Chapter 11 : လုပ်ငန်းရှင်ပါတီ

1.4K 207 9
                                    

***Zawgyi***

အဲ့ဒီ လုပ်ငန်းရှင်ပါတီဆိုတာတွေက ဒရမ်မာတွေထဲမှာ ရိုက်ပြထားသလို ခမ်းခမ်းနားနား ဝတ်စားထားတဲ့ ယောက်ျားတွေနဲ့ မိန်းမတွေ အုပ်စုလိုက်က စကားပြောရင်း သောက်စားနေမယ်
အဲ့အချိန် အမျိုးသားဇာတ်လိုက် နဲ့ အမျိုးသမီးဇာတ်လိုက်က အကကြမ်းပြင်အလယ်ကို အတူကဖို့ရောက်ချလာပြီး လူတိုင်းကို အံ့အားသင့်စေမယ် ဆိုတာမျိုးနဲ့တော့ လုံးဝကို ကွဲပြားခြားနားတယ်
တကယ်တမ်း လက်တွေ့ဘဝမှာတော့ ဒီလုပ်ငန်းရှင်ပါတီတွေက လူတွေ အချင်းချင်း ယှဉ်ပြိုင်ဖို့ စုစည်းတာမျိုးပဲဖြစ်တယ်

သတင်းအချက်အလက်တွေရဖို့ အမျှော်အမြင်ရှိရှိ ကြိုးစားရင်း အမျိုးသားတွေက ဒီပါတီပွဲတွေကို လုပ်ငန်းပိုင်းဆိုင်ရာတွေ ဆွေးနွေးဖို့ အသုံးချပြီး
အမျိုးသမီးတွေကတော့ ဒီပါတီပွဲတွေကို လက်ဝတ်လက်စားတံဆိပ်တွေအကြောင်း ပြောဆိုဖို့ အသုံးချနေကြတယ် လူတိုင်းက ဒရမ်မာတွေထဲက အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသမီးဇာတ်လိုက် လိုသာ စားတာနဲ့သောက်တာပဲလုပ်နေကြရင် ဒေဝါလီခံရဖို့ သိပ်ဝေးမှာမဟုတ်တော့ဘူး

WeiChu က သူမကို ဒီလိုပါတီမျိုးဆီ ဘာလို့ခေါ်တာလဲ ဆိုတာ SuLe နားမလည်ဘူး
"ယုံကြည်မှု '' ဆိုတဲ့စကားကိုတောင် ထည့်မတွက်ပဲ သူမရဲ့စွမ်းရည်တွေကိုပဲ ကြည့်လိုက်
WeiChu က သူမကိုခေါ်လာဖို့ဆုံးဖြတ်တဲ့အခါ တကယ်ပဲ နည်းနည်းလေးတောင် တွန့်ဆုတ်မနေခဲ့ဘူးလား ....?

WeiChu ရဲ့အတွေးတွေက ဘာပဲဖြစ်ဖြစ်
SuLe က ဘယ်လိုပဲဆန္ဒမရှိပါစေ
သူမ စောစောအသင့်ပြင်ပြီး ပူးပေါင်းဆောင်ရွက်ပေးခဲ့ဆဲပါပဲ .... သူမဟာ ဝတ်စုံတစ်စုံကိုဝတ် မိတ်ကပ်ပြင်ကာ လက်ဝတ်ရတနာတွေပါ ဆင်ထားခဲ့တယ်
သေချာတာပေါ့... ဒီလိုပါတီမျိုးဆီ ဝတ္ထုထဲက အမျိုးသမီးဇာတ်လိုက်တွေလို မျက်နှာပြောင်နဲ့ သွားဖို့ဆိုတာ SuLe ဘယ်တော့မှမလုပ်နိုင်မယ့် အရာပဲ....ထက်မြက်တဲ့မိန်းမတွေက မတူညီတဲ့အခြေအနေပေါ်လိုက်ပြီး ဘာလုပ်ရမလဲ သိရမယ်လေ...အဆုံးမှာတော့ ဘယ်သူကမှ ဒရမ်မာထဲက အမျိုးသမီးဇာတ်လိုက်တွေလို သိပ်ကံကောင်းမနေပါဘူး...

''Hello wife'' ** Myanmar Translation **Where stories live. Discover now