Chapter 12 : လုပ်ငန်းရှင်ပါတီ ဒုတိယပိုင်း

1.3K 229 3
                                    

***Zawgyi***

အခုတလော SuLe နဲ့ပတ်သတ်တဲ့ ZhaungWei ရဲ့အတွေးတွေက ပိုပိုပြီး ရှုပ်ထွေးလာတယ်...
တစ်ဖက်မှာတော့ သူဟာ SuLe ကို သူမရဲ့ဂုဏ်သိက္ခာကို စွန့်ပစ်ပြီး သူ့ကိုလိုက်ရှာနေစေချင်တယ် အဲ့တာဆို သူတို့အတူတူ ပြန်ရှိနေလို့ရမယ်......
တစ်ခြားတစ်ဖက်မှာတော့ SuLe ကိုသူ့ရှေ့မှာထပ်ပြီး ပေါ်မလာစေချင်တော့ဘူး ဘာလို့ဆို သူမပေါ်လာတဲ့အချိန်တိုင်း အဲ့ဒီညက ဖြစ်ပျက်ခဲ့သမျှကို သူပြန်အမှတ်ရလာလို့....
ဟုတ်တယ် သူက မှားယွင်းခဲ့တဲ့လူ ဒါပေမယ့်လည်း သူမရဲ့အကျိုးအကြောင်းဆီလျော်မှု နဲ့ တည်ငြိမ်မှုကို သူတကယ်မုန်းတယ်.....

သူ့အပေါ်ကို နည်းနည်းလေးဖြစ်ဖြစ် SuLe မှီခိုလာစေချင်တယ် သိမ်မွေ့ကျိုးနွံလာစေချင်တယ်
ZhaungWei ဟာ SuLe ရဲ့ခွန်အားကို သဘောကျခဲ့ပေမယ့်လည်း တစ်ချိန်ထဲမှာ မုန်းနေခဲ့ပြန်တယ်......SuLe ဟာ သူမအလုပ်ကနေ ထွက်ခဲ့တယ်ဆိုတာကို သူသိပြီးတော့ SuLe ကောင်းကောင်းမနေနိုင်မှာကို သူစိတ်ပူခဲ့တယ်...

တကယ်လည်း သူတို့ဘွဲ့ရပြီးလို့ ၁နှစ်တောင်မရှိသေးတဲ့အချိန်ဆိုတော့ SuLe အတွက် ပိုက်ဆံများများစုထားနိုင်ဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး....
ပါတီပွဲမှာ ဈေးကြီးတဲ့ဝတ်စုံကိုဆင်ယင်ထားတဲ့ SuLe ကို သူတွေ့တော့ သူ့ရဲ့စိုးရိမ်ပူပန်မှုတွေက မလိုအပ်တဲ့အရာတွေပဲလို့ သူတွေးမိသွားတယ်.....

ဘယ်နေရာကိုပဲရောက်နေနေ ကောင်းကောင်းမွန်မွန်နေနိုင်တဲ့ မိန်းမတစ်ယောက်ပဲ
သူမက အလုပ်မရှိတော့တာတောင် တော်တော်လေးကို ယုံကြည်ချက်ရှိရှိ နေထိုင်နေဆဲပဲ

သူမက ဒီပစ္စည်းတွေအားလုံးကို WeiChu ဆီကနေလက်ခံရရှိထားတာလို့တောင် သူက မလိုမုန်းတီးစိတ်နဲ့ တွေးမိလိုက်သေးတယ်... ဒါပေမယ့် SuLe က အဲ့လိုလူစားမျိုးမဟုတ်ဘူး ဆိုတာကိုလည်း ZhaungWei က ရှင်းရှင်းလင်းလင်း သိနေပြန်တယ်....ပြီးတော့ WeiChu ကလည်း အဲ့လိုမိန်းမပုံစံမျိုးတွေကို ကြိုက်နှစ်သက်တဲ့ ယောက်ျားတစ်ယောက် မဟုတ်ဘူး.....

ဒါဆို SuLe ပိုက်ဆံတွေက ဘယ်ကရလာတာလဲ...?
ရုတ်တရက် သူထင်ထားသလောက် SuLe ကို တကယ် မသိခဲ့ဘူးဆိုတာ ZhaungWei နားလည်မိသွားတယ်.....

''Hello wife'' ** Myanmar Translation **Where stories live. Discover now