Chapter 5 : အရသာ

1.9K 262 3
                                    

***Zawgyi***

SuLe အခန်းထဲကိုဝင်ဝင်ချင်းပဲ Chen Yue  အဲ့ဒီမိန်းမ ထောင့်တစ်နေရာမှာထိုင်ပြီး ဖရဲစေ့ဝါးနေရင်း သူ့ဘေးက ယောက်ျားနဲ့စကားလက်စုံကျနေတာကို တွေ့လိုက်ရတယ်

SuLe ဝင်လာတာတောင် Chenyue မမြင်နိုင်ဘူးဆိုတော့ အဲ့ဒီလူက တော်တော်လေး ကြည့်ကောင်းတဲ့လူဖြစ်ရမယ်

Chen Yue ဆီကို လျှောက်သွားပြီး သူမဘေးမှာ SuLe ဝင်ထိုင်လိုက်ကာ ထိုယောကျာ်းကို သေချာ အကဲခတ်လိုက်တယ် SuLe ဘယ်လိုပဲကြည့်ကြည့် အဲ့ဒီလူက အရမ်းကိုရင်နှီးနေပေမယ့် သူဘယ်သူလဲဆိုတာ SuLe စဉ်းစားလို့မရဘူး

" အာ ChenYue ဒါက တက္ကသိုလ်တုန်း နင့်ရဲ့ သူငယ်ချင်းကောင်း SuLe မဟုတ်လား '' ထိုလူက SuLe ကိုမြင်တာနဲ့ ချက်ချင်းပဲ မှတ်မိသွားတယ်

''SuLe မတွေ့ရတာကြာပြီနော် မင်းဒီမြို့မှာရှိနေမယ်လို့ မထင်ခဲ့ဘူး ''

အဲ့ဒီအချိန်ထိ ဒီလူကဘယ်သူဆိုတာ SuLe မမှတ်မိဘူး ဒါပေမယ့် ChenYue ရဲ့ပုံစံကို ကြည့်လိုက်တော့ သူ နဲ့ ChenYue က မိတ်ဆွေတွေပဲဖြစ်ရမယ် SuLe လည်းပဲ ပြုံးကာ ခေါင်းညိတ်ပြလိုက်တယ် '' ဟုတ်တယ် ကျွန်မဘွဲ့ရပြီးထဲက အလုပ်လုပ်ဖို့ ဒီမြို့မှာပဲ အမြဲနေတာ ဒါပေမယ့် ရှင်လည်း ဒီမှာရှိနေမယ်လို့ မထင်ထားဘူး ''

"အာ နောက်ဆုံးတစ်ခေါက် ကိုယ်ကြားတုန်းက မင်းက မင်းမိဘအိမ်နားမှာပဲ အလုပ်လုပ်ချင်ခဲ့တာလေ အဲ့တာကြောင့် မင်းဒီမှာ ဘယ်လိုနေဖြစ်သွားတာလဲ '' ထိုလူက SuLe ကို ဖျော်ရည်တစ်ခွက်ကမ်းပေးလာတယ် '' အဲ့ဒီတုန်းကဆို မင်းအဲ့လိုဆုံးဖြတ်လိုက်လို့ သနားခဲ့တဲ့လူတစ်ယောက် ရှိခဲ့သေးတယ်''

SuLe အံ့သြသွားတယ် သူမမိဘအိမ်ကိုပြန်ဖို့ဆုံးဖြတ်ထားတာကို ဒုတိယနှစ်တုန်းက ပြောခဲ့တာ ဆိုတော့ ဒီလူ ဒါကိုသိနေပုံအရဆို သူမ ဒုတိယနှစ်တုန်းက သူနဲ့တွေ့ဖူးမယ်လို့ ထင်တယ် SuLe ဟာ အဖြေရှာဖို့အတွက် ChenYue ကိုလှည့်ကြည့်လိုက်တယ်

Cao Yu Dong ဟာ SuLe နဲ့ Zhaung Wei ကြားကကိစ္စကို မှတ်မိသွားတာကြောင့် သိပ်မဝေးတဲ့နေရာမှာ ရပ်နေတဲ့ WeiChu ကို လှည့်ကြည့်လိုက်တယ် Cao Yu dong ပြုံးလိုက်ကာ ကျွမ်းကျင်စွာနဲ့ တစ်ခြားခေါင်းစဉ်တစ်ခုကို ပြောင်းလိုက်တယ်

''Hello wife'' ** Myanmar Translation **Where stories live. Discover now