ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးရဲ့ တစ်နေရာ
ဒီနေရာလေးမှာပဲ ကျွန်တော့်ဘဝအတွက် ကြောက်စရာကောင်းတဲ့ အပြောင်းအလဲကြီးကိုကြုံတွေ့ခဲ့ရတယ် ။ လူတိုင်းကတစ်နေ့တော့ လောကကြီးထဲကထွက်သွားကြမှာမှန်ပေမယ့် ဘာမှမဆိုင်ဘဲ စီးပွားရေးလုပ်ငန်းရှင်တွေ ပြိုင်ဆိုင်နေရာလုတဲ့ပွဲအတွက် ကျွန်တော့ရဲ့ဖေဖေနဲ့မေမေကတော့ အချိန်မတိုင်ခင်ထွက်သွားခဲ့ရတယ် ။
ဆရာဝန်သိပ်ဖြစ်စေချင်တဲ့ဖေဖေနဲ့မေမေက ကျွန်တော်ဆေးကျောင်းဒုတိယနှစ်အစမှာပဲ ကျွန်တော့်ဘဝထဲကထွက်သွားခဲ့တယ် ။ အဒါတောင် ဖေဖေကိုအပြစ်လွှချခံခဲ့လိုက်ရသေးတယ် ၊ လောကကြီးကမတရားလိုက်တာ ။
ထိုနေရာလေးမှာ ဘယ်လောက်ကြာရပ်နေခဲ့လည်းမသိ ပခုံးပေါ်ရောက်လာတဲ့လက်တစ်စုံကြောင့်သာ အသိပြန်ဝင်ခဲ့သည် ။
"ထိုင်လေ"
"အင်း"
"ဘာလို့မငိုတော့တာလဲ ငိုစရာမျက်ရည်မရှိတော့ဘူးလား"
"ဟုတ်ပါရဲ့ ဘာလို့ပါလိမ့်"
"မေမေ ဖေဖေ ....ဒီကောင့်ကို ကျွန်တော်မထိန်းနိုင်ဘူး အရမ်းဆိုးတယ် ၊ ကျွန်တော်စကားလည်းနားမထောင်ဘူး"
"မေမေ အထွန်းကလူပျိုကြီးလုပ်ရတော့မှာသိလား အခုထိကြိုက်မယ့်သူလည်းမရှိသေးဘူး"
"ငါပြောတာအခြားဟာလေ အဒါကဘာဆိုင်လို့လဲ"
"မင်းမစွံတာပြောပြတာလေ"
"ဖေဖေတွေ့လား အကြီးကိုမင်းနဲ့ငါနဲ့ပြောနေတာ"
"ဘာဖြစ်လဲ ၁နှစ်လေးကြီးတာကို"
စနောက်ကြရင်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာပြုံးလိုက်ကြသည် ။ ထွန်းအောင်က ကျွန်တော့်ကိုတောင်းပန်သော မျက်ဝန်းများနဲ့ကြည့်ရင်း
"ငါ့ဘဝမှာပြန်ပြင်လို့မရတော့တဲ့ နောင်တတစ်ခုက အဒီနေ့က ငါအတူမရှိပေးနိုင်ခဲ့တာကိုပဲ"
"မင်းအဒီစကားပြောလာတာ ၉နှစ်ရှိပြီ ၊ အဒါမင်းမပြစ်မဟုတ်သလို မင်းကြောင့်လည်းမဟုတ်ဘူးလေ"
"ဒါပေမယ့် ငါအဒါကိုနောင်တရနေတုန်းပဲ"
"မင်းဘာမှမဖြစ်ဘဲရှိနေခဲ့လို့ ငါ့ကိုစောင့်ရှောက်ပေးနိုင်ခဲ့တာလေ"
"မဟုတ်ဘူး ငါမစောင့်ရှောက်နိုင်ဘူး ၊ အဒါကငါ့ရဲ့ကြီးမားတဲ့အမှားတစ်ခု"
"ဘယ်လို"
"တုနှိုင်းမောင်နဲ့မင်းနဲ့ကို ငါဘယ်နည်းပဲဖြစ်ဖြစ်ရအောင်တားခဲ့သင့်တာ ၊ ငါမင်းကိုမစောင့်ရှောက်ပေးနိုင်ခဲ့ဘူး မဟာ ၊ ငါသာနောက်ဆုံးအထိတားခဲ့ရင် မင်းအခုလိုစိတ်ဆင်းရဲစရာတွေ ခံစားရမှာမဟုတ်ဘူး"
ထွန်းအောင်ပြောတော့ ကျွန်တော်နာကျင်စွာပင်ရယ်လိုက်ရင်း
"ငါရွေးချယ်ခဲ့တာပါ ငါရွေးချယ်ခဲ့မိတာ ၊ မင်းတားခဲ့တာပဲလေ ငါကိုယ်တိုင်ရွေးချယ်ခဲ့တာပါ မင်းကြောင့်မဟုတ်ပါဘူး"
တိတ်ဆိတ်သွားသောလေထုမှာ မဟာကချောက်နက်ကြီးကိုငေးကြည့်နေသည် ။
"မဟာ..."
ထွန်းအောင်ခေါ်လိုက်တော့မှ ပြန်လှည့်ကြည့်လာသည် ။ ထွန်းအောင်က ကောင်းကင်ကြီးကိုကြည့်နေလျက်
"ဘယ်လိုဖြစ်မယ်ထင်လဲ ...အဒီကောင်အမှန်တရားတွေအားလုံးသိသွားရင် ဘယ်လိုဖြစ်လိမ့်မလဲ"
"မပြောတက်ဘူး ငါမတွေးချင်သေးဘူး"
ကျွန်တော် နောက်တစ်ဖန် ချောက်အနက်ကြီးထဲငေးကြည့်နေမိပြန်သည် ။ ဒီနေရာမှာဖေဖေတို့နဲ့အတူ ရှိနေတဲ့လူက မောင့်ရဲ့အဖေတဲ့လား ။
(မင်္ဂလာပါ ဦးရဲထွဋ်မောင်
နှစ်တိုင်းလာခဲ့ပေမယ့် ဦးလေးကိုနောက်ကျမှသိခဲ့ရလို့စိတ်မကောင်းပါဘူး ။ ကျွန်တော်က တုနှိုင်းမောင်ရဲ့သက်ဆိုင်သူပါ ၊ အခုလိုဆက်ဆံရေးကို ဦးလေးလက်ခံမခံမသိလို့ ဘယ်လိုနှုတ်ဆက်သင့်လဲမသိဘူး ။
ဒီတစ်ခေါက်လာတာ ဦးလေးကိုပြောစရာစကားတွေအများကြီးရှိတယ် ၊ ဘယ်ကစပြောသင့်လဲ
ငွေကြေးနဲ့အမှန်တရားရဲ့ပြင်းထန်တဲ့ အားပြိုင်မှုကြားကနေ ကျွန်တော်မိဘတွေနဲ့ဦးလေးတို့မတရား ခံရမှုကိုရအောင်ဖော်ထုတ်ပေးခဲ့တယ် ၊ ကြောက်စရာအဖြစ်အပျက်တွေကြားကနေ ဦးလေးအမျိုးသမီးရဲ့အသက်ကိုလည်းရအောင်ကယ်ပေးနိုင်ခဲ့တယ် ၊ ဒါပေမယ့် အဒါကြောင့်ပဲကျွန်တော်ရခဲ့တာ ဦးလေးရဲ့သား ကျွန်တော်ချစ်ရတဲ့သူဆီက ရက်စက်မှုတွေ နာကျင်မှုတွေကြည့်ပဲ ခံပြင်းစရာကောင်းလွန်းတယ်မဟုတ်လား....)
