက ပြန်ဖြေလိုက်သည်။

ကျာချီက သက်ပြင်းချကာ " အဲဒီအိမ်ထဲမှာ သေတဲ့ ထိပ်တန်း ကျင့်ကြံသူ ဘယ်နှယောက် ရှိပြီ ထင်လဲ။ သူ့နာမည်ပြောင်ကိုက သခင်ပုဆိန် ပြီးတော့ အရမ်းအားကောင်းတယ်။ သာမာန်အခြေအနေအောက်မှာ သူက ညှိနှိုင်းမှု ခွင့်မပြုဘူးဆိုရင် ညှိနှိုင်းရဲတဲ့သူက အဲဒီအိမ်ကနေ အသက်ရှင်လျက် ထွက်မလာနိုင်တော့ဘူးလို့ ဆိုလိုတာပဲ .... "

" သူ မလုပ်ရဲပါဘူး " မိုဝူကျီက အေးဆေးစွာ ပြန်ဖြေလိုက်သည်။

မိုဝူကျီက ကျာချီ စကားများကို ယုံကြည်၏။ အကြောင်းမှာ သူ ထွက်သွားခါနီး ချောင်းမြောင်းတိုက်ခိုက်ခံလိုက်ရစဉ်က တန်းသိလိုက်ရသည်။ သို့သော်လည်း သူက သခင်ပုဆိန်က သူ့ကို ဘာမျှ မလုပ်ရဲသည်မှာ သူ အစီအရင်ပေါ် ရပ်ထားလိုက်ခြင်းက အစီအရင်အပေါ် နားလည်နိုင်စွမ်း ကောင်းနေကြောင်း ပြသနေခြင်းသာ ဖြစ်သည်။ သူ့ရွေ့ပြောင်းစွမ်းရည်ဖြင့် သခင်ပုဆိန်က သူ့ကို အချိန်တိုအတွင်း သတ်နိုင်မည် မဟုတ်ပေ။ သူက မိုဝူကျီကို တိုက်ခိုက်ဖို့ ကြိုးစားသရွေ့ မိုဝူကျီက သူ့အစီအရင်ကို ချက်ချင်း ဖော်ပစ်လိုက်လျှင် အားလုံးက ဤမှောင်ခိုဈေးကွက်ကို သိကုန်ပေလိမ့်မည်။

"...... " ကျာချီက ခဏတာ ဆွံ့အမိသွားသည်။

သူမနှင့် မိုဝူကျီတို့ ဆရာကြီးဖူကျိအိမ်အတွင်း ဝင်စဉ်က မိုဝူကျီ ပြောဖူးသည့်စကားကို အမှတ်ရလိုက်မိသည်။ ထို့အပြင် အိမ်ထဲ ရောက်ကတည်းက မိုဝူကျီသည် သူ့ကို သခင်ပုဆိန်ဟု လုံးဝ မခေါ်ဝေါ်ပေ။ ကျာချီက မိုဝူကျီသည် မည်သည့်အခြေအနေမဆို သူ့ကိုယ်သူ အခွင့်မသာသည့် အခြေအနေထဲ ကျရောက်စေမည့်လူ မဟုတ်မှန်း ကောင်းကောင်း သိလိုက်သည်။

" တာအိုရောင်းရင်းကျာ ... ကျုပ် တံခါးပိတ် လေ့ကျင့်ချင်တယ်။ ကျုပ် ပြီးသွားရင် တံခါးမှာ ဆိုင်းဘုတ်ချိတ်ပေးထားလိုက်မယ် " သူတို့က မိုဝူကျီ အိမ်နှင့် နီးလာပြီ ဖြစ်၍ မိုဝူကျီက သူ့အကြံကို ထုတ်ပြောလိုက်သည်။

ကျာချီက မိုဝူကျီ ကျင့်ကြံချင်နေမှန်း သိ၍ ခေါင်းညိတ်ကာ " ကျမက အာကာသ ရွှေကွေးကို သွားရှာဦးမယ်။ ပြီးတော့ သခင်ပုဆိန်တို့က ရှင့်ကို ပြဿနာလာရှာရင် ဆရာကြီးဖူကျိဆီ သွားလို့ ရတယ် .... "

" ကောင်းပါပြီ " မိုဝူကျီက ခေါင်းညိတ်ပြလိုက်သော်လည်း သူက သခင်ပုဆိန်တို့ကို မကြောက်ပေ။ သူ့စွမ်းအားဖြင့် သူသာ အပိတ်ခံ မထားရသရွေ့ သခင်ပုဆိန်မှာ သူ့နှင့် ယှဉ်ဖို့ရာ မဖြစ်နိုင်ချေ။

.......................................

