Inversely Proportional(ပြောင်...

By soung8577

2.5M 179K 8.5K

ယံုၾကည္မႈကလည္းအခ်စ္ နားလည္မႈကလည္းအခ်စ္ ေပးဆပ္မႈကလည္းအခ်စ္ ခြင့္လြတ္မႈကလည္းအခ်စ္ ဟု ဆိုခဲ့ေသာ္ ေျပာင္းျပန္အခ်ိ... More

Intro
Part - 2
Part - 3
Part - 4
Part - 5
Part - 6
Part - 7
Part - 8
Part - 9
Part - 10
Part - 11
Part - 12
Part - 13
Part - 14
Part - 15
Part - 16
Part - 17
Part - 18
Part - 19
Part - 20
Part - 21
Part - 22
Part - 23
Part - 24
Part - 25
Part - 26
Part - 27
Part - 28
Part - 29
Part - 30
Part - 31
Part - 32
Part - 33
Part - 34
Part - 35
Part - 36
Part - 37
Part - 38
Part - 39
Part - 40
Part - 41
Part - 42
Part - 43
Part - 44
Part - 45
Part - 46
Part - 47
Part - 48
Part - 49
Part - 50
Part - 51
Part - 52
Part - 53
Part - 54
Part - 55
Part - 56
Part - 57
Part - 58
Part - 59
Part - 60 (Final)
Extra - 1
Extra - 2
Extra - 3
Hey ❗(လာကြွားတာ)
Present (Extra - 4)

Part - 1

79.3K 4.4K 125
By soung8577

မီးအမှောင်ချထားတဲ့အခန်းလေးထဲမှာ ခြေထောက်နဲ့လက်တွေကို ကြိုးတုပ်ထားပြီး ပါးစပ်ထဲအဝတ်ထည့်ထားခြင်းခံထားရတဲ့ ကောင်လေးတစ်ယောက်
သူ့ရဲ့အတားဆီးမဲ့ ကျဆင်းနေတဲ့မျက်ရည်တွေက အင်္ကျီရင်ဖက်တစ်ခုလုံးကိုတောင် စိုရွဲနေခဲ့လေသည် ။

ချောက်

ခလုပ်နှိပ်သံလေးနဲ့အတူ လင်းထိန်လာတဲ့မီးကြောင့် သူအခုမှ အသက်ရှူချောင်သွားသလို

"မင်း ငါပြောတဲ့စကားကို ဂရုမစိုက်တာလား"

ထိုခဏချင်းမှာပဲ အေးစက်ပြတ်သားစွာ ထွက်ပေါ်လာတဲ့အသံကြောင့် သူတုန်လှုပ်ခြောက်ခြားစွာ ခေါင်းကိုတသွင်သွင်ခါရမ်းနေမိသည် ။ ပါးစပ်ကမှထုတ်ငြင်းလို့မရဘဲ ။

(ညီမတစ်ဝမ်းကွဲ Singapore ကလာလို့ ခဏလေးသွားတွေ့ရုံလေးပါမောင်ရယ်)

"ဘာလဲ ငါ့လက်ကလွတ်မယ်ထင်နေလို့လား"

...

"မင်းသေတဲ့အထိ ငါ့အနားမှာပဲနေရမှာ"

......

"အေး သေဆိုလည်းငါသေဆိုမှသေခွင့်ရှိတယ်"

.....

"နားလည်လား! ကြားလား!"

သူ မနားတမ်းခေါင်းငြိမ့်ကာထောက်ခံပြတော့ ပါးစပ်ထဲမှအဝတ်စကို လာဆွဲထုတ်ပေးသည် ။

"ဖြေစမ်း"

"အင်း..."

နာကျင်မှုနဲ့မောဟိုက်နေမှုကြောင့် အသံကတိုးညှင်းလှစွာ

"ကျယ်ကျယ်ဖြေ"

"အင်း ငါ ငါ သိ ပါ တယ်"

ဒုန်း 

"အား..."

အခန်းထဲ မှန်ပြတင်းတံခါးကပိတ်ထားပေမယ့် လိုက်ကာစတွေကတော့ မပိတ်ရသေးတာကြောင့် အပြင်ကမိုးချိန်းသံနဲ့အတူလျှပ်စီးတွေကို သူမြင်နေရပြီး သူ့ရင်ထဲကအကြောက်တရားတွေကလည်းထိန်းမရတော့

"မိုး မိုး ချိန်းနေတယ် မောင် ငါ ကြောက်လို့ပါ ၊ အ အဒီလိုက်ကာတွေကိုအရင်ပိတ်ပေးပါ ၊
လုပ် လုပ်ပါ ငါ ငါတောင်းပန်ပါတယ် ငါ မင်းမကြိုက်တာမလုပ်တော့ပါဘူး နော် မောင်
၊ ပိတ် ပိတ်ပေးပါ"

မျက်လုံးမှိုတ်ကာ သူအလန့်တကြားတောင်းပန်နေတာကို လက်ပိုက်ပြီးရပ်ကြည့်နေသော မောင်က တစ်ချိန်တုန်းက မိုးဖွားဖွားလေးကျရင်တောင် ကျွန်တော့်ကိုစိုးရိမ်တကြီးထွေးပွေ့ပေးခဲ့ဖူးပါတယ် ။

"မောင် ငါ ငါ ကြောက်တယ်"

ပိုမိုသည်းထန်လာသော မိုးကြောင့် ကံတရားက သူ့ဘက်မှာမရှိဘူးထင်ပါရဲ့

"အင်း ပိတ်ပေးရမှာပေါ့"

ပြောပြီးတာနဲ့ ပြတင်းပေါက်ဆီလျောက်လှမ်းသွားသော မောင် ၊

(အင်း မောင့်ရဲ့ကျောပြင်လေးကို အားကိုးတကြီး ဖတ်ထားချင်လိုက်တာ ၊ မောင် က သူ့အပေါ်ကိုအဒီလောက်ထိတော့မရက်စက်ပါဘူး)

"ဟင် ! မောင်"

အတွေးလေးတောင်မဆုံးလိုက် သူပြောသလို လိုက်ကာတွေကို ပိတ်ပေးပေမယ့် ပြတင်းပေါက်တွေကိုဖွင့်ချပစ်လိုက်တာကြောင့်

"မောင် ဘာလုပ်လိုက်တာလဲ "

"ရှူး အခန်းထဲပူနေလို့လေ လေကောင်းလေသန့်ရအောင်လို့"

(ဘယ်ကသာ မောင်ရာ ညနေကထဲက မောင်ပဲ air con ကို အမြင့်ဆုံးထိဖွင့်ထားခဲ့တာလေ)

ထိုစကားကို သူစိတ်ထဲမှာသာပြောမိပါသည် ။

တကယ့်လက်တွေမှာ သူချမ်းနေပြီး အပြင်ကမိုးချိန်းသံတွေကိုအတော်ပင်ကြောက်လန့်နေသည်လေ ။

"ငါ့စကားနားမထောင်ရင် အရမ်းမုန်းတာပဲ"

(နားထောင်ရင်လည်း မုန်းတာပဲမဟုတ်ဘူးလား မောင်ရယ်)

"ငါ မင်းကိုဘယ်လိုအပြစ်ပေးရမလဲ"

(မောင့်သဘောအတိုင်းပါပဲ)

ခေါင်းငုံကာ မျက်လုံးစုံမှိုတ်ထားသော သူ့ကို မောင်က မေးစေ့ကနေ ဆွဲယူမော့စေပြီး ၊ နား နားကပ်ကာတိုးတိုးလေးပြောသည် ။

"ဒီည တစ်ညလုံးမိုးသည်းမယ်တဲ့"

"ဟင်"

အပေါက်ဝဆီကိုလျောက်လှမ်းသွားသော မောင်က ကျွန်တော့်ကိုတစ်ချက်ပြုံးရယ်ပြကာ အခန်းကိုအမှောင်ချသွားခဲ့သည် ။

"ဟင့်အင် မောင် မလုပ်ပါနဲ့ ငါကြောက်လို့ပါ ၊ မောင်...မောင်!"

