[တကယ် မဆိုးဘူးပဲ]
သွမ့်ယောင်ကတော့ တံခါးနောက်ကွယ်၌ ပုန်းကာ ခေါင်းအနည်းငယ်ဖော်ထားရုံမျှသာ ချောင်းနေ၏။ မိမိဆရာဖြစ်သူနှင့် ထိုအဘိုးအိုတို့ တကယ်ရန်သတ်လာကြလျှင် ထွက်ပဲပြေးရမလား၊ ၀င်ပဲ ဆွဲရမလား သူမပြောတတ်သေး။
နန်မော်ယဲ့က ထိုအဘိုးအိုအား ငြိမ်သက်စွာ အတန်ကြာ ထိုင်ကြည့်နေ၏။ ထို့နောက်ရုတ်ရက် ချက်ချင်းကြီး စတင်တိုက်ခိုက်လိုက်၏။
သွမ့်ယောင်မျက်နှာ လုံး၀ဖြူဆုတ်သွားကာ အမြန်ပင် ၀င်သွားတော့သည်။ ထိုအဘိုးအိုကတော့ တစ်လက်မမှပင် မရွေ့။
နဖူးတည့်တည့်ကို လက်ဝါးစောင်းဖြင့် ခုတ်ရိုက်ပစ်ခါနီး ကပ်သီလေးမှာပင် နန်မော်ယဲ့က မိမိလက်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သွမ့်ယောင်လည်း အမြန်ပင် ဆရာဖြစ်သူကို ဆွဲဖက်ပြီး ထိန်းထားလိုက်လေသည်။
ရှစ်ဖူးရေ.....စိတ်အေးအေးထားပါဦးဗျ။
"အသင်က သူရဲကောင်းနန်ဆိုရင် ဒီသခင်လေးက ရှီးနန်ရဲ့ သွမ့်ရှောင်၀မ်ရယ်ပဲဖြစ်ရမယ်။ ဒါဆိုရင် အရင်ရက်က လာတဲ့တစ်ယောက်တော့ ရှီးနန်၀မ်ပဲဖြစ်ရမယ်"
"ခင်ဗျား တကယ် ဘာမှမသိတာလား။ဘာရည်ရွယ်ချက်ရှိလို့ ဒီလိုမျိုးတွေလုပ်နေသလဲဆိုတာကို ချက်ချင်းထုတ်ပြောလိုက်စမ်း"
နန်မော်ယဲ့က သူ့အား စစ်ဆေးမေးမြန်းလာ၏။
"ဘာရည်ရွယ်ချက်မှ မရှိပါဘူး။ ဒါပေမယ့် သွမ့်၀မ်တစ်ယောက် လေးနက်သိပ်သည်းလှတဲ့ အချစ်မျိုးနဲ့ ချစ်တတ်နေတာကို မြင်ရတော့ အတော်လေး သဘောကျသွားရုံတင်ပါ။ ရွှေချည်ပိုးကောင်ကို အဆိပ်မဖြေပေးနိုင်ပေမယ့် ဖန်ရှင်းကစားကွက်ကိုတော့ နိုင်အောင် သင်ပေးတတ်ပါတယ်။ ကံကြမ္မာက ကူညီဖို့ အခွင့်မပေးပေမယ့် သွယ်ဝိုက်သောနည်းနဲ့ တစ်တပ်တစ်အားများ အကူအညီဖြစ်မလားပေါ့"
နန်မော်ယဲ့ ပိုလို့တောင် တုံ့ဆိုင်းလေးလံသွား၏။
"သင်မလား ၊ မသင်ဘူးလား"
အဘိုးအို၏အမေးစကားကို သွမ့်ယောင်ခမျာ 'သင်ပါ့မယ်ခင်ဗျ'ဟု အားပါးတရကြီး အော်ပစ်လိုက်ချင်သော်လည်း - လုပ်လို့မရ ၊ ရှစ်ဖူးရှိနေသည်။
နန်မော်ယဲ့က ကျောက်တုံးစားပွဲပေါ် ပြန်ထိုင်လိုက်ကာ -
"သင်မယ်။ တပည့်ငယ်လေးကို ပေးမသင်ဘူး၊ ကျုပ်ကိုသာ သင်ပေး"
"....."
အင်၊..... ဟုတ်သားပဲနော်။ ဒီလိုဆိုလည်း ရသားပဲ။
ထိုအဘိုးအိုက ခေါင်းခါလိုက်ပြီး ချက်ချင်းငြင်းလိုက်သည်။
"ဖန်ရှင်းစစ်တုရင်ကို အနိုင်ယူနိုင်ဖို့ဆိုတာ အကြားအမြင်အာရုံ စူးရှကြည်လင်နေရမယ်၊ နှလုံးသားကလည်း ဖြူစင်ကြည်လင်နေရမယ်၊ ရိုးသားဖြောင့်မတ်နေရမယ်"
"ဒီမှာ......စောနစကားက ခင်ဗျားကိုယ်ခင်ဗျား သွယ်ဝိုက်ပြီး ချီးကျူးနေတာလား၊ ကျုပ်ကိုပဲ သွယ်ဝိုက်ပြီးဖဲ့နေတာလား"
သွမ့်ယောင် - "......."
ဟင်၊ ကျွန်တော့်ကို ချီးကျူးနေတာလို့ ယူဆလို့ရော မရဘူးလား။
"မသင်ချင်ဘူးဆိုလည်း ပြန်သွားလိုက်ပါတော့"
"ရွှေချည်ပိုးကောင်နဲ့ ဖန်ရှင်းစစ်တုရင်ကွက်နဲ့ ဘယ်လိုများ ပတ်သက်နေလို့လဲ"
"ရွှေချည်ပိုးကောင်နဲ့ ဘာမှ ပတ်သက်မှုမရှိဘူး။ဒါပေမယ့် ထျဲန်းချန်ရှားနဲ့ ဆက်နွယ်မှုရှိတယ်။ တခြားကိစ္စကတော့ အများကြီးပြောပြလည်း အကျိုးမရှိတာမို့ သူရဲကောင်းနန် ဆက်မမေးပါနဲ့တော့"
သွမ့်ယောင် အတော်ပင် စိတ်လှုပ်ရှားပျော်ရွှင်သွား၏။ မည်သို့ပင်ကြည့်ကြည့် မိမိရှေ့က အဘိုးအိုမှာ ဆရာဖြစ်သူထက်တော့ အဆများစွာ ယုံကြည်ကိုးစားချင်စဖွယ်ကောင်းသည်တော့အမှန်။
တကယ် အားကိုးရတယ်၊
တကယ်အားကိုးရတယ်။
နန်မော်ယဲ့ ဘ၀တစ်သက်တာတွင် သူ အမြင်အကတ်ဆုံး လူစားနှစ်မျိုးရှိ၏။တစ်မျိုးက လျှို့ဝှက်နက်နဲသော အကြံဆိုးအကြံဝှက်ရှိသူများဖြစ်ပြီး နောက်တစ်မျိုးကတော့ မိမိပိုင်သော ပစ္စည်းများကို လာရောက်လုယူသူ။တိုက်ဆိုင်စွာပင် ဤသေချင်းဆိုးဘိုးတော်ကြီးမှာ အချက်နှစ်ချက်စလုံးနှင့် ကိုက်ညီပြည့်စုံနေပေ၏။သို့သော် ထုထောင်းရိုက်ပုတ်လို့လည်းမရ။
အတန်ကြာ စဥ်းစားချင့်ချိန်လိုက်ပြီးနောက် နန်မော်ယဲ့ ဆိုလာ၏။
"ယောင်အာကို ပေးသင်လို့လည်းရပါတယ်၊ ဒါပေမယ့် ကျုပ်လည်း ဘေးမှာအမြဲ ထိုင်ကြည့်နေမှာနော်"
"ရပါတယ်"
ထိုအဘိုးအိုက မဆိုင်းမတွပင် လက်ခံလိုက် လေ၏။
သို့သော် နန်မော်ယဲ့ကတော့ တစ်စက်မှ စိတ်သက်သာရာမရ၊ ပိုလို့ပင် စိတ်များကျဥ်းကျပ်လေးလံနေပေ၏။ နားနေဆောင်ပြန်ရောက်သည့်တိုင်အောင် စိတ်များနောက်ကျိနေဆဲပင်။
********
"ရှစ်ဖူး"
သွမ့်ယောင်က သတိကြီးစွာထားရင်း တံခါးခေါက်လိုက်ပြီး ၀င်လာကာ သူ့ဘေးနား လာထိုင်သည်။ လုံး၀ရိုးသားပြီး အပြစ်ကင်းသောရုပ်ကလေးနှင့်။နန်မော်ယဲ့ကတော့ အတော်ပင် ခက်ထန်ကြမ်းကြုတ်နေသည်။
"ကျွန်တော် တခြားဆရာတစ်ယောက်ဆီမှာ တပည့်အဖြစ်ခံယူမှာမဟုတ်ပါဘူး၊ နောင်တော်ဆိုရင်လည်း လုပ်မှာမဟုတ်ဘူး။ သိုင်းကျင့်စဥ်တစ်ခုလေးပဲဟာ၊ စိတ်မပူပါနဲ့"