သူ့အိမ်နေရာ ပြန်ရောက်ပြီးနောက် မိုဝူကျီက သီးခြားအစီအရင်နှင့် စိတ်စွမ်းအား ဖုံးကွယ်ရေး အစီအရင်တို့ကို ချက်ချင်း တပ်ဆင်လိုက်သည်။ စွမ်းအား စုစည်းခြင်း အစီအရင်ကို တပ်ဆင်ခြင်းက အနည်းငယ် အန္တရာယ်များသော်လည်း ပို၍ အားကောင်းလာစေရန် မိုဝူကျီက တစ်ခုတပ်ဆင်ရန် ဆုံးဖြတ်လိုက်တော့သည်။

အစီအရင်များအားလုံးကို တပ်ဆင်ပြီးနောက် မိုဝူကျီက မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများကို ပစ်ချလိုက်သည်။ ထိုကျောက်တုံးများမှာ သူ့ကျင့်ကြံဆင့်ကို နည်းနည်းသာ တိုးတက်စေလိုသော်လည်း သူ့အနေနှင့် လိုအပ်သေး၏။ အကြောင်းမှာ သူ့တွင် စိတ်စွမ်းအင် ကျောက်ချော အတုံး ၄၀၀ ကျော်သာ ရှိနေ၍ သူ့ကျင့်ကြံဖို့ရာ မြေကမ္ဘာအဆင့် စိတ်စွမ်းအင် ကျောက်တုံးများနှင့် ထည့်ပေါင်းလျှင် သူက စိတ်စွမ်းအင် ကျောက်ချောများကို ခြွေတာနိုင်ရုံသာမက ရလဒ်မှာလည်း သိသိသာသာ ခြားနားသွားမည် မဟုတ်ပေ။

ထိုအရာများ အားလုံးကို လုပ်ဆောင်ပြီးနောက် မိုဝူကျီက တန်းမကျင့်ကြံသေးဘဲ ကျောက်တုံးနက်ကို အရင်ထုတ်ယူလိုက်သည်။ သူက ထိုကျောက်တုံးနက်အတွင်းမှ တမူထူး အရှိန်အဝါများကို သတိမထားမိခင် ကျောက်တုံးနက်ကို လေ့လာကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ အကြောင်းမှာ သူက တစ်ခါမျှ ထိုသို့ အငွေ့အသက် အရှိန်အဝါမျိုးဖြင့် တစ်ခါမျှ မကြုံဖူးသောကြောင့် ဘာကြောင့် ထိုသို့ ဖြစ်နေမှန်း မသိပေ။

ယခု သူက အချိန်လုံလုံလောက်လောက် ရှိနေပြီ ဖြစ်၍ သူက ကျောက်တုံးနက်ကို အရင်ထုတ်ယူလိုက်သည်။

ကျောက်တုံးနက် သူ့လက်ထဲ ရောက်လာသည်နှင့် သူက ကျောက်စိမ်းကဲ့သို့ နွေးထွေးသည့် ခံစားချက်မျိုးကို ခံစားမိလိုက်သည်။ ထိုခံစားချက်မှာ စိတ်စွမ်းအင် ကျောက်ချောထက်ပင် ပို၍ သက်တောင့်သက်သာ ရှိသေးလေ၏။ သူ့စိတ်စွမ်းအား ကျောက်တုံးနက်အတွင်း ထိုးဖောက်သွားသောအခါ သူက ထိုကျောက်တုံးနက်ကို ဘာမှန်း သေချာမသိသေးဘဲ ဖြစ်နေသေး၏။ သူ နားမလည်နိုင်သည့် အားအလွန်ကောင်းသော အရှိန်အဝါ ထုတ်လွှင့်နေသော်လည်း ထူးဆန်းနေသေးသည်။

နှစ်နာရီအကြာတွင် မိုဝူကျီက ကျောက်တုံးနက်ကို သိမ်းထားလိုက်တော့သည်။ ထိုကျောက်တုံးနက်ကို ထုခွဲကြည့်ဖို့ရာ မည်သူမျှ မရဲကြသော်လည်း မိုဝူကျီအနေနှင့် လုပ်ရဲသော်လည်း မထုခွဲနိုင်သောကြောင့် ဖြစ်သည်။ ဤကျောက်တုံးနက်က သူ့ဆီမှာ ရှိနေသည့် ပစ္စည်းများထက်ပင် ပိုမာကြောနေပြီး ပညာရှင်နှလုံးသားကို အသုံးပြုလျှင်ပင် ခြစ်ရာလေးပင် ထင်မသွားချေ။

သူ့ကျောက်တုံးနက်ကို ဘယ်အတွက် အသုံးပြုစေကာမူ မာကြောမှု တစ်ခုတည်းဖြင့် သာမာန်အရာမဟုတ်ကြောင်း သက်သေပြနေလေပြီ။

...

