အိပ်မက်တွေမကောင်းဘူး။
စိတ်တွေလေးလံနေတယ်။
ဘာလုပ်လုပ်မင်းဆီဘဲစိတ်ရောက်နေတယ်။
ဘာမှမလုပ်ချင်ဘူး အရမ်းထိုင်းမှိုင်းတယ်။
စိတ်ရှိလက်ရှိလွှတ်ချပစ်လိုက်ချင်တယ်။
မင်းကိုချစ်တယ် လေးလေးနက်နက်နဲ့
ဂရုစိုက်ပေးချင်တယ်။
အချစ်တွေအကုန်မင်းကိုဘဲပေးလိုက်ချင်တယ်။
မင်းမထွက်သွားအောင် မရမက ဆွဲထားချင်တယ်။
မင်းအနားမှာ အရိပ်လိုရှိနေချင်တယ်။
အရိပ်လိုရှိနေနိုင်အောင်ကြိုးစားမယ်။
"သိပ်ချစ်တယ် Prem "
LiLi နဲ့တွေ့မယ် အကုန်၀န်ခံမယ်
မင်းကိုမချစ်ဘူး Prem ကိုချစ်တယ်လို့
ဖွင့်ပြောပြမယ်။
LiLi နာကျင်ရမယ်ဆိုပေမယ့်
အခုငရဲမီးလိုပူလောင်နေတာ ကျွန်တော်။
ကျွန်တော့်အပူကို ဘယ်သူမှမမှီနိုင်ဘူးထင်တယ်ဗျာ။
အခုအဆင်သင့်ဖြစ်နေပြီ။
ကျောင်းသွားဖို့။ ကျောင်းရောက်ရင်
LiLi ကိစ္စရှင်းပြီးတာနဲ့ Prem နားလည်အောင်
အကုန်သေသေချာချာရှင်းပြမယ်။
သူ့ကိုသိပ်ချစ်တဲ့အကြောင်းတွေ၀န်ခံမယ်။
သူထွက်မပြေးသွားဖို့တောင်းဆိုမယ်။
"ကို သိပ်ချစ်တာ Prem တစ်ယောက်သိပါစေလေ"
"ဒေါက် ဒေါက် ဒေါက် "
ရုပ်တရက်လာခေါက်တဲ့တံခါးခေါက်သံကြောင့်
ရင်တွေလည်းခုန်ရပါတယ်။
အခုတော့ Prem ပြန်လာပြီပေါ့။
တခါးဖွင့်လိုက်မှ Prem မဟုတ်ဘူး LiLi ။
"ဘာကိစ္စနဲ့လိုက်လာတာနဲ့ LiLi "
ကျွန်တော်စိတ်ညစ်နေတဲ့ပုံစံမျိုးနဲ့
လေသံခပ်မာမာလေးမေးလိုက်တော့
သူမကကျွန်တော့အနားကပ်လာကာ
အရှေ့ကနေခါးကိုလာဖက်သည်။
ခြေဖျားထောက်လိုက်ကာ
ကျွန်တော့် နား အနားသို့ကပ်ပြီး
လေသံ လေးဖြင့် ကပ်ပြောလိုက်သည်။
"ကောင်လေးနဲ့အတူအိပ်တယ်ပေါ့ Boun က
အခုအဆောင်မှာအတူမရှိဘူးဆိုတော့
ကလေးက ခဏတဖြုတ်စိတ်ကောက်နေတယ်
ဆိုပါတော့"
သူမ ဆီမှ အဲလိုစကားမျိုးကြားရလိမ့်မယ်လို့
တစ်ခါမှမမျှော်လင့်ဖူးဘူး။
အရင်ကအရမ်းနားလည်ပေးတဲ့
ဒီကောင်မလေးက အခုမှဘာဖြစ်နေတာလဲ။
တွေဝေနေပါပြီ။
"ဘာမှပြန်မဖြေတော့ ဒို့ပြောတာတွေကအမှန်တွေပေါ့"
သူမကပြောလဲပြောရင်း
ကျွန်တော့်ကိုကုတင်ပေါ်သို့တွန်းချလိုက်သည်။
"မင်းဘာလုပ်တာလဲ LiLi"
"ဒို့ကောင်လေး ထွက်မပြေးအောင်
ချုပ်ဆေးလေ ချုပ်ဆေး"
