Chapter 14 : ပိုက်ဆံလိုအပ်မနေဘူး

1.4K 218 9
                                    

***Zawgyi***

ထိုနေ့ညကပွဲ ဘယ်လိုအဆုံးသတ်သွားသည်ဖြစ်စေ Su Le ကတော့ ထုတ်မမေးလောက်တဲ့ ဥာဏ်ပညာရှိလေတယ် ဘယ်လိုပဲဖြစ်ဖြစ် သူမနဲ့ Chen Yue က အတူတူနေတယ်ဆိုမှတော့ Lin Qi ကတကယ်ကို အလုပ်ဖြုတ်ခံလိုက်ရကြောင်းကို Chen Yue က သူမကို အရိပ်မြွက်ပြခဲ့တယ်

Su Le က Lin Qi နဲ့ Zhuang Wei ရဲ့ကြားက ဆက်ဆံရေးကို သေသေချာချာမသိဘူး ဘာပဲဖြစ်ဖြစ် တစ်ယောက်က သူ့ရဲ့အချစ်ရေးကို ဝင်နှောက်ယှက်ဖျက်ဆီးတဲ့သူဖြစ်ပြီး နောက်တစ်ယောက်ကတော့ တစ်သက်လုံး သူမနဲ့လက်တွဲသွားပါ့မယ်လို့ကတိပြုပြီးမှ သစ္စာဖောက်သွားတဲ့သူပါပဲ

သူမ အဲ့ဒါကို လျစ်လျူရှုလိုက်တယ်ဆိုရင်တောင် ခွင့်လွှတ်လိုက်တယ်ဆိုတာတော့ မဟုတ်သေးဘူးလေ......

ကွန်ပြူတာကိုဖွင့်လိုက်ပြီးနောက် သူမရဲ့ အခန်းဆက်ဝတ္တုကို အခန်းသစ်ဝင်တင်လိုက်တယ် Su Leက သူမရဲ့ဇာတ်ကောင်တွေကို လှပတဲ့ဇာတ်ကြောင်းနဲ့ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းပေးရတာကို နှစ်သက်တယ် သူမပထမဆုံးဖတ်ဖူးတဲ့ဝတ္တုက ကိုယ့်ကိုကိုယ်အထင်ကြီးနေတဲ့ CEO ကောင်နဲ့ ရိုးရှင်းပြီးအားနည်းတဲ့ကောင်မလေးအကြောင်းပဲ
ဒုတိယအမျိုးသမီးဇာတ်ကောင် ဆီကနေ အမြဲအနိုင်ကျင့်ခံနေရတဲ့ အမျိုးသမီးဇာတ်လိုက်မ ဖြစ်ခဲ့တယ် ဝတ္တုအတော်များများကို ဖတ်ကြည့်ပြီးတဲ့နောက်မှာ Su Le က အဲ့ဝတ္တုတွေထဲက အမျိုးသမီးဇာတ်ကောင်တွေကို အမြင်ကတ်လာပြီး ဆူဆဲချင်စိတ်ပါ ပေါက်လာရတယ် သူတို့က ငိုဖို့ပဲတတ်ပြီး မိန်းမတွေရဲ့သိက္ခာကို ကျဆင်းစေတယ်

ဒီလိုဇာတ်ကောင်တွေအပေါ် အတော်အမြင်ကတ်တာနဲ့ သူမက ကိုယ်ပိုင်ဝတ္တုကို စရေးဖို့ဆုံးဖြတ်လိုက်တယ် သူမရဲ့ဇာတ်ဆောင်တွေအကုန်လုံးက စွမ်းအားအပြည့်နဲ့မဟုတ်ရင်တောင် နှုတ်ရေးကျွမ်းကြတယ် အပြင်ပန်းမှာ အားနည်းပုံပေါက်ရင်တောင် အတွင်းစိတ်ကသန်မာကြတယ် ပြီးတော့ အချစ်ကို အသည်းအသန်တောင်းတနေပြီး အချစ်မရှိပဲ မနေနိုင်ဘူးဆိုတဲ့ဇာတ်ကောင်မျိုး တစ်ယောက်တစ်လေ တောင်မပါဘူး

ရုတ်တရက် သူမအစကဖတ်ဖူးတဲ့ဝတ္တုတွေကို ကျေးဇူးတင်မိသွားတယ် မဟုတ်ရင် အခုလိုမျိုး သူမလက်ထဲမှာ အပိုငွေဆိုတာ ဘယ်လိုရှိနေနိုင်မှာတဲ့လဲ? သူမက အဲ့ဒီ Villa တွေ ကားတွေပိုင်တဲ့ လွှမ်းမိုးတတ်လွန်းတဲ့ CEO ကြီးလိုမျိုး မဟုတ်ပေမယ့် လောလောဆယ်တော့ သူမ လိုချင်တယ်ဆိုရင် တိုက်ခန်းတစ်ခုအတွက် စရံပေးပြီး Benben Mini ကားတစ်စီးဝယ်ဖို့ သူမမှာ လုံလုံလောက်လောက် ရှိတယ် တစ်ခုတည်းသောပြဿနာက သူမရဲ့ကားမောင်းစွမ်းရည်က သိပ် အကောင်းကြီးမဟုတ်ပဲ သူများတွေကိုရော သူမကိုယ်သူမရော ဒဏ်ရာရနိုင်စေမလားဆိုပြီး အမြဲလိုလို မမောင်းရဲခဲ့တာပဲ

''Hello wife'' ** Myanmar Translation **Where stories live. Discover now