''Hello wife'' ** Myanmar Tra...

By Shu1999

38.2K 4.3K 135

ML....Wei Chu FML....SuLe Both Zawgyi and Unicode are available 😊 More

Chapter 1: ထြက္သြား လူလိမ္ေကာင္
Chapter 2 : ဘဝက သိပ္ကို ျပဇာတ္ဆန္တယ္
Chapter 3 : ေက်ာင္းသားေဟာင္းေတြ႔ဆံုပြဲ
Chapter 4 : တည္ၿငိမ္လွတဲ့အတန္းေဖာ္ SuLe
Chapter 5 : အရသာ
Chapter 6 : ဆြဲေဆာင္ျခင္း အစ
Chapter 7 : သူ႔အိမ္တြင္းဝင္ေရာက္ျခင္း
Chapter 8 : လွပေသာ အထင္လြဲမွားမႈတစ္ခု
Chapter 9 : အရမ္းေတြးေနမိတာလား?
story description
Chapter 10 : ေယာက်္ားေကာင္းမ်ား
Chapter 11 : လုပ္ငန္း႐ွင္ပါတီ
Chapter 12 : လုပ္ငန္း႐ွင္ပါတီ ဒုတိယပိုင္း
Chapter 13 : လုပ္ငန္း႐ွင္ပါတီ တတိယပိုင္း
Chapter 15 : အေရထူတယ္
Chapter 16 : ျပံဳးေနတဲ့မ်က္ႏွာေလး

Chapter 14 : ပိုက္ဆံလိုအပ္မေနဘူး

1.4K 218 9
By Shu1999

***Zawgyi***

ထိုေန႔ညကပြဲ ဘယ္လိုအဆံုးသတ္သြားသည္ျဖစ္ေစ Su Le ကေတာ့ ထုတ္မေမးေလာက္တဲ့ ဥာဏ္ပညာ႐ွိေလတယ္ ဘယ္လိုပဲျဖစ္ျဖစ္ သူမနဲ႕ Chen Yue က အတူတူေနတယ္ဆိုမွေတာ့ Lin Qi ကတကယ္ကို အလုပ္ျဖဳတ္ခံလိုက္ရေၾကာင္းကို Chen Yue က သူမကို အရိပ္ျမြက္ျပခဲ့တယ္

Su Le က Lin Qi နဲ႕ Zhuang Wei ရဲ႕ၾကားက ဆက္ဆံေရးကို ေသေသခ်ာခ်ာမသိဘူး ဘာပဲျဖစ္ျဖစ္ တစ္ေယာက္က သူ႕ရဲ႕အခ်စ္ေရးကို ဝင္ေႏွာက္ယွက္ဖ်က္ဆီးတဲ႕သူျဖစ္ၿပီး ေနာက္တစ္ေယာက္ကေတာ့ တစ္သက္လံုး သူမနဲ႕လက္တြဲသြားပါ့မယ္လို႕ကတိျပဳၿပီးမွ သစၥာေဖာက္သြားတဲ့သူပါပဲ

သူမ အဲ့ဒါကို လ်စ္လ်ဴရႈလိုက္တယ္ဆိုရင္ေတာင္ ခြင့္လႊတ္လိုက္တယ္ဆိုတာေတာ့ မဟုတ္ေသးဘူးေလ......

ကြန္ျပဴတာကိုဖြင့္လိုက္ၿပီးေနာက္ သူမရဲ႕ အခန္းဆက္ဝတၱဳကို အခန္းသစ္ဝင္တင္လိုက္တယ္ Su Leက သူမရဲ႕ဇာတ္ေကာင္ေတြကို လွပတဲ႕ဇာတ္ေၾကာင္းနဲ႕ ေပ်ာ္ရႊင္ဖြယ္ဇာတ္သိမ္းေပးရတာကို ႏွစ္သက္တယ္ သူမပထမဆံုးဖတ္ဖူးတဲ႕ဝတၱဳက ကိုယ့္ကိုကိုယ္အထင္ႀကီးေနတဲ႕ CEO ေကာင္နဲ႕ ရိုးရွင္းၿပီးအားနည္းတဲ႕ေကာင္မေလးအေၾကာင္းပဲ
ဒုတိယအမ်ိဳးသမီးဇာတ္ေကာင္ ဆီကေန အၿမဲအႏိုင္က်င့္ခံေနရတဲ႕ အမ်ိဳးသမီးဇာတ္လိုက္မ ျဖစ္ခဲ့တယ္ ဝတၱဳအေတာ္မ်ားမ်ားကို ဖတ္ၾကည့္ၿပီးတဲ့ေနာက္မွာ Su Le က အဲ့ဝတၱဳေတြထဲက အမ်ိဳးသမီးဇာတ္ေကာင္ေတြကို အျမင္ကတ္လာၿပီး ဆူဆဲခ်င္စိတ္ပါ ေပါက္လာရတယ္ သူတို႕က ငိုဖို႕ပဲတတ္ၿပီး မိန္းမေတြရဲ႕သိကၡာကို က်ဆင္းေစတယ္

ဒီလိုဇာတ္ေကာင္ေတြအေပၚ အေတာ္အျမင္ကတ္တာနဲ႕ သူမက ကိုယ္ပိုင္ဝတၱဳကို စေရးဖို႕ဆံုးျဖတ္လိုက္တယ္ သူမရဲ႕ဇာတ္ေဆာင္ေတြအကုန္လံုးက စြမ္းအားအျပည့္နဲ႕မဟုတ္ရင္ေတာင္ ႏႈတ္ေရးကြ်မ္းၾကတယ္ အျပင္ပန္းမွာ အားနည္းပံုေပါက္ရင္ေတာင္ အတြင္းစိတ္ကသန္မာၾကတယ္ ၿပီးေတာ့ အခ်စ္ကို အသည္းအသန္ေတာင္းတေနၿပီး အခ်စ္မရွိပဲ မေနႏိုင္ဘူးဆိုတဲ့ဇာတ္ေကာင္မ်ိဳး တစ္ေယာက္တစ္ေလ ေတာင္မပါဘူး

ရုတ္တရက္ သူမအစကဖတ္ဖူးတဲ့ဝတၱဳေတြကို ေက်းဇူးတင္မိသြားတယ္ မဟုတ္ရင္ အခုလိုမ်ိဳး သူမလက္ထဲမွာ အပိုေငြဆိုတာ ဘယ္လို႐ွိေနႏိုင္မွာတဲ့လဲ? သူမက အဲ့ဒီ Villa ေတြ ကားေတြပိုင္တဲ့ လႊမ္းမိုးတတ္လြန္းတဲ့ CEO ႀကီးလိုမ်ိဳး မဟုတ္ေပမယ့္ ေလာေလာဆယ္ေတာ့ သူမ လိုခ်င္တယ္ဆိုရင္ တိုက္ခန္းတစ္ခုအတြက္ စရံေပးၿပီး Benben Mini ကားတစ္စီးဝယ္ဖို႔ သူမမွာ လံုလံုေလာက္ေလာက္ ႐ွိတယ္ တစ္ခုတည္းေသာျပႆနာက သူမရဲ႕ကားေမာင္းစြမ္းရည္က သိပ္ အေကာင္းႀကီးမဟုတ္ပဲ သူမ်ားေတြကိုေရာ သူမကိုယ္သူမေရာ ဒဏ္ရာရႏိုင္ေစမလားဆိုၿပီး အၿမဲလိုလို မေမာင္းရဲခဲ့တာပဲ

''Su Le နင္မအိပ္ေသးဘူးလား''
ညအိပ္ဝတ္စံု ဝတ္ထားတဲ႕ Chen Yue က ႏြားႏို႕တစ္ခြက္နဲ႕ အခန္းထဲဝင္လာတယ္ ''၁၂နာရီေတာင္ထိုးခါနီးၿပီ
နင္ မနက္ျဖန္ပင္ပန္းမွာကို မစိုးရိမ္ရင္ေတာင္ နင့္အသားအရည္အတြက္ေတာ့ ေတြးေပးသင့္တယ္ေနာ္ ''