ဒိန်း.. 

မိုးချိန်းသံတွေနဲ့အတူ ပြင်းစွာတိုက်ခက်နေသောလေကြောင့်လှုပ်ရှားနေသောလိုက်ကာတွေကို ဖြက်ကာ ဝင်လာသော လျှပ်စီးရောင်တွေ

"အား...မောင်"

သူအသံကုန်အော်လိုက်မိသည် ။

"..အိမ်...အိမ်မက် အိမ်မက်ပဲ"

ညက 12နာရီကျော်တဲ့အထိ မောင် ပြန်မလာသေးလို့ ဧည့်ခန်းထဲက စက်တီပေါ်မှာ ပန်းချီဆွဲရင်း ထိုင်စောင့်နေတာ သူဘယ်အချိန်အိပ်ပျော်သွားလဲ မသိ အိမ်မက်မက်နေတာပဲ ။

03:38 AM

နံရံပေါ်က နာရီကိုကြည့်ရင်း သူသက်ပြင်းချလိုက်သည် ။

"အင်း ဒီနေ့လည်း မောင် ပြန်မလာဘူး"

အချို့လူတွေသိရင် ရယ်ကြမလားမလားမသိပေမယ့် ချစ်ရတဲ့သူကမင်္ဂလာဆောင်ပြီးတဲ့ညမှာပဲ အကြောင်းပြချက်တစ်စုံတစ်ရာမရှိပါပဲနှင့် ပြောင်းလဲသွားခဲ့တာ ။ ကျွန်တော်မသိခဲ့တဲ့အခြားတစ်ယောက်ကဲ့သို့ ။

ရယ်ရတယ်နော် ကျွန်တော့ကိုချစ်လှပါချဥ်ရဲ့ဆိုပြီး ၄ နှစ်လုံးလုံးလိုက်တွယ်ကပ်ခဲ့တာ
ဟန်ဆောင်လှည့်စားမှုတစ်ခုတဲ့ ။
ဘာလို့လဲမသိဘူး ။
ဘာကြောင့်လဲမသိဘူး ။

တစ်ချိန်က ပြိုင်ဘက်မရှိအောင် သိပ်ချစ်ပြခဲ့တဲ့သူက အခုကြောက်စရာကောင်းအောင်သိပ်မုန်းပြနေတယ် ။ ကျွန်တော်သိပ်မြတ်နိုးရတဲ့ သူ့ဆီက "အချစ်" ဆိုတဲ့ ခေါ်သံလေးလည်းပျောက်ကွယ်သွားခဲ့တယ် ။ အကြောင်းအရင်းကို ကျွန်တော်မသိခဲ့ပေမယ့် ဒါဟာ မောင့် အပေါ်ဆပ်ရမယ့် ဝဋ်ကြွေးတစ်ခုရှိလို့ပဲလို့ သတ်မှတ်ထားလိုက်တယ် ။

ဝဋ်ဆိုတာကလည်း မောင်က ကျွန်တော့်အပေါ် တစ်ခုခုအထင်လွဲနေခဲ့တာပါ ၊ အဒီဝဋ်ကြွေးကုန်ရင် ကျွန်တော်တို့အရင်ကလို ပြန်ချစ်ကြမယ် ၊
မောင်ဟန်ဆောင်ချစ်ခဲ့တယ်လို့ပြောပေမယ့် ၊ ကျွန်တော်က မောင့်ကိုတကယ်ချစ်ခဲ့တာလေ
အရမ်းချစ်တဲ့သူက ရှုံးတယ်တဲ့
အင်း ၊ ကျွန်တော်က မောင့်ကိုအသက်ထက်မကချစ်တာမလို့ အရှုံးပေးမယ် ။

နောက်ကျိနေသော ခေါင်းကိုလစ်လျူရှူကာ အားတင်းထလိုက်ရင်း ပြန်အိပ်လို့လည်းမရနိုင်တာကြောင့် သူဆွဲလက်စပန်းချီကိုသာအပြီးသတ်ဆွဲနေလိုက်သည် ။

8:30AM

ဆွဲထားတဲ့ ပန်းချီကားလေးကို သူ့ရဲ့ပန်းချီဆွဲခန်းထဲကို သွားထားပြီး အခန်းပြန်ကာ ရေချိုးပြင်ဆင်ပြီးတော့ ဖုန်းကနာရီကိုကြည့်ကာ နံပါတ်တစ်ခုကိုနှိပ်လိုက်သည် ။

"Hello"

"ကိုမင်းထိုက် ကျွန်တော်ပါ"

"အင်း မဟာ ပြော"

"ဟိုလေ မောင်ကခရီးသွားတာလား ပြန်မလာတာ ၃ရက်ရှိပြီမလို့"

"ဟုတ်တယ် မဟာ ၊ နှိုင်း UK ကိုသွားတယ် ၊  ၂ပတ်လောက်တော့ကြာမယ် မဟာ ကိုပြောမသွားပြန်ဘူးလား"

"သူအလုပ်များပြီးမေ့သွားတာထင်ပါရဲ့ ၊ ရတယ်ကိုမင်းထိုက် အဒါဆို ဖုန်းချခွင့်ပြုပါဦး"

တစ်ဖက်ကို ဟန်ဆောင်ပြောကာသူဖုန်းချလိုက်ပြီးမှာတော့ အမှတ်မရှိ မျက်ဝန်းအိမ်က မိုးစက်လေးတွေကြွေပြန်ပြီ ။

၂ပတ် တော်သေးတာပေါ့ ၂ပတ်ထဲမလို့ ။

အရင်ကဆို ၂လလောက်ထိအောင် မောင်ခရီးသွားတယ် ၊ ကျွန်တော်ကတော့ထုံးစံအတိုင်း ကိုမင်းထိုက်ပြောမှသာသိရတာ ၊ ကိုမင်းထိုက်နဲ့မောင်ကငယ်သူငယ်ချင်း ၊ အခုလည်းအလုပ်အတူတူလုပ်ကြတယ် ။

မောင်ရဲ့အလုပ်တွေအားလုံးကို ကျွန်တော်သေချာမသိခဲ့တာကြာပြီ ၊ အဒီလိုပဲ မောင် သွားတဲ့ခရီးတွေကိုလည်း ကျွန်တော်မသိ
ကျွန်တော်သိတာတာ တုနှိုင်းမောင် ဆိုတဲ့
ကျွန်တော်သိပ်ချစ်ရတဲ့ မောင် တစ်ယောက်ပဲ
ရပါတယ် အဒါဆို လုံလောက်ပါပြီ ။

ပြက္ခဒိန်လေးဆီကို အကြည့်ရောက်သွားတော့ ကျွန်တော့် မွေးနေ့လည်းဖြစ်သလို ၊ ကျွန်တော်တို့ရဲ့ ၃ နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့ဖြစ်တဲ့ February 14 ရက်နေ့ကို အသဲနှစ်ထပ် stickerလေးကပ်ထားလေရဲ့ ။

"၇ ရက်ပဲလိုတော့တာ ဒီနှစ်တော့ မောင်အလုပ်တွေစောစောပြီးလို့ပြန်လာရရင်ကောင်းမယ်"

အဒီနေ့ကျရင် ငါမင်းကိုမေးကြည့်တော့မယ်မောင် ၊ မင်းဘာလို့ပြောင်းလဲသွားလဲဆိုတာ
ငါကိုယ်တိုင်မေးကြည့်တော့မယ် ။
ဘယ်လိုအကြောင်းမျိုးပဲဖြစ်ဖြစ်ငါလက်ခံမယ် ၊ ရှင်းပြမယ် ၊ အဖြေတစ်ခုတော့ရှိမှာပဲလေ ပြီးတော့ ငါမင်းကိုလက်ဆောင်တစ်ခုပေးစရာရှိတယ် ၊ ငါတို့နှစ်ယောက်လုံးအတွက် ပျော်စရာကောင်းတဲ့လက်ဆောင်လေးဖြစ်မှာ ။

