Chapter 15 : အရေထူတယ်

2.5K 317 36
                                    

***Zawgyi***

ဒီတစ်ခါတော့ WeiChu အိမ်ကို ထပ်ပြီး လက်ဗလာနဲ့သွားဖို့ သင့်တော်တယ်လို့ SuLe မခံစားရတော့တာကြောင့် အသီးအနှံတစ်ချို့နဲ့ အဆာပြေသွားရည်စာတစ်ချို့ကို သယ်ပြီး တက္ကစီငှါးကာ WeiChu ရဲ့နေအိမ်ဆီသွားလိုက်တယ်....

ဗီလာဝင်းထဲရောက်တော့ လုံခြုံရေးအစောင့်တွေက SuLe ပစ္စည်းတွေအများကြီးသယ်လာတာကို မြင်တာနဲ့ မေးခွန်းအနည်းသာမေးပြီး သူမကို ဝင်ခွင့်ပြုလိုက်ကြတယ် SuLe က သူတို့နဲ့နည်းနည်းဝေးဝေးကို ရောက်တော့မှ အစောင့်တစ်ယောက်က မေးလာတယ်
"သူက ဥက္ကဋ္ဌ Wei ရဲ့ ကောင်မလေးလို့ ထင်လား''

စီနီယာကျတဲ့ အစောင့်က ရေအနည်းသောက်ပြီးမှ အေးအေးဆေးဆေး ပြန်ဖြေတယ်
"မိန်းမတွေကို ဘယ်တုန်းကမှခေါ်မလာဘူးတဲ့ ဟိုငယ်ငယ်ချောချောနဲ့ ဥက္ကဋ္ဌ Wei ကိုပြောနေတာလား ''

အစောင့်အငယ်လေးက ခေါင်းညိတ်တယ်
"ဒီဗီလာဝင်းထဲမှာနေတဲ့ တစ်ခြားဥက္ကဋ္ဌWei ရှိသေးလို့လား''.

အစောင့်အကြီးက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ပြီး
"မင်းက ဒီမှာအလုပ်ဝင်တာ နောက်ကျတာကိုး
ဘယ်သိပါ့မလဲ ''
ထို့နောက် ထိုလူက အသံကိုလျှော့ကာ
"ဒီမှာ နောက်ထပ် သူဌေး Wei တစ်ယောက် ရှိသေးတယ် သူကဒီမှာနေပြီးတော့ လယ်သာဖိနပ်စက်ရုံဖွင့်ထားတယ် အသက်၄၀ကျော်နေပေမယ့် မိန်းမငယ်ငယ်လေးတွေ ဒီကို မကြာခဏခေါ်လာတယ် ငါကြားတာတော့ သူ့မွေးရပ်မြေမှာ သူ့အလုပ်ကို စတည်ထောင်နိုင်အောင် ကူညီပေးတဲ့ ဇနီးရှိတယ်တဲ့

ဥက္ကဋ္ဌ Wei လိုမျိုး ချမ်းသာတာကိုမှ သန့်သန့်ရှင်းရှင်းနဲ့နေတဲ့လူမျိုး ဒီလောကမှာ အများကြီးထပ်မရှိနိုင်လောက်တော့ဘူး ''

WeiChu က ဒီဗီလာဝင်းထဲမှာ လူသိများတယ်ဆိုတာကို SuLe မသိခဲ့ဘူး အိတ်တွေအများကြီးသယ်ရင်း သေသပ်စွာပုံဖော်ထားတဲ့ တံခါးပေါက်ရှေ့ရောက်ပြီး ဘဲလ်တီးလိုက်တယ် သပ်ရပ်တဲ့ဆံပင်ပုံစံနဲ့ အမျိုးသားတစ်ယောက်က တံခါးဖွင့်ပေးပြီး သူမကိုမြင်တော့ ထူးဆန်းစွာ ပြုံးပြလေတယ်

"မင်းက မိန်းကလေးSu ဖြစ်ရမယ်
ကျွန်တော့်ရဲ့မျိုးရိုးနာမည်က Chen ပါ
ကျွန်တော့်ကို ChenXu လို့ခေါ်လို့ရပါတယ်''
ChenXu က SuLe ဆီက အိတ်တွေကို စိတ်အားထက်သန်စွာ ယူသယ်လိုက်တယ် သူတို့ဧည့်ခန်းထဲဝင်နေတုန်း ChenXu အရမ်းဖော်ရွေလွန်းနေတာက SuLeကို အနည်းငယ် စိတ်လှုပ်ရှားစေလေတယ်

''Hello wife'' ** Myanmar Translation **Hikayelerin yaşadığı yer. Şimdi keşfedin