''မပူပါနဲ႕ ၿပီးေနပါၿပီ''
Su Le က Chen Yue ယူလာေပးတဲ့ႏြားႏို႕ကိုေသာက္ရင္း စာဖတ္သူေတြရဲ႕ မွတ္ခ်က္ေတြကို စာျပန္ေနလိုက္တယ္
''နင္ ဘာလို႕ခုခ်ိန္ထိမအိပ္ေသးတာလဲ'' သူမကေမးလိုက္တယ္

''ငါ တေရးႏိုးလာၿပီး ျပန္အိပ္မေပ်ာ္ေတာ့လို႔''
Chen Yue က Su Le ကုတင္ေပၚတက္ထိုင္လိုက္တယ္
''မေန႕ညကျဖစ္ခဲ့တာေတြကို ျပန္ေတြးေနတုန္းပဲလား''

Su Le ကဖန္ခြက္ကိုခ်ရင္း ''ငါ့အတြက္စိတ္ပူစရာမလိုပါဘူး Yue Yue
ေယာက်္ားတစ္ေယာက္ပါပဲဟာ ''

''တကယ္လို႕ Zhuang Wei ကဒီလိုလူမ်ိဳးမွန္းသာ ေစာေစာသိခဲ႕ရင္ သူနင့္ကိုခ်ည္းကပ္တာကို ကူညီေပးဖို႔ ငါအစကတည္းက သေဘာတူခဲ့မွာမဟုတ္ဘူး''
Chen Yue ကေနာင္တရစြာနဲ႕
''အဲ႔ေကာင္က ေတာ္ေတာ္ကို မထင္ရဘူး''

Su Leရဲ႕ႏွလံုးသားေလး ေႏြးေထြးသြားၿပီး အံဆြဲထဲကေန စာအိတ္ေလးတစ္ခုကို ထုတ္ယူလိုက္တယ္
"ဒါက နင့္အတြက္
ငါရဲ႕အိမ္ငွါးခနဲ႔ ဒီလရဲ႕အေျခခံအသံုးစာရိတ္ေတြအတြက္ ငါ့ရဲ႕ေဝစု ငါတို႕ရဲ႕ခင္မင္မႈေပၚမူတည္ၿပီး ငါ့ကိုယ္ငါ ေလွ်ာ့ေစ်း ေပးထားတယ္ ငါကအလုပ္လည္းျပဳတ္ထားတာဆိုေတာ့ ခ်ိဳ႕တဲ့ေနတယ္ အေတာ့္ကိုခ်ိဳ႕တဲ့ေနတာ ေလ်ာ့ေပါ့ေပးမယ္မဟုတ္လား ''

''နင္ဆက္ၿပီးဆင္းရဲခ်င္ေယာင္ေဆာင္ေနလို႕ ရပါတယ္''
Chen Yue ကစာအိတ္ကိုလက္ခံလိုက္ၿပီး တစ္ဖက္မွာထားလိုက္တယ္ ''ႀကီးျမတ္ေသာစာေရးဆရာမႀကီး နင့္ကိုေလ အေျခခံကုန္က်စရိတ္ေတြအျပင္ ေလအတြက္ပါ စရိတ္ေတာင္းမွာ ''

''လုပ္စမ္းပါဟာ ငါ့ရဲ႕ပိုက္ဆံပမာဏနည္းနည္းေလးက Chenမိသားစု သမီးအႀကီးဆံုးမ်က္လံုးထဲမွာ ဘယ္လိုမ်ား ျမင္သာသြားရတာလဲ
Chen မိန္းကေလး နင့္အျမင္မွာ ငါ့ပိုင္ဆိုင္မႈက သမုဒၶရာထဲက ေရစက္ေလာက္ေလးပဲ မဟုတ္ဘူးလား''
Su Le က Web page ကိုပိတ္လိုက္ၿပီး Chen Yue နဲ႕မ်က္ႏွာခ်င္းဆိုင္လိုက္တယ္ ''ဒီတစ္ပါတ္ပိတ္ရက္မွာ စီနီယာ Wei က ကိုယ္တိုင္ဟင္းခ်က္ေကြၽးမယ္တဲ့
နင္အားရင္ ငါနဲ႔ တူတူလိုက္စားသင့္တယ္''

''ဒီတစ္ေခါက္ပိတ္ရက္က ငါ အိမ္ျပန္ၿပီး မိဘေတြနဲ႕စားမလို႕''
Chen Yue က ဖက္လံုးတစ္ခုကို ဆြဲယူကာ ဖက္လိုက္တယ္
''Su Le နင္ ငါ့ကိုအမွန္အတိုင္းေျပာ ငါတို႕ရဲ႕ယံုၾကည္မႈရွိ ခ်မ္းသာၿပီး အေမွ်ာ္အျမင္ႀကီးလွတဲ႕ စီနီယာ Wei ကို
နင္ ဘယ္လိုဆြဲေဆာင္လိုက္တာလဲ''

Su Le က Chen Ye ကိုေၾကာင္အမ္းစြာ ၾကည့္လိုက္ၿပီး
''နင္သေဘာက်ရင္ ငါေအာင္သြယ္ေပးႏိုင္တယ္ေနာ္''

Chue Yue က ဒီ ေမွ်ာ္လင့္ခ်က္မဲ့လွတဲ့ Su Le ကို စိတ္ပ်က္သြားကာ သက္ျပင္းခ်လိုက္ၿပီး
"ကေလးေရ မင္း ဝတၱဳေတြဆက္ေရးေနတာပဲ ပိုေကာင္းမယ္''
စီနီယာ Wei ေရ
ရွင့္အျမင္အာရံုမွာ ျပႆနာရွိေနတယ္
... တကယ္ႀကီးကိုေနာ္

''ငါဒီလိုမလုပ္ျဖစ္တာေတာင္ အေတာ္ၾကာၿပီ''
Su Le ကသူမရဲ႕ QQကိုဖြင့္လိုက္ၿပီး စာေရးသူေတြရဲ႕အဖြဲ႔လိုက္ စကားေျပာခန္းထဲမွာ ညဇီးကြက္ အနည္းငယ္က တကယ္ႀကီး လိုင္းတက္ေနေသးတယ္ Su Le ငိုခ်င္သြားတယ္ သူမက စာဆက္ေရးခ်င္သလို စကားဝိုင္းထဲမွာလည္း ဝင္ေျပာခ်င္ေနေသးတယ္

သူမက ကြန္ပ်ဴတာ စားပြဲေပၚက အနီေရာင္လက္ေရးစာလံုးေတြကို ၾကည့္လိုက္တယ္ 'စာမေရးရင္ ငါ့လက္ထဲမွာပဲေသလိုက္' ဆိုတဲ႕စာကို တစ္ခ်က္ဖတ္လိုက္တယ္
QQ ကိုတိတ္တဆိတ္ပိတ္ၿပီး Su Le ေျပာလိုက္တယ္
''ငါ interviewေျဖထားတဲ႕ ကုမၸဏီက ငါ့ကိုဒီေန႕ပဲဆက္သြယ္လာတယ္
ေနာက္တစ္ပါတ္ဆို ငါ အလုပ္စဆင္းလို႕ရၿပီတဲ႕''

Chen Yue ကေခါင္းၿငိမ့္လိုက္ၿပီး သူမတို႕မိသားစုကုမၸဏီမွာပဲ အလုပ္လုပ္လို႕ရေၾကာင္းေတြ Su Leကို ထပ္မေျပာေတာ့ဘူး
''အဲ႕ေတာ့ နင္ကသြားခ်င္လား''

