Chapter 3 : ကျောင်းသားဟောင်းတွေ့ဆုံပွဲ

2.1K 315 5
                                    

***Zawgyi***

အဲ့ဒီနေ့က SuLe တွေ့ဆုံပွဲကိုမတက်ဖို့အတွက်
အကြောင်းပြချက်ရှာမရလောက်အောင်ထိ ရာသီဥတုက ကောင်းမွန်နေခဲ့တယ်
သူမဟာ LinQi နဲ့ Zhaung Wei အဲ့ဒီလူလိမ်အတွဲလည်း အဲ့ပွဲကိုလာလိမ့်မယ်ဆိုတဲ့ ခံစားချက်ရနေခဲ့တယ်

SuLe နဲ့ LinQi တို့ အချင်းချင်း ပထမဆုံးစသိတဲ့အချိန်ထဲက LinQi က သူမကို အမြဲလိုလို လိုက်ယှဉ်ပြိုင်နေခဲ့တာ ဒီတစ်ခါတော့ LinQi က သူမလက်ထဲကနေ Zhaung Wei ကိုရသွားခဲ့ပြီ LinQi ရဲ့စရိုက်အရတော့ ဒါကိုပြသဖို့အတွက်သိပ်ကောင်းတဲ့အခွင့်အရေးအဖြစ် တွေ့ဆုံပွဲကို အသုံးချမှာ အသေအချာပဲ ဘာပဲဖြစ်ဖြစ် Aတက္ကသိုလ်မှာတုန်းက Zhaung Wei က ချမ်းသာရုံသာမက ဌာနတစ်ခုလုံးရဲ့အချောဆုံးယောက်ျားလေး ဖြစ်နေခဲ့တယ်လေ......

SuLe ဟာ LinQi သူမကို ပြိုင်ဘက်အဖြစ်သတ်မှတ်အောင် LinQi ကို ဘာလုပ်ခဲ့မိမှန်း မသိပေမယ့် LinQi ကို သူမရဲ့ပြိုင်ဘက်အဖြစ် SuLe ဘယ်တုန်းကမှ မသတ်မှတ်ခဲ့ဘူး တစ်စုံတစ်ယောက်ကိုတောက်လျှောက် တစ်သမတ်ထဲ လိုက်ပြိုင်ရတာက စိတ်ပင်ပန်းပြီး စိတ်ဝင်စားစရာမကောင်းဘူးလေ.....ကံမကောင်းတာကတော့ LinQi ဟာ သူမ တွေးသလိုမတွေးပဲ သူမကိုပျော်ပျော်ကြီးကိုလိုက်ပြိုင်နေတုန်းပဲ

ကုမ္ပဏီ ရဲ့ HR ဌာနမှ သူမရဲ့နှုတ်ထွက်စာကို လက်ခံကြောင်း အသိပေးတဲ့ ဖုန်းကိုလက်ခံရရှိပြီးချိန်မှာတော့ SuLe ဟာ သူမရဲ့ပိုင်ဆိုင်မှုတွေကိုယူဖို့နဲ့ သူမနဲ့အဆင်ပြေခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်တွေကို နှုတ်ဆက်စကားပြောဖို့ ကုမ္ပဏီကို သုတ်ချေတင်သွားခဲ့တယ်

ရုံးမှာရှိတဲ့လူတွေ သိပ်ပြီးနိုးနိုးကြားကြားမရှိတော့ ဘာတွေဖြစ်ခဲ့သလဲဆိုတာ ဘယ်လိုသိကြမှာလဲ သူတို့ရဲ့အတွေးတွေက အမှောင်ဖုံးနေလျှက်နဲ့ပဲ SuLe ကို အာလပသလ္လာဘပြောဖို့ သူတို့နဲ့အဆက်အသွယ်မပြတ်နေဖို့ ပြောကြတယ်

SuLe က မိုက်ရူးရဲမဆန်ပါဘူး လူတိုင်းက သူတို့ရဲ့ကိုယ်ပိုင်ဝမ်းရေးအတွက် အလုပ်လုပ်နေကြတာဖြစ်ပြီး ဘယ်သူကမှ အကြောင်းပြချက်မရှိ တစ်စုံတစ်ယောက်ကို ဆန့်ကျင်ကြမှာမဟုတ်ဘူးဆိုတာ သိသာနေတာပဲ လူတိုင်းကိုနှုတ်ဆက်ပြီးတဲ့အခါမှာတော့ ထွက်သွားဖို့အတွက် သူမရဲ့ ပိုင်ဆိုင်မှုတွေကို သယ်လာခဲ့တော့တယ် ဘာပဲဖြစ်ဖြစ် သူမ ဒီကုမ္ပဏီထဲကို နောက်တစ်ခါ ခြေချမှာမဟုတ်တော့ဘူး သူမရဲ့အထက်လူကြီးတွေနဲ့ ရင်မဆိုင်ရဲလို့ သူတို့တွေကိုအနိုင်မယူနိုင်လို့ သူမ ကုမ္ပဏီကနေထွက်လိုက်တာမဟုတ်ပဲ မူလက Zhaung Wei ရဲ့ကုမ္ပဏီကိုဝင်ဖို့စီစဉ်ထားခဲ့လို့ ထွက်စာတင်လိုက်တာ ဖြစ်တယ် ကံမကောင်းချင်တော့ သူမအပေါ် Zhaung Wei ရဲ့ ဖောာက်ပြန်မှုက သူမရဲ့အစီအစဉ်ထဲမပါခဲ့ဘူး

''Hello wife'' ** Myanmar Translation **Where stories live. Discover now