Chapter 16 : ပြုံးနေတဲ့မျက်နှာလေး

1K 95 17
                                    

***Zawgyi***

ပြုံးနေတဲ့မျက်နှာလေး

Wei Chu ရဲ့စိတ်အားထက်သန်မှုက Su Le ကို အနည်းငယ်ရှက်သယောင်ခံစားရစေတယ် ဒါပေမယ့် သူမဟာ သူနဲ့စီးပွါးရေးပါတီတွဲတက်ပေးတာကြောင့် သူကပြန်ကူညီတာလို့ပဲ ယူဆခဲ့တယ် အတိတ်က Wei Chu ကို သူမသေချာနားမလည်ပေမယ့် သူများတွေဆီက ပြန်ကြားရတာတွေပေါ်ကိုမူတည်ပြီး သူမနည်းနည်းတော့ခန့်မှန်းလို့ရတယ် Wei Chu ဟာ လူတိုင်းကိုကူညီဖို့လိုက်ကြိုးစားနေတဲ့သူတော်စင်တစ်ယောက်တော့မဟုတ်ဘူး

လွန်ခဲ့တဲ့ရက်အနည်းငယ်ကသာဆိုရင် Wei Chu ကသူမကိုစိတ်ဝင်စားနေတယ်လို့ ထင်ကောင်းထင်မိမှာပေမယ့် အကုန်လုံးကရှင်းသွားပါပြီ သူ့ရဲ့မျက်လုံးထဲမှာတော့ သူမဟာတက္ကသိုလ်တူ ဂျူနီယာညီမလေးတစ်ယောက်ထက်မပိုခဲ့ပါဘူး

ခုလက်ရှိမှာ နေရာငှားတဲ့ကိစ္စကစိတ်အနှောက်အယှက်ဖြစ်နေခဲ့တာဆိုတော့ အသိမိတ်ဆွေရဲ့နေရာကိုငှားတာက စိတ်သက်သာရာရစေတာအမှန်ပဲ ဒါ့အပြင် မိန်းကလေးတစ်ယောက်တည်းအပြင်မှာနေရမှာဆိုတော့ ဆုံးဖြတ်ချက်မချခင်မှာ စေ့စေ့စပ်စပ်စဉ်းစားသင့်တယ် Su Le က သူ့အကြံဥာဏ်ကိုချက်ချင်းငြင်းမပစ်တာကိုတွေ့ရတော့ Wei Chu ကသူ့အတွက် အခွင့်အရေးတော့ရှိသေးတာကိုနားလည်လိုက်ပြီး မျက်ခုံးပင့်လိုက်တယ်

''သူဌေးပြောတာ အခန်းနှစ်ခန်းပါတဲ့ မီတာ၈၀ပတ်လည်တိုက်ခန်းများလား?'' Chen Xu နည်းနည်းအံ့အားသင့်သွားတယ် ''သူဋ္ဌေးရဲ့အဲ့ဒီတိုက်ခန်းကလွတ်နေတုန်းလား? တစ်နှစ်လောက်တောင်ရှိပြီဆိုတော့ အခုလောက်ဆို ပင့်ကူအိမ်တွေပါရှိနေလောက်ပြီပေါ့'' Wei Chu ရဲ့အတွင်းရေးမှူးအနေနဲ့ သူ့ရဲ့အမြင်နဲ့တုန့်ပြန်နိုင်စွမ်းက အတော်ကောင်းခဲ့ရှာပါတယ်

Wei Chu ကချီးမွမ်းတဲ့အကြည့်နဲ့ Chen Xu ကိုကြည့်လိုက်ပြီး ''အလုပ်ရှုပ်နေတာနဲ့ အဲ့အကြောင်းတောင်မေ့နေတာ''

''Su Le, တိုက်ခန်းကလည်းအားနေတယ်ဆိုတော့ ထပ်ပြီးရှာနေစရာမလိုတော့ဘူးပေါ့ ခုအချိန်အခါနဲ့ တိုက်ခန်းငှားရတာလည်း တော်တော်ခက်နိုင်တယ်လေ ပြီးတော့ Wei Chu ရဲ့တိုက်ခန်းက ဒီကနေလည်းသိပ်မဝေးဘူးဆိုတော့ ဓာတ်လှေကားပျက်နေရင်တောင် မင်းပစ္စည်းတွေကို ကူသယ်ပေးဖို့ သူ့ကိုခေါ်လို့ရတယ် ဘာပဲပြောပြော ပြသနာတွေဘာတွေဖြစ်လာရင် အနီးအနားမှာတစ်ယောက်ယောက်ရှိနေတော့ပိုကောင်းတာပေါ့'' Tang Yao ကလက်ဖက်ရည်ခွက်ကို မ လိုက်ပြီး ဆက်ပြောလိုက်တယ် ''ငါတို့တွေအကုန်လုံးတစ်ယောက်နဲ့တစ်ယောက်သိနေပြီးသားတွေဆိုတော့ အားနာနေစရာမလိုဘူး''

You've reached the end of published parts.

⏰ Last updated: Sep 03, 2021 ⏰

Add this story to your Library to get notified about new parts!

''Hello wife'' ** Myanmar Translation **Where stories live. Discover now