"အကိုလာကြည့်ဦး"
အပြင်မှာရှိနေတဲ့ Prem ကအော်ခေါ်နေတော့
"ဘာ ကိစ္စလဲ Prem"
"လာကြည့်ပါဆို"
သူအသဲအသန်ခေါ်နေတော့
အိမ်သာထဲကနေကိစ္စအမြန်ရှင်းပြီး
ထွက်လာကြည့်မိသည်။
"ဘယ်မှာလဲ ဘာဖြစ်တာလဲ"
"ဒီမှာကြည့် ကျွန်တော့်ကိုနှစ်ယောက်စလုံးနမ်းတယ်"
ခုနကမှ၀ယ်လာသည့်
ခွေးပေါက်လေးနှစ်ကောင်က
သူ့ကိုနမ်းတာကိုအရမ်းတွေပျော်နေပြီး
အသည်းအသန်လှမ်းခေါ်နေခြင်းဖြစ်သည်။
"ဘာများလဲလို့ Prem ရာ"
ကောင်လေးကကျွန်တော့်ကိုမကြည့်ဘဲ
ခွေးနှစ်ကောင်ကိုသာချီလိုက်ချလိုက်လုပ်နေပြီး
"ကြည့်ပါဦး ဒီကလေးလေးက
အကို Boun နဲ့ အတူတူဘဲ"
သူက ပြုံးလို့ရွှင်လို့ ခွေးပေါက်ကလေးကိုချီကာ
ကျွန်တော့်ကိုလာပြနေသည်။
"ဟာကွာ ဘယ်နားမှာတူလို့လဲ"
"ဒီမှာကြည့်လေ အကို့လိုဘဲ အဝါရောင်လေး"
သူပြောချင်တာက
ဆံပင်အဝါရောင်ဆိုးထားတဲ့
ကျွန်တော့်ဆံပင်နဲ့တူတယ်ပြောတာ။
ကျွန်တော်ဘာမှပြန်မပြောဘဲ
ကုတင်ကိုမှီကာကြမ်းပြင်ပေါ်ထိုင်နေတဲ့
ကောင်လေးရဲ့ခေါင်းကို
ကုတင်ပေါ်ကနေပွတ်သတ်ပေးလိုက်သည်။
"နာမည်ပေးမယ်
ဒီကလေးနှစ်ယောက်ကို"
"Prem1 နဲ့ Prem2 လို့ပေးလိုက်"
ကျွန်တော့်စကားကြောင့်
အောက်မှာထိုင်နေတဲ့အကောင်ပေါက်လေးက
ကျွန်တော့်ဖက်ကိုကြည့်ကာ
မျက်စောင်းလာထိုးပြီး
နှုတ်ခမ်းစူကာ
"ဟွန့် "
ဟုတစ်ချက် နှာခေါင်းရှုံ့လိုက်သည်။
"အကို Boun နဲ့ တူတဲ့အကောင်ကို
ဘောင်ဘောင်း လို့ပေးမယ်
ဟီး မိုက်တယ်
ဘောင်ဘောင်း"
သူ့ဟာသူပေးပြီးကျေနပ်နေရှာသည်။
သူပျော်နေတော့စိတ်ထဲတမျိုးလေးဘဲ
အရမ်းကျေနပ်သလိုခံစားရတယ်။
အပြင်မသွားခင်တုန်းကနဲ့တစ်ခြားစီ။
"အဲဆို သူကဘောင်ဘောင်းဆိုရင်
Prem ရဲ့ခွေးကို ဘင်ဘင်း လို့ပေး"
"အင် ကောင်းတယ်
ဘောင်ဘောင်း နဲ့ ဘင်ဘင်း"
"ကြီးလာရင် မင်းရဲ့ ဘင်ဘင်း နဲ့
အကို့ဘောင်ဘောင်းကိုပေးစားမယ်နော်"
"ဟား မရပါဘူး မပေးစားဘူး"
သူက မျက်စောင်းတွေထိုးပြီး
ဇွတ်ကြီးငြင်းနေတော့
"ဘာဖြစ်လို့ မရတာလဲ"
"အကို့ကိုအမြင်ကပ်တယ်
မပေးစားဘူး"
ဟောဗျာ ကျွန်တော့်ကိုအမြင်ကပ်တယ်တဲ့။
ဒီအရူးလေးနဲ့တော့ခက်ပြီ။
"ဘာကိုအမြင်ကပ်တာလဲ"
မေးလိုက်တော့မှ ကောင်လေးကပြောလာတယ်။
ကျွန်တော့်ကိုတော့မကြည့်။
ကလေးနှစ်ယောက်နဲ့ဆော့ကစားရင်း