Su Le ကသန္းလိုက္တယ္
''ဘယ္လိုေနေန ငါကလုပ္စရာမွမရွိပဲ
အဲ႕ေတာ့ အလုပ္တစ္ခုရွိတာလည္း ေကာင္းတာပဲ''

Su Le က အလုပ္ကေနရမယ့္လစာအေၾကာင္းကို တကယ္စိတ္မဝင္စားဘူးဆိုတာကို Chen Yue သိတယ္.....Su Le ရဲ႕အရည္အခ်င္းနဲ႕ဆိုရင္ သူမက ႏွစ္စဥ္ ယြမ္တစ္သိန္းေလာက္ရွာႏိုင္မယ္ ဒါေပမယ့္ ဒီေလာက္ကလည္း အေတာ္ေလးကို အထင္ႀကီးစရာပမာဏျဖစ္ေနပါၿပီ.......
သူမ အေတာ္ေလး အလုပ္ႀကိဳးႀကိဳးစားစားလုပ္ၿပီး ရာထူးျမင့္ျမင့္ရေအာင္ေတာ့ ႀကိဳးစားဖို႔လိုေသးတယ္ သူမရဲ႕အိမ္ငွားခ အေျခခံစရိတ္ေတြရွင္းၿပီးလို႔ သူမရဲ႕အေမဆီကို ပိုက္ဆံပို႕ၿပီးရင္ Su Le မွာ ဘာမွသိပ္က်န္မွာ မဟုတ္ဘူးေလ

ဒါေပမယ့္ Su Le သံုးတဲ႕ေငြအမ်ားစုက ဝတၱဳေတြက ရရွိတာျဖစ္တယ္ ၿပီးေတာ့ သူမက ဒီအသိုင္းအဝိုင္းမွာ အေတာ္ေလး နာမည္ရေနၿပီဆိုေတာ့ သူမရဲ႕ဝတၱဳေတြကလည္း ေကာင္းေကာင္းေရာင္းေနရတယ္ ဒါေၾကာင့္ ဒီႏွစ္ေတြမွာ Su Le လက္ထဲပိုက္ဆံမျပတ္ခဲ႕ဘူး

ဒါက Chen Yue တစ္ေယာက္ Su Le ကို အားအက်မိဆံုးအခ်က္ ျဖစ္တယ္ ဘာေတြပဲျဖစ္ေနျဖစ္ေန Su Leက စိတ္ပ်က္အားငယ္ေနမွာ မဟုတ္သလို တျခားလမ္းေၾကာင္းကိုလည္း ေရြးခ်ယ္မွာမဟုတ္ဘူး

''အာ ဒါနဲ႕ Su Le အန္တီက Shu ဒီဇိုင္းပန္းထိုးအလုပ္ရံု ဖြင့္ထားတယ္မဟုတ္လား အလုပ္က အဆင္ေျပရဲ႕လား ''
Chen Yue ကရုတ္တရက္ေမးလိုက္တယ္ ''တစ္ခုခုလိုရင္ ငါ့ကိုေျပာေနာ္''

''ငါတို႕မိသားစုရဲ႕မိဖုရားေခါင္ျကီးက အလုပ္ရံုကို အပ်င္းေျပေအာင္ ဖြင့္ထားတာေလ အကူအညီရေအာင္ အလုပ္သမားတခ်ိဳ႕လည္း ခန္႕ထားေသးတယ္
မၾကာေသးခင္က ေအာ္ဒါခပ္ႀကီးႀကီးတစ္ခု လက္ခံရတယ္ လို႔လည္း ၾကားမိတယ္ဆိုေတာ့ စီးပြားေရးက သိပ္မဆိုးလွပါဘူး''

Su Le ကႏြားႏို႕နည္းနည္းထပ္ေသာက္လိုက္တယ္ ''လြန္ခဲ႕တဲ႕ႏွစ္ႏွစ္ထဲက Shu ဒီဇိုင္းပန္းထိုးေတြ ျပည္တြင္းမွာလူႀကိဳက္မ်ားလာတယ္ Shuပန္းထိုးနဲ႕ခ်ဳပ္ထားတဲ႕အက်ႌေတြက အရမ္းအံ့ျသေအာင္ ၾကည့္ေကာင္းတဲ့အျပင္ သက္ေတာင့္သက္သာလည္းရွိတယ္ ငါတို႔မိသားစုရဲ႕မိဖုရားေခါင္ၾကီးကေတာ့ မၾကာခင္ သူေ႒းမႀကီးျဖစ္လာေတာ့မွာပဲ''

ဒီအေၾကာင္းကိုေျပာၿပီး Su Le ရယ္ေမာလိုက္တယ္ ''ဘာပဲျဖစ္ျဖစ္ တကယ္လို႕တစ္ခုခုရွိရင္ ငါနင့္ကိုေတာင္းဆိုဖို႕ တြန္႔ဆုတ္ေနမွာမဟုတ္ပါဘူး''

''အဲ့ဒါဆိုေကာင္းၿပီေလ
ေစာေစာအိပ္ဖို႕သတိရဦး ငါသြားအိပ္ေတာ့မယ္ မနက္ျဖန္အလုပ္ရွိေသးတယ္ေလ
ငါဒီေန႕ရက္ေတြကို ဘယ္လိုေက်ာ္ျဖတ္ရပါ့လိမ့္'' Chen Yue အခန္းထဲကေနထြက္ခြါသြားတယ္
Su Le က ပိတ္သြားတဲ႕တံခါးကို စိုက္ၾကည့္ၿပီးၿပံဳးလိုက္တယ္ Chen Yueကပံုမွန္ဆို သူမအေပၚ ၾကမ္းၾကမ္းတမ္းတမ္း ဆက္ဆံတတ္ေပမယ့္ တကယ္တမ္း သူမျပႆနာႀကံဳလာရရင္ Chen Yueကသူမထက္ေတာင္ ပူပန္ေပးတတ္ေသးတယ္ သူမကတကယ္ကိုပဲ ဒီလိုသူငယ္ခ်င္းေကာင္းရဖို႕ ကံပါလာပံုရတယ္.......

Wei Chu ကလက္ထဲက စာရြက္စာတမ္းေတြကို Chen Xu လက္ထဲလႊဲေပးရင္း ''ငါမနက္ျဖန္ကုမၸဏီလာမွာမဟုတ္ဘူး အေရးႀကီးကိစၥမရွိရင္ မေခၚနဲ႔
တနလၤာေန႕မွလုပ္ဖို႕ ေရႊ႔ထားလိုက္''

Chen Xu တစ္ေယာက္ ေရွာ့ခ္ရသြားတယ္
''သူေဌး
မဟုတ္မွလြဲေရာ...... အားလပ္ရက္ ယူမလို႔မ်ားလား ''

Wei Chuက စာရြက္ေတြၾကည့္ေနရာက ေမာ့လိုက္ၿပီး
''ဘာျဖစ္လို႕လဲ ငါက နားရက္ယူလို႔မရဘူးလား''

Chen Xu ကေခ်ာင္းေျခာက္တစ္ခုဆိုးလိုက္ၿပီး ''ေသခ်ာေပါက္ရတာေပါ့ဗ်ာ
ကြၽန္ေတာ္က သူေဌးရဲ႕အလုပ္နဲ႕ အနားယူမႈကို ထိန္းညွိထားႏိုင္တဲ့အေပၚ အထင္ႀကီးမႈကို ျပသလိုက္ရံုပါ ''

''မင္းရဲ႕အထင္ႀကီးမႈက မင္းကို လစာနည္းနည္းပဲယူဖို႕ ဆႏၵ႐ွိမယ္ဆိုရင္ ငါ့ကို ဒီထက္ပိုအထင္ႀကီးလည္း ငါစိတ္ထဲမထားဘူး'' Wei Chu က စာရြက္စာတမ္းေပၚတံဆိပ္တံုးႏွိပ္ၿပီး တစ္ျခားတစ္ဖက္မွာခ်ထားလိုက္တယ္