"ဟင့်အင်း မလိုချင်ဘူး ငါ"
သူမက ကျွန်တော့်အပေါ်ကနေပြီး
ကြယ်သီးသုံးလေးလုံးဖြုတ်လိုက်သည်။
ကျွန်တော်အရမ်းအံ့ဩတယ်။
အရင်ကအေးအေးဆေးဆေးနေတတ်တဲ့သူက
အခုမှဘာဖြစ်နေတာလဲမသိ။
"မိန်းကလေးအရသာကို
ဒို့ကောင်လေးကမသိသေးလို့ပါ"
"မလိုချင်ဘူ ငါမသိချင်ဘူး"
"ဒို့ကောင်လေးကိုပါရမီဖြည့်ပေးချင်တယ်"
ကျွန်တော်တစ်ခုခုပြောလိုက်ရင်
သူမရှက်သွားမှာစိုးသဖြင့်ငြိမ်နေလိုက်မိသည်။
ထို့နောက်ကျွန်တော့်လက်တစ်ဖက်ကိုဆွဲယူကာ
သူမရဲ့ မို့မို့မောက်မောက်ရင်သားနှစ်စုံအပေါ်သို့
နေရာချပေးလိုက်သည်။
ဒီအချိန် မမျှော်လင့့်တဲ့ကိစ္စတွေဖြစ်လာမယ်လို့
ဘယ်သူကကြိုတွေးမိမလဲ။
ဟုတ်ပါတယ်ကျွန်တော့်အတွက်
မုန်တိုင်းတွေစတင်ရောက်လာပါပြီ။
Prem ထွက်သွားတာကို
ပြင်းထန်တဲ့မုန်တိုင်းထင်ဟုနေပေမယ့်
အဲတာလေပွေအကြီးစားအဆင့်လောက်ဘဲရှိခဲ့သည်။
.................................................................
Prem🖤
အခုအချိန်လောက်ဆို
အကိုBounလည်းကျောင်းသွားလောက်ပြီ။
အခန်းထဲကျန်ခဲ့တာလေးတွေသိမ်းရန်
လာခဲ့သည်။
နောက်တစ်ပတ် လန်ဒန် မှာ
ပညာသွားသင်ရန်အတွက်
ကျောင်းမှာလည်း
ကျောင်းပြောင်းလျှောက်လွှာတင်ပြီးပြီ။
အကို့ကိုမခွဲနိင် မမေ့နိုင်ပေမယ့်
အနေဝေးလို့သွေးအေးသွားမယ်ဆိုတဲ့အတိုင်း
အကိုနဲ့အဝေးဆုံးကိုထွက်သွားတာပါ။
အကို့ကိုချစ်တယ် ဆိုတာကို၀န်ခံဖို့ပြင်ဆင်ပြီးပြီ။
အခန်းထဲအကိုမရှိမှန်းသိလို့ စာထားခဲ့မယ်ဆိုပြီး
စာတောင်ယူလာခဲ့သည်။
အကို့ကို၀န်ခံမယ်
အကို မချစ်မှန်းသိပေမယ့်
ဒီလိုလုပ်လိုက်မှပေါ့ပါးသွားမယ်ထင်လို့ပါ။
အကိုနောက်ဘယ်တော့မှကျွန်တော့်ကို
ထပ်မမြင်စေရပါဘူး ကတိပေးပါတယ်အကို။
ကျွန်တော်အခုတော့အခန်းရှေ့မှာရောက်နေပြီ။
အခန်းတံခါးခေါက်မနေတော့ဘဲ
ကျွန်တော့်မှာရှိနေတဲ့သော့နဲ့ဖွင့်၀င်လိုက်သည်။
ကျွန်တော့် ကမ္ဘာကြီး အခုတော့ ပျက်စီးသွားပါပြီ။
ကျွန်တော်တို့နှစ်ယောက် ကြည်နူးခဲ့တဲ့
ဒီမွေ့ယာကြီးအပေါ်မှာ
အကိုကအကို့ကောင်မလေးနဲ့ ချစ်ရည်လူးနေပါတယ်။
ကျွန်တော့်ကိုမြင်တော့
အကိုက လန့်ဖြန့်သွားပုံရပါတယ်။
"Prem" တဲ့လေ