"မနေ့က ကိစ္စမကျေနပ်ဘူးနော်
လုံး၀မကျေနပ်ဘူး အကို့ကိုမခေါ်ဘူးလို့တောင်
စဉ်းစားထားတာ ခွေး၀ယ်ပေးလို့သာ
ခေါ်တယ်မှတ်"
"အင်းပါ အကိုတောင်းပန်ပါတယ်နော်
မင်းကအတန်းဖော်နဲ့သွားမယ်ပြောပြီး
Win နဲ့သွားတာကို
ပြီးရင် အကို့ကိုညာတယ်လေ"
"မသွားရဘူးလား လိုတာရှိလို့သွား၀ယ်တာလေ"
"မသွားရဘူး လိုတာရှိရင်
အကိုရှိနေတာဘဲ သူနဲ့သွားစရာမှမလိုတာ
မင်း သွားချင်တဲ့ နေရာ အကုန်လိုက်ပို့ပေးတယ်လေ
မင်းအနားမှာဘယ်အကောင်မှမရှိစေချင်ဘူး
ကိုကလွဲပြီးမင်းသူများကိုအားကိုးတာမလိုချင်ဘူး"
"အကို့စကားတွေကို သေချာပြန်ဆန်းစစ်ပါဦး
အကိုနဲ့ကျွန်တော်ကဘယ်လိုတွေပက်သက်လို့
ဒီလိုမျိုးတွေပြောနေရတာလဲ"
"ငါမင်းကိုချစ်တယ်လေ မင်းကငါ့ရဲ့
ညီအရင်းတစ်ယောက်လိုဘဲ"
နှစ်ယောက်ကြားဒီလိုမျိုး
ထိန်းထားတာကအကောင်းဆုံးလို့ထင်ပါတယ်။
သူ့အပေါ်မရိုးမသားတာမျိုးတွေ
သူသိသွားရင် အရမ်းစိတ်ပျက်သွားပြီး
အနားကနေထွက်သွားမှာကို
အရမ်းစိုးရိမ်မိတယ်။
"အဲလို ခုနကဖြစ်ပျက်ခဲ့တာတွေ
အကိုကျွန်တော့်ကိုနမ်းခဲ့တာတွေက
ညီတစ်ယောက်လိုချစ်တဲ့စိတ်နဲ့ပေါ့
အဲလိုလား"
သူမေးလိုက်တော့
ဖြေရန်အဖြေပင်မရှိ။
ခေါင်းကိုဘဲခါယမ်းနေမိသည်။
"အင်း အကို့စိတ်ရင်းတွေ
သိလိုက်ရလို့ကျေးဇူးတင်ပါတယ်။
အကို့မှာလည်း ချစ်သူရှိတယ်
ကျွန်တော်စကားတွေမလွန်သင့်ဘူးထင်ပါရဲ့။"
"မဟုတ်ဘူး Prem "
ဖြေရှင်းဖို့အဖြေမရှိ။
ပုစ္ဆာတိုင်းအဖြေရှိတယ်လို့ယူဆထားပေမယ့်
ဒီပုစ္ဆာကတော့ အခက်ဆုံး။
ဟော ကျွန်တော့်အရှေ့မှာတင် ဒီကောင်လေးက
ဘင်ဘင်းကိုချီပြီးထွက်သွားလေသည်။
ကျွန်တော်ထင်တာအရင်တုန်းကလိုမျိုး
သူစိတ်ကောက်မယ် အနောက်ကလိုက်ချော့မယ်
အဲလိုမျိုးထင်ခဲ့တာ။
တကယ်တော့ 💔
"နေဦး Prem မင်းဘယ်သွားမလို့လဲ"
မေးနေတာကိုမဖြေတဲ့အပြင်
ကောင်လေးကကားတံခါးကို
Removed နဲ့ဖွင့်လိုက်ကာ
ဘင်ဘင်းရောသူပါကားထဲ၀င်လိုက်ပြီး
တံခါးပြန်ပိတ်လိုက်သည်။
အပြင်ကနေကျွန်တော်ခေါ်နေတာကို
သူအလေးမထား။
အရှိန်နဲ့မောင်းပြီးထွက်သွားလေသည်။
ကျွန်တော် ပြောမိလိုက်သမျှကိုအခုမှနောင်တရမိသည်။
သူ ထွက်သွားမှာစိုးလို့ ပြောမိတဲ့စကားတွေက
သူထွက်သွားဖို့တွန်းအားပေးသလိုမျိုး
ဖြစ်သွားခဲ့ပြီ။
Ch16:end