''သူေဌး ႀကိဳးစားပမ္းစားရွာထားတဲ့လုပ္အားခကို ေခါင္းပံုျဖတ္တာက မွားတယ္ေနာ္ အဲ့ဒီအရင္းရွင္ေတြဆီကေန ဒါမ်ိဳးအတုမခိုးသင့္ဘူး'' Chen Xu က ႀကိတ္ရယ္လိုက္ၿပီး Wei Chuကို ဖိုင္တြဲေပးဖို႕ကူညီလိုက္တယ္
''လုပ္ငန္း႐ွင္ပါတီပြဲမွာ Zhuang Wei က သူေဌးရဲ႕အေဖာ္ကုိ ေႏွာက္ယွက္ခဲ့တယ္လို႔ ကြၽန္ေတာ္ၾကားတယ္ ဘာေတြျဖစ္ခဲ႔တာလဲ''

Wei Chu က Chen Xuကို တစ္ခ်က္ပဲၾကည့္ကာ ဘာမွမတုံ႔ျပန္ခဲ႕ဘူး တိတ္တဆိတ္ပဲ သူ႕ရဲ႕အတြင္းေရးမွဴးကို လဲလိုက္သင့္ၿပီလာ းလို႔ ေတြးမိလိုက္တယ္

"သူေဌး သူေဌးရဲ႕လ်ွိဳ႕ဝွက္အခ်စ္က အဲ႕စာေရးဆရာ Qi Jiu လို႔ ကြၽန္ေတာ္အၿမဲထင္ခဲ့တာ အရင္တုန္းကဆို သူမရဲ႕စာအုပ္အသစ္ထြက္တာနဲ႕ သူေဌးက အၿမဲဝယ္တယ္ေလ ဒါေပမယ့္ အခု သူေဌးက အခ်စ္သစ္နဲ႕ေတြ႕ေနၿပီဆိုေတာ့ အဲ႕စာေရးဆရာမကိုဘယ္ေထာင့္မွာပစ္ထားခဲ့လဲ မသိ''

Chen Xu ကသက္ျပင္းခ်လိုက္တယ္
''Qi Jiu စာအုုပ္အသစ္ထြက္ေနၿပီလို႕ ၾကားခဲ႕တယ္ ဒီတစ္ေခါက္ေရာ သူေဌးအတြက္ သြားဝယ္ေပးရမလား''

''ငါ မင္းကိုအလုပ္ထုတ္လိုက္ရင္ေတာ့ ဝယ္ေပးစရာမလိုေတာ့ပါဘူး ''
Wei Chu က အျပာႏုေရာင္ဖိုင္ကို ေကာက္ယူလိုက္တယ္

Chen Xu က Wei Chu ကိုၾကည့္ၿပီးေျပာလိုက္တယ္
''သူေဌး ပေရာဂ်က္အစီအစဥ္ မွာ ျပႆနာနည္းနည္းရွိေနတယ္ က်ေတာ္မဆံုးျဖတ္ႏိုင္လို႔ သူေဌးကပဲ ၾကည့္ၿပီး ဆံုးျဖတ္ေပးပါဦး''

Wei Chu ကေခါင္းျငိမ့္လိုက္ၿပီး ဖိုင္တြဲကိုလွန္လိုက္တယ္ ျပႆနာရွိတဲ႕ေနရာေတြကို Chen Xuက အမွတ္အသား လုပ္ေပးထားၿပီးသားျဖစ္တယ္

''ဒါဆိုရင္ သူေဌး
စာအုပ္အသစ္ထြက္လာရင္ အျပင္မွာတဲထိုးၿပီးေစာင့္ရင္ ေစာင့္ရပါေစ သူေဌးအတြက္ ေသခ်ာေပါက္ ရေအာင္ ဝယ္ေပးပါ့မယ္''
Chen Xuက သက္ျပင္းခ်လိုက္တယ္
''သူမရဲ႕စာအုပ္ေတြက အၿမဲတမ္း ေရာင္းကုန္သြားတာခ်ည္းပဲ အဲ႔ဒီစာေရးသူရဲ႕စာအုပ္ေတြက ဘာေတြမ်ား ဒီေလာက္ေတာင္ေကာင္းေနလဲ ကြၽန္ေတာ္ နားကိုမလည္ဘူး သန္မာတဲ႔အမ်ိဳးသမီးတစ္ေယာက္ရဲ႕ ဇာတ္လမ္းသက္သက္ပဲ..ဟာ......''

''တကယ္လို႕ မိန္းမဆယ္ေယာက္႐ွိတဲ့ေယာက်္ားရဲ႕ ေမာင္းမေဆာင္ဇာတ္လမ္းကို ၾကိဳက္တယ္ဆိုရင္ေတာင္ တျခားလူတစ္ေယာက္ရဲ႕အားထုတ္မႈကို မင္း ေဝဖန္စရာမလိုဘူး ''
Wei Chu က ေအးစက္စြာေျပာလိုက္တယ္ ''မေန႕ကမနက္က မင္း၅မိနစ္ေနာက္က်တယ္ ဒီလအတြက္မင္းရဲ႕ေဘာနက္စ္က ဒဏ္ေၾကးပဲ''

"ထင္ထားတဲ့အတိုင္း ညီအစ္ကိုေတြက ေျခတံလက္တံေတြျဖစ္ၿပီး အမ်ိဳးသမီးေတြက အဝတ္အစားပဲ
အဝတ္အစားကိုထိမိတာနဲ႕ ေျခေတြလက္ေတြက်ိဳးရတယ္....''
Chen Xuက ေခါင္းကိုခါရင္း သက္ျပင္းခ်လိုက္တယ္

''မင္းကိုယ္လံုးတီးနဲ႕ ရံုးကိုပတ္ေျပးႏိုင္မယ္ဆိုရင္ အိမ္ေထာင္ဖက္အေၾကာင္း ဂရုစိုက္ေနတာကို စိတ္ထဲမထားေတာ့ဘူးေလ ''
ဖိုင္ကိုခ်လိုက္ၿပီး Wei Chu ေအးေအးေဆးေဆးေျပာလိုက္တယ္
''ဒါနဲ႔ ဒီေန႕လည္ ငါ အလုပ္ေစာဆင္းမယ္ ဒီဖိုင္ေတြကို စီစဥ္ထားဖို႕မေမ့နဲ႕ဦး ဘ႑ာေရးဌာနက ေဖာင္ပံုစံအတြက္ကေတာ့ ခုေလာေလာဆယ္လႊတ္ထားလိုက္ ၿပီးလို႔ အခ်ိန္တန္ေတာ့မွ အေကာင့္ေတြကိုသြားစစ္ေဆးၿပီး ကြန္ပ်ဴတာစနစ္ေတြကို ျပင္ဆင္စရာ လိုေသးလားၾကည့္လိုက္ ''

''ျပႆနာမရွိပါဘူး'' Chen Xu က ဖိုင္ေတြကိုေကာက္ယူလိုက္ၿပီးစပ္စပ္စုစုေမးလိုက္တယ္
''dateလုပ္မလို႕လား''

Wei Chu က အသံတိတ္စိုက္ၾကည့္ေပးလိုက္တယ္

Chen Xuက လိမၼာပါးနပ္စြာပဲ အခန္းထဲကထြက္သြားလိုက္တယ္ သူ တကယ္ကိုပဲ မိန္းကေလး Su Le အေပၚစိတ္ဝင္စားေနတယ္

ေနာက္တစ္ေန႕မနက္ ရံုးကလူတစ္ေယာက္က သူေဌးတစ္ေယာက္သူ႕ audi ကားကိုေမာင္းၿပီး စူပါမားကတ္မွာ ပစၥည္းေတြအမ်ားႀကီး ဝယ္သြားတာ ျမင္ခဲ့တယ္လို႕ေျပာတယ္ ဒါေပမယ့္ ေတာ္ေတာ္မ်ားမ်ားက မယံုၾကဘူး

ဘာလို႔ဆို အကုန္လံုးက သူတို႔သူေဌးကို ေသခ်ာေပါက္ အလွေလးေတြ ဝန္ေဆာင္မႈေပးတာကို ႀကိဳက္တဲ႔သူလို႔ တစ္ထစ္ခ်ယံုၾကည္ထားၾကတယ္ေလ
ဒါျဖင့္ သူကိုယ္တိုင္ပစၥည္းေတြကို အျပင္ထြက္ဝယ္တယ္ဆိုတာ ဘယ္လိုျဖစ္ႏိုင္မွာလဲ? ေကာလဟာလပဲ
ေသခ်ာေပါက္ကို ေကာလဟာလပဲ.....