မင်းဘာလာလုပ်တာလဲ
မင်းမျက်နှာငါမတွေ့ချင်ဘူး ဆိုတဲ့အသံမျိုးနဲ့
ခေါ်လိုက်တော့ ခုနကတွေးလာခဲ့တဲ့အတွေးတွေအတွက်တောင် ကျွန်တော်သိမ်ငယ်သွားခဲ့မိသည်။
ကျွန်တော်ချစ်တဲ့အကိုတစ်ယောက်
အကိုချစ်တဲ့ ပြည့်စုံတဲ့အမျိုးသမီးနဲ့
အသက်ထက်ဆုံးလက်တွဲသွားနိုင်ဖို့
ဆုတောင်းပေးရုံမှတစ်ပါး
တခြားရွေးချယ်ရန်လမ်းမရှိခဲ့။
အကိုခေါ်လိုက်တော့ အမ LiLi က
"ကလေး ဘာလာလုပ်တာလဲ"
ခနဲ့သလိုလို သူပိုင်တာတစ်ခုကို
လုယူတော့မယ့် သူကို တုံ့ပြန်သလို
လေသံမျိုးနဲ့မေးလိုက်တော့
"အော် ပစ္စည်းလာသိမ်းတာဗျ
အကိုတို့ကိုနှောင့်ယှက်မိပြီ
နောက်မှဘဲလာသိမ်းတော့မယ်နော်
ကျွန်တော်သွားပြီ"
ဟုဆိုပြီး တံခါးပိတ်ကာထွက်ပြေးလာမိသည်။
စကားကဒါအကုန်ဘဲ
ဘာမှထပ်မပြောနိုင်တော့ဘူး။
အကိုရေ အကိုပျော်နေရင်ကျေနပ်ပါပြီဗျာ။
ဟော ဘာလို့ မျက်ရည်ကကျလာရတာလဲ။
ငါယောက်ျားလေ ကျစရာလိုလို့လား။
အနောက်အသံတစ်ခု
ဟုတ်တယ် အရမ်းရင်းနှီးတဲ့အသံ။
"Prem နေဦး အကိုရှင်းပြမယ်"
အကိုနဲ့ရင်မဆိုရဲလို့
ကျွန်တော်ထွက်ပြေးပါရစေအကို။
ကျွန်တော့်ကို အကို့ဆီကနေ
လွတ်မြောက်ခွင့်ပေးပါအကို။
အနောက်ကိုလှည့်မကြည့်ဘဲ
ကျွန်တော်ထွက်ပြေးတော့
ပြေးလိုက်လာတဲ့ ခြေသံများကိုတော့ကြားမိသည်။
စက်လှေကားနဲ့တောင်မဆင်းတော့ဘူး။
အကိုနဲ့မျက်နှာချင်းမဆုံနိုင်လို့။
လှေကားအတိုင်းဘဲပြေးထွက်လာမိသည်။
"တီးတီးတီးးးးး"
"အာ့..."
ကျွန်တော့်မျက်လုံးတွေဝေဝါးကုန်ပြီ။
တစ်လောကလုံးမှောင်မိုက်နေတယ်။
ရုတ်တရက် ကောက်ချီခံလိုက်ရသည်။
"Prem ထပါဦး
အကိုခေါ်နေတယ်ကြားလား
Prem"
ဒီအသံတရင်းတနှီးကြာဖူးပါတယ်။
မျက်လုံးများ ဝေဝါးနေပေမယ့်
အကိုဆိုတာကျွန်တော်သိသည်။
အကို့မျက်ရည်က ကျွန်တော့်ပါးပေါ်ကိုကျဆင်းလာပြီး
ကျွန်တော့်မျက်ရည်စီးကြောင်းအတိုင်း
ဆက်လက်စီးဆင်းသွားတယ်။
"အကို"
တုန်တုန်ရီရီလေး တစ်ခွန်းခေါ်လိုက်ပြီး
အကို့ပါးလေးကို တစ်ချက်
ကိုင်ကြည့်လိုက်ပြီးတဲ့အချိန်မှာတော့
လုံး၀အမှောင်အတိ အကို့ငိုသံလည်းပျောက်ကွယ်။
"သိပ်ချစ်ရတဲ့ အကိုတစ်ယောက်
ပျော်ရွှင်ပါစေဗျာ"
Ch19 end