အတွေးလေးနဲ့ပျော်နေပြီး မောင်မရှိတဲ့အချိန်တွေကို မောင့်ကိုလွမ်းကြောင်း ပန်းချီကားလေးတွေဆွဲထားတယ် ၊ ဒီလိုနဲ့ပဲ မောင်မရှိတဲ့ အချိန်တွေကိုကျော်ဖြတ်ရင်းပေါ့

**************************

February 14

ညဆိုအိပ်မပျော်တဲ့သူက မနက်ဆိုလည်းအမြဲစောစောနိုးနေတာမလို့ ပန်းချီဆွဲရင်းသာအချိန်ကို ကုန်စေသည် ။ နေ့လည်စာလည်း ဘာမှစားချင်စိတ်မရှိတာကြောင့် ကော်ဖီတစ်ခွက်သာ ထိုင်သောက်နေလိုက်ပြီး ဖုန်းမှာပေါ်နေတဲ့ noti လေးကိုကြည့်ကာ ဝမ်းနည်းနေမိပြန်သည် ။

(မောင် ပြန်မလာဘူးထင်ပါရဲ့ ဒါမှမဟုတ် အလုပ်များပြီးမေ့နေတာထင်တယ်)

အရင်က ကော်ဖီဆိုချိုနေမှသောက်တက်တဲ့ ကျွန်တော်က အခုဆို ဘယ်လောက်ပဲခါးခါး သောက်တက်နေပြီ ၊ မောင်သိရင် ကိုယ့်ရောဂါကိုယ်ရှာတာဆိုပြီး အဆူခံရဦးမယ်ထင်တယ်

....ကျွီ.....

အတွေးလွန်နေတုန်း ခြံတံခါးဖွင့်သံကြောင့် သူပြေးထွက်သွားလိုက်သည် ။

"မောင်?"

ဟုတ်တယ် မောင်ပဲ မောင်ပြန်လာတယ် ။

(ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ်မောင်ရယ်)

မောင် ကားရပ်ပြီးလို့ အိမ်ထဲဝင်လာသည်အထိ သူအပေါက်ဝမှာရပ်နေတုန်း ။ ဝမ်းသာအားရပြေးဖက်လိုက်ချင်ပေမယ့် မောင်က သူ့ခွင့်မပြုဘဲသူ့အသားကိုထိတာမကြိုက်ဘူးတဲ့လေ ။

*မှတ်ချက် အိမ်ထောင်ကျပြီးမှ အဒီလိုဖြစ်သွားတာ ။ မင်းတို့နားလည်လား ၊ ငါတော့နားမလည်ခဲ့ဘူး ၊ တကယ်က ငါ မောင့်ကိုနားမလည်ခဲ့တာကြာပြီ*

ကျွန်တော့်ကိုမမြင်သလိုပဲ ရှောင်ကာဝင်သွားသော မောင့်နောက်ကို ပြေးလိုက်ရင်း

"မောင် ရေအရင်ချိုးမလား နေ့လည်စာစားမလား ငါဘာလုပ်ပေးရမလဲ "

".........."

"မောင် အလုပ်အဆင်ပြေတယ်မလား"

"........"

"ကိုမင်းထိုက်ကပြောတယ် မောင် UK သွားတယ်ဆို"

ကျွန်တော်ကသာ ပြောနေတာ မောင်ကအခန်းထဲရောက်သည်အထိ စကားတစ်ခွန်းမှမဆိုတာကြောင့် မောင် အဝတ်စားလဲနေတာကိုပဲ ကူလုပ်ပေးလိုက်သည် ။

"ညနေ ပြင်ဆင်ထား သွားစရာရှိတယ်"

"ည ညနေ"

(မောင်မမေ့ဘူးပေါ့ ၊ မောင် ကျွန်တော့် မွေးနေ့ကိုမမေ့ဘူးပေါ့ ၊ နှစ်ပတ်လည်နေ့ကို မောင် သတိရတယ်ပေါ့)

ကျွန်တော်အတွေးလေးနဲ့တင် ပျော်ရွှင်နေခဲ့တယ် ။ မောင် ပြောမယ့် နောက်စကားကိုမကြားခင်အထိပေါ့

"ဒီနေ့က ယုဝါ ရဲ့မွေးနေ့လေ အဒါကြောင့် အမှီပြန်လာတာ"

"ဘာ ဘယ်လို"

"ဘာကို ဘယ်လိုလဲ ငါပြောတာမရှင်းတာပါလို့လား"

"ယု ယုဝါ မွေးနေ့"

"အင်း"

"မောင်! ဒီနေ့...ဒီနေ့ဘာနေ့လဲ မောင်မသိဘူးလား ၊ ငါ ငါတို့"

"ဘာနေ့မလို့လဲ"

"မောင်! မင်း...မင်းရက်စက်လွန်းတယ်
ငါဒီနေ့ မင်းကိုဘယ်လောက်ထိ မျှော်နေခဲ့လဲမင်းသိလား ၊ အရင်နှစ်တွေက မင်းမအားလို့ပဲလို့ငါနားလည်ပေးထားတယ် ၊ ထပ်ပြီးဒီနှစ်ရောလား"

"ငါပြောတာက ညနေမင်းပြင်ဆင်ထားလိုက် ယုဝါက မင်းကိုပါဖိတ်ထားလို့ပြောနေတာ"

"မောင်ပြန်လာတာ အဒီယုဝါဆိုတဲ့ မိန်းကလေးရဲ့မွေးနေ့ပွဲတစ်ခုထဲကြောင့်လား"

(မဟုတ်ဘူး မဟုတ်ဘူးလို့ဖြေပါမောင် ငါတောင်းပန်ပါတယ် ငါတကယ်ခံစားနိုင်မယ်မထင်ဘူး)

"ဟုတ်တယ်လေ"

"မောင်! ! !"

"မဟာမြတ်သူ! မင်းအခုငါ့ကိုလာအော်ပြနေတာလား"

"မောင် ငါ မင်းကိုဘယ်လောက်ထိအရှုံးပေးနေရဦးမှာလဲ မင်းသဘော မင်းစိတ်ကြိုက် အားလုံးအနိုင်ပေးတာမလုံလောက်သေးဘူးလား ၊ ဒီနေ့...ဒီနေ့ ငါ့မွေးနေ့ အထူးသဖြင့်ငါတို့နှစ်ယောက်မင်္ဂလာနှစ်လည်နေ့ ဒါပေမယ့် UK ကနေတောင်ပြန်လာခဲ့တာ အခြားတစ်ယောက်အတွက်တဲ့လား"

"မင်းမွေးနေ့! ငါတို့နှစ်ပတ်လည်နေ့!"

"ဘာလဲ မမှတ်မိဘူး မသိဘူး မအားဘူးလို့ပြောအုံးမှာပဲမလား"

"အဒါအရေးကြီးလို့လား"

"ဘာ မင်းဘာပြောတာ"

"အဒါအရေးကြီးလို့လားလို့ "

"မောင်! "

"ငါ့ကိုမအော်နဲ့ မင်းကဘာမလို့လဲ မင်းကဘာမလို့လာအော်ပြနေတာလဲ"

(ဟုတ်တယ် မောင့်ကိုအော်ပြောပိုင်ခွင့်မှမရှိတာ ကျွန်တော်မေ့သွားတယ်)

"မင်း လွန်တယ်မောင် မင်း အလေးမထားရင်တောင်မှ ငါ့အတွက်မေ့မရတဲ့နေ့ရက်လေ ငါ့အတွက်အရေးကြီးတယ်"

"အဒါမင်းဘက်ကလေ ငါ့အတွက် ငါသိတာက ဒီနေ့ ယုဝါ မွေးနေ့"

"မောင် တော်တော့ ငါမှားတာ မင်းကိုမျှော်နေခဲ့တဲ့ငါမှားတာ ၊ သွား မင်းဘာသူသွား ၊ မင်းပြန်လာတာ အဒီမိန်းကလေးမွေးနေ့အတွက်ပဲမလား သွား မင်းတစ်ယောက်ထဲသွား"

"မဟာမြတ်သူ! ! !"