Chen Xu ကသာ သူ႕ေမးစိကိုထိရင္း တစ္ခုခုအေၾကာင္းကို အေလးအနက္ စဥ္းစားေနခဲ့တယ္
သူ သူေဌးဆီကို တစ္နပ္ေလာက္ကုန္းသြားဆင္းရင္ သူေဌးက သူ႔ကို ေဝစုခြဲေပးမလား ?
ဒါမွမဟုတ္
သူကုန္းသြားဆင္းလို႔ဆိုၿပီး သူ႕ရဲ႕ေနာက္လအတြက္ ေဘာနက္စ္ေလးပါ အျဖတ္ခံရမလား ?
ဆိုတာကို ခ်င့္ခ်ိန္ေတြးေတာေနတာပဲျဖစ္တယ္

TBC.......

ChenXu နဲ႔ သူ႔boss က တကယ္လိုက္ဖက္တယ္🤣

***Unicode***

ထိုနေ့ညကပွဲ ဘယ်လိုအဆုံးသတ်သွားသည်ဖြစ်စေ Su Le ကတော့ ထုတ်မမေးလောက်တဲ့ ဉာဏ်ပညာရှိလေတယ် ဘယ်လိုပဲဖြစ်ဖြစ် သူမနဲ့ Chen Yue က အတူတူနေတယ်ဆိုမှတော့ Lin Qi ကတကယ်ကို အလုပ်ဖြုတ်ခံလိုက်ရကြောင်းကို Chen Yue က သူမကို အရိပ်မြွက်ပြခဲ့တယ်

Su Le က Lin Qi နဲ့ Zhuang Wei ရဲ့ကြားက ဆက်ဆံရေးကို သေသေချာချာမသိဘူး ဘာပဲဖြစ်ဖြစ် တစ်ယောက်က သူ့ရဲ့အချစ်ရေးကို ဝင်နှောက်ယှက်ဖျက်ဆီးတဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ တစ်သက်လုံး သူမနဲ့လက်တွဲသွားပါ့မယ်လို့ကတိပြုပြီးမှ သစ္စာဖောက်သွားတဲ့သူပါပဲ

သူမ အဲ့ဒါကို လျစ်လျူရှုလိုက်တယ်ဆိုရင်တောင် ခွင့်လွှတ်လိုက်တယ်ဆိုတာတော့ မဟုတ်သေးဘူးလေ......

ကွန်ပြူတာကိုဖွင့်လိုက်ပြီးနောက် သူမရဲ့ အခန်းဆက်ဝတ္တုကို အခန်းသစ်ဝင်တင်လိုက်တယ် Su Leက သူမရဲ့ဇာတ်ကောင်တွေကို လှပတဲ့ဇာတ်ကြောင်းနဲ့ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းပေးရတာကို နှစ်သက်တယ် သူမပထမဆုံးဖတ်ဖူးတဲ့ဝတ္တုက ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့ CEO ကောင်နဲ့ ရိုးရှင်းပြီးအားနည်းတဲ့ကောင်မလေးအကြောင်းပဲ
ဒုတိယအမျိုးသမီးဇာတ်ကောင် ဆီကနေ အမြဲအနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးဇာတ်လိုက်မ ဖြစ်ခဲ့တယ် ဝတ္တုအတော်များများကို ဖတ်ကြည့်ပြီးတဲ့နောက်မှာ Su Le က အဲ့ဝတ္တုတွေထဲက အမျိုးသမီးဇာတ်ကောင်တွေကို အမြင်ကတ်လာပြီး ဆူဆဲချင်စိတ်ပါ ပေါက်လာရတယ် သူတို့က ငိုဖို့ပဲတတ်ပြီး မိန်းမတွေရဲ့သိက္ခာကို ကျဆင်းစေတယ်

ဒီလိုဇာတ်ကောင်တွေအပေါ် အတော်အမြင်ကတ်တာနဲ့ သူမက ကိုယ်ပိုင်ဝတ္တုကို စရေးဖို့ဆုံးဖြတ်လိုက်တယ် သူမရဲ့ဇာတ်ဆောင်တွေအကုန်လုံးက စွမ်းအားအပြည့်နဲ့မဟုတ်ရင်တောင် နှုတ်ရေးကျွမ်းကြတယ် အပြင်ပန်းမှာ အားနည်းပုံပေါက်ရင်တောင် အတွင်းစိတ်ကသန်မာကြတယ် ပြီးတော့ အချစ်ကို အသည်းအသန်တောင်းတနေပြီး အချစ်မရှိပဲ မနေနိုင်ဘူးဆိုတဲ့ဇာတ်ကောင်မျိုး တစ်ယောက်တစ်လေ တောင်မပါဘူး

ရုတ်တရက် သူမအစကဖတ်ဖူးတဲ့ဝတ္တုတွေကို ကျေးဇူးတင်မိသွားတယ် မဟုတ်ရင် အခုလိုမျိုး သူမလက်ထဲမှာ အပိုငွေဆိုတာ ဘယ်လိုရှိနေနိုင်မှာတဲ့လဲ? သူမက အဲ့ဒီ Villa တွေ ကားတွေပိုင်တဲ့ လွှမ်းမိုးတတ်လွန်းတဲ့ CEO ကြီးလိုမျိုး မဟုတ်ပေမယ့် လောလောဆယ်တော့ သူမ လိုချင်တယ်ဆိုရင် တိုက်ခန်းတစ်ခုအတွက် စရံပေးပြီး Benben Mini ကားတစ်စီးဝယ်ဖို့ သူမမှာ လုံလုံလောက်လောက် ရှိတယ် တစ်ခုတည်းသောပြဿနာက သူမရဲ့ကားမောင်းစွမ်းရည်က သိပ် အကောင်းကြီးမဟုတ်ပဲ သူများတွေကိုရော သူမကိုယ်သူမရော ဒဏ်ရာရနိုင်စေမလားဆိုပြီး အမြဲလိုလို မမောင်းရဲခဲ့တာပဲ

''Su Le နင်မအိပ်သေးဘူးလား''
ညအိပ်ဝတ်စုံ ဝတ်ထားတဲ့ Chen Yue က နွားနို့တစ်ခွက်နဲ့ အခန်းထဲဝင်လာတယ် ''၁၂နာရီတောင်ထိုးခါနီးပြီ
နင် မနက်ဖြန်ပင်ပန်းမှာကို မစိုးရိမ်ရင်တောင် နင့်အသားအရည်အတွက်တော့ တွေးပေးသင့်တယ်နော် ''