" တာအိုရောင်းရင်း ကျာ ... ကြည့်ရတာ မင်း အသက်ရှည်ဂိုဏ်းကို မိုင်းတွင်းနေရာ လာမယူတာ တစ်လလောက် ရှိနေပြီပဲ ... " ကျာချီ အင်မော်တယ်တပိုင်း နယ်ပယ် အဝင်ပေါက်ကို ကျော်လာသည့်အချိန် အသံတစ်သံကို ကြားလိုက်ရသည်။

ကျာချီက ဘာဆိုဘာမျှ မပြောဘဲ သွားရာလမ်းကို ရပ်ကာ သူမရှေ့မှ ရပ်နေသော လန်ဟောင်ကို တိတ်တဆိတ် - ကြည့်နေလိုက်သည်။

လန်ဟောင်က ကျာချီ သဘောထားကို စိတ်ထဲ မထားသည့်အလား ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူက ကျာချီသည် မည်သို့ လူစားမျိုး ဖြစ်ကြောင်း သိ၍ သူမက သူ့ကို ကိစ္စများအား ရှင်းပြနေမည် မဟုတ်ပေ။ သူမက ရပ်လိုက်သည်မှာ သူ့ပြောစကား စောင့်ဆိုင်းနေရုံမျှသာ ဖြစ်၏။

" တာအိုရောင်းရင်းကျာချီ ... မိုင်းတွင်းနေရာတွေက မိုင်းတွင်း (က)၊ (ခ) နဲ့ (ဂ) .... "

လန်ဟောင် စကားမဆုံးခင် ကျာချီက ဝင်ဖြတ်ပြောလိုက်သည်် " ကျမနဲ့ ဘာဆိုင်လဲ "

"တကယ်လို့ မင်း စောစော ရောက်လာရင် မိုင်းတွင်း (ဂ) ထဲ ဝင်ခွင့် ရနိုင်တယ် " လန်ဟောင်က မြန်မြန် ရှင်းပြလိုက်သည်။

ကျာချီက အသာပြောလိုက်သည်် " အားနာပါတယ် .... ကျမက အခု သတ္တုရိုင်း ခိုးနေတာ မိုင်းတွင်းနေရာရဖို့ စိတ်မဝင်စားတော့ဘူး "

လန်ဟောင် အမူအယာမှ ပုံဆိုးပန်းဆိုး ဖြစ်သွားကာ " ကျာချီ ... မင်းက အသက်ရှည်ဂိုဏ်းသားလေ။ အားလုံး က မင်းလိုမျိုး ဖြစ်ကုန်ပြီးတော့ အသက်ရှည်ဂိုဏ်းကို မသွားတော့ရင် ဂိုဏ်းအတွက် ရှုပ်မထွေးလာဘူးလား။ တကယ်လို့ မင်းက အသက်ရှည်ဂိုဏ်းမှာ, မနေချင်တော့ရင် ထွက်သွားတာနဲ့ပတ်သတ်ပြီးတော့ ဘာမှ မပြောပါဘူး။ ဒါပေမဲ့ အသက်ရှည်ဂိုဏ်းထဲ ဆက်နေမယ်ဆိုရင်တော့ မိုင်းတွင်နေရာကို ပုံမှန်လာရွေးရမယ် "

ကျာချီက မိုင်းတွင်းနေရာ ရွေးချယ်မှု ရပ်တန့်လိုက်သောကြောင့် အသက်ရှည်ဂိုဏ်းအနေနှင့် သူမဆီမှ ကျောက်တုံးနက် မဝင်တော့ပေ။

"ဒီလိုဆိုမှတော့ ကျမ အသက်ရှည်ဂိုဏ်းကနေ ထွက်ပေးမယ် " ကျာချီက ချက်ချင်း ပြောလိုက်သည်။

ကျာချီက အသက်ရှည်ဂိုဏ်းမှ ထွက်သွားလိုသည်ကို ကြားသောကြောင့် လန်ဟောင်က ကြောင်အသွားသည်။ ဂိုဏ်းမှာ ထွက်သွားဖို့ရာ စိတ်စွမ်းအင် ကျောက်ချော ဆယ်တုံး ပေးချေဖို့ရာ လိုအပ်သောကြောင့် လူသစ်လေးအနေနှင့် မတတ်နိုင်သည့် ပမာဏ ဖြစ်သော်ငြား ကျာချီအနေနှင့် တတ်နိုင်ပေသည်။