ကျယ်လှောင်လှတဲ့ မောင့်ရဲ့အော်သံကြောင့် သူကိုယ်လေးတုန်သွားကာ မျက်ရည်များပင်ဝဲလာရသည် ။

"အေး မလိုက်နဲ့ ငါကလည်း ယုဝါ ခေါ်ခိုင်းလို့ပြောတာ မင်းကိုခေါ်ချင်လွန်းလို့မဟုတ်ဘူး"

(အဒါဆိုအစကထဲက မခေါ်ပါနဲ့လား မောင်ရယ် မဟုတ်ဘူး အိမ်ကိုပြန်မလာပါနဲ့လား
မင်းတကူးတက ပြန်လာခဲ့တဲ့ အဒီမိန်းကလေးဆီကိုပဲ သွားပါ့လားကွာ ဒါမှမဟုတ် ငါ့ကိုစိတ်ဒဏ်ရာပေးဖို့အတွက်တမင်လာခဲ့တာလား)

"မောင်"

"ထွက်သွား ငါနားမလို့"

"မောင်..."

"ငါပြောနေတာမကြားဘူးလား"

"အင်း"

သူလည်းဆက်မပြောချင်တော့တာမလို့ လှည့်ထွက်ခဲ့လိုက်သည်

(ငါ အရှုံပေးပါတယ် မောင်)

တံခါးနားရောက်တော့ ကုတင်ပေါ်မှာ ဖုန်းကြည့်ပြီးထိုင်နေတဲ့ မောင်ကိုလှမ်းကြည့်ကာ

"မောင်...မင်းသိလား အနေးဝေးလို့ သွေးအေးသွားတယ်ပဲငါကြားဖူးခဲ့တာမလို့ ငါတို့အနေနီးရက်ရဲ့သွေးအေးသွားလိမ့်မယ်လို့မထင်ခဲ့မိဘူး"

"ဘဝဆိုတာ မထင်မှတ်တာတွေပဲ ဖြစ်တက်တာမဟုတ်လား"

"နားလိုက်ပါဦး မောင်"

အခန်းတံခါးကိုအသာပိတ်ပေးပြီး အပြင်ရောက်မှ ကျွန်တော့်မျက်ရည်တွေကိုလွတ်လပ်စွာကျဆင်းစေလိုက်သည် ။

ယုဝါ ဆိုတာ မောင့်သူငယ်ချင်းလုပ်ကိုင်ဖော်ဖက်လို့ ကိုမင်းထိုက် ပြောတာကြားဖူးတယ်
ဒါမှမဟုတ် အဒီထက်ပိုမလား ဟင့်အင်ကျွန်တော်မသိဘူး။

သိလိုက်ရတာက အဒီမိန်းကလေး သိပ်ကံကောင်းတယ်ဆိုတာပဲ ။

1 year Anniversary
မောင် ဗီယက်နမ်ကိုအလုပ်ကိစ္စ သွားတယ်
ကျွန်တော် ညထိစောင့်ပြီးမှ ဖုန်းဆက်လိုက်ပေမယ့်
မောင်ပြောတာ မေ့နေတယ်တဲ့

2 year Anniversary
မောင် တရုတ်ကိုအလုပ်ကိစ္စဆိုပြီး သွားတယ် ကျွန်တော် နောက်တစ်ရက်မှ ဖုန်းဆက်မေးခဲ့ပေမယ့် မောင်ပြန်ဖြေတာ အလုပ်မအားဘူးတဲ့

3 year Anniversary
မောင် UK ကိုခရီးလွန်နေတာကြောင့် ကျွန်တော် ဖုန်းမဆက်ခဲ့ဘူး ၊ ဒါပေမယ့် မောင်ပြန်လာခဲ့ပါတယ် အခြားမိန်းကလေးတစ်ယောက်အတွက်
မင်းပေးတဲ့အမှတ်တရတွေက သိပ်လှတာပဲ မောင် ဘဝဆိုတာမထင်မှတ်တာတွေပဲဖြစ်တက်တာဆိုတာငါလက်ခံတယ် ဒီလိုတွေဖြစ်လာမယ်လို့ ငါတကယ်မထင်ခဲ့ဘူးလေ

ထိုအချိန်ကထဲက ကျွန်တော်ပန်းချီဆွဲခန်းထဲမှာဝင်နေခဲ့တာ ညနေ မောင် ယုဝါဆိုတဲ့မိန်းကလေးမွေးနေ့ပွဲကိုသွားသည်အထိ သူထွက်မကြည့်ခဲ့သလို မောင်ကလည်း ကျွန်တော့်ဆီကိုရောက်မလာခဲ့ပါဘူး ။ မောင်ကဘယ်တုန်းကမှ ရောက်မလာခဲ့တာ  ။ အခုလည်း မောင်ထွက်သွားတဲ့ကားသံကြားလိုက်ရုံလေးပါ ။

မောင်ထွက်သွားတာသေချာမှ ကျွန်တော်လက်ထဲမှာတင်းကျပ်စွာ ဆုပ်ကိုင်ထားမိတဲ့ ဆေးစာရွက်လေးကိုကြည့်ရင်း လွတ်လပ်စွာအော်ငိုပစ်လိုက်သည် ။

ငါတို့နှစ်ယောက်ကြားမှာ ဘယ်အရာကမှားယွင်းစေခဲ့တာလဲ?

မောင်ဘက်ကစိတ်တိုင်းကျ သတ်မှတ်ထားတဲ့ ကျွန်တော်တို့ရဲ့ချစ်သူသက်တမ်း ၄ နှစ်ပြည့်တုန်းက မောင်နဲ့အတူ မိဘမဲ့ကလေးကျောင်းကိုသွားပြီး အလှူလုပ်ကြခဲ့တယ် ။ အဒီတုန်းက မောင်က ကလေးတွေကိုကြည့်ပြီးပြုံးပျော်နေတာမြင်တော့ မဖြစ်နိုင်မှန်းသိပေမယ့် မောင်နဲ့လက်ထပ်ပြီးရင် မောင့်အတွက် မိသားစုလေးကို ကိုယ်တိုင်ဖန်တီးပေးချင်ခဲ့တာ ၊
လက်ထပ်ပြီးတော့ ကျွန်တော်စုံစမ်းခဲ့တယ်စစ်ဆေးခဲ့တယ် ။ မထင်မှတ်ဘဲ ပြောင်းလဲသွားတဲ့မောင့်ကြောင့် ရှေ့ဆက်မတိုးခဲ့ရပေမယ့် ကျွန်တော့်အကို Dr.ထွန်းအောင် ရှိတာမလို့ အဆင်ပြေခဲ့တယ် ။

အခု ကျွန်တော်အောင်မြင်ခဲ့တယ် ။
မောင်သာဆန္ဒရှိရင် မောင့်အတွက် မိသားစုလေးကို ကျွန်တော်ကိုယ်တိုင်ဖန်တီးပေးနိုင်ပြီတဲ့ ။ ဒါပေမယ့် ကျွန်တော်ပေးမယ့်လက်ဆောင်ကို မောင်မလိုချင်ဘူးထင်ပါရဲ့ ။

###################
®®®®®®®®®®®®®®®

ဆက်ရန်

.
.
.
.
.
Zawgyi

မီးအေမွာင္ခ်ထားတဲ့အခန္းေလးထဲမွာ ေျခေထာက္နဲ႕လက္ေတြကို ႀကိဳးတုပ္ထားၿပီး ပါးစပ္ထဲအဝတ္ထည့္ထားျခင္းခံထားရတဲ့ ေကာင္ေလးတစ္ေယာက္
သူ႕ရဲ႕အတားဆီးမဲ့ က်ဆင္းေနတဲ့မ်က္ရည္ေတြက အကၤ်ီရင္ဖက္တစ္ခုလုံးကိုေတာင္ စို႐ြဲေနခဲ့ေလသည္ ။

ေခ်ာက္

ခလုပ္ႏွိပ္သံေလးနဲ႕အတူ လင္းထိန္လာတဲ့မီးေၾကာင့္ သူအခုမွ အသက္ရႉေခ်ာင္သြားသလို

"မင္း ငါေျပာတဲ့စကားကို ဂ႐ုမစိုက္တာလား"

ထိုခဏခ်င္းမွာပဲ ေအးစက္ျပတ္သားစြာ ထြက္ေပၚလာတဲ့အသံေၾကာင့္ သူတုန္လႈပ္ေျခာက္ျခားစြာ ေခါင္းကိုတသြင္သြင္ခါရမ္းေနမိသည္ ။ ပါးစပ္ကမွထုတ္ျငင္းလို႔မရဘဲ ။

(ညီမတစ္ဝမ္းကြဲ Singapore ကလာလို႔ ခဏေလးသြားေတြ႕႐ုံေလးပါေမာင္ရယ္)

"ဘာလဲ ငါ့လက္ကလြတ္မယ္ထင္ေနလို႔လား"

...

