Chapter 10 : ယောက်ျားကောင်းများ

1.5K 222 11
                                    

***Zawgyi***

တစ်ချိန်ထဲမှာပဲ SuLe ဟာကော်ဖီသောက်ရင်း သူမရဲ့အွန်လိုင်းဝတ္ထုကို တင်နေလေတယ်
အပြင်ဘက်မှာ မိုးရွာနေပေမယ့်လည်း သူမကတော့ ကံမကောင်းစွာနဲ့ ဝတ္ထုရေးဖို့ ညဥ့်နက်တဲ့အထိနေနေရတယ်
ChenYue ကတော့ အိပ်ရာထဲရောက်သွားပြီ

အစကတော့ အရင်ရက်အနည်းငယ်လောက်က
SuLe က လမ်းခွဲမှုကြောင့် တစ်ခုခု ရူးရူးမိုက်မိုက် လုပ်လိုက်မှာကို ChenYue စိုးရိမ်နေခဲ့ပေမယ့် အခုတော့ စိုးရိမ်နေတာကိုရပ်ပြီး SuLe ကို သူမနေချင်သလို ပေးနေလိုက်တော့တယ်
SuLe က ပုံမှန်အတိုင်း စားနေသောက်နေဆဲကို မြင်ရတော့ သူမစိတ်သက်သာရာရသွားတယ်
ပြီးတော့ SuLe ကလည်း တစ်ခြားလူတွေ လမ်းခွဲမှုကို ကြုံတဲ့အခါ လုပ်သလိုမျိုး ရူးရူးနှမ်းနှမ်းတွေ မပြုမူနေဘူး
ချက်ကျကျပြောရရင်တော့ ပြန်တွေးကြည့်ရင် SuLe နည်းနည်းတော့နောင်တရတယ်
သူမ နည်းနည်းလောက်တော့ ပိုပြီး နူးညံ့ သိမ်မွေ့ ချင်ယောင်ဆောင်ခဲ့ရမှာလို့ တွေးမိတယ်

မိုးစက်တွေက ပြတင်းမှန်ကို ရိုက်ခတ်နေသံကြားတော့ ရုတ်တရက် SuLe စာရိုက်နေတာကိုရပ်ပြီး သက်ပြင်းချမိတယ်.....
သူမ အလုပ်သင်ကာလအပြီး တက္ကသိုလ် တက်နေဆဲ အချိန်မှာ ဝတ္ထုတွေစရေးခဲ့တာဆိုပေမယ့် ZhaungWei က ဒါနဲ့ပတ်သတ်ပြီး သူမကို တစ်ခွန်းမှ မမေးခဲ့ဖူးဘူး..... သူမရဲ့ကလောင်အမည်ကိုတောင် သူ မမှတ်မိခဲ့ဘူး ဆိုပေမယ့် အဲ့တုန်းကတော့ သူစိတ်မဝင်စားလို့နေမှာ ပါလေဆိုပြီး သူမ စိတ်ထဲသိပ်မထားခဲ့ဘူး
အခုမှပဲ တကယ့်အကြောင်းပြချက်အမှန်ကို သူမသိတော့တယ်
သူက စိတ်မဝင်စားလို့မဟုတ်ပဲ သူမနဲ့ပတ်သတ်ပြီး ဘာကိုမှတွေးမနေတာကြောင့်ဆိုတာ....

"ယောက်ျားတစ်ယောက်က မင်းကိုချစ်တယ်လို့ ပြောတာ အမှန်ဟုတ်ချင်မှဟုတ်မယ်...ဒါပေမယ့်
သူက မင်းကိုမချစ်ဘူးလို့်ပြောရင်တော့ အဲ့တာ လုံးဝ အသေအချာပဲ '' လို့ တစ်ချို့လူတွေပြောကြတာ မမှားဘူးပဲ.........

SuLe သူမနဖူးကိုပွတ်သပ်လိုက်တယ်
ဒီလောကကြီးမှာ ယောက်ျားကောင်းတွေမှ အများကြီးပါ ဘာလို့ ကောင်းကင်ဘုံက သူမကို စက်ဆုပ်စရာကောင်းတဲ့ကောင်ကိုမှ ပေးခဲ့ရတာလဲ.......?

''Hello wife'' ** Myanmar Translation **Where stories live. Discover now