" မိုဝူကျီရဲ့ သတင်း မကြားသေးဘူးလား " ရုတ်တရက်ဆိုသလို အသံတစ်သံကြောင့် ကျာချီက လှည့်ကြည့်မိလိုက်သည်။ သူမက မိုဝူကျီနှင့် တွဲဖက် ဖြစ်နေပြီ ဖြစ်သည့်အတွက် မိုဝူကျီက လူသစ်ဖြစ်ရာ သူ့ကို သိမည့်သူ များများစားစား မရှိလောက်ချေ။ ထို့အပြင် လန်ဟောင်က သူမရှေ့မှာ ရပ်နေသောကြောင့် မည်သူကများ မိုဝူကျီကို ရှာနေသနည်း။

" တာအိုရောင်းရင်း ကန်ရွယ် မစိုးရိမ်ပါနဲ့။ ကျုပ်တို့တွေ သူ့သတင်းသိတာနဲ့ ချက်ချင်း အသိပေးပါ့မယ်။ ဒါနဲ့ ဟုတ်သား ... မိုင်းတွင်းခွဲမဲ့ ကိစ္စက နောက်နှစ်ရက်နေရင် စမှာဆိုတော့ စောစောလာဦး "

ကျာချီ လှည့်ကြည့်လိုက်သည့်အခါ လေးထောင့်မျက်နှာပိုင်ရှင် အသားညိုညိုနှင့် တစ်ခေါင်းလုံးနီနေသည့် ခပ်ထွားထွား အမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက ထိုအမျိုးသားကို မသိသော်လည်း သူနှင့် ပြောနေသည့် ကျင့်ကြံသူကိုတော့ မှတ်မိပေသည်။ ထိုလူမှာ အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းမှ ဖြစ်ပေသည်။

" မိုဝူကျီကို ရှာနေတာလား " ကျာချီက မိုဝူကျီသည် မိတ်ဆွေတစ်ယောက်အတွက် ကျောက်တုံး ၁ ဆကို ချန်ထားလိုသည်ကို မှတ်မိလိုက်ပြီး ထိုလူမှာ မိုဝူကျီ ပြောနေသည့်မိတ်ဆွေလားဟု တွေးထင်မိလိုက်သည်။

" မင်း သူ့ကို သိလား " ကန်ရွယ်က အံ့ဩတကြီး မေးလိုက်သည်။

သူက မိုဝူကျီ အမုန်းတရားမှာ ကြီးမားလှရာ မိုဝူကျီကို ချောက်နက်ထဲတွင် ဘာမျှ မလုပ်လိုက်နိုင်ချေ။ ထိုကန့်သတ်ချက်များမှာ သူ့ကို ကန့်သတ်ထားသော်လည်း မိုဝူကျီအ‌ပေါ် သက်ရောက်မှု မရှိချေ။ ယခု သူက အင်မော်တယ်တပိုင်းနယ်ပယ်ဆီ ရောက်လာသောကြောင့် မိုဝူကျီကို လက်စားချေဖို့ရာ သေချာပေါက် ရှာရမည်။

" ကန်ရွယ် .. မင်း ညီလေးမိုကို ရှာမယ်ဆိုရင်တောင် မင်းက သူ့ပြိုင်ဖက် ဖြစ်ဖို့ ထိုက်တန်လို့လား။ အကူအညီတောင်းဖို့ စဉ်းစားမနေနဲ့။ ကျုပ်ကို မေးရဲရင်တော့ ကျုပ် လော့ချွမ်းဟယ်က မင်းကို အရင်ဆုံး သတ်ပစ်ရမှာပဲ " နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။

ကျာချီက နောက်မှ ရောက်လာသော ကျင့်ကြံသူကို လှည့်ကြည့်လိုက်သောအခါ ထိုသူမှာ နယ်လှည့်ကျင့်ကြံသူနှင့် တူကာ ပုံမှန်အတိုင်း ဝတ်ဆင်ထားသည်။ သို့သော်လည်း သူ့ခန္ဓာမှ လေးစားဖွယ်ကောင်းသည့် အရှိန်အဝါများ ထွက်ပေါ်နေသည်။

" ရှင်က မိုဝူကျီရဲ့ ရန်သူလား " ကျာချီက နောက်ဆုံးတွင် နားလည်သွားကာ ကန်ရွယ်ကို အေးစက်စက် ကြည့်ရင်း မေးလိုက်သည်။