''မပူပါနဲ့ ပြီးနေပါပြီ''
Su Le က Chen Yue ယူလာပေးတဲ့နွားနို့ကိုသောက်ရင်း စာဖတ်သူတွေရဲ့ မှတ်ချက်တွေကို စာပြန်နေလိုက်တယ်
''နင် ဘာလို့ခုချိန်ထိမအိပ်သေးတာလဲ'' သူမကမေးလိုက်တယ်

''ငါ တရေးနိုးလာပြီး ပြန်အိပ်မပျော်တော့လို့''
Chen Yue က Su Le ကုတင်ပေါ်တက်ထိုင်လိုက်တယ်
''မနေ့ညကဖြစ်ခဲ့တာတွေကို ပြန်တွေးနေတုန်းပဲလား''

Su Le ကဖန်ခွက်ကိုချရင်း ''ငါ့အတွက်စိတ်ပူစရာမလိုပါဘူး Yue Yue
ယောကျ်ားတစ်ယောက်ပါပဲဟာ ''

''တကယ်လို့ Zhuang Wei ကဒီလိုလူမျိုးမှန်းသာ စောစောသိခဲ့ရင် သူနင့်ကိုချည်းကပ်တာကို ကူညီပေးဖို့ ငါအစကတည်းက သဘောတူခဲ့မှာမဟုတ်ဘူး''
Chen Yue ကနောင်တရစွာနဲ့
''အဲ့ကောင်က တော်တော်ကို မထင်ရဘူး''

Su Leရဲ့နှလုံးသားလေး နွေးထွေးသွားပြီး အံဆွဲထဲကနေ စာအိတ်လေးတစ်ခုကို ထုတ်ယူလိုက်တယ်
"ဒါက နင့်အတွက်
ငါရဲ့အိမ်ငှါးခနဲ့ ဒီလရဲ့အခြေခံအသုံးစာရိတ်တွေအတွက် ငါ့ရဲ့ဝေစု ငါတို့ရဲ့ခင်မင်မှုပေါ်မူတည်ပြီး ငါ့ကိုယ်ငါ လျှော့ဈေး ပေးထားတယ် ငါကအလုပ်လည်းပြုတ်ထားတာဆိုတော့ ချို့တဲ့နေတယ် အတော့်ကိုချို့တဲ့နေတာ လျော့ပေါ့ပေးမယ်မဟုတ်လား ''

''နင်ဆက်ပြီးဆင်းရဲချင်ယောင်ဆောင်နေလို့ ရပါတယ်''
Chen Yue ကစာအိတ်ကိုလက်ခံလိုက်ပြီး တစ်ဖက်မှာထားလိုက်တယ် ''ကြီးမြတ်သောစာရေးဆရာမကြီး နင့်ကိုလေ အခြေခံကုန်ကျစရိတ်တွေအပြင် လေအတွက်ပါ စရိတ်တောင်းမှာ ''

''လုပ်စမ်းပါဟာ ငါ့ရဲ့ပိုက်ဆံပမာဏနည်းနည်းလေးက Chenမိသားစု သမီးအကြီးဆုံးမျက်လုံးထဲမှာ ဘယ်လိုများ မြင်သာသွားရတာလဲ
Chen မိန်းကလေး နင့်အမြင်မှာ ငါ့ပိုင်ဆိုင်မှုက သမုဒ္ဓရာထဲက ရေစက်လောက်လေးပဲ မဟုတ်ဘူးလား''
Su Le က Web page ကိုပိတ်လိုက်ပြီး Chen Yue နဲ့မျက်နှာချင်းဆိုင်လိုက်တယ် ''ဒီတစ်ပါတ်ပိတ်ရက်မှာ စီနီယာ Wei က ကိုယ်တိုင်ဟင်းချက်ကျွေးမယ်တဲ့
နင်အားရင် ငါနဲ့ တူတူလိုက်စားသင့်တယ်''

''ဒီတစ်ခေါက်ပိတ်ရက်က ငါ အိမ်ပြန်ပြီး မိဘတွေနဲ့စားမလို့''
Chen Yue က ဖက်လုံးတစ်ခုကို ဆွဲယူကာ ဖက်လိုက်တယ်
''Su Le နင် ငါ့ကိုအမှန်အတိုင်းပြော ငါတို့ရဲ့ယုံကြည်မှုရှိ ချမ်းသာပြီး အမျှော်အမြင်ကြီးလှတဲ့ စီနီယာ Wei ကို
နင် ဘယ်လိုဆွဲဆောင်လိုက်တာလဲ''

Su Le က Chen Ye ကိုကြောင်အမ်းစွာ ကြည့်လိုက်ပြီး
''နင်သဘောကျရင် ငါအောင်သွယ်ပေးနိုင်တယ်နော်''

Chue Yue က ဒီ မျှော်လင့်ချက်မဲ့လှတဲ့ Su Le ကို စိတ်ပျက်သွားကာ သက်ပြင်းချလိုက်ပြီး
"ကလေးရေ မင်း ဝတ္တုတွေဆက်ရေးနေတာပဲ ပိုကောင်းမယ်''
စီနီယာ Wei ရေ
ရှင့်အမြင်အာရုံမှာ ပြဿနာရှိနေတယ်
... တကယ်ကြီးကိုနော်

''ငါဒီလိုမလုပ်ဖြစ်တာတောင် အတော်ကြာပြီ''
Su Le ကသူမရဲ့ QQကိုဖွင့်လိုက်ပြီး စာရေးသူတွေရဲ့အဖွဲ့လိုက် စကားပြောခန်းထဲမှာ ညဇီးကွက် အနည်းငယ်က တကယ်ကြီး လိုင်းတက်နေသေးတယ် Su Le ငိုချင်သွားတယ် သူမက စာဆက်ရေးချင်သလို စကားဝိုင်းထဲမှာလည်း ဝင်ပြောချင်နေသေးတယ်

သူမက ကွန်ပျူတာ စားပွဲပေါ်က အနီရောင်လက်ရေးစာလုံးတွေကို ကြည့်လိုက်တယ် 'စာမရေးရင် ငါ့လက်ထဲမှာပဲသေလိုက်' ဆိုတဲ့စာကို တစ်ချက်ဖတ်လိုက်တယ်
QQ ကိုတိတ်တဆိတ်ပိတ်ပြီး Su Le ပြောလိုက်တယ်
''ငါ interviewဖြေထားတဲ့ ကုမ္ပဏီက ငါ့ကိုဒီနေ့ပဲဆက်သွယ်လာတယ်
နောက်တစ်ပါတ်ဆို ငါ အလုပ်စဆင်းလို့ရပြီတဲ့''

Chen Yue ကခေါင်းငြိမ့်လိုက်ပြီး သူမတို့မိသားစုကုမ္ပဏီမှာပဲ အလုပ်လုပ်လို့ရကြောင်းတွေ Su Leကို ထပ်မပြောတော့ဘူး
''အဲ့တော့ နင်ကသွားချင်လား''

Su Le ကသန်းလိုက်တယ်
''ဘယ်လိုနေနေ ငါကလုပ်စရာမှမရှိပဲ
အဲ့တော့ အလုပ်တစ်ခုရှိတာလည်း ကောင်းတာပဲ''

Su Le က အလုပ်ကနေရမယ့်လစာအကြောင်းကို တကယ်စိတ်မဝင်စားဘူးဆိုတာကို Chen Yue သိတယ်.....Su Le ရဲ့အရည်အချင်းနဲ့ဆိုရင် သူမက နှစ်စဉ် ယွမ်တစ်သိန်းလောက်ရှာနိုင်မယ် ဒါပေမယ့် ဒီလောက်ကလည်း အတော်လေးကို အထင်ကြီးစရာပမာဏဖြစ်နေပါပြီ.......
သူမ အတော်လေး အလုပ်ကြိုးကြိုးစားစားလုပ်ပြီး ရာထူးမြင့်မြင့်ရအောင်တော့ ကြိုးစားဖို့လိုသေးတယ် သူမရဲ့အိမ်ငှားခ အခြေခံစရိတ်တွေရှင်းပြီးလို့ သူမရဲ့အမေဆီကို ပိုက်ဆံပို့ပြီးရင် Su Le မှာ ဘာမှသိပ်ကျန်မှာ မဟုတ်ဘူးလေ