မဟာကတိတ်ဆိတ်စွာပင် ထိုနေရာမှာထိုင်နေဆဲ ။ ထွန်းအောင်ကနာရီကိုကြည့်လိုက်တော့ ၃နာရီပင်ထိုးတော့မည်မလို့
"ပြန်ရအောင်"
"အင်း..."
"ဖေဖေ မေမေ ကျွန်တော်တို့နောက်တော့မှလာခဲ့မယ်"
ဖေဖေနဲ့မေမေကိုနှုတ်ဆက်ရင်း ကျွန်တော်တို့ ထိုနေရာမှပြန်လာခဲ့ကြသည် ။ ကားပေါ်ရောက်တော့ ထွန်းအောင်ကသူဝယ်လာတဲ့မုန့်တွေနဲ့အအေးတွေကိုဖောက်ပေးပြီး အတင်းစားခိုင်းပြီးဆေးပါသောက်ခိုင်းနေတာကြောင့်
"ငါအဆင်ပြေပါတယ်"
"ဘာကိုလဲ နောက်ပြီးရင်မင်းဖျားတော့မှာလေ အိမ်မှာဘယ်သူမှမရှိဘူးမဟုတ်မလား"
ဆက်မငြင်းချင်တော့တာကြောင့် ထွန်းအောင်ပေးတဲ့ဆေးကိုယူသောက်လိုက်သည် ။
ဟုတ်တာပေါ့ ဖေဖေတို့ဆီကပြန်လာတိုင်းကျွန်တော်နေမကောင်းဖြစ်တက်သည် ။ ရင်ထဲမှာနာကျင်မွန်းကျပ်လွန်းတာကို ဖြေလို့မရနိုင်သေးဘူး ။
ကျွန်တော်အခုမှသတိထားမိတော့တယ် ၊ မောင်ကဒီလိုရက်တွေတိုင်းခရီးသွားနေတက်တာ အကြောင်းမဲ့မှမဟုတ်ဘဲ ၊ မောင်မရှိလို့နှစ်တိုင်းဖေဖေတို့ဆီသွားလို့ရတာ တိုက်ဆိုင်မှုမဟုတ်ခဲ့ဘူးပဲ ။
"အိပ်လိုက် ရောက်ရင်နှိုးမယ်"
"ငါ့အကိုကြီးကအကောင်းဆုံးပဲ"
လက်မလေးထောင်ကာပြောလိုက်တော့ ဒေါက်ခနဲအခေါက်ခံလိုက်ရတဲ့ နဖူးလေး
"နာတယ်ကွ"
"အိပ်တော့"
"အထွန်း အစုတ်ပလုတ်ကောင်"
"အေးပြော မင်းပဲ ငရဲကြီးမှာ"
"ရှူး ငါအိပ်နေပြီ"
နားချင်နေတာကြောင့် နောက်မှီကာ မျက်လုံးစုံမှိုတ်ထားလိုက်သည် ။ ဆေးအရှိန်နဲ့ခဏနေ အိပ်ပျော်မှာပဲလေ
ကျွန်တော် ဒီနေ့မငိုခဲ့ဘူး ။
တကယ်ကငိုလို့မရခဲ့တာ မောင့်အဖေကိုစကားတွေပြောနေရင်း ရင်ထဲမှာသေမလောက်မွန်းကျပ်နေပေမယ့် အရင်လိုမငိုတော့ဘူး ။ တည်ငြိမ်သွားတာလား ဒါမှမဟုတ် ထွန်းအောင်ပြောသလိုငိုစရာမျက်ရည်မရှိတော့တာလား ။
တင်းလွန်းနေတဲ့ကြိုးကို ပျက်မသွားဖို့အရေးကြိုးစားပြီးဖမ်းကိုင်နေရတာ ကျွန်တော် ပင်ပန်းနေပြီ ။ တစ်နေ့တော့ ကျွန်တော် လွတ်လိုက်နိုင်မှာပါ ။
ဒါပေမယ့် ဘယ်လိုနည်းနဲ့လွတ်မိမလဲ ကျွန်တော်မသိဘူး ၊ ဘာပဲဖြစ်ဖြစ် မောင်ဘက်ကအရင်လွတ်ပေးရင်ကောင်းမယ် ။
အရင်နှစ်တွေလိုပါပဲ ဖေဖေတို့ဆီကပြန်လာတိုင်း ဖျားတတ်တဲ့ကျွန်တော်က အရင်လိုပဲအခန်းထဲမှာတစ်ယောက်ထဲကျော်ဖြတ်ရပြန်တာပဲ ။
အဆင်ပြေပါတယ် မောင်ပြောသလို ကျွန်တော်ကဆရာဝန်တစ်ယောက်ပဲလေ ကိုယ်ကိုကိုယ်ဂရုစိုက်နိုင်ရမှာပေါ့ ။
>>>>>>>>>>>>>>>>>>>>
ဒီနေ့ ရာသီဥတုသာယာလှတာမလို့ ခြံထဲပန်းချီထွက်ဆွဲနေလိုက်သည် ။ အပြာရောင်ကောင်းကင်ကြီးမှာ အဖြူရောင်တိတ်တိုက်လေးတွေက ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ သိပ်လှနေသည်လေ ။
သို့သော်
ကျွန်တော်ဆွဲနေခဲ့တာ မဟူရာရောင်မိုးကောင်းကင်နဲ့သည်းထန်စွာရွာနေတဲ့မိုးရေတွေကြား ရပ်နေခဲ့တဲ့ ကောင်လေးတစ်ယောက်ပုံ ။
မျက်လုံးကသဘာဝရဲ့အလှအပကိုခံစားပြီး လက်ကဆွဲတာနဲ့တစ်ခြားစီဖြစ်နေတာ ကျွန်တော့်အတွက် ပထမဆုံးပဲ
"မင်းရဲ့အရေးမပါတဲ့ ပုံဆွဲနေတာရပ်ပြီး ငါ့အတွက် သံပုရာရည်လာဖျော်ပေး"
ကိုယ့်အာရုံကိုယ်မလို့ ခြံထဲကားဝင်လာကိုမသိလိုက်မိဘဲ ကျောဘက်ဆီမှမောင့်အသံကြားမှလန့်သွားရသည် ။
အင်း ဒါလည်း ပထမဆုံးပဲ ။
ဆွဲလက်စပန်းချီကိုရပ်ကာ မောင်နောက်လိုက်ခဲ့လိုက်သည် ။ မောင့်ကြည့်ရတာ ခေါင်းကိုက်နေတဲ့ပုံပဲ ဧည့်ခန်းက ဆိုဖာပေါ်လှဲအိပ်ကာ နဖူးပေါ်လက်တင်ပြီး နားနေလေရဲ့ ။ ကျွန်တော်လည်း မီးဖိုခန်းထဲဝင်ကာ အမြန်ပင်ဖျော်ကာ ယူသွားပေးလိုက်ပြီး မောင့်ဘေးက စာပွဲပေါ်ချပေးလိုက်သည် ။
"ရပြီ"
ကျွန်တော်ပြောပြီးတာနဲ့ ချက်ချင်းထထိုင်သောက်တဲ့မောင်က အတော်ပင်ပန်းနေတဲ့ပုံ တစ်ခွက်လုံးကို စက္ကန့်ပိုင်းမျှနဲ့ ကုန်အောင်သောက်ပြီး
"နောက်တစ်ခွက်"
"အမ်"
"မကြားဘူးလား နောက်တစ်ခွက်လို့"
"အင်း ခဏစောင့်"
စောင့်ဖို့ပြောပေမယ့် ကျွန်တော်နောက်လိုက်လာကာ သူပါမီးဖိုခန်းထဲလိုက်ဝင်ပြီး ထမင်းစားစာပွဲမှာထိုင်နေလေသည် ။
"ခေါင်းကိုက်နေတာလား"
"........."