"မင္းေသတဲ့အထိ ငါ့အနားမွာပဲေနရမွာ"

......

"ေအး ေသဆိုလည္းငါေသဆိုမွေသခြင့္ရွိတယ္"

.....

"နားလည္လား! ၾကားလား!"

သူ မနားတမ္းေခါင္းၿငိမ့္ကာေထာက္ခံျပေတာ့ ပါးစပ္ထဲမွအဝတ္စကို လာဆြဲထုတ္ေပးသည္ ။

"ေျဖစမ္း"

"အင္း..."

နာက်င္မႈနဲ႕ေမာဟိုက္ေနမႈေၾကာင့္ အသံကတိုးညွင္းလွစြာ

"က်ယ္က်ယ္ေျဖ"

"အင္း ငါ ငါ သိ ပါ တယ္"

ဒုန္း 

"အား..."

အခန္းထဲ မွန္ျပတင္းတံခါးကပိတ္ထားေပမယ့္ လိုက္ကာစေတြကေတာ့ မပိတ္ရေသးတာေၾကာင့္ အျပင္ကမိုးခ်ိန္းသံနဲ႕အတူလွ်ပ္စီးေတြကို သူျမင္ေနရၿပီး သူ႕ရင္ထဲကအေၾကာက္တရားေတြကလည္းထိန္းမရေတာ့

"မိုး မိုး ခ်ိန္းေနတယ္ ေမာင္ ငါ ေၾကာက္လို႔ပါ ၊ အ အဒီလိုက္ကာေတြကိုအရင္ပိတ္ေပးပါ ၊
လုပ္ လုပ္ပါ ငါ ငါေတာင္းပန္ပါတယ္ ငါ မင္းမႀကိဳက္တာမလုပ္ေတာ့ပါဘူး ေနာ္ ေမာင္
၊ ပိတ္ ပိတ္ေပးပါ"

မ်က္လုံးမွိုတ္ကာ သူအလန႔္တၾကားေတာင္းပန္ေနတာကို လက္ပိုက္ၿပီးရပ္ၾကည့္ေနေသာ ေမာင္က တစ္ခ်ိန္တုန္းက မိုးဖြားဖြားေလးက်ရင္ေတာင္ ကြၽန္ေတာ့္ကိုစိုးရိမ္တႀကီးေထြးေပြ႕ေပးခဲ့ဖူးပါတယ္ ။

"ေမာင္ ငါ ငါ ေၾကာက္တယ္"

ပိုမိုသည္းထန္လာေသာ မိုးေၾကာင့္ ကံတရားက သူ႕ဘက္မွာမရွိဘူးထင္ပါရဲ႕

"အင္း ပိတ္ေပးရမွာေပါ့"

ေျပာၿပီးတာနဲ႕ ျပတင္းေပါက္ဆီေလ်ာက္လွမ္းသြားေသာ ေမာင္ ၊

(အင္း ေမာင့္ရဲ႕ေက်ာျပင္ေလးကို အားကိုးတႀကီး ဖတ္ထားခ်င္လိုက္တာ ၊ ေမာင္ က သူ႕အေပၚကိုအဒီေလာက္ထိေတာ့မရက္စက္ပါဘူး)

"ဟင္ ! ေမာင္"

အေတြးေလးေတာင္မဆုံးလိုက္ သူေျပာသလို လိုက္ကာေတြကို ပိတ္ေပးေပမယ့္ ျပတင္းေပါက္ေတြကိုဖြင့္ခ်ပစ္လိုက္တာေၾကာင့္

"ေမာင္ ဘာလုပ္လိုက္တာလဲ "

"ရႉး အခန္းထဲပူေနလို႔ေလ ေလေကာင္းေလသန႔္ရေအာင္လို႔"

(ဘယ္ကသာ ေမာင္ရာ ညေနကထဲက ေမာင္ပဲ air con ကို အျမင့္ဆုံးထိဖြင့္ထားခဲ့တာေလ)

ထိုစကားကို သူစိတ္ထဲမွာသာေျပာမိပါသည္ ။

တကယ့္လက္ေတြမွာ သူခ်မ္းေနၿပီး အျပင္ကမိုးခ်ိန္းသံေတြကိုအေတာ္ပင္ေၾကာက္လန႔္ေနသည္ေလ ။

"ငါ့စကားနားမေထာင္ရင္ အရမ္းမုန္းတာပဲ"

(နားေထာင္ရင္လည္း မုန္းတာပဲမဟုတ္ဘူးလား ေမာင္ရယ္)

"ငါ မင္းကိုဘယ္လိုအျပစ္ေပးရမလဲ"

(ေမာင့္သေဘာအတိုင္းပါပဲ)

ေခါင္းငုံကာ မ်က္လုံးစုံမွိုတ္ထားေသာ သူ႕ကို ေမာင္က ေမးေစ့ကေန ဆြဲယူေမာ့ေစၿပီး ၊ နား နားကပ္ကာတိုးတိုးေလးေျပာသည္ ။

"ဒီည တစ္ညလုံးမိုးသည္းမယ္တဲ့"

"ဟင္"

အေပါက္ဝဆီကိုေလ်ာက္လွမ္းသြားေသာ ေမာင္က ကြၽန္ေတာ့္ကိုတစ္ခ်က္ၿပဳံးရယ္ျပကာ အခန္းကိုအေမွာင္ခ်သြားခဲ့သည္ ။

"ဟင့္အင္ ေမာင္ မလုပ္ပါနဲ႕ ငါေၾကာက္လို႔ပါ ၊ ေမာင္...ေမာင္!"

ဒိန္း.. 

မိုးခ်ိန္းသံေတြနဲ႕အတူ ျပင္းစြာတိုက္ခက္ေနေသာေလေၾကာင့္လႈပ္ရွားေနေသာလိုက္ကာေတြကို ျဖက္ကာ ဝင္လာေသာ လွ်ပ္စီးေရာင္ေတြ

"အား...ေမာင္"

သူအသံကုန္ေအာ္လိုက္မိသည္ ။

"..အိမ္...အိမ္မက္ အိမ္မက္ပဲ"

ညက 12နာရီေက်ာ္တဲ့အထိ ေမာင္ ျပန္မလာေသးလို႔ ဧည့္ခန္းထဲက စက္တီေပၚမွာ ပန္းခ်ီဆြဲရင္း ထိုင္ေစာင့္ေနတာ သူဘယ္အခ်ိန္အိပ္ေပ်ာ္သြားလဲ မသိ အိမ္မက္မက္ေနတာပဲ ။

03:38 AM

နံရံေပၚက နာရီကိုၾကည့္ရင္း သူသက္ျပင္းခ်လိဳက္သည္ ။

"အင္း ဒီေန႕လည္း ေမာင္ ျပန္မလာဘူး"

အခ်ိဳ႕လူေတြသိရင္ ရယ္ၾကမလားမလားမသိေပမယ့္ ခ်စ္ရတဲ့သူကမဂၤလာေဆာင္ၿပီးတဲ့ညမွာပဲ အေၾကာင္းျပခ်က္တစ္စုံတစ္ရာမရွိပါပဲႏွင့္ ေျပာင္းလဲသြားခဲ့တာ ။ ကြၽန္ေတာ္မသိခဲ့တဲ့အျခားတစ္ေယာက္ကဲ့သို႔ ။