ကန်ရွယ်က သရော်ကာ " အဲတော့ ဘာဖြစ်လဲ "

" ထွက်သွားစမ်း " ကျာချီ လက်တစ်ချက် အဝှေ့တွင် ကန်ရွယ်ဆီ အားကောင်းသည့် အငွေ့အသက်များ ရောက်ရှိလာသည်။ ကန်ရွယ်က သူ့ရင်ဘတ်ကို သံမဏိတူကြီးဖြင့် ထုရိုက်ခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူက သာမာန်ကျင့်ကြံသူများနှင့် မတူဘဲ သူ့ခန္ဓာကိုယ်တွင် သဘာဝစွမ်းအားများ စုစည်းထားသောကြောင့် ကျာချီဆီမှ ထွက်လာသော သဘာဝစွမ်းအားများကို ချေဖျက်နိုင်လိုက်သည်။

" ငါ့ကိုလာယှဉ်ရဲတယ်ပေါ့ သေစမ်း .... " ကန်ရွယ်က နှာခေါင်းရှုံ့ကာ သူ့သရဖူကို ဆွဲထုတ်ကာ ကျာချီဆီ ချီတက်လာသည်။

"တာအိုရောင်းရင်း ကန်ရွယ် အသက်ဆက်မရှင်ချင်တော့ဘူးလား " အင်မော်တယ်ဖွေရှာရေး အဖွဲ့အစည်းမှ ကျင့်ကြံသူက ဒေါသူပုန်ထနေသည့် ကန်ရွယ်ကို ဆွဲထားလိုက်သည်။

" သူမက အရင်လာရန်စတာလေ " ကန်ရွယ်က မကျေမနပ် ပြောလိုက်သည်။

အင်မော်တယ် ဖွေရှာရေး အဖွဲ့အစည်း၏ ကျင့်ကြံသူက ခေါင်းခါကာ ကန်ရွယ်မှာ ကျောက်တုံးနက် တူးယူရာ၌ ကျွမ်းကျင်အဆင့်သာ မဟုတ်လျှင် သူကဲ့သို့ အရူးမျိုးနှင့် စကားပြောဖို့ရာ စိတ်ထဲ ထားနေမည် မဟုတ်ပေ " သူမက လက်ကလေး ခါရုံပဲလေ ... ခင်ဗျား ကို မသတ်သလို လူသတ်ငွေ့လဲ မပါဘူး။ ခင်ဗျားကသာ မှော်လက်နက် ဆွဲကိုင်ထားတာ ... ခင်ဗျား အချိန်မရွေး လူသေ ဖြစ်သွားနိုင်တယ် .... "

ကန်ရွယ် စိတ်နှလုံးမှာ အေးစက်လာကာ အခြေအနေကို နားလည်သွားပေသည်။ သူက အင်မော်တယ်တပိုင်းနယ်ပယ်တွင် လူသစ်လေးသာ ဖြစ်၍ အခြားလူများလောက် ဤနေရာရှိ စည်းမျည်းများကို မသိသေးချေ။ သူက လှုပ်ရှားလိုက်ပြီး ထိုအမျိုးသမီး ရှောင်လိုက်သည်နှင့် သူက သေလူ ဖြစ်သွားပေလိမ့်မည်။ ထိုအမျိုးသမီးမှာ အမှန်ပင် အကြံကြီးပေသည်။

ကျာချီက သက်ပြင်းချလိုက်ပြီးနောက် လော့ချွမ်းဟယ်ဘက် လှည့်ကာ " ရှင်က မိုဝူကျီရဲ့ မိတ်ဆွေလား "

" ဟုတ်ပါတယ်။ တာအိုရောင်းရင်းက ညီလေးမိုနဲ့ သိနေတာလား " လော့ချွမ်းဟယ်က မေးလိုက်သည်။

" ကျမနဲ့သိတယ် ... ကျမ နောက် လိုက်ခဲ့ပါ " ကျာချီက ပြောပြီးနောက်တွင် လှည့်ကာ အင်မော်တယ်တပိုင်းနယ်ပယ်ထဲ ဝင်သွားတော့သည်။

Okumaya devam et

Bunları da Beğeneceksin

771K 33.5K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
188K 34.4K 200
sequel of Book 4 Author - Goosefive
35K 2.1K 33
Unicode ကြည့်​တော့သာ ကြိုးကမျှင်​တယ်​ထင်​ရတာ အရမ်းခိုင်​မာတာဘဲ