ဒါပေမယ့် Su Le သုံးတဲ့ငွေအများစုက ဝတ္တုတွေက ရရှိတာဖြစ်တယ် ပြီးတော့ သူမက ဒီအသိုင်းအဝိုင်းမှာ အတော်လေး နာမည်ရနေပြီဆိုတော့ သူမရဲ့ဝတ္တုတွေကလည်း ကောင်းကောင်းရောင်းနေရတယ် ဒါကြောင့် ဒီနှစ်တွေမှာ Su Le လက်ထဲပိုက်ဆံမပြတ်ခဲ့ဘူး

ဒါက Chen Yue တစ်ယောက် Su Le ကို အားအကျမိဆုံးအချက် ဖြစ်တယ် ဘာတွေပဲဖြစ်နေဖြစ်နေ Su Leက စိတ်ပျက်အားငယ်နေမှာ မဟုတ်သလို တခြားလမ်းကြောင်းကိုလည်း ရွေးချယ်မှာမဟုတ်ဘူး

''အာ ဒါနဲ့ Su Le အန်တီက Shu ဒီဇိုင်းပန်းထိုးအလုပ်ရုံ ဖွင့်ထားတယ်မဟုတ်လား အလုပ်က အဆင်ပြေရဲ့လား ''
Chen Yue ကရုတ်တရက်မေးလိုက်တယ် ''တစ်ခုခုလိုရင် ငါ့ကိုပြောနော်''

''ငါတို့မိသားစုရဲ့မိဖုရားခေါင်ကြီးက အလုပ်ရုံကို အပျင်းပြေအောင် ဖွင့်ထားတာလေ အကူအညီရအောင် အလုပ်သမားတချို့လည်း ခန့်ထားသေးတယ်
မကြာသေးခင်က အော်ဒါခပ်ကြီးကြီးတစ်ခု လက်ခံရတယ် လို့လည်း ကြားမိတယ်ဆိုတော့ စီးပွားရေးက သိပ်မဆိုးလှပါဘူး''

Su Le ကနွားနို့နည်းနည်းထပ်သောက်လိုက်တယ် ''လွန်ခဲ့တဲ့နှစ်နှစ်ထဲက Shu ဒီဇိုင်းပန်းထိုးတွေ ပြည်တွင်းမှာလူကြိုက်များလာတယ် Shuပန်းထိုးနဲ့ချုပ်ထားတဲ့အကျႌတွေက အရမ်းအံ့သြအောင် ကြည့်ကောင်းတဲ့အပြင် သက်တောင့်သက်သာလည်းရှိတယ် ငါတို့မိသားစုရဲ့မိဖုရားခေါင်ကြီးကတော့ မကြာခင် သူေဋ္ဌးမကြီးဖြစ်လာတော့မှာပဲ''

ဒီအကြောင်းကိုပြောပြီး Su Le ရယ်မောလိုက်တယ် ''ဘာပဲဖြစ်ဖြစ် တကယ်လို့တစ်ခုခုရှိရင် ငါနင့်ကိုတောင်းဆိုဖို့ တွန့်ဆုတ်နေမှာမဟုတ်ပါဘူး''

''အဲ့ဒါဆိုကောင်းပြီလေ
စောစောအိပ်ဖို့သတိရဦး ငါသွားအိပ်တော့မယ် မနက်ဖြန်အလုပ်ရှိသေးတယ်လေ
ငါဒီနေ့ရက်တွေကို ဘယ်လိုကျော်ဖြတ်ရပါ့လိမ့်'' Chen Yue အခန်းထဲကနေထွက်ခွါသွားတယ်
Su Le က ပိတ်သွားတဲ့တံခါးကို စိုက်ကြည့်ပြီးပြုံးလိုက်တယ် Chen Yueကပုံမှန်ဆို သူမအပေါ် ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံတတ်ပေမယ့် တကယ်တမ်း သူမပြဿနာကြုံလာရရင် Chen Yueကသူမထက်တောင် ပူပန်ပေးတတ်သေးတယ် သူမကတကယ်ကိုပဲ ဒီလိုသူငယ်ချင်းကောင်းရဖို့ ကံပါလာပုံရတယ်.......

Wei Chu ကလက်ထဲက စာရွက်စာတမ်းတွေကို Chen Xu လက်ထဲလွှဲပေးရင်း ''ငါမနက်ဖြန်ကုမ္ပဏီလာမှာမဟုတ်ဘူး အရေးကြီးကိစ္စမရှိရင် မခေါ်နဲ့
တနင်္လာနေ့မှလုပ်ဖို့ ရွှေ့ထားလိုက်''

Chen Xu တစ်ယောက် ရှော့ခ်ရသွားတယ်
''သူဌေး
မဟုတ်မှလွဲရော...... အားလပ်ရက် ယူမလို့များလား ''

Wei Chuက စာရွက်တွေကြည့်နေရာက မော့လိုက်ပြီး
''ဘာဖြစ်လို့လဲ ငါက နားရက်ယူလို့မရဘူးလား''

Chen Xu ကချောင်းခြောက်တစ်ခုဆိုးလိုက်ပြီး ''သေချာပေါက်ရတာပေါ့ဗျာ
ကျွန်တော်က သူဌေးရဲ့အလုပ်နဲ့ အနားယူမှုကို ထိန်းညှိထားနိုင်တဲ့အပေါ် အထင်ကြီးမှုကို ပြသလိုက်ရုံပါ ''

''မင်းရဲ့အထင်ကြီးမှုက မင်းကို လစာနည်းနည်းပဲယူဖို့ ဆန္ဒရှိမယ်ဆိုရင် ငါ့ကို ဒီထက်ပိုအထင်ကြီးလည်း ငါစိတ်ထဲမထားဘူး'' Wei Chu က စာရွက်စာတမ်းပေါ်တံဆိပ်တုံးနှိပ်ပြီး တစ်ခြားတစ်ဖက်မှာချထားလိုက်တယ်

''သူဌေး ကြိုးစားပမ်းစားရှာထားတဲ့လုပ်အားခကို ခေါင်းပုံဖြတ်တာက မှားတယ်နော် အဲ့ဒီအရင်းရှင်တွေဆီကနေ ဒါမျိုးအတုမခိုးသင့်ဘူး'' Chen Xu က ကြိတ်ရယ်လိုက်ပြီး Wei Chuကို ဖိုင်တွဲပေးဖို့ကူညီလိုက်တယ်
''လုပ်ငန်းရှင်ပါတီပွဲမှာ Zhuang Wei က သူဌေးရဲ့အဖော်ကို နှောက်ယှက်ခဲ့တယ်လို့ ကျွန်တော်ကြားတယ် ဘာတွေဖြစ်ခဲ့တာလဲ''

Wei Chu က Chen Xuကို တစ်ချက်ပဲကြည့်ကာ ဘာမှမတုံ့ပြန်ခဲ့ဘူး တိတ်တဆိတ်ပဲ သူ့ရဲ့အတွင်းရေးမှူးကို လဲလိုက်သင့်ပြီလာ းလို့ တွေးမိလိုက်တယ်

"သူဌေး သူဌေးရဲ့လျှို့ဝှက်အချစ်က အဲ့စာရေးဆရာ Qi Jiu လို့ ကျွန်တော်အမြဲထင်ခဲ့တာ အရင်တုန်းကဆို သူမရဲ့စာအုပ်အသစ်ထွက်တာနဲ့ သူဌေးက အမြဲဝယ်တယ်လေ ဒါပေမယ့် အခု သူဌေးက အချစ်သစ်နဲ့တွေ့နေပြီဆိုတော့ အဲ့စာရေးဆရာမကိုဘယ်ထောင့်မှာပစ်ထားခဲ့လဲ မသိ''

