Chapter 2 : ဘဝက သိပ်ကို ပြဇာတ်ဆန်တယ်

2.8K 300 3
                                    

***Zawgyi***

" SuLe ကိုယ် မင်းကိုချစ်တယ် ''

ဆောင်းဥတုရဲ့ နံနက်ခင်းနေရောင်ခြည်တွေနဲ့အပြိုင် ZhaungWei ရဲ့အပြုံးတွေဟာ တောက်ပနေခဲ့တယ် ဒီဇိုင်နာချုပ်အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး ဈေးကြီးတဲ့ကားရှေ့မှာ သူရပ်နေပုံက နတ်သမီးပုံပြင်တွေထဲက မင်းသားလေးတွေနဲ့တောင်တူတယ်

ကံမကောင်းစွာနဲ့ပဲ BMW ကားပိုင်ရှင်ဟာ ဆွဲဆောင်မှုရှိတဲ့မင်းသားလေးဖြစ်နိုင်သလို စက်ဆုပ်ဖွယ်ကောင်းတဲ့သူတစ်ယောက်လည်း ဖြစ်နေနိုင်တယ် SuLe ဟာ သူမမျက်လုံးထောင့်ကလူကို ကြည့်လိုက်တယ် သူမအတွေးတွေဟာ မှောင်မိုက်နေခဲ့တယ် သူမအိမ်မက်ထဲမှာတောင် Zhaung Wei က အထက်စီးဆန်ဆန်နဲ့ ပေါ်လာနေတုန်းပဲ

" အတန်းဖော် SuLe အခုထိမထသေးဘူးဆိုရင် မနက်စာငတ်မှာနော် '' SuLe အိပ်ရာပေါ်က ထလိုက်တော့ ChenYue ဆန်းဝှစ်ကိုင်ထားတာကို တွေ့လိုက်ရတယ်

သူမရဲ့ရှုပ်ပွနေတဲ့ဆံပင်တွေကို ထိနေရင်းနဲ့ပဲ SuLe ပြောလိုက်တယ် '' နင်ပဲစားလိုက်တော့ ငါမစားချင်ဘူး ''

" ဟဲ့ နင်လမ်းခွဲထားတာနဲ့ပဲ အစာငတ်ခံနေတော့မလို့လား '' ChenYue က အိပ်ရာဘေးကို လျှောက်လာပြီး ထိုင်ချလိုက်ကာ လေးစားမှုအပြည့်နဲ့ပြောလာတယ် '' ငါပြောမယ် SuLe နင့်ရဲ့ရုပ်ရည်က မဆိုးဘူး ပြီးတော့ နင့်ရဲ့အသားအရည်ကလည်း နူးညံ့တယ် အဲ့ဒီမြေခွေးမ LinQi ဘယ်လိုကြောင့် ကြားထဲက ဖြတ်ခုတ်နိုင်သွားတာတုန်း ''

သူမ ခရီးဆောင်အိတ်ထဲက အဝတ်တချို့ကို ထုတ်ပြီးနောက် SuLe ပြန်ဖြေလိုက်တယ်
'' သူ့ကို ကြိုးခိုင်ခိုင်မချည်မိလို့ ဒါမှမဟုတ် ZhaungWei ကိုက ထွက်ပြေးချင်နေခဲ့တာ ဖြစ်မှာပေါ့ အဲ့တာကို ငါက ဘာလုပ်လို့ရမှာလဲ ''

(TN..... SuLe က ZhaungWeiကို နွားနဲ့နှိုင်းလိုက်တာပါ )

Chenyue က ခေါင်းခါပြီး သက်ပြင်းချလိုက်တယ်
" Xiao Le ရေ ZhaungWei သာ ကြားရင် ဒေါသထွက်ပြီး သွေးအန်သွားလိမ့်မယ် ''

SuLe ကခရီးဆောင်အိတ်ရှင်းလင်းတာကို ရပ်လိုက်ပြီး ဓာတ်ပုံဘောင်တစ်ခုကို ထုတ်လိုက်တယ် ဓာတ်ပုံပေါ်မှာတော့ သူမနဲ့ Zhaung Wei ဟာ ပျော်ပျော်ရွှင်ရွှင်နဲ့ပြုံးနေခဲ့တယ် သူတို့ဒီလိုအခြေအနေထိဖြစ်လာကြလိမ့်မယ်လို့ သူမတကယ်ကို လုံးဝမထင်ခဲ့ဖူးဘူး ..

''Hello wife'' ** Myanmar Translation **Όπου ζουν οι ιστορίες. Ανακάλυψε τώρα