ရယ္ရတယ္ေနာ္ ကြၽန္ေတာ့ကိုခ်စ္လွပါခ်ဥ္ရဲ႕ဆိုၿပီး ၄ ႏွစ္လုံးလုံးလိုက္တြယ္ကပ္ခဲ့တာ
ဟန္ေဆာင္လွည့္စားမႈတစ္ခုတဲ့ ။
ဘာလို႔လဲမသိဘူး ။
ဘာေၾကာင့္လဲမသိဘူး ။

တစ္ခ်ိန္က ၿပိဳင္ဘက္မရွိေအာင္ သိပ္ခ်စ္ျပခဲ့တဲ့သူက အခုေၾကာက္စရာေကာင္းေအာင္သိပ္မုန္းျပေနတယ္ ။ ကြၽန္ေတာ္သိပ္ျမတ္နိုးရတဲ့ သူ႕ဆီက "အခ်စ္" ဆိုတဲ့ ေခၚသံေလးလည္းေပ်ာက္ကြယ္သြားခဲ့တယ္ ။ အေၾကာင္းအရင္းကို ကြၽန္ေတာ္မသိခဲ့ေပမယ့္ ဒါဟာ ေမာင့္ အေပၚဆပ္ရမယ့္ ဝဋ္ေႂကြးတစ္ခုရွိလို႔ပဲလို႔ သတ္မွတ္ထားလိုက္တယ္ ။

ဝဋ္ဆိုတာကလည္း ေမာင္က ကြၽန္ေတာ့္အေပၚ တစ္ခုခုအထင္လြဲေနခဲ့တာပါ ၊ အဒီဝဋ္ေႂကြးကုန္ရင္ ကြၽန္ေတာ္တို႔အရင္ကလို ျပန္ခ်စ္ၾကမယ္ ၊
ေမာင္ဟန္ေဆာင္ခ်စ္ခဲ့တယ္လို႔ေျပာေပမယ့္ ၊ ကြၽန္ေတာ္က ေမာင့္ကိုတကယ္ခ်စ္ခဲ့တာေလ
အရမ္းခ်စ္တဲ့သူက ရႈံးတယ္တဲ့
အင္း ၊ ကြၽန္ေတာ္က ေမာင့္ကိုအသက္ထက္မကခ်စ္တာမလို႔ အရႈံးေပးမယ္ ။

ေနာက္က်ိေနေသာ ေခါင္းကိုလစ္လ်ဴရႉကာ အားတင္းထလိုက္ရင္း ျပန္အိပ္လို႔လည္းမရနိုင္တာေၾကာင့္ သူဆြဲလက္စပန္းခ်ီကိုသာအၿပီးသတ္ဆြဲေနလိုက္သည္ ။

8:30AM

ဆြဲထားတဲ့ ပန္းခ်ီကားေလးကို သူ႕ရဲ႕ပန္းခ်ီဆြဲခန္းထဲကို သြားထားၿပီး အခန္းျပန္ကာ ေရခ်ိဳးျပင္ဆင္ၿပီးေတာ့ ဖုန္းကနာရီကိုၾကည့္ကာ နံပါတ္တစ္ခုကိုႏွိပ္လိုက္သည္ ။

"Hello"

"ကိုမင္းထိုက္ ကြၽန္ေတာ္ပါ"

"အင္း မဟာ ေျပာ"

"ဟိုေလ ေမာင္ကခရီးသြားတာလား ျပန္မလာတာ ၃ရက္ရွိၿပီမလို႔"

"ဟုတ္တယ္ မဟာ ၊ ႏွိုင္း UK ကိုသြားတယ္ ၊  ၂ပတ္ေလာက္ေတာ့ၾကာမယ္ မဟာ ကိုေျပာမသြားျပန္ဘူးလား"

"သူအလုပ္မ်ားၿပီးေမ့သြားတာထင္ပါရဲ႕ ၊ ရတယ္ကိုမင္းထိုက္ အဒါဆို ဖုန္းခ်ခြင့္ျပဳပါဦး"

တစ္ဖက္ကို ဟန္ေဆာင္ေျပာကာသူဖုန္းခ်လိဳက္ၿပီးမွာေတာ့ အမွတ္မရွိ မ်က္ဝန္းအိမ္က မိုးစက္ေလးေတြေႂကြျပန္ၿပီ ။

၂ပတ္ ေတာ္ေသးတာေပါ့ ၂ပတ္ထဲမလို႔ ။

အရင္ကဆို ၂လေလာက္ထိေအာင္ ေမာင္ခရီးသြားတယ္ ၊ ကြၽန္ေတာ္ကေတာ့ထုံးစံအတိုင္း ကိုမင္းထိုက္ေျပာမွသာသိရတာ ၊ ကိုမင္းထိုက္နဲ႕ေမာင္ကငယ္သူငယ္ခ်င္း ၊ အခုလည္းအလုပ္အတူတူလုပ္ၾကတယ္ ။

ေမာင္ရဲ႕အလုပ္ေတြအားလုံးကို ကြၽန္ေတာ္ေသခ်ာမသိခဲ့တာၾကာၿပီ ၊ အဒီလိုပဲ ေမာင္ သြားတဲ့ခရီးေတြကိုလည္း ကြၽန္ေတာ္မသိ
ကြၽန္ေတာ္သိတာတာ တုႏွိုင္းေမာင္ ဆိုတဲ့
ကြၽန္ေတာ္သိပ္ခ်စ္ရတဲ့ ေမာင္ တစ္ေယာက္ပဲ
ရပါတယ္ အဒါဆို လုံေလာက္ပါၿပီ ။

ျပကၡဒိန္ေလးဆီကို အၾကည့္ေရာက္သြားေတာ့ ကြၽန္ေတာ့္ ေမြးေန႕လည္းျဖစ္သလို ၊ ကြၽန္ေတာ္တို႔ရဲ႕ ၃ ႏွစ္ျပည့္မဂၤလာႏွစ္ပတ္လည္ေန႕ျဖစ္တဲ့ February 14 ရက္ေန႕ကို အသဲႏွစ္ထပ္ stickerေလးကပ္ထားေလရဲ႕ ။

"၇ ရက္ပဲလိုေတာ့တာ ဒီႏွစ္ေတာ့ ေမာင္အလုပ္ေတြေစာေစာၿပီးလို႔ျပန္လာရရင္ေကာင္းမယ္"

အဒီေန႕က်ရင္ ငါမင္းကိုေမးၾကည့္ေတာ့မယ္ေမာင္ ၊ မင္းဘာလို႔ေျပာင္းလဲသြားလဲဆိုတာ
ငါကိုယ္တိုင္ေမးၾကည့္ေတာ့မယ္ ။
ဘယ္လိုအေၾကာင္းမ်ိဳးပဲျဖစ္ျဖစ္ငါလက္ခံမယ္ ၊ ရွင္းျပမယ္ ၊ အေျဖတစ္ခုေတာ့ရွိမွာပဲေလ ၿပီးေတာ့ ငါမင္းကိုလက္ေဆာင္တစ္ခုေပးစရာရွိတယ္ ၊ ငါတို႔ႏွစ္ေယာက္လုံးအတြက္ ေပ်ာ္စရာေကာင္းတဲ့လက္ေဆာင္ေလးျဖစ္မွာ ။

အေတြးေလးနဲ႕ေပ်ာ္ေနၿပီး ေမာင္မရွိတဲ့အခ်ိန္ေတြကို ေမာင့္ကိုလြမ္းေၾကာင္း ပန္းခ်ီကားေလးေတြဆြဲထားတယ္ ၊ ဒီလိုနဲ႕ပဲ ေမာင္မရွိတဲ့ အခ်ိန္ေတြကိုေက်ာ္ျဖတ္ရင္းေပါ့

**************************

February 14

ညဆိုအိပ္မေပ်ာ္တဲ့သူက မနက္ဆိုလည္းအၿမဲေစာေစာနိုးေနတာမလို႔ ပန္းခ်ီဆြဲရင္းသာအခ်ိန္ကို ကုန္ေစသည္ ။ ေန႕လည္စာလည္း ဘာမွစားခ်င္စိတ္မရွိတာေၾကာင့္ ေကာ္ဖီတစ္ခြက္သာ ထိုင္ေသာက္ေနလိုက္ၿပီး ဖုန္းမွာေပၚေနတဲ့ noti ေလးကိုၾကည့္ကာ ဝမ္းနည္းေနမိျပန္သည္ ။

(ေမာင္ ျပန္မလာဘူးထင္ပါရဲ႕ ဒါမွမဟုတ္ အလုပ္မ်ားၿပီးေမ့ေနတာထင္တယ္)

အရင္က ေကာ္ဖီဆိုခ်ိဳေနမွေသာက္တက္တဲ့ ကြၽန္ေတာ္က အခုဆို ဘယ္ေလာက္ပဲခါးခါး ေသာက္တက္ေနၿပီ ၊ ေမာင္သိရင္ ကိုယ့္ေရာဂါကိုယ္ရွာတာဆိုၿပီး အဆူခံရဦးမယ္ထင္တယ္

....ကြၽီ.....