နန်မော်ယဲ့လည်း တပည့်ငယ်လေး၏ ခေါင်းကို အသာပွတ်သပ်ပေးလိုက်သည်။
အေး၊ အေး.....ခုတော့ နေဦး။ သင်ပြီးလို့ကတော့ အဲ့ဘိုးတော်နဲ့ တစ်ပွဲတစ်လမ်းလောက် သွားနွှဲမှာဗျား။
******
ပန်းဥယျာဥ်ထဲတွင် အတော်ပင် လေကောင်းလေသန့်ရနေရာ စိတ်အစဥ်အား ကြည်လင်ချမ်းမြေ့လှစေ၏။ ချူယွမ်က ဥယျာဥ်ထဲကဇရပ်ဆောင်လေးထဲ နားနေရင်း မျောလွင့်နေသော တိမ်တိုက်များအား လိုက်ကြည့်နေသည်၊ တစ်ခုခုကို လေးနက်စွာ တွေးတောနေသည့်အလား။
သွမ့်ပိုင်ယွဲ့က သစ်ရွက်တစ်ရွက် လှမ်းဆိတ်လိုက်ကာ မေးလာ၏။
"ကလေးလေး နားထောင်ဖို့ သီချင်းလေးနဲ့ ချော့သိပ်ပေးရင်ကောင်းမလားနော်"
"အမယ်၊ မင်းက သူများတွေလို သစ်ရွက်လေးနဲ့ သီချင်းဖြစ်အောင် မှုတ်တတ်တယ်ပေါ့"
ချူယွမ် ရယ်ချင်မိသွား၏။
"အင်း။ ငယ်ငယ်တုန်းက ဆော့ဖူးတယ်၊ ကြီးလာတော့လည်း ဘယ်လိုလုပ်ရမယ်မှန်း မေ့တော့မမေ့သေးဘူး"
သွမ့်ပိုင်ယွဲ့က နှုတ်ခမ်းထက် သစ်ရွက်လေးကို တေ့ထားကာ ခပ်တိုးတိုးလေး မှုတ်ကြည့်လိုက်၏။ အသံက ပြတ်တောင်းပြတ်တောင်းနှင့် ပျောက်ပျောက်သွားသည်၊ သို့သော် သံစဥ်တစ်ခုအနေနှင့် ထွက်ပေါ်လာ၏။
ထိုအခါကျမှ ချူယွမ်ကလည်း အတော် စိတ်၀င်စားသွားကာ -
"ငါ့ကိုသင်ပေး"
"ဧကရာဇ်တစ်ပါးလုံးဖြစ်နေပြီးတော့ ရိုးရာတေးတွေ လိုက်မှုတ်နေစရာလား"
ချူယွမ်က သူ့လက်ထဲမှ သစ်ရွက်လေးကို ဆတ်ခနဲ လုယူလိုက်ပြီး မိမိဘာသာ မိမိ မှုတ်ကြည့်လိုက်၏။
မည်သည့်အသံမှ ထွက်မလာ။
သွမ့်ပိုင်ယွဲ့ကတော့ သူ့အား ပြုံးပြုံးကြီး ထိုင်ကြည့်နေ၏။
"မသင်တော့ဘူး"
"နှုတ်ခမ်းကို ဒီလိုလုပ်ရတယ်"
သွမ့်ပိုင်ယွဲ့က ချူယွမ့်အနားကပ်သွားကာ လုပ်ပြ၏။ ချူယွမ်ကတော့ အလိုလို နောက်ဆုတ်မိလျက်သား။
"ဟောဗျာ...ကိုယ် တကယ်သင်ပေးမလို့လေ"
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်အုပ်အား လက်ညှိုးဖြင့် အသာ တွန်းထား၏။ထို့နောက် ယုံတစ်ဝက်မယုံတစ်ဝက်နှင့် နှုတ်ခမ်းကို သွမ့်ပိုင်ယွဲ့လုပ်ပြသည့်အတိုင်း လိုက်ဆူကြည့်သည်။
သွမ့်ပိုင်ယွဲ့ ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရ၏။
ချူယွမ် - "....."
"အရှင် -"
အပြေးလေး ရောက်သော ရှစ်ဇီခမျာ လမ်းခုလတ်မှာပင် ရပ်တန့်သွားရရှာ၏။
အမလေး၊ သူတို့ မနမ်းလိုက်ရသေးလို့သာ တော်သေးတာပေါ့။
"အဟမ်း"
သွမ့်ပိုင်ယွဲ့က ရှစ်ဇီအား ကျောပေးလိုက်ကာ မေးစေ့ကိုသာ အရှက်ပြေ ပွတ်နေ၏။
"အရှင်မင်းမြတ်"
ရှစ်ဇီခမျာ ချက်ချင်းပင် ဒူးထောက်ထိုက်ချလိုက်လေ၏။
"ရပါတယ်၊ ရှစ်ဇီ ထလိုက်ပါ"
ချူယွမ် ခေါင်းအနည်းငယ်ကိုက်သွားလေ၏။
စောနက သူပြောတိုင်း လိုက်လုပ်နေရအောင် ငါ့ကို သရဲများ ၀င်ပူးလိုက်လ်ို့လား၊ တကယ်ပါပဲ။
"ကျေးဇူးကြီးလှပါတယ် အရှင်မင်းမြတ်။ ပုရောဟိတ်အမတ်မင်း အခစား၀င်ဖို့ လာနေကြောင်းပါ"
ရှစ်ဇီက ထလိုက်ပြီး သံတော်ဦးတင်လာတော့ သွမ့်ပိုင်ယွဲ့ မျက်မှောင်ကြီး ကြုတ်သွား၏။
အား၊ ဘာလို့ အဲ့ဘိုးတော်ကြီး ဖြစ်ရပြန်တာလဲကွာ။
ချူယွမ်က သွမ့်ပိုင်ယွဲ့အား ဥယျာဥ်တော်ထဲက တောင်ပို့အသေးစားလေးနောက် သွားပုန်းရန် အချက်ပေးလိုက်ပြီးမှ ပုရောဟိတ်အမတ်ကြီးကို ဆင့်ခေါ်လိုက်သည်။
"၀င်လာခိုင်းလိုက်တော့"
ရှစ်ဇီကုန်းကုန်းခမျာ အတော်ပင် စိတ်ညစ်ညူးနေသည့်ဟန်။
"ဟင်၊ ဘာဖြစ်လို့လဲ"
"၀တ်လဲတော်....အရှင့်၀တ်လဲတော်ကို ကျွန်တော်မျိုး ပြန်ပြင်ပေးပါရစေ ဘုရား။ အတော်လေး ဖရိုဖရဲဖြစ်နေလို့ပါ"
ချူယွမ် - "....."
ရှစ်ဇီခမျာ ခေါင်းငုံ့လျက်သား ၀င်လာပြီး ချူယွမ့်လည်ပင်းထက်က အင်္ကျီစကို အသာညှိပေးလိုက်၏။ ထိုကိုက်ရာခဲရာ အနမ်းရာများကို လူမမြင်အောင် ဖုံးဖိထားနိုင်ပြီဟု သေချာလောက်သည့်အထိ ဖုံးဖိပေးထားလိုက်၏။
ဒီမနက် မျက်နှာသစ်ရေ သွားဆက်သတုန်းကတောင် မတွေ့မိပါဘူး။ ရှီးနန်၀မ်ကတော့ တကယ်ပါပဲ.... သေချာလည်း သတိမထားပေးဘူး။
ချူယွမ်ကတော့ ထိုတောင်ပို့ဘက်ရှိရာသို့ မျက်စောင်းထိုးနေပြီဖြစ်သည်။
သွမ့်ပိုင်ယွဲ့ကတော့ ဘာဆိုဘာမှ မသိသော အပြစ်ကင်းစင်လှသည့် မျက်နှာထားဖြင့် ဝေဟင်ထက်အား ခေါင်းလေးမော့ကြည့်နေလျက်။
******
ထို့နောက် ခဏကြာတော့ ပုရောဟိတ်အမတ်မင်း ရောက်လာ၏။
"အရှင်မင်းမြတ်"
"ဘာကိစ္စပေါ်လာလို့ပါလဲ ၊ပုရောဟိတ်အမတ်မင်း"
ထောင်လျဲန်တာက ဒူးတုပ်ဝပ်တွားလိုက်ကာ ပျာပျာသလဲ လျှောက်တင်လာ၏။
"ကျွန်တော်မျိုး အစွမ်းအစ ကင်းမဲ့လွန်းပါတယ် အရှင်။ လာရင်းအကြောင်းကိစ္စကတော့ အရင်တစ်ခေါက်လို တစ္ဆေခြောက်လှန့်တဲ့အကြောင်းပါပဲ၊ ဒီရက်ထဲမှာ တာ့လီရုံးတော်ကလည်း စုံစမ်းစစ်ဆေးနေတယ်ဆိုပေမယ့် သဲလွန်စရတာ အင်မတန်မှ နည်းပါးလွန်းပါသေးတယ်။ ပြီးတော့ မနေ့ညက....မနေ့ညက လူသတ်မှုနောက်တစ်ခု ထပ်ဖြစ်ပါသေးတယ်၊ သေဆုံးသူက မုန့်ရောင်းတဲ့ဆိုင်ရှင်ပါဘုရား"
ချူယွမ် မျက်နှာ အနည်းငယ်မဲ့သွား၏။
"ဒီလောက်ရက်အကြာကြီး စုံစမ်းလာတာတောင် အကြီးဆုံးရထားတဲ့သဲလွန်စဆိုလို့ စေတီဟောင်းကိစ္စပဲရှိပါတယ်ဘုရား။ အဲ့နေရာက အရင်ကတည်းကကို အမင်္ဂလာနေရာပါ၊ မြို့သူမြို့သားတွေကလည်း အမြဲ ရှောင်ကွင်းသွားလာတတ်ကြပါတယ်၊ ဒါပေမယ့် ခုရက်ပိုင်းမှာတော့ အဲ့ထဲမှာ တစ်ခုခုရှိနေတဲ့၊ လှုပ်ရှားနေတဲ့ပုံစံမျိုး တွေ့ရပါတယ် အရှင်မင်းမြတ်"
"အထဲဘက်ကို ၀င်စစ်ကြည့်သေးလား"
"ကျန်းဟွိုင်လည်း သူ့တပ်သားတွေခေါ်ပြီး နှစ်ခေါက် သွားစစ်ပြီးကြောင်းပါ၊ ဘာသဲလွန်စမှ ထပ်ရမလာခဲ့ကြောင်းပါ"
"အခုတော့ မြို့သူမြို့သားတွေစောင့်ရှောက်ပေးဖို့ ပေယင်းတပ်ဖွဲ့ကို အရင် ဆင့်ခေါ်လိုက်ပါ"
"အမိန့်တော်မြတ်အတိုင်းပါဘုရား"
ချူယွမ်က အတန်ငယ် တွေးတောနေပြီးမှ -
"မိစ္ဆာချုပ်စေတီ....။ အဲ့ထဲမှာ တစ်ခုခုရှိနေမှန်း ဘယ်သူတွေ့လိုက်လဲ"
"မြို့သူမြို့သား အတော်များများ တွေ့ကြပါဘုရား။ ၀တ်ရုံဖြူဖြူနဲ့ ဆံပင်နက်ကြီးနဲ့လို့ပြောပါတယ်။ အတော်လေး ကြောက်ဖို့ကောင်းပါတယ်တဲ့။ အခုဆိုရင် အဲ့စေတီနားတစ်ဝိုက်က စျေးဆိုင်တွေအားလုံး ပိတ်ထားကြတာပါ။ ဘယ်သူကမှ အဲ့စေတီအနား သွားမကပ်ရဲတော့ပါဘူးဘုရား"
"ဟုတ်ပါပြီ၊ အခုတော့ အမတ်မင်း ပြန်သွားလိုက်ပါ။ ညနေစောင်းကျရင် ကျန်းဟွိုင်နဲ့ ရွှေး၀မ်ထောင်းဝ်ကို အခစား၀င်ခိုင်းလိုက်မယ်၊ ကုန်းဖေးလော့ပြန်ရောက်နေရင်လည်း သုံးယောက်စလုံးသာ ခေါ်လာပြီး အခစား၀င်ခိုင်းလိုက်တော့။ အဲ့တစ္ဆေကို ဖမ်းမိတာမဖမ်းမိတာ အဓိကမဟုတ်ဘူး၊ မြို့သူမြို့သားတွေအပေါ် အန္တရာယ်မကျရောက်ဖို့က ပိုအရေးကြီးတယ်"
"မှန်လှပါ၊ ကျွန်တော်မျိုးနားလည်ပါပြီ"
ထောင်လျဲန်တာလည်း အမိန့်ကို ရိုကျိုးစွာနာခံယူလိုက်ကာ နှုတ်ဆက်ဂါရ၀ပြုပြီး ပြန်ထွက်သွားလေ၏။
သွမ့်ပိုင်ယွဲ့လည်း ထိုတောင်ပို့နောက်မှ ထွက်လာလိုက်သည်။ချူယွမ်က ချက်ချင်း သူ့ဘက် လှည့်ကြည့်လာ၏။
"ကိုယ် အရင်ကပြောဖူးတဲ့ ကမ်းလှမ်းချက်ကို ဘယ်လိုသဘောရလဲ။ ဟိုဘက်ကလူက လန်ဂျီးဆိုတာ ကိုယ်တော့ တော်တော်သေချာနေပြီ။ သူသာမှန်နေရင်တော့ ကိုယ့်ကိုသာ ငါးစာအဖြစ် သုံးပြီး မျှားယူလိုက်၊ ဒီနည်းကမှ အလွယ်ဆုံးနည်းလမ်းပဲ"
"ဘာကိစ္စ မင်းကို ငါးစာပေးဖြစ်ခိုင်းမှာလဲ"
ချူယွမ်မျက်နှာမဲ့သွား၏။
"ကိုယ် အပြောမှားသွားတာပါကွာ၊ ဒါပေမယ့် ကိုယ် ဘာဆိုလိုမှန်း နားလည်တယ်မလား"
သွမ့်ပိုင်ယွဲ့လည်း အလိုက်သိစွာ ဖျောင်းဖျပြောဆိုလာ၏။
"ထားလိုက်ပါ၊ ခဏနေ ငါ့မှူးမတ်တွေနဲ့ တိုင်ပင်ဆွေးနွေးပါရစေဦး။ဆွေးနွေးပြီးခါမှ ဆုံးဖြတ်ချက်ချလိုက်ရင်လည်း နောက်မကျသေးပါဘူး"
"ရတယ်လေ"
"ကြည့်ပါဦး၊ ပြဿနာတွေက တစ်ခုပြီးတစ်ခုပေါ်လာပြန်ပြီ"
ချူယွမ်က သက်ပြင်းမောချရင်း ညည်းတွားလိုက်ကာ သွမ့်ပိုင်ယွဲ့ပါးပြင်အား ထိတွေ့ပွတ်သပ်လိုက်ရင်း ဆက်ဆိုလာ၏။
"အေးအေးဆေးဆေး နေခွင့်ကိုမရဘူး"
သွမ့်ပိုင်ယွဲ့က ချူယွမ့်ပခုံးအား ပြန်နှိမ့်ချပြီး ပြန်ထိုင်ခိုင်းလိုက်သည်။
"ကိစ္စတိုင်းကို ကိုယ့်တာ၀န်ထားပါဆိုနေ၊ ကိုယ်ရှင်းပေးမယ်လို့ ပြောဖူးပါ့ကော ၊ မင်းကမှ လက်မခံတာ။ ပြန်ထိုင်နေ၊ ပခုံးနှိပ်ပေးမယ်"
"ဧကရာဇ်ဖြစ်နေမှတော့ ဘယ်လိုလုပ်ပြီး အမှုကိစ္စတိုင်းကို မင်းကိုပဲ လွှဲပေးလို့ဖြစ်မတုန်း"
"မိသားစု၀င်အချင်းချင်းကို လွှဲအပ်ပေးလို့လည်း မရဘူးပေါ့"
ချူယွမ် ရယ်ချင်သွားကာ သွမ့်ပိုင်ယွဲ့အား လှည့်ကြည့်လာ၏။
"မင်းကို ဘယ်သူကများ ကိုယ်တော်မြတ်ရဲ့ မိသားစု၀င်လို့ ဘယ်သူသတ်မှတ်ပေးလိုက်သတဲ့လဲ"
"ဟင်၊ ဟိုကိစ္စဒီကိစ္စတွေကိုတောင် အတူတူလုပ်ဖူးသွားပြီပဲ။ ဒါတောင် ကိုယ့်ကို အနောက်မောင်းမဆောင်ထဲ ၀င်ခွင့်မပြုသေးဘူးလား"
သွမ့်ပိုင်ယွဲ့က ပြောပြောဆိုဆို ချူယွမ့်ခါးကို နောက်ဘက်မှ ရစ်တွယ်သိုင်းဖက်လိုက်ကာ မေးကို ပုခုံးထက် တင်ထားလိုက်ပြီး -
"အနည်းဆုံးတော့ နောက်သုံးလေးလလောက်ထိ အကြင်နာတရားတွေ မျှပေးလှည့်ပါဦးလား၊ အရှင်မင်းမြတ်ဘုရား။ ညတိုင်းညတိုင်း ဂီတသံစဥ်နဲ့အတူ နှစ်ယောက်သားလိုက်ပါစီးမျော ပျော်ပါးကြဦးမယ်လေ၊ နည်းနည်းကြာပြီးခါမှ ကိုယ့်ကို အေးဆေး ဥပေက္ခာပြုရမှာမဟုတ်ဘူးလား။ ၀တ္ထုတွေထဲမှာဆို အဲ့လိုပဲ ရေးထားကြတာကို"
ချူယွမ်က သွမ့်ပိုင်ယွဲ့လက်များအား ကိုင်ထားလိုက်ကာ -
"နောက်သုံးလေးလထိ မျှော်နေသေးတယ်၊ နောက်ဆယ်ရက်နေရင် မင်း ပြန်ရတော့မှာမဟုတ်ဘူးလား"
"ရက်နည်းနည်းလောက် နောက်ကျပြီးပြန်လည်း ဘာမှမဖြစ်ပါဘူး"
"အတင့်ရဲနေတယ်ပေါ့"
သွမ့်ပိုင်ယွဲ့က ပို၍ တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်သည်။
"ဟင့်အင်း၊ မလုပ်ရဲပါဘူး။ ကောင်းပါတယ်၊ ကောင်းပါတယ်၊ ဆယ်ရက်ဆိုလည်း ဆယ်ရက်ပေါ့"
ချူယွမ်က သွမ့်ပိုင်ယွဲ့ရင်ခွင်ကျယ်ကြီးထဲ အသာမှီနေလိုက်ကာ တိုးလျတည်ငြိမ်စွာ ဆိုလာ၏။
"သိလား၊ ငါတော့ နောက်အနှစ်နှစ်ဆယ်ကို ကြိုပြီးမျှော်နေမိပြီ"
သွမ့်ပိုင်ယွဲ့နှလုံးသားတစ်ခုလုံး အောင့်တက်သွား၏။
"ဟင်"
တစ်ဖက်က ဘာတုံ့ပြန်သံမှမလာ၊လုံး၀လည်း မလှုပ်ရှားတော့သည်မို့ ချူယွမ် စိတ်ထင့်သွား၏။
"ကိုယ် ဒီထက် အသက်ရှည်ရှည် နေသွားပါ့မယ်လို့ ကတိပေးတယ်။ နောင် အနှစ်နှစ်ဆယ် ကုန်သွားပြီးတဲ့နေ့ကျရင် မင်းရဲ့ဘ၀တစ်၀က်စာ ဆုံးရှုံးခဲ့သမျှတွေကို ပြန်လျော်ပေးပါ့မယ်"
"ကောင်းတယ်"
ချူယွမ် ပြုံးရွှင်နေ၏။
အေးမြသော လေပြေနုလေးက သူတို့နှစ်ဦးအား ဖြတ်သန်းတိုက်ခတ်သွား၏။ ရှုခင်းကရော စိတ်အစဥ်ကပါ နူးညံ့သိမ်မွေ့ကာ အေးချမ်းငြိမ်သက်နေလျက်။
ရှီးနန်၀မ် တကယ်မပြန်ရသေးရင် ပိုကောင်းမှာပဲ။
အပြင်မှ ရပ်စောင့်နေသော ရှစ်ဇီလည်း ထိုသို့ တွေးဖြစ်နေလေ၏။
ဒီရက်ပိုင်းလေးအတွင်းမှာကို အရှင်မင်းမြတ်က နောက်လူတစ်ယောက်လိုကို လုံးဝ ပြောင်းလဲသွားသလိုပဲ။
******
"အသင် ဘာလာလုပ်တာလဲ"
တော်၀င်စာကြည့်ဆောင်နားတွင် ဧကရာဇ်ချူအား အခစား၀င်ရန် လမ်းသွယ်တစ်နေရာတွင် ရပ်စောင့်နေသည့် ထောင်လျဲန်တာကအမတ်မင်းလျိုအား မြင်တော့ မေးမြန်းလိုက်၏။
လျိုတာ့ကျုံ့က အတော်ပင် စိုးရိမ်ပူဆွေးနေသည့်ဟန်ဖြင့် -
"မြို့ထဲ ဒီလောက်ပြဿနာတက်နေတာကို၊ နည်းနည်းလောက် အခြေအနေလာကြည့်ခွင့်လေးတောင် မပေးချင်ဘူးလား"
"သွား သွား၊ ကိုယ့်အလုပ်ကိုသာ သွားလုပ်ချေ"
ထောင်လျဲန်တာလည်း စိတ်နှလုံး ထွေပြားကာ ယောက်ယက်ခတ်လျက်။လျိုတာ့ကျုံ့ကတော့ ခေါင်းခါနေမြဲ။
"ဒီရက်ပိုင်းအတွင်းက လေထဲမှာတောင် ဓားပျံတွေပါနေသလား အောက်မေ့ရတယ်၊ ဘယ်သူ့ကို ဘယ်သူနဲ့အောင်သွယ်ပေးဖို့ဆိုပြီး ဘာစိတ်ကူးမှ မရှိအားသေးဘူး"
ထောင်လျဲန်တာခမျာ သူ့အား ထိုင်ရှိခိုးပြီးတောင်းပန်ချင်သွားလောက်အောင် စိတ်ကုန်သွား၏။
"မေးပါရစေဦး၊ အမတ်မင်းလျိုရဲ့အလုပ်တာ၀န်က အောင်သွယ်တော်တာ၀န်ကြီးပဲ ရှိတာလား"
"ဟင်....အဲ့အလုပ်မဟုတ်ဘဲ တခြားဘာလုပ်စရာရှိသေးလို့လဲ"
"......"
"အမတ်မင်းနှစ်ပါးခင်ဗျာ၊ ကျွန်တော်မျိုးတို့ တော်၀င်စာကြည့်ဆောင်ရှေ့ ရောက်နေပါပြီ"
ဘုရင့်ကိုယ်ရံတော်တပ်ဖွဲ့၏ ဒုတပ်မှူး ကျန်းဟွိုင်က လှမ်း၍ သတိပေးလိုက်ခြင်းဖြစ်၏။
"ကြားလား ....လောင်ထောင်။ ဒုတပ်မှူးကျင်းကတောင် အားအားရှိစကားများတဲ့အသင့်ကို စိတ်ကုန်နေပြီတဲ့"
"ကျွန်တော်မျိုး အဲ့လိုရည်ရွယ်ချက်နဲ့ ပြောလိုက်ခြင်းမဟုတ်ကြောင်းပါ"
"အေးပါဟ အေးပါ၊ အားလုံး ပါးစပ်ပိတ်ထားလိုက်ကြပါတော့"
ထောင်လျဲန်တာတစ်ယောက် အတော်ပင် ခေါင်းခဲနေပေ၏။ စာကြည့်ဆောင်အတွင်းထဲရောက်သွားတော့ အစီရင်ခံစာများနှင့် အလုပ်ရှုပ်နေသော ချူယွမ်က သူတို့ရှိရာသို့ မော့ကြည့်လာပြီး -
"ဟင်...အမတ်မင်းလျိုက ဘာလို့လိုက်လာတာလဲ"
"မြို့ထဲမှာ ပြဿနာတက်နေတော့ ကျွန်တော်မျိုးဘက်ကနေ ဘာများကူညီပေးလို့ရလောက်လဲဆိုပြီး - "
"အင်း၊ ကောင်းသားပဲ"
ချူယွမ် ခေါင်းညိတ်လိုက်၏။
ကျန်းဟွိုင်၏ မျက်၀န်းများထဲ သံသယလွှမ်းသော အရိပ်အယောင်များ ဖြတ်သန်းပြေးလွှားသွား၏။ သူ၏ သိုင်းပညာအဆင့်မှာ အတော်ပင်မြင့်မားသည်မို့ ထိုကန့်လန့်ကာအနောက်တွင် လူတစ်ဦး သေချာပေါက်ရှိနေမှန်း တပ်အပ်သေချာ ပြောနိုင်ပေ၏။
ချူယွမ် ပြုံးလိုက်ရင်း ဆိုလာ၏။
"ကိုယ်တော်မြတ်ရဲ့ လျှို့ဝှက်သက်တော်စောင့်တစ်ယောက်ပါလေ"
"မှန်လှပါ အရှင်။ ကျွန်တော်မျိုး စိုးရိမ်စိတ်လွန်ကဲသွားပါတယ်"
ချူယွမ်က လက်ထဲရှိ အစီရင်ခံစာလိပ်ကို ချလိုက်ကာ ကန့်လန့်ကာဘက် လှည့်ကြည့်လိုက်၏။
သွမ့်ပိုင်ယွဲ့ကြီးက နှုတ်ခမ်းထောင့်စွန်းလေး ကွေးတက်ပြီး ပြုံးနေလေသည်။
အမှန်စင်စစ်တော့ သွမ့်ပိုင်ယွဲ့၏ သိုင်းပညာအဆင့်နှင့်ဆိုလျှင် မိမိ၏တည်ရှိမှု အရိပ်အသက်ကို ဖျောက်လိုက်ဖို့ဆိုသည်မှာ ဘာမှခက်ခဲနေသည့်ကိစ္စမဟုတ်ပေ။ သို့သော် ချူယွမ်က ရွှေချည်ပိုးကောင်ကိစ္စကို စိုးရိမ်နေသည်ဖြစ်ရာ မလိုအပ်ဘဲ သိုင်းပညာ လုံး၀ လုံးဝ ထုတ်မသုံးရဟု သူ့အား အမိန့်ထုတ်ထားခြင်းဖြစ်၏။ ထို့ကြောင့် စိတ်လွတ်ကိုယ်လွတ် သက်တောင့်သက်သာ နေနေခြင်းပေ။
ဤသည်ကို ကြင်သူသက်ထား ပိုင်ဆိုင်ထားရသည့်အရသာဟု ခေါ်စမှတ်ပြုကြလျှင် ဒီအရသာက သိပ်တော့မဆိုးဘူးပဲဟု သွမ့်ပိုင်ယွဲ့တစ်ယောက် အကြိုက်တွေ့နေမိလေသည်။
********
2020.07.20.
Thz for reading.
********
အခန္း- ၅၄ (ၾကင္သူသက္ထား ပိုင္ဆိုင္ထားရသည့္ အရသာ)
[တကယ္ မဆိုးဘူးပဲ]
သြမ့္ေယာင္ကေတာ့ တံခါးေနာက္ကြယ္၌ ပုန္းကာ ေခါင္းအနည္းငယ္ေဖာ္ထားရံုမ်ွသာ ေခ်ာင္းေန၏။ မိမိဆရာျဖစ္သူႏွင့္ ထိုအဘိုးအိုတို႔ တကယ္ရန္သတ္လာၾကလ်ွင္ ထြက္ပဲေျပးရမလား၊ ၀င္ပဲ ဆြဲရမလား သူမေျပာတတ္ေသး။
နန္ေမာ္ယဲ့က ထိုအဘိုးအိုအား ၿငိမ္သက္စြာ အတန္ၾကာ ထိုင္ၾကည့္ေန၏။ ထို႔ေနာက္ရုတ္ရက္ ခ်က္ခ်င္းႀကီး စတင္တိုက္ခိုက္လိုက္၏။
သြမ့္ေယာင္မ်က္ႏွာ လံုး၀ျဖဴဆုတ္သြားကာ အျမန္ပင္ ၀င္သြားေတာ့သည္။ ထိုအဘိုးအိုကေတာ့ တစ္လက္မမွပင္ မေရြ့။
နဖူးတည့္တည့္ကို လက္ဝါးေစာင္းျဖင့္ ခုတ္ရိုက္ပစ္ခါနီး ကပ္သီေလးမွာပင္ နန္ေမာ္ယဲ့က မိမိလက္ကို ျပန္ရုတ္သိမ္းလိုက္သည္။ သြမ့္ေယာင္လည္း အျမန္ပင္ ဆရာျဖစ္သူကို ဆြဲဖက္ၿပီး ထိန္းထားလိုက္ေလသည္။
ရွစ္ဖူးေရ.....စိတ္ေအးေအးထားပါၪီးဗ်။
"အသင္က သူရဲေကာင္းနန္ဆိုရင္ ဒီသခင္ေလးက ရွီးနန္ရဲ့ သြမ့္ေရွာင္၀မ္ရယ္ပဲျဖစ္ရမယ္။ ဒါဆိုရင္ အရင္ရက္က လာတဲ့တစ္ေယာက္ေတာ့ ရွီးနန္၀မ္ပဲျဖစ္ရမယ္"
"ခင္ဗ်ား တကယ္ ဘာမွမသိတာလား။ဘာရည္ရြယ္ခ်က္ရိွလို႔ ဒီလိုမ်ိဳးေတြလုပ္ေနသလဲဆိုတာကို ခ်က္ခ်င္းထုတ္ေျပာလိုက္စမ္း"
နန္ေမာ္ယဲ့က သူ႔အား စစ္ေဆးေမးျမန္းလာ၏။
"ဘာရည္ရြယ္ခ်က္မွ မရိွပါဘူး။ ဒါေပမယ့္ သြမ့္၀မ္တစ္ေယာက္ ေလးနက္သိပ္သည္းလွတဲ့ အခ်စ္မ်ိဳးနဲ႔ ခ်စ္တတ္ေနတာကို ျမင္ရေတာ့ အေတာ္ေလး သေဘာက်သြားရံုတင္ပါ။ ေရႊခ်ည္ပိုးေကာင္ကို အဆိပ္မေျဖေပးႏိုင္ေပမယ့္ ဖန္ရွင္းကစားကြက္ကိုေတာ့ ႏိုင္ေအာင္ သင္ေပးတတ္ပါတယ္။ ကံၾကမၼာက ကူညီဖို႔ အခြင့္မေပးေပမယ့္ သြယ္ဝိုက္ေသာနည္းနဲ႔ တစ္တပ္တစ္အားမ်ား အကူအညီျဖစ္မလားေပါ့"
နန္ေမာ္ယဲ့ ပိုလို႔ေတာင္ တံု႔ဆိုင္းေလးလံသြား၏။
"သင္မလား ၊ မသင္ဘူးလား"
အဘိုးအို၏အေမးစကားကို သြမ့္ေယာင္ခမ်ာ 'သင္ပါ့မယ္ခင္ဗ်'ဟု အားပါးတရႀကီး ေအာ္ပစ္လိုက္ခ်င္ေသာ္လည္း - လုပ္လို႔မရ ၊ ရွစ္ဖူးရိွေနသည္။
နန္ေမာ္ယဲ့က ေက်ာက္တံုးစားပြဲေပၚ ျပန္ထိုင္လိုက္ကာ -
"သင္မယ္။ တပည့္ငယ္ေလးကို ေပးမသင္ဘူး၊ က်ဳပ္ကိုသာ သင္ေပး"
"....."
အင္၊..... ဟုတ္သားပဲေနာ္။ ဒီလိုဆိုလည္း ရသားပဲ။
ထိုအဘိုးအိုက ေခါင္းခါလိုက္ၿပီး ခ်က္ခ်င္းျငင္းလိုက္သည္။
"ဖန္ရွင္းစစ္တုရင္ကို အႏိုင္ယူႏိုင္ဖို႔ဆိုတာ အၾကားအျမင္အာရံု စူးရွၾကည္လင္ေနရမယ္၊ ႏွလံုးသားကလည္း ျဖဴစင္ၾကည္လင္ေနရမယ္၊ ရိုးသားေျဖာင့္မတ္ေနရမယ္"
"ဒီမွာ......ေစာနစကားက ခင္ဗ်ားကိုယ္ခင္ဗ်ား သြယ္ဝိုက္ၿပီး ခ်ီးက်ူးေနတာလား၊ က်ဳပ္ကိုပဲ သြယ္ဝိုက္ၿပီးဖဲ့ေနတာလား"
သြမ့္ေယာင္ - "......."
ဟင္၊ ကြၽန္ေတာ့္ကို ခ်ီးက်ူးေနတာလို႔ ယူဆလို႔ေရာ မရဘူးလား။
"မသင္ခ်င္ဘူးဆိုလည္း ျပန္သြားလိုက္ပါေတာ့"
"ေရႊခ်ည္ပိုးေကာင္နဲ႔ ဖန္ရွင္းစစ္တုရင္ကြက္နဲ႔ ဘယ္လိုမ်ား ပတ္သက္ေနလို႔လဲ"
"ေရႊခ်ည္ပိုးေကာင္နဲ႔ ဘာမွ ပတ္သက္မႈမရိွဘူး။ဒါေပမယ့္ ထ်ဲန္းခ်န္ရွားနဲ႔ ဆက္ႏြယ္မႈရိွတယ္။ တျခားကိစၥကေတာ့ အမ်ားႀကီးေျပာျပလည္း အက်ိဳးမရိွတာမို႔ သူရဲေကာင္းနန္ ဆက္မေမးပါနဲ႔ေတာ့"
သြမ့္ေယာင္ အေတာ္ပင္ စိတ္လႈပ္ရွားေပ်ာ္ရႊင္သြား၏။ မည္သို႔ပင္ၾကည့္ၾကည့္ မိမိေရ႔ွက အဘိုးအိုမွာ ဆရာျဖစ္သူထက္ေတာ့ အဆမ်ားစြာ ယံုၾကည္ကိုးစားခ်င္စဖြယ္ေကာင္းသည္ေတာ့အမွန္။
တကယ္ အားကိုးရတယ္၊
တကယ္အားကိုးရတယ္။
နန္ေမာ္ယဲ့ ဘ၀တစ္သက္တာတြင္ သူ အျမင္အကတ္ဆံုး လူစားႏွစ္မ်ိဳးရိွ၏။တစ္မ်ိဳးက လ်ိႈ႔ဝွက္နက္နဲေသာ အႀကံဆိုးအႀကံဝွက္ရိွသူမ်ားျဖစ္ၿပီး ေနာက္တစ္မ်ိဳးကေတာ့ မိမိပိုင္ေသာ ပစၥည္းမ်ားကို လာေရာက္လုယူသူ။တိုက္ဆိုင္စြာပင္ ဤေသခ်င္းဆိုးဘိုးေတာ္ႀကီးမွာ အခ်က္ႏွစ္ခ်က္စလံုးႏွင့္ ကိုက္ညီျပည့္စံုေနေပ၏။သို႔ေသာ္ ထုေထာင္းရိုက္ပုတ္လို႔လည္းမရ။
အတန္ၾကာ စဥ္းစားခ်င့္ခ်ိန္လိုက္ၿပီးေနာက္ နန္ေမာ္ယဲ့ ဆိုလာ၏။
"ေယာင္အာကို ေပးသင္လို႔လည္းရပါတယ္၊ ဒါေပမယ့္ က်ဳပ္လည္း ေဘးမွာအၿမဲ ထိုင္ၾကည့္ေနမွာေနာ္"
"ရပါတယ္"
ထိုအဘိုးအိုက မဆိုင္းမတြပင္ လက္ခံလိုက္ ေလ၏။
သို႔ေသာ္ နန္ေမာ္ယဲ့ကေတာ့ တစ္စက္မွ စိတ္သက္သာရာမရ၊ ပိုလို႔ပင္ စိတ္မ်ားက်ဥ္းက်ပ္ေလးလံေနေပ၏။ နားေနေဆာင္ျပန္ေရာက္သည့္တိုင္ေအာင္ စိတ္မ်ားေနာက္က်ိေနဆဲပင္။
********
"ရွစ္ဖူး"
သြမ့္ေယာင္က သတိႀကီးစြာထားရင္း တံခါးေခါက္လိုက္ၿပီး ၀င္လာကာ သူ႔ေဘးနား လာထိုင္သည္။ လံုး၀ရိုးသားၿပီး အျပစ္ကင္းေသာရုပ္ကေလးႏွင့္။နန္ေမာ္ယဲ့ကေတာ့ အေတာ္ပင္ ခက္ထန္ၾကမ္းၾကဳတ္ေနသည္။
"ကြၽန္ေတာ္ တျခားဆရာတစ္ေယာက္ဆီမွာ တပည့္အျဖစ္ခံယူမွာမဟုတ္ပါဘူး၊ ေနာင္ေတာ္ဆိုရင္လည္း လုပ္မွာမဟုတ္ဘူး။ သိုင္းက်င့္စဥ္တစ္ခုေလးပဲဟာ၊ စိတ္မပူပါနဲ႔"
နန္ေမာ္ယဲ့လည္း တပည့္ငယ္ေလး၏ ေခါင္းကို အသာပြတ္သပ္ေပးလိုက္သည္။
ေအး၊ ေအး.....ခုေတာ့ ေနၪီး။ သင္ၿပီးလို႔ကေတာ့ အဲ့ဘိုးေတာ္နဲ႔ တစ္ပြဲတစ္လမ္းေလာက္ သြားႏႊဲမွာဗ်ား။
******
ပန္းဥယ်ာဥ္ထဲတြင္ အေတာ္ပင္ ေလေကာင္းေလသန္႔ရေနရာ စိတ္အစဥ္အား ၾကည္လင္ခ်မ္းေျမ့လွေစ၏။ ခ်ူယြမ္က ဥယ်ာဥ္ထဲကဇရပ္ေဆာင္ေလးထဲ နားေနရင္း ေမ်ာလြင့္ေနေသာ တိမ္တိုက္မ်ားအား လိုက္ၾကည့္ေနသည္၊ တစ္ခုခုကို ေလးနက္စြာ ေတြးေတာေနသည့္အလား။
သြမ့္ပိုင္ယြဲ႔က သစ္ရြက္တစ္ရြက္ လွမ္းဆိတ္လိုက္ကာ ေမးလာ၏။
"ကေလးေလး နားေထာင္ဖို႔ သီခ်င္းေလးနဲ႔ ေခ်ာ့သိပ္ေပးရင္ေကာင္းမလားေနာ္"
"အမယ္၊ မင္းက သူမ်ားေတြလို သစ္ရြက္ေလးနဲ႔ သီခ်င္းျဖစ္ေအာင္ မႈတ္တတ္တယ္ေပါ့"
ခ်ူယြမ္ ရယ္ခ်င္မိသြား၏။
"အင္း။ ငယ္ငယ္တုန္းက ေဆာ့ဖူးတယ္၊ ႀကီးလာေတာ့လည္း ဘယ္လိုလုပ္ရမယ္မွန္း ေမ့ေတာ့မေမ့ေသးဘူး"
သြမ့္ပိုင္ယြဲ႔က ႏႈတ္ခမ္းထက္ သစ္ရြက္ေလးကို ေတ့ထားကာ ခပ္တိုးတိုးေလး မႈတ္ၾကည့္လိုက္၏။ အသံက ျပတ္ေတာင္းျပတ္ေတာင္းႏွင့္ ေပ်ာက္ေပ်ာက္သြားသည္၊ သို႔ေသာ္ သံစဥ္တစ္ခုအေနႏွင့္ ထြက္ေပၚလာ၏။
ထိုအခါက်မွ ခ်ူယြမ္ကလည္း အေတာ္ စိတ္၀င္စားသြားကာ -
"ငါ့ကိုသင္ေပး"
"ဧကရာဇ္တစ္ပါးလံုးျဖစ္ေနၿပီးေတာ့ ရိုးရာေတးေတြ လိုက္မႈတ္ေနစရာလား"
ခ်ူယြမ္က သူ႔လက္ထဲမွ သစ္ရြက္ေလးကို ဆတ္ခနဲ လုယူလိုက္ၿပီး မိမိဘာသာ မိမိ မႈတ္ၾကည့္လိုက္၏။
မည္သည့္အသံမွ ထြက္မလာ။
သြမ့္ပိုင္ယြဲ႔ကေတာ့ သူ႔အား ၿပံဳးၿပံဳးႀကီး ထိုင္ၾကည့္ေန၏။
"မသင္ေတာ့ဘူး"
"ႏႈတ္ခမ္းကို ဒီလိုလုပ္ရတယ္"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္အနားကပ္သြားကာ လုပ္ျပ၏။ ခ်ူယြမ္ကေတာ့ အလိုလို ေနာက္ဆုတ္မိလ်က္သား။
"ေဟာဗ်ာ...ကိုယ္ တကယ္သင္ေပးမလို႔ေလ"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္အုပ္အား လက္ၫွိုးျဖင့္ အသာ တြန္းထား၏။ထို႔ေနာက္ ယံုတစ္ဝက္မယံုတစ္ဝက္ႏွင့္ ႏႈတ္ခမ္းကို သြမ့္ပိုင္ယြဲ႔လုပ္ျပသည့္အတိုင္း လိုက္ဆူၾကည့္သည္။
သြမ့္ပိုင္ယြဲ႔ ရယ္ခ်င္စိတ္ကို မနည္းထိန္းလိုက္ရ၏။
ခ်ူယြမ္ - "....."
"အရွင္ -"
အေျပးေလး ေရာက္ေသာ ရွစ္ဇီခမ်ာ လမ္းခုလတ္မွာပင္ ရပ္တန္႔သြားရရွာ၏။
အမေလး၊ သူတို႔ မနမ္းလိုက္ရေသးလို႔သာ ေတာ္ေသးတာေပါ့။
"အဟမ္း"
သြမ့္ပိုင္ယြဲ႔က ရွစ္ဇီအား ေက်ာေပးလိုက္ကာ ေမးေစ့ကိုသာ အရွက္ေျပ ပြတ္ေန၏။
"အရွင္မင္းျမတ္"
ရွစ္ဇီခမ်ာ ခ်က္ခ်င္းပင္ ဒူးေထာက္ထိုက္ခ်လိုက္ေလ၏။
"ရပါတယ္၊ ရွစ္ဇီ ထလိုက္ပါ"
ခ်ူယြမ္ ေခါင္းအနည္းငယ္ကိုက္သြားေလ၏။
ေစာနက သူေျပာတိုင္း လိုက္လုပ္ေနရေအာင္ ငါ့ကို သရဲမ်ား ၀င္ပူးလိုက္လ္ို႔လား၊ တကယ္ပါပဲ။
"ေက်းဇူးႀကီးလွပါတယ္ အရွင္မင္းျမတ္။ ပုေရာဟိတ္အမတ္မင္း အခစား၀င္ဖို႔ လာေနေၾကာင္းပါ"
ရွစ္ဇီက ထလိုက္ၿပီး သံေတာ္ၪီးတင္လာေတာ့ သြမ့္ပိုင္ယြဲ႔ မ်က္ေမွာင္ႀကီး ၾကဳတ္သြား၏။
အား၊ ဘာလို႔ အဲ့ဘိုးေတာ္ႀကီး ျဖစ္ရျပန္တာလဲကြာ။
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔အား ဥယ်ာဥ္ေတာ္ထဲက ေတာင္ပို႔အေသးစားေလးေနာက္ သြားပုန္းရန္ အခ်က္ေပးလိုက္ၿပီးမွ ပုေရာဟိတ္အမတ္ႀကီးကို ဆင့္ေခၚလိုက္သည္။
"၀င္လာခိုင္းလိုက္ေတာ့"
ရွစ္ဇီကုန္းကုန္းခမ်ာ အေတာ္ပင္ စိတ္ညစ္ၫူးေနသည့္ဟန္။
"ဟင္၊ ဘာျဖစ္လို႔လဲ"
"၀တ္လဲေတာ္....အရွင့္၀တ္လဲေတာ္ကို ကြၽန္ေတာ္မ်ိဳး ျပန္ျပင္ေပးပါရေစ ဘုရား။ အေတာ္ေလး ဖရိုဖရဲျဖစ္ေနလို႔ပါ"
ခ်ူယြမ္ - "....."
ရွစ္ဇီခမ်ာ ေခါင္းငံု႔လ်က္သား ၀င္လာၿပီး ခ်ူယြမ့္လည္ပင္းထက္က အက်ႌစကို အသာၫွိေပးလိုက္၏။ ထိုကိုက္ရာခဲရာ အနမ္းရာမ်ားကို လူမျမင္ေအာင္ ဖံုးဖိထားႏိုင္ၿပီဟု ေသခ်ာေလာက္သည့္အထိ ဖံုးဖိေပးထားလိုက္၏။
ဒီမနက္ မ်က္ႏွာသစ္ေရ သြားဆက္သတုန္းကေတာင္ မေတြ့မိပါဘူး။ ရွီးနန္၀မ္ကေတာ့ တကယ္ပါပဲ.... ေသခ်ာလည္း သတိမထားေပးဘူး။
ခ်ူယြမ္ကေတာ့ ထိုေတာင္ပို႔ဘက္ရိွရာသို႔ မ်က္ေစာင္းထိုးေနၿပီျဖစ္သည္။
သြမ့္ပိုင္ယြဲ႔ကေတာ့ ဘာဆိုဘာမွ မသိေသာ အျပစ္ကင္းစင္လွသည့္ မ်က္ႏွာထားျဖင့္ ေဝဟင္ထက္အား ေခါင္းေလးေမာ့ၾကည့္ေနလ်က္။
******
ထို႔ေနာက္ ခဏၾကာေတာ့ ပုေရာဟိတ္အမတ္မင္း ေရာက္လာ၏။
"အရွင္မင္းျမတ္"
"ဘာကိစၥေပၚလာလို႔ပါလဲ ၊ပုေရာဟိတ္အမတ္မင္း"
ေထာင္လ်ဲန္တာက ဒူးတုပ္ဝပ္တြားလိုက္ကာ ပ်ာပ်ာသလဲ ေလ်ွာက္တင္လာ၏။
"ကြၽန္ေတာ္မ်ိဳး အစြမ္းအစ ကင္းမဲ့လြန္းပါတယ္ အရွင္။ လာရင္းအေၾကာင္းကိစၥကေတာ့ အရင္တစ္ေခါက္လို တစၧေျခာက္လွန္႔တဲ့အေၾကာင္းပါပဲ၊ ဒီရက္ထဲမွာ တာ့လီရံုးေတာ္ကလည္း စံုစမ္းစစ္ေဆးေနတယ္ဆိုေပမယ့္ သဲလြန္စရတာ အင္မတန္မွ နည္းပါးလြန္းပါေသးတယ္။ ၿပီးေတာ့ မေန့ညက....မေန့ညက လူသတ္မႈေနာက္တစ္ခု ထပ္ျဖစ္ပါေသးတယ္၊ ေသဆံုးသူက မုန္႔ေရာင္းတဲ့ဆိုင္ရွင္ပါဘုရား"
ခ်ူယြမ္ မ်က္ႏွာ အနည္းငယ္မဲ့သြား၏။
"ဒီေလာက္ရက္အၾကာႀကီး စံုစမ္းလာတာေတာင္ အႀကီးဆံုးရထားတဲ့သဲလြန္စဆိုလို႔ ေစတီေဟာင္းကိစၥပဲရိွပါတယ္ဘုရား။ အဲ့ေနရာက အရင္ကတည္းကကို အမဂၤလာေနရာပါ၊ ၿမိဳ႔သူၿမိဳ႔သားေတြကလည္း အၿမဲ ေရွာင္ကြင္းသြားလာတတ္ၾကပါတယ္၊ ဒါေပမယ့္ ခုရက္ပိုင္းမွာေတာ့ အဲ့ထဲမွာ တစ္ခုခုရိွေနတဲ့၊ လႈပ္ရွားေနတဲ့ပံုစံမ်ိဳး ေတြ့ရပါတယ္ အရွင္မင္းျမတ္"
"အထဲဘက္ကို ၀င္စစ္ၾကည့္ေသးလား"
"က်န္းဟြိုင္လည္း သူ႔တပ္သားေတြေခၚၿပီး ႏွစ္ေခါက္ သြားစစ္ၿပီးေၾကာင္းပါ၊ ဘာသဲလြန္စမွ ထပ္ရမလာခဲ့ေၾကာင္းပါ"
"အခုေတာ့ ၿမိဳ႔သူၿမိဳ႔သားေတြေစာင့္ေရွာက္ေပးဖို႔ ေပယင္းတပ္ဖြဲ႔ကို အရင္ ဆင့္ေခၚလိုက္ပါ"
"အမိန္႔ေတာ္ျမတ္အတိုင္းပါဘုရား"
ခ်ူယြမ္က အတန္ငယ္ ေတြးေတာေနၿပီးမွ -
"မိစၧာခ်ဳပ္ေစတီ....။ အဲ့ထဲမွာ တစ္ခုခုရိွေနမွန္း ဘယ္သူေတြ့လိုက္လဲ"
"ၿမိဳ႔သူၿမိဳ႔သား အေတာ္မ်ားမ်ား ေတြ့ၾကပါဘုရား။ ၀တ္ရံုျဖဴျဖဴနဲ႔ ဆံပင္နက္ႀကီးနဲ႔လို႔ေျပာပါတယ္။ အေတာ္ေလး ေၾကာက္ဖို႔ေကာင္းပါတယ္တဲ့။ အခုဆိုရင္ အဲ့ေစတီနားတစ္ဝိုက္က ေစ်းဆိုင္ေတြအားလံုး ပိတ္ထားၾကတာပါ။ ဘယ္သူကမွ အဲ့ေစတီအနား သြားမကပ္ရဲေတာ့ပါဘူးဘုရား"
"ဟုတ္ပါၿပီ၊ အခုေတာ့ အမတ္မင္း ျပန္သြားလိုက္ပါ။ ညေနေစာင္းက်ရင္ က်န္းဟြိုင္နဲ႔ ေရႊး၀မ္ေထာင္းဝ္ကို အခစား၀င္ခိုင္းလိုက္မယ္၊ ကုန္းေဖးေလာ့ျပန္ေရာက္ေနရင္လည္း သံုးေယာက္စလံုးသာ ေခၚလာၿပီး အခစား၀င္ခိုင္းလိုက္ေတာ့။ အဲ့တစၧေကို ဖမ္းမိတာမဖမ္းမိတာ အဓိကမဟုတ္ဘူး၊ ၿမိဳ႔သူၿမိဳ႔သားေတြအေပၚ အႏၲရာယ္မက်ေရာက္ဖို႔က ပိုအေရးႀကီးတယ္"
"မွန္လွပါ၊ ကြၽန္ေတာ္မ်ိဳးနားလည္ပါၿပီ"
ေထာင္လ်ဲန္တာလည္း အမိန္႔ကို ရိုက်ိဳးစြာနာခံယူလိုက္ကာ ႏႈတ္ဆက္ဂါရ၀ျပဳျပီး ျပန္ထြက္သြားေလ၏။
သြမ့္ပိုင္ယြဲ႔လည္း ထိုေတာင္ပို႔ေနာက္မွ ထြက္လာလိုက္သည္။ခ်ူယြမ္က ခ်က္ခ်င္း သူ႔ဘက္ လွည့္ၾကည့္လာ၏။
"ကိုယ္ အရင္ကေျပာဖူးတဲ့ ကမ္းလွမ္းခ်က္ကို ဘယ္လိုသေဘာရလဲ။ ဟိုဘက္ကလူက လန္ဂ်ီးဆိုတာ ကိုယ္ေတာ့ ေတာ္ေတာ္ေသခ်ာေနၿပီ။ သူသာမွန္ေနရင္ေတာ့ ကိုယ့္ကိုသာ ငါးစာအျဖစ္ သံုးၿပီး မ်ွားယူလိုက္၊ ဒီနည္းကမွ အလြယ္ဆံုးနည္းလမ္းပဲ"
"ဘာကိစၥ မင္းကို ငါးစာေပးျဖစ္ခိုင္းမွာလဲ"
ခ်ူယြမ္မ်က္ႏွာမဲ့သြား၏။
"ကိုယ္ အေျပာမွားသြားတာပါကြာ၊ ဒါေပမယ့္ ကိုယ္ ဘာဆိုလိုမွန္း နားလည္တယ္မလား"
သြမ့္ပိုင္ယြဲ႔လည္း အလိုက္သိစြာ ေဖ်ာင္းဖ်ေျပာဆိုလာ၏။
"ထားလိုက္ပါ၊ ခဏေန ငါ့မွဴးမတ္ေတြနဲ႔ တိုင္ပင္ေဆြးေနြးပါရေစၪီး။ေဆြးေနြးၿပီးခါမွ ဆံုးျဖတ္ခ်က္ခ်လိုက္ရင္လည္း ေနာက္မက်ေသးပါဘူး"
"ရတယ္ေလ"
"ၾကည့္ပါၪီး၊ ျပႆနာေတြက တစ္ခုၿပီးတစ္ခုေပၚလာျပန္ၿပီ"
ခ်ူယြမ္က သက္ျပင္းေမာခ်ရင္း ညည္းတြားလိုက္ကာ သြမ့္ပိုင္ယြဲ႔ပါးျပင္အား ထိေတြ့ပြတ္သပ္လိုက္ရင္း ဆက္ဆိုလာ၏။
"ေအးေအးေဆးေဆး ေနခြင့္ကိုမရဘူး"
သြမ့္ပိုင္ယြဲ႔က ခ်ူယြမ့္ပခံုးအား ျပန္ႏိွမ့္ခ်ၿပီး ျပန္ထိုင္ခိုင္းလိုက္သည္။
"ကိစၥတိုင္းကို ကိုယ့္တာ၀န္ထားပါဆိုေန၊ ကိုယ္ရွင္းေပးမယ္လို႔ ေျပာဖူးပါ့ေကာ ၊ မင္းကမွ လက္မခံတာ။ ျပန္ထိုင္ေန၊ ပခံုးႏိွပ္ေပးမယ္"
"ဧကရာဇ္ျဖစ္ေနမွေတာ့ ဘယ္လိုလုပ္ၿပီး အမႈကိစၥတိုင္းကို မင္းကိုပဲ လႊဲေပးလို႔ျဖစ္မတုန္း"
"မိသားစု၀င္အခ်င္းခ်င္းကို လႊဲအပ္ေပးလို႔လည္း မရဘူးေပါ့"
ခ်ူယြမ္ ရယ္ခ်င္သြားကာ သြမ့္ပိုင္ယြဲ႔အား လွည့္ၾကည့္လာ၏။
"မင္းကို ဘယ္သူကမ်ား ကိုယ္ေတာ္ျမတ္ရဲ့ မိသားစု၀င္လို႔ ဘယ္သူသတ္မွတ္ေပးလိုက္သတဲ့လဲ"
"ဟင္၊ ဟိုကိစၥဒီကိစၥေတြကိုေတာင္ အတူတူလုပ္ဖူးသြားၿပီပဲ။ ဒါေတာင္ ကိုယ့္ကို အေနာက္ေမာင္းမေဆာင္ထဲ ၀င္ခြင့္မျပဳေသးဘူးလား"
သြမ့္ပိုင္ယြဲ႔က ေျပာေျပာဆိုဆို ခ်ူယြမ့္ခါးကို ေနာက္ဘက္မွ ရစ္တြယ္သိုင္းဖက္လိုက္ကာ ေမးကို ပုခံုးထက္ တင္ထားလိုက္ၿပီး -
"အနည္းဆံုးေတာ့ ေနာက္သံုးေလးလေလာက္ထိ အၾကင္နာတရားေတြ မ်ွေပးလွည့္ပါၪီးလား၊ အရွင္မင္းျမတ္ဘုရား။ ညတိုင္းညတိုင္း ဂီတသံစဥ္နဲ႔အတူ ႏွစ္ေယာက္သားလိုက္ပါစီးေမ်ာ ေပ်ာ္ပါးၾကၪီးမယ္ေလ၊ နည္းနည္းၾကာၿပီးခါမွ ကိုယ့္ကို ေအးေဆး ဥေပကၡာျပဳရမွာမဟုတ္ဘူးလား။ ၀တၴုေတြထဲမွာဆို အဲ့လိုပဲ ေရးထားၾကတာကို"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔လက္မ်ားအား ကိုင္ထားလိုက္ကာ -
"ေနာက္သံုးေလးလထိ ေမ်ွာ္ေနေသးတယ္၊ ေနာက္ဆယ္ရက္ေနရင္ မင္း ျပန္ရေတာ့မွာမဟုတ္ဘူးလား"
"ရက္နည္းနည္းေလာက္ ေနာက္က်ၿပီးျပန္လည္း ဘာမွမျဖစ္ပါဘူး"
"အတင့္ရဲေနတယ္ေပါ့"
သြမ့္ပိုင္ယြဲ႔က ပို၍ တင္းက်ပ္စြာ ေပြ့ဖက္ထားလိုက္သည္။
"ဟင့္အင္း၊ မလုပ္ရဲပါဘူး။ ေကာင္းပါတယ္၊ ေကာင္းပါတယ္၊ ဆယ္ရက္ဆိုလည္း ဆယ္ရက္ေပါ့"
ခ်ူယြမ္က သြမ့္ပိုင္ယြဲ႔ရင္ခြင္က်ယ္ႀကီးထဲ အသာမွီေနလိုက္ကာ တိုးလ်တည္ၿငိမ္စြာ ဆိုလာ၏။
"သိလား၊ ငါေတာ့ ေနာက္အႏွစ္ႏွစ္ဆယ္ကို ႀကိဳၿပီးေမ်ွာ္ေနမိၿပီ"
သြမ့္ပိုင္ယြဲ႔ႏွလံုးသားတစ္ခုလံုး ေအာင့္တက္သြား၏။
"ဟင္"
တစ္ဖက္က ဘာတံု႔ျပန္သံမွမလာ၊လံုး၀လည္း မလႈပ္ရွားေတာ့သည္မို႔ ခ်ူယြမ္ စိတ္ထင့္သြား၏။
"ကိုယ္ ဒီထက္ အသက္ရွည္ရွည္ ေနသြားပါ့မယ္လို႔ ကတိေပးတယ္။ ေနာင္ အႏွစ္ႏွစ္ဆယ္ ကုန္သြားၿပီးတဲ့ေန့က်ရင္ မင္းရဲ့ဘ၀တစ္၀က္စာ ဆံုးရႈံးခဲ့သမ်ွေတြကို ျပန္ေလ်ာ္ေပးပါ့မယ္"
"ေကာင္းတယ္"
ခ်ူယြမ္ ၿပံဳးရႊင္ေန၏။
ေအးျမေသာ ေလေျပႏုေလးက သူတို႔ႏွစ္ၪီးအား ျဖတ္သန္းတိုက္ခတ္သြား၏။ ရႈခင္းကေရာ စိတ္အစဥ္ကပါ ႏူးညံ့သိမ္ေမြ့ကာ ေအးခ်မ္းၿငိမ္သက္ေနလ်က္။
ရွီးနန္၀မ္ တကယ္မျပန္ရေသးရင္ ပိုေကာင္းမွာပဲ။
အျပင္မွ ရပ္ေစာင့္ေနေသာ ရွစ္ဇီလည္း ထိုသို႔ ေတြးျဖစ္ေနေလ၏။
ဒီရက္ပိုင္းေလးအတြင္းမွာကို အရွင္မင္းျမတ္က ေနာက္လူတစ္ေယာက္လိုကို လံုးဝ ေျပာင္းလဲသြားသလိုပဲ။
******
"အသင္ ဘာလာလုပ္တာလဲ"
ေတာ္၀င္စာၾကည့္ေဆာင္နားတြင္ ဧကရာဇ္ခ်ူအား အခစား၀င္ရန္ လမ္းသြယ္တစ္ေနရာတြင္ ရပ္ေစာင့္ေနသည့္ ေထာင္လ်ဲန္တာကအမတ္မင္းလ်ိဳအား ျမင္ေတာ့ ေမးျမန္းလိုက္၏။
လ်ိဳတာ့က်ံဳ႔က အေတာ္ပင္ စိုးရိမ္ပူေဆြးေနသည့္ဟန္ျဖင့္ -
"ၿမိဳ႔ထဲ ဒီေလာက္ျပႆနာတက္ေနတာကို၊ နည္းနည္းေလာက္ အေျခအေနလာၾကည့္ခြင့္ေလးေတာင္ မေပးခ်င္ဘူးလား"
"သြား သြား၊ ကိုယ့္အလုပ္ကိုသာ သြားလုပ္ေခ်"
ေထာင္လ်ဲန္တာလည္း စိတ္ႏွလံုး ေထျြပားကာ ေယာက္ယက္ခတ္လ်က္။လ်ိဳတာ့က်ံဳ႔ကေတာ့ ေခါင္းခါေနၿမဲ။
"ဒီရက္ပိုင္းအတြင္းက ေလထဲမွာေတာင္ ဓားပ်ံေတြပါေနသလား ေအာက္ေမ့ရတယ္၊ ဘယ္သူ႔ကို ဘယ္သူနဲ႔ေအာင္သြယ္ေပးဖို႔ဆိုၿပီး ဘာစိတ္ကူးမွ မရိွအားေသးဘူး"
ေထာင္လ်ဲန္တာခမ်ာ သူ႔အား ထိုင္ရိွခိုးၿပီးေတာင္းပန္ခ်င္သြားေလာက္ေအာင္ စိတ္ကုန္သြား၏။
"ေမးပါရေစၪီး၊ အမတ္မင္းလ်ိဳရဲ့အလုပ္တာ၀န္က ေအာင္သြယ္ေတာ္တာ၀န္ႀကီးပဲ ရိွတာလား"
"ဟင္....အဲ့အလုပ္မဟုတ္ဘဲ တျခားဘာလုပ္စရာရိွေသးလို႔လဲ"
"......"
"အမတ္မင္းႏွစ္ပါးခင္ဗ်ာ၊ ကြၽန္ေတာ္မ်ိဳးတို႔ ေတာ္၀င္စာၾကည့္ေဆာင္ေရ႔ွ ေရာက္ေနပါၿပီ"
ဘုရင့္ကိုယ္ရံေတာ္တပ္ဖြဲ႔၏ ဒုတပ္မွဴး က်န္းဟြိုင္က လွမ္း၍ သတိေပးလိုက္ျခင္းျဖစ္၏။
"ၾကားလား ....ေလာင္ေထာင္။ ဒုတပ္မွဴးက်င္းကေတာင္ အားအားရိွစကားမ်ားတဲ့အသင့္ကို စိတ္ကုန္ေနၿပီတဲ့"
"ကြၽန္ေတာ္မ်ိဳး အဲ့လိုရည္ရြယ္ခ်က္နဲ႔ ေျပာလိုက္ျခင္းမဟုတ္ေၾကာင္းပါ"
"ေအးပါဟ ေအးပါ၊ အားလံုး ပါးစပ္ပိတ္ထားလိုက္ၾကပါေတာ့"
ေထာင္လ်ဲန္တာတစ္ေယာက္ အေတာ္ပင္ ေခါင္းခဲေနေပ၏။ စာၾကည့္ေဆာင္အတြင္းထဲေရာက္သြားေတာ့ အစီရင္ခံစာမ်ားႏွင့္ အလုပ္ရႈပ္ေနေသာ ခ်ူယြမ္က သူတို႔ရိွရာသို႔ ေမာ့ၾကည့္လာၿပီး -
"ဟင္...အမတ္မင္းလ်ိဳက ဘာလို႔လိုက္လာတာလဲ"
"ၿမိဳ႔ထဲမွာ ျပႆနာတက္ေနေတာ့ ကြၽန္ေတာ္မ်ိဳးဘက္ကေန ဘာမ်ားကူညီေပးလို႔ရေလာက္လဲဆိုၿပီး - "
"အင္း၊ ေကာင္းသားပဲ"
ခ်ူယြမ္ ေခါင္းညိတ္လိုက္၏။
က်န္းဟြိုင္၏ မ်က္၀န္းမ်ားထဲ သံသယလႊမ္းေသာ အရိပ္အေယာင္မ်ား ျဖတ္သန္းေျပးလႊားသြား၏။ သူ၏ သိုင္းပညာအဆင့္မွာ အေတာ္ပင္ျမင့္မားသည္မို႔ ထိုကန္႔လန္႔ကာအေနာက္တြင္ လူတစ္ၪီး ေသခ်ာေပါက္ရိွေနမွန္း တပ္အပ္ေသခ်ာ ေျပာႏိုင္ေပ၏။
ခ်ူယြမ္ ၿပံဳးလိုက္ရင္း ဆိုလာ၏။
"ကိုယ္ေတာ္ျမတ္ရဲ့ လ်ိႈ႔ဝွက္သက္ေတာ္ေစာင့္တစ္ေယာက္ပါေလ"
"မွန္လွပါ အရွင္။ ကြၽန္ေတာ္မ်ိဳး စိုးရိမ္စိတ္လြန္ကဲသြားပါတယ္"
ခ်ူယြမ္က လက္ထဲရိွ အစီရင္ခံစာလိပ္ကို ခ်လိုက္ကာ ကန္႔လန္႔ကာဘက္ လွည့္ၾကည့္လိုက္၏။
သြမ့္ပိုင္ယြဲ႔ႀကီးက ႏႈတ္ခမ္းေထာင့္စြန္းေလး ေကြးတက္ၿပီး ၿပံဳးေနေလသည္။
အမွန္စင္စစ္ေတာ့ သြမ့္ပိုင္ယြဲ႔၏ သိုင္းပညာအဆင့္ႏွင့္ဆိုလ်ွင္ မိမိ၏တည္ရိွမႈ အရိပ္အသက္ကို ေဖ်ာက္လိုက္ဖို႔ဆိုသည္မွာ ဘာမွခက္ခဲေနသည့္ကိစၥမဟုတ္ေပ။ သို႔ေသာ္ ခ်ူယြမ္က ေရႊခ်ည္ပိုးေကာင္ကိစၥကို စိုးရိမ္ေနသည္ျဖစ္ရာ မလိုအပ္ဘဲ သိုင္းပညာ လံုး၀ လံုးဝ ထုတ္မသံုးရဟု သူ႔အား အမိန္႔ထုတ္ထားျခင္းျဖစ္၏။ ထို႔ေၾကာင့္ စိတ္လြတ္ကိုယ္လြတ္ သက္ေတာင့္သက္သာ ေနေနျခင္းေပ။
ဤသည္ကို ၾကင္သူသက္ထား ပိုင္ဆိုင္ထားရသည့္အရသာဟု ေခၚစမွတ္ျပဳၾကလ်ွင္ ဒီအရသာက သိပ္ေတာ့မဆိုးဘူးပဲဟု သြမ့္ပိုင္ယြဲ႔တစ္ေယာက္ အႀကိဳက္ေတြ့ေနမိေလသည္။
********
2020.07.20.
Thz for reading.
********