ကျွန်တော်မေးတာကိုမဖြေဘဲ စာပွဲပေါ်ကရေဖန်ချိုင့်ထဲက ရေကိုခွက်ထဲတောင်မထည့်ပဲ မော့သောက်နေပြန်သည် ။
"မောင် အဆင်ပြေရဲ့လား"
"မင်းအရေးပါလား"
အဒါပဲ မောင် ၊ ငါသည်းခံရခက်ခဲလွန်းနေတာ အဒါတွေပဲ စိုးရိမ်မိတာ ငါ့အမှားလား ။
Ring......
ထမြည်လာတဲ့မောင့်ရဲ့ဖုန်းကြောင့် သံပုရာသီးလှီးနေတဲ့လက်တို့ကအလိုလိုရပ်တန့်သွားရသည် ။
"အင်း ယုဝါ"
".........."
နာမည်ခေါ်သံလေးနဲ့တင် နာကျင်သွားရတဲ့ နှလုံးသားကြောင့် ဓားကိုသာဖိဆုပ်ကိုင်ထားမိသည် ။
"ကိုယ် အိမ်ရောက်နေပြီ"
".........."
"ယုဝါ အဆင်ပြေရဲ့လား"
"..........."
"အဒါဆို ယုဝါလည်းနားလိုက်ဦးလေ ကိုယ့်ကြောင့်ပင်ပန်းနေရောပေါ့"
"အ့"
မောင်စကားသံအဆုံးမှာ ကျွန်တော်ဘာဖြစ်သွားရတာလဲ ကျွန်တော်မသိလိုက်ဘူး ။ လက်ကစပ်ဖျင်းဖျင်းဒဏ်ကြောင့်ငုံ့ကြည့်လိုက်တော့ လက်ညှိုးမှ စီးကျနေတဲ့ သွေးတွေကြောင့် ဓားရှသွားတာပဲ ။
"ဒါပဲနော် ယုဝါ ကိုယ်ဖုန်းချလိုက်တော့မယ်"
ဖုန်းချပြီး ကျွန်တော်ကိုလှမ်းကြည့်လာတဲ့ မောင့်ရဲ့မျက်ဝန်းတွေကကြောက်စရာကောင်းလွန်းလှသည် ။
"ကျစ် လုပ်လိုက်ရင် နမော်နမဲ့နဲ့ ၊ သံပုရာသီးလှီးတာတောင် ခိုက်မိတယ်ဆိုတော့ မင်းအတွေးတွေကဘယ်ရောက်နေလို့လဲ"
"ခိုက်မိတာဘယ်လိုလဲမေးသင့်တာမဟုတ်ဘူးလား"
"မင်းလုပ်လို့မင်းဘာသူဖြစ်တာလေ ငါကမေးနေရဦးမှာလား"
"ဟုတ်တယ် ငါလုပ်တာ ၊ ငါ့ကြောင့်ငါဘာသူဖြစ်တာ ငါသိတယ်"
"တောက် ! တော်ပြီဖျော်မနေဲ့တော့"
ချက်ချင်းပင် မောင်က ရေခဲသေတ္တာထဲက ဘီယာဗူးနဲ့ ဘေးဘက်ဘီဒိုထဲက ဆေးလိပ်နဲ့မီးခြစ်ကိုယူကာထွက်သွားသည် ။
လက်က ဒဏ်ရာကြောင့်ကျဆင်းနေတဲ့သွေးတွေက ကျွန်တော်အတွက်အရေးမပါခဲ့ ။ အဒီကနာကျင်မှုထက် နှလုံးသားကနာကျင်မှုကိုပိုနေခဲ့တာထင်တယ် ။ ထိုအချိန်ကနေ ညအထိ ကျွန်တော်ကတော့ ဆွဲလက်စပန်းချီကိုဆက်ဆွဲရင်း ခြံထဲမှာရှိနေခဲ့သည် ။
တစ်ခုပြီးတစ်ခု ဆက်ဆွဲနေပေမယ့် ကျွန်တော်ဘာတွေဆွဲထားမိလဲ ကျွန်တော်သေချာမသိ ၊ မှောင်မိုင်းမိုင်းအရောင်တွေကိုသာအသုံးပြုပြီးဆွဲထားတဲ့ပန်းချီတွေက ကျွန်တော့်စိတ်ကူးတဲ့လား ။
ည ၇ နာရီလောက်ရောက်တော့ ပန်းချီပစ္စည်းတွေသိမ်းရင်းနဲ့မှ အပေါ်ထပ်တက်ခဲ့လိုက်ရင်း မောင်ကတော့ နေ့လည်ကထဲက လသာဆောင်ပေါ်တက်နေတာ ဆင်းမလာသေးတာကြောင့် သွားခေါ်ဖို့ပြင်လိုက်သည် ။
ကျွန်တော်ရောက်သွားတော့ ထိုင်ခုံပေါ်မှီအိပ်နေတဲ့ မောင့်ကိုကြည့်ရင်း ရင်ဖက်ထဲကနာလိုက်တာ ၊ အနားမှာလည်း ဆေးလိပ်တိုများစွာနဲ့ မောင်တကယ်ဆေးလိပ်ဆွဲနေတာလား ၊ ဒါမှမဟုတ် ကျွန်တော်မကြိုက်တာမလို့ရွေးလုပ်တာလား ။
မောင့်အနားကိုသွားမလို့ မှန်တံခါးလေးကိုအသာတွန်းဖွင့်လိုက်စဉ်မှာပင်
"အား...."
နာကျင်မှုကြောင့် အော်လိုက်မိရင်း အောက်ငုံကြည့်လိုက်တော့ ပြန့်ကျဲနေတဲ့ ဖန်ခွက်အပိုင်းအစတွေက ခြေဖဝါးထဲစိုက်နေလေသည် ။ မောင်ခွဲထားတာထင်ပါရဲ့
"မဟာ!"
ဝုန်းခနဲထကာ အနားရောက်လာသောမောင်က သွေးတွေဖြာထွက်နေသော ကျွန်တော့်ခြေထောက်ကို အလိုမကျစွာကြည့်ရင်း ။
"မင်းမျက်လုံးကန်းနေလား"
"ဘာ"
"ကျစ် စိတ်ပျက်လိုက်တာ ၊ ဝင်တော့အိမ်ထဲ"
"မောင် မင်း ငါ့ကို တကယ်ပဲအဒီလောက်ထိမုန်းနေတာလား"
"ဖြေစရာလိုသေးလို့လား"
"အဒါဆိုဘာလို့ မင်းအနားမှာထားနေသေးလဲ အဝေးကိုနှင်ထုတ်လိုက်သင့်တာလေ"
ခြေထောက်ကဒဏ်ရာဘယ်လိုနေလဲ ကျွန်တော်မသိ ၊ ကျွန်တော်သိတာ ရင်ဖက်ထဲကဒဏ်ရာကြောင့် ပေါက်ကွဲထွက်နေတဲ့ဒေါသတွေကြောင့် မေးလိုက်မိခြင်း ။
"ငါ့သဘောပါ"
"ဘာလို့လဲ ဘယ်အထိဖြစ်ချင်နေတာလဲ မင်းဘေးမှာအခြားသူရှိနေပြီပဲကို"
လွတ်ပေးတော့မောင် ၊ မင်းဘက်ကအရင် ငါ့ကိုလွတ်ပေးလိုက်တော့ မဟုတ်ရင် ငါဘာတွေဆုံးဖြတ်မိမလဲငါမသိဘူး ။
"ပါးစပ်ပိတ်စမ်း! ၊ အဒါငါ့ကိစ္စလို့မင်းကိုပြောပြီးသား မင်းက သေတဲ့အထိငါ့အနားမှာပဲနေရမှာ"
"မင်းမရက်လွန်းဘူးလားမောင် ၊ မင်းငါ့ကိုဘာဖြစ်စေချင်တာလဲ ပြောလိုက် ငါလုပ်ပေးမယ် ၊ မင်းဘာဖြစ်ချင်စေချင်တာလဲ"
"ရက်စက်တယ် ငါကလား ၊ ဟုတ်တယ် ငါကရက်စက်တယ် ဘယ်လိုလုပ်မလဲ မင်းနာကျင်ရတာမြင်တိုင်း ငါကိုကျေနပ်စေတယ်လေ"
ထိုစကားရဲ့အဆုံးမှာ ကျွန်တော်ပြုံးရယ်လိုက်တော့
"မပြုံးနဲ့ ၊ ငါမင်းရဲ့အပြုံးတွကို အသေမုန်းတယ်"
"ငါကတော့ပြုံးရတာကြိုက်တယ် ၊ တစ်ချိန်ကအဒီအပြုံးကပဲ မင်းကိုရူးသွပ်စေတာမလား"
"ဟက်! မင်းခြေဖဝါးထဲနစ်ဝင်နေတဲ့ ဖန်ကွဲစတွေရှိတာတောင် မင်းကမငိုဘဲပြုံးနိုင်တုန်းပဲလား"
"အင်းနော် ငါဘာလို့မငိုမိတာပါလိမ့်"
ကျွန်တော့်ကိုတွန်းတိုက်ကာထွက်သွားသော မောင့်ကိုကြည့်ရင်း ကျွန်တော်ထပ်ပြုံးလိုက်သည် ။
နာတယ် မောင်ရ ၊ ခြေထောက်ကရော ရင်ထဲကရော သေမတက်နာတယ် ၊ ဒါပေမယ့်ငါငိုလို့မရပြန်ဘူး ။
မောင်ရေ
အတုန့်အလှည့်ဆိုတာရှိတယ်တဲ့
မင်းအလှည့်ရောက်မှာ စိုးရိမ်မိသား
ငါနာကျင်သလောက်သာ မင်းပြန်နာကျင်ရင်
ခံနိုင်ရည်ရှိပါ့မလား ။
ထိုနေ့က ခြေထောက်ကဖန်ကွဲစတွေကို မဟာသူ့ဘာသာသူထုပ်ပြီး ဆေးထည့်ပြီးသည့်တိုင်အောင် မျက်ရည်မကျခဲ့ဘူး ။
ဘာလို့လဲ ဘာလို့ငိုလို့မရတာလဲ ။
###################
®®®®®®®®®®®®®®®
ဆက်ရန်
.
.
.
.
Zawgyi
ရန္ကုန္-မႏၱေလး အျမန္လမ္းမႀကီးရဲ႕ တစ္ေနရာ
ဒီေနရာေလးမွာပဲ ကြၽန္ေတာ့္ဘဝအတြက္ ေၾကာက္စရာေကာင္းတဲ့ အေျပာင္းအလဲႀကီးကိုႀကဳံေတြ႕ခဲ့ရတယ္ ။ လူတိုင္းကတစ္ေန႕ေတာ့ ေလာကႀကီးထဲကထြက္သြားၾကမွာမွန္ေပမယ့္ ဘာမွမဆိုင္ဘဲ စီးပြားေရးလုပ္ငန္းရွင္ေတြ ၿပိဳင္ဆိုင္ေနရာလုတဲ့ပြဲအတြက္ ကြၽန္ေတာ့ရဲ႕ေဖေဖနဲ႕ေမေမကေတာ့ အခ်ိန္မတိုင္ခင္ထြက္သြားခဲ့ရတယ္ ။
ဆရာဝန္သိပ္ျဖစ္ေစခ်င္တဲ့ေဖေဖနဲ႕ေမေမက ကြၽန္ေတာ္ေဆးေက်ာင္းဒုတိယႏွစ္အစမွာပဲ ကြၽန္ေတာ့္ဘဝထဲကထြက္သြားခဲ့တယ္ ။ အဒါေတာင္ ေဖေဖကိုအျပစ္လႊခ်ခံခဲ့လိုက္ရေသးတယ္ ၊ ေလာကႀကီးကမတရားလိုက္တာ ။
ထိုေနရာေလးမွာ ဘယ္ေလာက္ၾကာရပ္ေနခဲ့လည္းမသိ ပခုံးေပၚေရာက္လာတဲ့လက္တစ္စုံေၾကာင့္သာ အသိျပန္ဝင္ခဲ့သည္ ။
"ထိုင္ေလ"
"အင္း"
"ဘာလို႔မငိုေတာ့တာလဲ ငိုစရာမ်က္ရည္မရွိေတာ့ဘူးလား"
"ဟုတ္ပါရဲ႕ ဘာလို႔ပါလိမ့္"
"ေမေမ ေဖေဖ ....ဒီေကာင့္ကို ကြၽန္ေတာ္မထိန္းနိုင္ဘူး အရမ္းဆိုးတယ္ ၊ ကြၽန္ေတာ္စကားလည္းနားမေထာင္ဘူး"
"ေမေမ အထြန္းကလူပ်ိဳႀကီးလုပ္ရေတာ့မွာသိလား အခုထိႀကိဳက္မယ့္သူလည္းမရွိေသးဘူး"
"ငါေျပာတာအျခားဟာေလ အဒါကဘာဆိုင္လို႔လဲ"
"မင္းမစြံတာေျပာျပတာေလ"
"ေဖေဖေတြ႕လား အႀကီးကိုမင္းနဲ႕ငါနဲ႕ေျပာေနတာ"
"ဘာျဖစ္လဲ ၁ႏွစ္ေလးႀကီးတာကို"
စေနာက္ၾကရင္း တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာၿပဳံးလိုက္ၾကသည္ ။ ထြန္းေအာင္က ကြၽန္ေတာ့္ကိုေတာင္းပန္ေသာ မ်က္ဝန္းမ်ားနဲ႕ၾကည့္ရင္း
"ငါ့ဘဝမွာျပန္ျပင္လို႔မရေတာ့တဲ့ ေနာင္တတစ္ခုက အဒီေန႕က ငါအတူမရွိေပးနိုင္ခဲ့တာကိုပဲ"
"မင္းအဒီစကားေျပာလာတာ ၉ႏွစ္ရွိၿပီ ၊ အဒါမင္းမျပစ္မဟုတ္သလို မင္းေၾကာင့္လည္းမဟုတ္ဘူးေလ"
"ဒါေပမယ့္ ငါအဒါကိုေနာင္တရေနတုန္းပဲ"
"မင္းဘာမွမျဖစ္ဘဲရွိေနခဲ့လို႔ ငါ့ကိုေစာင့္ေရွာက္ေပးနိုင္ခဲ့တာေလ"
"မဟုတ္ဘူး ငါမေစာင့္ေရွာက္နိုင္ဘူး ၊ အဒါကငါ့ရဲ႕ႀကီးမားတဲ့အမွားတစ္ခု"
"ဘယ္လို"
"တုႏွိုင္းေမာင္နဲ႕မင္းနဲ႕ကို ငါဘယ္နည္းပဲျဖစ္ျဖစ္ရေအာင္တားခဲ့သင့္တာ ၊ ငါမင္းကိုမေစာင့္ေရွာက္ေပးနိုင္ခဲ့ဘူး မဟာ ၊ ငါသာေနာက္ဆုံးအထိတားခဲ့ရင္ မင္းအခုလိုစိတ္ဆင္းရဲစရာေတြ ခံစားရမွာမဟုတ္ဘူး"
ထြန္းေအာင္ေျပာေတာ့ ကြၽန္ေတာ္နာက်င္စြာပင္ရယ္လိုက္ရင္း
"ငါေ႐ြးခ်ယ္ခဲ့တာပါ ငါေ႐ြးခ်ယ္ခဲ့မိတာ ၊ မင္းတားခဲ့တာပဲေလ ငါကိုယ္တိုင္ေ႐ြးခ်ယ္ခဲ့တာပါ မင္းေၾကာင့္မဟုတ္ပါဘူး"
တိတ္ဆိတ္သြားေသာေလထုမွာ မဟာကေခ်ာက္နက္ႀကီးကိုေငးၾကည့္ေနသည္ ။
"မဟာ..."
ထြန္းေအာင္ေခၚလိုက္ေတာ့မွ ျပန္လွည့္ၾကည့္လာသည္ ။ ထြန္းေအာင္က ေကာင္းကင္ႀကီးကိုၾကည့္ေနလ်က္
"ဘယ္လိုျဖစ္မယ္ထင္လဲ ...အဒီေကာင္အမွန္တရားေတြအားလုံးသိသြားရင္ ဘယ္လိုျဖစ္လိမ့္မလဲ"
"မေျပာတက္ဘူး ငါမေတြးခ်င္ေသးဘူး"
ကြၽန္ေတာ္ ေနာက္တစ္ဖန္ ေခ်ာက္အနက္ႀကီးထဲေငးၾကည့္ေနမိျပန္သည္ ။ ဒီေနရာမွာေဖေဖတို႔နဲ႕အတူ ရွိေနတဲ့လူက ေမာင့္ရဲ႕အေဖတဲ့လား ။
(မဂၤလာပါ ဦးရဲထြဋ္ေမာင္
ႏွစ္တိုင္းလာခဲ့ေပမယ့္ ဦးေလးကိုေနာက္က်မွသိခဲ့ရလို႔စိတ္မေကာင္းပါဘူး ။ ကြၽန္ေတာ္က တုႏွိုင္းေမာင္ရဲ႕သက္ဆိုင္သူပါ ၊ အခုလိုဆက္ဆံေရးကို ဦးေလးလက္ခံမခံမသိလို႔ ဘယ္လိုႏႈတ္ဆက္သင့္လဲမသိဘူး ။
ဒီတစ္ေခါက္လာတာ ဦးေလးကိုေျပာစရာစကားေတြအမ်ားႀကီးရွိတယ္ ၊ ဘယ္ကစေျပာသင့္လဲ
ေငြေၾကးနဲ႕အမွန္တရားရဲ႕ျပင္းထန္တဲ့ အားၿပိဳင္မႈၾကားကေန ကြၽန္ေတာ္မိဘေတြနဲ႕ဦးေလးတို႔မတရား ခံရမႈကိုရေအာင္ေဖာ္ထုတ္ေပးခဲ့တယ္ ၊ ေၾကာက္စရာအျဖစ္အပ်က္ေတြၾကားကေန ဦးေလးအမ်ိဳးသမီးရဲ႕အသက္ကိုလည္းရေအာင္ကယ္ေပးနိုင္ခဲ့တယ္ ၊ ဒါေပမယ့္ အဒါေၾကာင့္ပဲကြၽန္ေတာ္ရခဲ့တာ ဦးေလးရဲ႕သား ကြၽန္ေတာ္ခ်စ္ရတဲ့သူဆီက ရက္စက္မႈေတြ နာက်င္မႈေတြၾကည့္ပဲ ခံျပင္းစရာေကာင္းလြန္းတယ္မဟုတ္လား....)
မဟာကတိတ္ဆိတ္စြာပင္ ထိုေနရာမွာထိုင္ေနဆဲ ။ ထြန္းေအာင္ကနာရီကိုၾကည့္လိုက္ေတာ့ ၃နာရီပင္ထိုးေတာ့မည္မလို႔
"ျပန္ရေအာင္"
"အင္း..."
"ေဖေဖ ေမေမ ကြၽန္ေတာ္တို႔ေနာက္ေတာ့မွလာခဲ့မယ္"
ေဖေဖနဲ႕ေမေမကိုႏႈတ္ဆက္ရင္း ကြၽန္ေတာ္တို႔ ထိုေနရာမွျပန္လာခဲ့ၾကသည္ ။ ကားေပၚေရာက္ေတာ့ ထြန္းေအာင္ကသူဝယ္လာတဲ့မုန႔္ေတြနဲ႕အေအးေတြကိုေဖာက္ေပးၿပီး အတင္းစားခိုင္းၿပီးေဆးပါေသာက္ခိုင္းေနတာေၾကာင့္
"ငါအဆင္ေျပပါတယ္"
"ဘာကိုလဲ ေနာက္ၿပီးရင္မင္းဖ်ားေတာ့မွာေလ အိမ္မွာဘယ္သူမွမရွိဘူးမဟုတ္မလား"
ဆက္မျငင္းခ်င္ေတာ့တာေၾကာင့္ ထြန္းေအာင္ေပးတဲ့ေဆးကိုယူေသာက္လိုက္သည္ ။
ဟုတ္တာေပါ့ ေဖေဖတို႔ဆီကျပန္လာတိုင္းကြၽန္ေတာ္ေနမေကာင္းျဖစ္တက္သည္ ။ ရင္ထဲမွာနာက်င္မြန္းက်ပ္လြန္းတာကို ေျဖလို႔မရနိုင္ေသးဘူး ။
ကြၽန္ေတာ္အခုမွသတိထားမိေတာ့တယ္ ၊ ေမာင္ကဒီလိုရက္ေတြတိုင္းခရီးသြားေနတက္တာ အေၾကာင္းမဲ့မွမဟုတ္ဘဲ ၊ ေမာင္မရွိလို႔ႏွစ္တိုင္းေဖေဖတို႔ဆီသြားလို႔ရတာ တိုက္ဆိုင္မႈမဟုတ္ခဲ့ဘူးပဲ ။
"အိပ္လိုက္ ေရာက္ရင္ႏွိုးမယ္"
"ငါ့အကိုႀကီးကအေကာင္းဆုံးပဲ"
လက္မေလးေထာင္ကာေျပာလိုက္ေတာ့ ေဒါက္ခနဲအေခါက္ခံလိုက္ရတဲ့ နဖူးေလး
"နာတယ္ကြ"
"အိပ္ေတာ့"
"အထြန္း အစုတ္ပလုတ္ေကာင္"
"ေအးေျပာ မင္းပဲ ငရဲႀကီးမွာ"
"ရႉး ငါအိပ္ေနၿပီ"
နားခ်င္ေနတာေၾကာင့္ ေနာက္မွီကာ မ်က္လုံးစုံမွိုတ္ထားလိုက္သည္ ။ ေဆးအရွိန္နဲ႕ခဏေန အိပ္ေပ်ာ္မွာပဲေလ
ကြၽန္ေတာ္ ဒီေန႕မငိုခဲ့ဘူး ။
တကယ္ကငိုလို႔မရခဲ့တာ ေမာင့္အေဖကိုစကားေတြေျပာေနရင္း ရင္ထဲမွာေသမေလာက္မြန္းက်ပ္ေနေပမယ့္ အရင္လိုမငိုေတာ့ဘူး ။ တည္ၿငိမ္သြားတာလား ဒါမွမဟုတ္ ထြန္းေအာင္ေျပာသလိုငိုစရာမ်က္ရည္မရွိေတာ့တာလား ။
တင္းလြန္းေနတဲ့ႀကိဳးကို ပ်က္မသြားဖို႔အေရးႀကိဳးစားၿပီးဖမ္းကိုင္ေနရတာ ကြၽန္ေတာ္ ပင္ပန္းေနၿပီ ။ တစ္ေန႕ေတာ့ ကြၽန္ေတာ္ လြတ္လိုက္နိုင္မွာပါ ။
ဒါေပမယ့္ ဘယ္လိုနည္းနဲ႕လြတ္မိမလဲ ကြၽန္ေတာ္မသိဘူး ၊ ဘာပဲျဖစ္ျဖစ္ ေမာင္ဘက္ကအရင္လြတ္ေပးရင္ေကာင္းမယ္ ။
အရင္ႏွစ္ေတြလိုပါပဲ ေဖေဖတို႔ဆီကျပန္လာတိုင္း ဖ်ားတတ္တဲ့ကြၽန္ေတာ္က အရင္လိုပဲအခန္းထဲမွာတစ္ေယာက္ထဲေက်ာ္ျဖတ္ရျပန္တာပဲ ။
အဆင္ေျပပါတယ္ ေမာင္ေျပာသလို ကြၽန္ေတာ္ကဆရာဝန္တစ္ေယာက္ပဲေလ ကိုယ္ကိုကိုယ္ဂ႐ုစိုက္နိုင္ရမွာေပါ့ ။
>>>>>>>>>>>>>>>>>>>>
ဒီေန႕ ရာသီဥတုသာယာလွတာမလို႔ ၿခံထဲပန္းခ်ီထြက္ဆြဲေနလိုက္သည္ ။ အျပာေရာင္ေကာင္းကင္ႀကီးမွာ အျဖဴေရာင္တိတ္တိုက္ေလးေတြက ပုံသဏၭာန္အမ်ိဳးမ်ိဳးနဲ႕ သိပ္လွေနသည္ေလ ။
သို႔ေသာ္
ကြၽန္ေတာ္ဆြဲေနခဲ့တာ မဟူရာေရာင္မိုးေကာင္းကင္နဲ႕သည္းထန္စြာ႐ြာေနတဲ့မိုးေရေတြၾကား ရပ္ေနခဲ့တဲ့ ေကာင္ေလးတစ္ေယာက္ပုံ ။
မ်က္လုံးကသဘာဝရဲ႕အလွအပကိုခံစားၿပီး လက္ကဆြဲတာနဲ႕တစ္ျခားစီျဖစ္ေနတာ ကြၽန္ေတာ့္အတြက္ ပထမဆုံးပဲ
"မင္းရဲ႕အေရးမပါတဲ့ ပုံဆြဲေနတာရပ္ၿပီး ငါ့အတြက္ သံပုရာရည္လာေဖ်ာ္ေပး"
ကိုယ့္အာ႐ုံကိုယ္မလို႔ ၿခံထဲကားဝင္လာကိုမသိလိုက္မိဘဲ ေက်ာဘက္ဆီမွေမာင့္အသံၾကားမွလန႔္သြားရသည္ ။
အင္း ဒါလည္း ပထမဆုံးပဲ ။
ဆြဲလက္စပန္းခ်ီကိုရပ္ကာ ေမာင္ေနာက္လိုက္ခဲ့လိုက္သည္ ။ ေမာင့္ၾကည့္ရတာ ေခါင္းကိုက္ေနတဲ့ပုံပဲ ဧည့္ခန္းက ဆိုဖာေပၚလွဲအိပ္ကာ နဖူးေပၚလက္တင္ၿပီး နားေနေလရဲ႕ ။ ကြၽန္ေတာ္လည္း မီးဖိုခန္းထဲဝင္ကာ အျမန္ပင္ေဖ်ာ္ကာ ယူသြားေပးလိုက္ၿပီး ေမာင့္ေဘးက စာပြဲေပၚခ်ေပးလိုက္သည္ ။
"ရၿပီ"
ကြၽန္ေတာ္ေျပာၿပီးတာနဲ႕ ခ်က္ခ်င္းထထိုင္ေသာက္တဲ့ေမာင္က အေတာ္ပင္ပန္းေနတဲ့ပုံ တစ္ခြက္လုံးကို စကၠန႔္ပိုင္းမွ်နဲ႕ ကုန္ေအာင္ေသာက္ၿပီး
"ေနာက္တစ္ခြက္"
"အမ္"
"မၾကားဘူးလား ေနာက္တစ္ခြက္လို႔"
"အင္း ခဏေစာင့္"
ေစာင့္ဖို႔ေျပာေပမယ့္ ကြၽန္ေတာ္ေနာက္လိုက္လာကာ သူပါမီးဖိုခန္းထဲလိုက္ဝင္ၿပီး ထမင္းစားစာပြဲမွာထိုင္ေနေလသည္ ။
"ေခါင္းကိုက္ေနတာလား"
"........."
ကြၽန္ေတာ္ေမးတာကိုမေျဖဘဲ စာပြဲေပၚကေရဖန္ခ်ိဳင့္ထဲက ေရကိုခြက္ထဲေတာင္မထည့္ပဲ ေမာ့ေသာက္ေနျပန္သည္ ။
"ေမာင္ အဆင္ေျပရဲ႕လား"
"မင္းအေရးပါလား"
အဒါပဲ ေမာင္ ၊ ငါသည္းခံရခက္ခဲလြန္းေနတာ အဒါေတြပဲ စိုးရိမ္မိတာ ငါ့အမွားလား ။
Ring......
ထျမည္လာတဲ့ေမာင့္ရဲ႕ဖုန္းေၾကာင့္ သံပုရာသီးလွီးေနတဲ့လက္တို႔ကအလိုလိုရပ္တန႔္သြားရသည္ ။
"အင္း ယုဝါ"
".........."
နာမည္ေခၚသံေလးနဲ႕တင္ နာက်င္သြားရတဲ့ ႏွလုံးသားေၾကာင့္ ဓားကိုသာဖိဆုပ္ကိုင္ထားမိသည္ ။
"ကိုယ္ အိမ္ေရာက္ေနၿပီ"
".........."
"ယုဝါ အဆင္ေျပရဲ႕လား"
"..........."
"အဒါဆို ယုဝါလည္းနားလိုက္ဦးေလ ကိုယ့္ေၾကာင့္ပင္ပန္းေနေရာေပါ့"
"အ့"
ေမာင္စကားသံအဆုံးမွာ ကြၽန္ေတာ္ဘာျဖစ္သြားရတာလဲ ကြၽန္ေတာ္မသိလိုက္ဘူး ။ လက္ကစပ္ဖ်င္းဖ်င္းဒဏ္ေၾကာင့္ငုံ႕ၾကည့္လိုက္ေတာ့ လက္ညွိုးမွ စီးက်ေနတဲ့ ေသြးေတြေၾကာင့္ ဓားရွသြားတာပဲ ။
"ဒါပဲေနာ္ ယုဝါ ကိုယ္ဖုန္းခ်လိဳက္ေတာ့မယ္"
ဖုန္းခ်ၿပီး ကြၽန္ေတာ္ကိုလွမ္းၾကည့္လာတဲ့ ေမာင့္ရဲ႕မ်က္ဝန္းေတြကေၾကာက္စရာေကာင္းလြန္းလွသည္ ။
"က်စ္ လုပ္လိုက္ရင္ နေမာ္နမဲ့နဲ႕ ၊ သံပုရာသီးလွီးတာေတာင္ ခိုက္မိတယ္ဆိုေတာ့ မင္းအေတြးေတြကဘယ္ေရာက္ေနလို႔လဲ"
"ခိုက္မိတာဘယ္လိုလဲေမးသင့္တာမဟုတ္ဘူးလား"
"မင္းလုပ္လို႔မင္းဘာသူျဖစ္တာေလ ငါကေမးေနရဦးမွာလား"
"ဟုတ္တယ္ ငါလုပ္တာ ၊ ငါ့ေၾကာင့္ငါဘာသူျဖစ္တာ ငါသိတယ္"
"ေတာက္ ! ေတာ္ၿပီေဖ်ာ္မေနဲ႕ေတာ့"
ခ်က္ခ်င္းပင္ ေမာင္က ေရခဲေသတၱာထဲက ဘီယာဗူးနဲ႕ ေဘးဘက္ဘီဒိုထဲက ေဆးလိပ္နဲ႕မီးျခစ္ကိုယူကာထြက္သြားသည္ ။
လက္က ဒဏ္ရာေၾကာင့္က်ဆင္းေနတဲ့ေသြးေတြက ကြၽန္ေတာ္အတြက္အေရးမပါခဲ့ ။ အဒီကနာက်င္မႈထက္ ႏွလုံးသားကနာက်င္မႈကိုပိုေနခဲ့တာထင္တယ္ ။ ထိုအခ်ိန္ကေန ညအထိ ကြၽန္ေတာ္ကေတာ့ ဆြဲလက္စပန္းခ်ီကိုဆက္ဆြဲရင္း ၿခံထဲမွာရွိေနခဲ့သည္ ။
တစ္ခုၿပီးတစ္ခု ဆက္ဆြဲေနေပမယ့္ ကြၽန္ေတာ္ဘာေတြဆြဲထားမိလဲ ကြၽန္ေတာ္ေသခ်ာမသိ ၊ ေမွာင္မိုင္းမိုင္းအေရာင္ေတြကိုသာအသုံးျပဳၿပီးဆြဲထားတဲ့ပန္းခ်ီေတြက ကြၽန္ေတာ့္စိတ္ကူးတဲ့လား ။
ည ၇ နာရီေလာက္ေရာက္ေတာ့ ပန္းခ်ီပစၥည္းေတြသိမ္းရင္းနဲ႕မွ အေပၚထပ္တက္ခဲ့လိုက္ရင္း ေမာင္ကေတာ့ ေန႕လည္ကထဲက လသာေဆာင္ေပၚတက္ေနတာ ဆင္းမလာေသးတာေၾကာင့္ သြားေခၚဖို႔ျပင္လိုက္သည္ ။
ကြၽန္ေတာ္ေရာက္သြားေတာ့ ထိုင္ခုံေပၚမွီအိပ္ေနတဲ့ ေမာင့္ကိုၾကည့္ရင္း ရင္ဖက္ထဲကနာလိုက္တာ ၊ အနားမွာလည္း ေဆးလိပ္တိုမ်ားစြာနဲ႕ ေမာင္တကယ္ေဆးလိပ္ဆြဲေနတာလား ၊ ဒါမွမဟုတ္ ကြၽန္ေတာ္မႀကိဳက္တာမလို႔ေ႐ြးလုပ္တာလား ။
ေမာင့္အနားကိုသြားမလို႔ မွန္တံခါးေလးကိုအသာတြန္းဖြင့္လိုက္စဥ္မွာပင္
"အား...."