အေတြးလြန္ေနတုန္း ၿခံတံခါးဖြင့္သံေၾကာင့္ သူေျပးထြက္သြားလိုက္သည္ ။

"ေမာင္?"

ဟုတ္တယ္ ေမာင္ပဲ ေမာင္ျပန္လာတယ္ ။

(ျပန္လာေပးလို႔ ေက်းဇူးတင္ပါတယ္ေမာင္ရယ္)

ေမာင္ ကားရပ္ၿပီးလို႔ အိမ္ထဲဝင္လာသည္အထိ သူအေပါက္ဝမွာရပ္ေနတုန္း ။ ဝမ္းသာအားရေျပးဖက္လိုက္ခ်င္ေပမယ့္ ေမာင္က သူ႕ခြင့္မျပဳဘဲသူ႕အသားကိုထိတာမႀကိဳက္ဘူးတဲ့ေလ ။

*မွတ္ခ်က္ အိမ္ေထာင္က်ၿပီးမွ အဒီလိုျဖစ္သြားတာ ။ မင္းတို႔နားလည္လား ၊ ငါေတာ့နားမလည္ခဲ့ဘူး ၊ တကယ္က ငါ ေမာင့္ကိုနားမလည္ခဲ့တာၾကာၿပီ*

ကြၽန္ေတာ့္ကိုမျမင္သလိုပဲ ေရွာင္ကာဝင္သြားေသာ ေမာင့္ေနာက္ကို ေျပးလိုက္ရင္း

"ေမာင္ ေရအရင္ခ်ိဳးမလား ေန႕လည္စာစားမလား ငါဘာလုပ္ေပးရမလဲ "

".........."

"ေမာင္ အလုပ္အဆင္ေျပတယ္မလား"

"........"

"ကိုမင္းထိုက္ကေျပာတယ္ ေမာင္ UK သြားတယ္ဆို"

ကြၽန္ေတာ္ကသာ ေျပာေနတာ ေမာင္ကအခန္းထဲေရာက္သည္အထိ စကားတစ္ခြန္းမွမဆိုတာေၾကာင့္ ေမာင္ အဝတ္စားလဲေနတာကိုပဲ ကူလုပ္ေပးလိုက္သည္ ။

"ညေန ျပင္ဆင္ထား သြားစရာရွိတယ္"

"ည ညေန"

(ေမာင္မေမ့ဘူးေပါ့ ၊ ေမာင္ ကြၽန္ေတာ့္ ေမြးေန႕ကိုမေမ့ဘူးေပါ့ ၊ ႏွစ္ပတ္လည္ေန႕ကို ေမာင္ သတိရတယ္ေပါ့)

ကြၽန္ေတာ္အေတြးေလးနဲ႕တင္ ေပ်ာ္႐ႊင္ေနခဲ့တယ္ ။ ေမာင္ ေျပာမယ့္ ေနာက္စကားကိုမၾကားခင္အထိေပါ့

"ဒီေန႕က ယုဝါ ရဲ႕ေမြးေန႕ေလ အဒါေၾကာင့္ အမွီျပန္လာတာ"

"ဘာ ဘယ္လို"

"ဘာကို ဘယ္လိုလဲ ငါေျပာတာမရွင္းတာပါလို႔လား"

"ယု ယုဝါ ေမြးေန႕"

"အင္း"

"ေမာင္! ဒီေန႕...ဒီေန႕ဘာေန႕လဲ ေမာင္မသိဘူးလား ၊ ငါ ငါတို႔"

"ဘာေန႕မလို႔လဲ"

"ေမာင္! မင္း...မင္းရက္စက္လြန္းတယ္
ငါဒီေန႕ မင္းကိုဘယ္ေလာက္ထိ ေမွ်ာ္ေနခဲ့လဲမင္းသိလား ၊ အရင္ႏွစ္ေတြက မင္းမအားလို႔ပဲလို႔ငါနားလည္ေပးထားတယ္ ၊ ထပ္ၿပီးဒီႏွစ္ေရာလား"

"ငါေျပာတာက ညေနမင္းျပင္ဆင္ထားလိုက္ ယုဝါက မင္းကိုပါဖိတ္ထားလို႔ေျပာေနတာ"

"ေမာင္ျပန္လာတာ အဒီယုဝါဆိုတဲ့ မိန္းကေလးရဲ႕ေမြးေန႕ပြဲတစ္ခုထဲေၾကာင့္လား"

(မဟုတ္ဘူး မဟုတ္ဘူးလို႔ေျဖပါေမာင္ ငါေတာင္းပန္ပါတယ္ ငါတကယ္ခံစားနိုင္မယ္မထင္ဘူး)

"ဟုတ္တယ္ေလ"

"ေမာင္! ! !"

"မဟာျမတ္သူ! မင္းအခုငါ့ကိုလာေအာ္ျပေနတာလား"

"ေမာင္ ငါ မင္းကိုဘယ္ေလာက္ထိအရႈံးေပးေနရဦးမွာလဲ မင္းသေဘာ မင္းစိတ္ႀကိဳက္ အားလုံးအနိုင္ေပးတာမလုံေလာက္ေသးဘူးလား ၊ ဒီေန႕...ဒီေန႕ ငါ့ေမြးေန႕ အထူးသျဖင့္ငါတို႔ႏွစ္ေယာက္မဂၤလာႏွစ္လည္ေန႕ ဒါေပမယ့္ UK ကေနေတာင္ျပန္လာခဲ့တာ အျခားတစ္ေယာက္အတြက္တဲ့လား"

"မင္းေမြးေန႕! ငါတို႔ႏွစ္ပတ္လည္ေန႕!"

"ဘာလဲ မမွတ္မိဘူး မသိဘူး မအားဘူးလို႔ေျပာအုံးမွာပဲမလား"

"အဒါအေရးႀကီးလို႔လား"

"ဘာ မင္းဘာေျပာတာ"

"အဒါအေရးႀကီးလို႔လားလို႔ "

"ေမာင္! "

"ငါ့ကိုမေအာ္နဲ႕ မင္းကဘာမလို႔လဲ မင္းကဘာမလို႔လာေအာ္ျပေနတာလဲ"

(ဟုတ္တယ္ ေမာင့္ကိုေအာ္ေျပာပိုင္ခြင့္မွမရွိတာ ကြၽန္ေတာ္ေမ့သြားတယ္)

"မင္း လြန္တယ္ေမာင္ မင္း အေလးမထားရင္ေတာင္မွ ငါ့အတြက္ေမ့မရတဲ့ေန႕ရက္ေလ ငါ့အတြက္အေရးႀကီးတယ္"

"အဒါမင္းဘက္ကေလ ငါ့အတြက္ ငါသိတာက ဒီေန႕ ယုဝါ ေမြးေန႕"

"ေမာင္ ေတာ္ေတာ့ ငါမွားတာ မင္းကိုေမွ်ာ္ေနခဲ့တဲ့ငါမွားတာ ၊ သြား မင္းဘာသူသြား ၊ မင္းျပန္လာတာ အဒီမိန္းကေလးေမြးေန႕အတြက္ပဲမလား သြား မင္းတစ္ေယာက္ထဲသြား"

"မဟာျမတ္သူ! ! !"