Chen Xu ကသက်ပြင်းချလိုက်တယ်
''Qi Jiu စာအုပ်အသစ်ထွက်နေပြီလို့ ကြားခဲ့တယ် ဒီတစ်ခေါက်ရော သူဌေးအတွက် သွားဝယ်ပေးရမလား''

''ငါ မင်းကိုအလုပ်ထုတ်လိုက်ရင်တော့ ဝယ်ပေးစရာမလိုတော့ပါဘူး ''
Wei Chu က အပြာနုရောင်ဖိုင်ကို ကောက်ယူလိုက်တယ်

Chen Xu က Wei Chu ကိုကြည့်ပြီးပြောလိုက်တယ်
''သူဌေး ပရောဂျက်အစီအစဉ် မှာ ပြဿနာနည်းနည်းရှိနေတယ် ကျတော်မဆုံးဖြတ်နိုင်လို့ သူဌေးကပဲ ကြည့်ပြီး ဆုံးဖြတ်ပေးပါဦး''

Wei Chu ကခေါင်းငြိမ့်လိုက်ပြီး ဖိုင်တွဲကိုလှန်လိုက်တယ် ပြဿနာရှိတဲ့နေရာတွေကို Chen Xuက အမှတ်အသား လုပ်ပေးထားပြီးသားဖြစ်တယ်

''ဒါဆိုရင် သူဌေး
စာအုပ်အသစ်ထွက်လာရင် အပြင်မှာတဲထိုးပြီးစောင့်ရင် စောင့်ရပါစေ သူဌေးအတွက် သေချာပေါက် ရအောင် ဝယ်ပေးပါ့မယ်''
Chen Xuက သက်ပြင်းချလိုက်တယ်
''သူမရဲ့စာအုပ်တွေက အမြဲတမ်း ရောင်းကုန်သွားတာချည်းပဲ အဲ့ဒီစာရေးသူရဲ့စာအုပ်တွေက ဘာတွေများ ဒီလောက်တောင်ကောင်းနေလဲ ကျွန်တော် နားကိုမလည်ဘူး သန်မာတဲ့အမျိုးသမီးတစ်ယောက်ရဲ့ ဇာတ်လမ်းသက်သက်ပဲ..ဟာ......''

''တကယ်လို့ မိန်းမဆယ်ယောက်ရှိတဲ့ယောကျ်ားရဲ့ မောင်းမဆောင်ဇာတ်လမ်းကို ကြိုက်တယ်ဆိုရင်တောင် တခြားလူတစ်ယောက်ရဲ့အားထုတ်မှုကို မင်း ဝေဖန်စရာမလိုဘူး ''
Wei Chu က အေးစက်စွာပြောလိုက်တယ် ''မနေ့ကမနက်က မင်း၅မိနစ်နောက်ကျတယ် ဒီလအတွက်မင်းရဲ့ဘောနက်စ်က ဒဏ်ကြေးပဲ''

"ထင်ထားတဲ့အတိုင်း ညီအစ်ကိုတွေက ခြေတံလက်တံတွေဖြစ်ပြီး အမျိုးသမီးတွေက အဝတ်အစားပဲ
အဝတ်အစားကိုထိမိတာနဲ့ ခြေတွေလက်တွေကျိုးရတယ်....''
Chen Xuက ခေါင်းကိုခါရင်း သက်ပြင်းချလိုက်တယ်

''မင်းကိုယ်လုံးတီးနဲ့ ရုံးကိုပတ်ပြေးနိုင်မယ်ဆိုရင် အိမ်ထောင်ဖက်အကြောင်း ဂရုစိုက်နေတာကို စိတ်ထဲမထားတော့ဘူးလေ ''
ဖိုင်ကိုချလိုက်ပြီး Wei Chu အေးအေးဆေးဆေးပြောလိုက်တယ်
''ဒါနဲ့ ဒီနေ့လည် ငါ အလုပ်စောဆင်းမယ် ဒီဖိုင်တွေကို စီစဉ်ထားဖို့မမေ့နဲ့ဦး ဘဏ္႑ာရေးဌာနက ဖောင်ပုံစံအတွက်ကတော့ ခုလောလောဆယ်လွှတ်ထားလိုက် ပြီးလို့ အချိန်တန်တော့မှ အကောင့်တွေကိုသွားစစ်ဆေးပြီး ကွန်ပျူတာစနစ်တွေကို ပြင်ဆင်စရာ လိုသေးလားကြည့်လိုက် ''

''ပြဿနာမရှိပါဘူး'' Chen Xu က ဖိုင်တွေကိုကောက်ယူလိုက်ပြီးစပ်စပ်စုစုမေးလိုက်တယ်
''dateလုပ်မလို့လား''

Wei Chu က အသံတိတ်စိုက်ကြည့်ပေးလိုက်တယ်

Chen Xuက လိမ္မာပါးနပ်စွာပဲ အခန်းထဲကထွက်သွားလိုက်တယ် သူ တကယ်ကိုပဲ မိန်းကလေး Su Le အပေါ်စိတ်ဝင်စားနေတယ်

နောက်တစ်နေ့မနက် ရုံးကလူတစ်ယောက်က သူဌေးတစ်ယောက်သူ့ audi ကားကိုမောင်းပြီး စူပါမားကတ်မှာ ပစ္စည်းတွေအများကြီး ဝယ်သွားတာ မြင်ခဲ့တယ်လို့ပြောတယ် ဒါပေမယ့် တော်တော်များများက မယုံကြဘူး

ဘာလို့ဆို အကုန်လုံးက သူတို့သူဌေးကို သေချာပေါက် အလှလေးတွေ ဝန်ဆောင်မှုပေးတာကို ကြိုက်တဲ့သူလို့ တစ်ထစ်ချယုံကြည်ထားကြတယ်လေ
ဒါဖြင့် သူကိုယ်တိုင်ပစ္စည်းတွေကို အပြင်ထွက်ဝယ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ? ကောလဟာလပဲ
သေချာပေါက်ကို ကောလဟာလပဲ.....

Chen Xu ကသာ သူ့မေးစိကိုထိရင်း တစ်ခုခုအကြောင်းကို အလေးအနက် စဉ်းစားနေခဲ့တယ်
သူ သူဌေးဆီကို တစ်နပ်လောက်ကုန်းသွားဆင်းရင် သူဌေးက သူ့ကို ဝေစုခွဲပေးမလား ?
ဒါမှမဟုတ်
သူကုန်းသွားဆင်းလို့ဆိုပြီး သူ့ရဲ့နောက်လအတွက် ဘောနက်စ်လေးပါ အဖြတ်ခံရမလား ?
ဆိုတာကို ချင့်ချိန်တွေးတောနေတာပဲဖြစ်တယ်

TBC.......

ChenXu နဲ့ သူ့boss က တကယ်လိုက်ဖက်တယ်🤣

Continue Reading

You'll Also Like

263K 7.2K 82
ဆာကူရာပန်းလေးတွေက...မင်းနဲ့တူတယ်... သူက...နေရောင်အူံ့မိူင်းပြီးလင်းလင်းထင်းထင်း မရှိတဲ့အချိန်မျိုးတွေကုန်ဆုံးခါနီးမှာပွင့်တတ် တာမို့...ဆာကူရာပန်းလေးတ...
846K 39.7K 25
Crayon ~ ကျွန်တော့်ရဲ့ Crayon. Own characters* Unicode/ZAWGYI Completed. April 16 2023 - August 25 2023
1.2M 64.1K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
309K 15.3K 84
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...