နာက်င္မႈေၾကာင့္ ေအာ္လိုက္မိရင္း ေအာက္ငုံၾကည့္လိုက္ေတာ့ ျပန႔္က်ဲေနတဲ့ ဖန္ခြက္အပိုင္းအစေတြက ေျခဖဝါးထဲစိုက္ေနေလသည္ ။ ေမာင္ခြဲထားတာထင္ပါရဲ႕
"မဟာ!"
ဝုန္းခနဲထကာ အနားေရာက္လာေသာေမာင္က ေသြးေတြျဖာထြက္ေနေသာ ကြၽန္ေတာ့္ေျခေထာက္ကို အလိုမက်စြာၾကည့္ရင္း ။
"မင္းမ်က္လုံးကန္းေနလား"
"ဘာ"
"က်စ္ စိတ္ပ်က္လိုက္တာ ၊ ဝင္ေတာ့အိမ္ထဲ"
"ေမာင္ မင္း ငါ့ကို တကယ္ပဲအဒီေလာက္ထိမုန္းေနတာလား"
"ေျဖစရာလိုေသးလို႔လား"
"အဒါဆိုဘာလို႔ မင္းအနားမွာထားေနေသးလဲ အေဝးကိုႏွင္ထုတ္လိုက္သင့္တာေလ"
ေျခေထာက္ကဒဏ္ရာဘယ္လိုေနလဲ ကြၽန္ေတာ္မသိ ၊ ကြၽန္ေတာ္သိတာ ရင္ဖက္ထဲကဒဏ္ရာေၾကာင့္ ေပါက္ကြဲထြက္ေနတဲ့ေဒါသေတြေၾကာင့္ ေမးလိုက္မိျခင္း ။
"ငါ့သေဘာပါ"
"ဘာလို႔လဲ ဘယ္အထိျဖစ္ခ်င္ေနတာလဲ မင္းေဘးမွာအျခားသူရွိေနၿပီပဲကို"
လြတ္ေပးေတာ့ေမာင္ ၊ မင္းဘက္ကအရင္ ငါ့ကိုလြတ္ေပးလိုက္ေတာ့ မဟုတ္ရင္ ငါဘာေတြဆုံးျဖတ္မိမလဲငါမသိဘူး ။
"ပါးစပ္ပိတ္စမ္း! ၊ အဒါငါ့ကိစၥလို႔မင္းကိုေျပာၿပီးသား မင္းက ေသတဲ့အထိငါ့အနားမွာပဲေနရမွာ"
"မင္းမရက္လြန္းဘူးလားေမာင္ ၊ မင္းငါ့ကိုဘာျဖစ္ေစခ်င္တာလဲ ေျပာလိုက္ ငါလုပ္ေပးမယ္ ၊ မင္းဘာျဖစ္ခ်င္ေစခ်င္တာလဲ"
"ရက္စက္တယ္ ငါကလား ၊ ဟုတ္တယ္ ငါကရက္စက္တယ္ ဘယ္လိုလုပ္မလဲ မင္းနာက်င္ရတာျမင္တိုင္း ငါကိုေက်နပ္ေစတယ္ေလ"
ထိုစကားရဲ႕အဆုံးမွာ ကြၽန္ေတာ္ၿပဳံးရယ္လိုက္ေတာ့
"မၿပဳံးနဲ႕ ၊ ငါမင္းရဲ႕အၿပဳံးတြကို အေသမုန္းတယ္"
"ငါကေတာ့ၿပဳံးရတာႀကိဳက္တယ္ ၊ တစ္ခ်ိန္ကအဒီအၿပဳံးကပဲ မင္းကို႐ူးသြပ္ေစတာမလား"
"ဟက္! မင္းေျခဖဝါးထဲနစ္ဝင္ေနတဲ့ ဖန္ကြဲစေတြရွိတာေတာင္ မင္းကမငိုဘဲၿပဳံးနိုင္တုန္းပဲလား"
"အင္းေနာ္ ငါဘာလို႔မငိုမိတာပါလိမ့္"
ကြၽန္ေတာ့္ကိုတြန္းတိုက္ကာထြက္သြားေသာ ေမာင့္ကိုၾကည့္ရင္း ကြၽန္ေတာ္ထပ္ၿပဳံးလိုက္သည္ ။
နာတယ္ ေမာင္ရ ၊ ေျခေထာက္ကေရာ ရင္ထဲကေရာ ေသမတက္နာတယ္ ၊ ဒါေပမယ့္ငါငိုလို႔မရျပန္ဘူး ။
ေမာင္ေရ
အတုန႔္အလွည့္ဆိုတာရွိတယ္တဲ့
မင္းအလွည့္ေရာက္မွာ စိုးရိမ္မိသား
ငါနာက်င္သေလာက္သာ မင္းျပန္နာက်င္ရင္
ခံနိုင္ရည္ရွိပါ့မလား ။
ထိုေန႕က ေျခေထာက္ကဖန္ကြဲစေတြကို မဟာသူ႕ဘာသာသူထုပ္ၿပီး ေဆးထည့္ၿပီးသည့္တိုင္ေအာင္ မ်က္ရည္မက်ခဲ့ဘူး ။
ဘာလို႔လဲ ဘာလို႔ငိုလို႔မရတာလဲ ။
###################
®®®®®®®®®®®®®®®
ဆက္ရန္