က်ယ္ေလွာင္လွတဲ့ ေမာင့္ရဲ႕ေအာ္သံေၾကာင့္ သူကိုယ္ေလးတုန္သြားကာ မ်က္ရည္မ်ားပင္ဝဲလာရသည္ ။

"ေအး မလိုက္နဲ႕ ငါကလည္း ယုဝါ ေခၚခိုင္းလို႔ေျပာတာ မင္းကိုေခၚခ်င္လြန္းလို႔မဟုတ္ဘူး"

(အဒါဆိုအစကထဲက မေခၚပါနဲ႕လား ေမာင္ရယ္ မဟုတ္ဘူး အိမ္ကိုျပန္မလာပါနဲ႕လား
မင္းတကူးတက ျပန္လာခဲ့တဲ့ အဒီမိန္းကေလးဆီကိုပဲ သြားပါ့လားကြာ ဒါမွမဟုတ္ ငါ့ကိုစိတ္ဒဏ္ရာေပးဖို႔အတြက္တမင္လာခဲ့တာလား)

"ေမာင္"

"ထြက္သြား ငါနားမလို႔"

"ေမာင္..."

"ငါေျပာေနတာမၾကားဘူးလား"

"အင္း"

သူလည္းဆက္မေျပာခ်င္ေတာ့တာမလို႔ လွည့္ထြက္ခဲ့လိုက္သည္

(ငါ အရႈံေပးပါတယ္ ေမာင္)

တံခါးနားေရာက္ေတာ့ ကုတင္ေပၚမွာ ဖုန္းၾကည့္ၿပီးထိုင္ေနတဲ့ ေမာင္ကိုလွမ္းၾကည့္ကာ

"ေမာင္...မင္းသိလား အေနးေဝးလို႔ ေသြးေအးသြားတယ္ပဲငါၾကားဖူးခဲ့တာမလို႔ ငါတို႔အေနနီးရက္ရဲ႕ေသြးေအးသြားလိမ့္မယ္လို႔မထင္ခဲ့မိဘူး"

"ဘဝဆိုတာ မထင္မွတ္တာေတြပဲ ျဖစ္တက္တာမဟုတ္လား"

"နားလိုက္ပါဦး ေမာင္"

အခန္းတံခါးကိုအသာပိတ္ေပးၿပီး အျပင္ေရာက္မွ ကြၽန္ေတာ့္မ်က္ရည္ေတြကိုလြတ္လပ္စြာက်ဆင္းေစလိုက္သည္ ။

ယုဝါ ဆိုတာ ေမာင့္သူငယ္ခ်င္းလုပ္ကိုင္ေဖာ္ဖက္လို႔ ကိုမင္းထိုက္ ေျပာတာၾကားဖူးတယ္
ဒါမွမဟုတ္ အဒီထက္ပိုမလား ဟင့္အင္ကြၽန္ေတာ္မသိဘူး။

သိလိုက္ရတာက အဒီမိန္းကေလး သိပ္ကံေကာင္းတယ္ဆိုတာပဲ ။

1 year Anniversary
ေမာင္ ဗီယက္နမ္ကိုအလုပ္ကိစၥ သြားတယ္
ကြၽန္ေတာ္ ညထိေစာင့္ၿပီးမွ ဖုန္းဆက္လိုက္ေပမယ့္
ေမာင္ေျပာတာ ေမ့ေနတယ္တဲ့

2 year Anniversary
ေမာင္ တ႐ုတ္ကိုအလုပ္ကိစၥဆိုၿပီး သြားတယ္ ကြၽန္ေတာ္ ေနာက္တစ္ရက္မွ ဖုန္းဆက္ေမးခဲ့ေပမယ့္ ေမာင္ျပန္ေျဖတာ အလုပ္မအားဘူးတဲ့

3 year Anniversary
ေမာင္ UK ကိုခရီးလြန္ေနတာေၾကာင့္ ကြၽန္ေတာ္ ဖုန္းမဆက္ခဲ့ဘူး ၊ ဒါေပမယ့္ ေမာင္ျပန္လာခဲ့ပါတယ္ အျခားမိန္းကေလးတစ္ေယာက္အတြက္
မင္းေပးတဲ့အမွတ္တရေတြက သိပ္လွတာပဲ ေမာင္ ဘဝဆိုတာမထင္မွတ္တာေတြပဲျဖစ္တက္တာဆိုတာငါလက္ခံတယ္ ဒီလိုေတြျဖစ္လာမယ္လို႔ ငါတကယ္မထင္ခဲ့ဘူးေလ

ထိုအခ်ိန္ကထဲက ကြၽန္ေတာ္ပန္းခ်ီဆြဲခန္းထဲမွာဝင္ေနခဲ့တာ ညေန ေမာင္ ယုဝါဆိုတဲ့မိန္းကေလးေမြးေန႕ပြဲကိုသြားသည္အထိ သူထြက္မၾကည့္ခဲ့သလို ေမာင္ကလည္း ကြၽန္ေတာ့္ဆီကိုေရာက္မလာခဲ့ပါဘူး ။ ေမာင္ကဘယ္တုန္းကမွ ေရာက္မလာခဲ့တာ  ။ အခုလည္း ေမာင္ထြက္သြားတဲ့ကားသံၾကားလိုက္႐ုံေလးပါ ။

ေမာင္ထြက္သြားတာေသခ်ာမွ ကြၽန္ေတာ္လက္ထဲမွာတင္းက်ပ္စြာ ဆုပ္ကိုင္ထားမိတဲ့ ေဆးစာ႐ြက္ေလးကိုၾကည့္ရင္း လြတ္လပ္စြာေအာ္ငိုပစ္လိုက္သည္ ။

ငါတို႔ႏွစ္ေယာက္ၾကားမွာ ဘယ္အရာကမွားယြင္းေစခဲ့တာလဲ?

ေမာင္ဘက္ကစိတ္တိုင္းက် သတ္မွတ္ထားတဲ့ ကြၽန္ေတာ္တို႔ရဲ႕ခ်စ္သူသက္တမ္း ၄ ႏွစ္ျပည့္တုန္းက ေမာင္နဲ႕အတူ မိဘမဲ့ကေလးေက်ာင္းကိုသြားၿပီး အလႉလုပ္ၾကခဲ့တယ္ ။ အဒီတုန္းက ေမာင္က ကေလးေတြကိုၾကည့္ၿပီးၿပဳံးေပ်ာ္ေနတာျမင္ေတာ့ မျဖစ္နိုင္မွန္းသိေပမယ့္ ေမာင္နဲ႕လက္ထပ္ၿပီးရင္ ေမာင့္အတြက္ မိသားစုေလးကို ကိုယ္တိုင္ဖန္တီးေပးခ်င္ခဲ့တာ ၊
လက္ထပ္ၿပီးေတာ့ ကြၽန္ေတာ္စုံစမ္းခဲ့တယ္စစ္ေဆးခဲ့တယ္ ။ မထင္မွတ္ဘဲ ေျပာင္းလဲသြားတဲ့ေမာင့္ေၾကာင့္ ေရွ႕ဆက္မတိုးခဲ့ရေပမယ့္ ကြၽန္ေတာ့္အကို Dr.ထြန္းေအာင္ ရွိတာမလို႔ အဆင္ေျပခဲ့တယ္ ။

အခု ကြၽန္ေတာ္ေအာင္ျမင္ခဲ့တယ္ ။
ေမာင္သာဆႏၵရွိရင္ ေမာင့္အတြက္ မိသားစုေလးကို ကြၽန္ေတာ္ကိုယ္တိုင္ဖန္တီးေပးနိုင္ၿပီတဲ့ ။ ဒါေပမယ့္ ကြၽန္ေတာ္ေပးမယ့္လက္ေဆာင္ကို ေမာင္မလိုခ်င္ဘူးထင္ပါရဲ႕ ။

###################
®®®®®®®®®®®®®®®

ဆက္ရန္

Continue Reading

You'll Also Like

328K 32.4K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
411K 9.9K 85
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
313K 7.6K 76
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
229K 34.8K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest