"Prem မပြေးနဲ့ .....အကို မင်းနောက်ကိုလိုက်မမှီဘူး"
ကျွန်တော်အရမ်းမောဟိုက်နေပါပြီ။ Prem နောက်ကိုကျွန်တော်ဘယ်လိုပြေးလိုက်ပြေးလိုက် သူကတော့ပျော်ရွှင်မြူးထူးစွာနဲ့ဘဲ အဝေးကိုထွက်ပြေးသွားတယ်။
"မထားခဲ့ပါနဲ့ အကို့ကိုစောင့်ဦးလေ"
ကျွန်တော်မျက်ရည်များကျလာကာ အရမ်းလည်း၀မ်းနည်းနေမိတယ်။ဘာလို့ထားသွားတာလဲ ကျွန်တော်နားမလည်။မျက်ရည်များကတော တာရိုးကျိုးသလိုတားမရဆီးမရပါးပြင်ပေါ်သို့တလိမ့်လိမ့်စီးကျလာပါသည်။ရုတ်တရက်
"အကို Boun အကို Boun "
ဟူသော Prem ရဲ့ခေါ်သံ ချိုမြမြလေးမှာကျွန်တော့်နားထဲသို့ရောက်လာခဲ့သည်။
"အကို ထတော့ ထတော့ " ဟုဆိုပြီး လက်မောင်းကိုကိုင်လှုပ်နေသော ကောင်လေးကြောင့် ကျွန်တော်အိပ်ရာမှနိုးလာခဲ့ပါသည်။
"ဟင် အကိုငိုနေတာလား"
Prem က ကျွန်တော့်ပါးပေါ်ကမျက်ရည်များကိုသုတ်ပေးကာ
"အကိုဘာလို့ငိုနေတာလဲ ဟင် "
ကျွန်တော့်အား ဂရုနာသက်ပြီးကြည့်နေသောကောင်လေးက မျက်လုံးလေးအဝိုင်းသားနှင့်သူ့လက်ေချာင်းေလးများဖြင့်ကျွန်တော့်ပါးပြင်အားနူးနူးညံ့ညံ့လေးပွတ်သတ်ပေနေပါသည်။
"အကို စိတ်ပူတယ် Prem "
"ဘာဖြစ်လို့လည်း အကို Prem ကိုပြောပြလေ"
"အိပ်မက်ထဲမှာ အကိုချစ်ရတဲ့သူတစ်ယောက်က အကို့ကိုထားသွားတယ် Prem "
ကျွန်တော့်စကားအဆုံးမှာ Prem က ကျွန်တော့်ခေါင်းလေးကိုပွတ်သတ်ကာ
"မထွက်သွားပါဘူး နော် .....စိတ်ထဲမထားနဲ့ အကို
အိပ်မက်ဆိုတာပြောင်းပြန်ယူရတယ်တဲ့"
သူ့ရဲ့နှိမ့်သိမ့်စကားလေးကြောင့်
"အင်း ဟုတ်ပါတယ်လေ အကိုစိတ်ထဲကထစ်နေလို့"
"အင်း ပြောင်းပြန်ဆိုတော့ အကိုချစ်ရတဲ့သူကတစ်သက်လုံး အကို့နားမှာရှိနေမှာပေါ့"
Prem က ကျွန်တော့်မျက်နှာကိုစိုက်ကြည့်ကာပြုံးပြနေပြန်သည်။ကျွန်တော့်ကိုစိတ်ချမ်းသာအောင်ပြောပေးနေသော ဒီပေါက်စီလေးကတော့ ဖောင်းနေတဲ့ပါးနှစ်ဖက်ကိုဆွဲဖြဲမိပါတော့မယ်။
ဟူး ကျွန်တော့်စိတ်တွေကိုထိန်းချုပ်ကာ
"အင်း တစ်သက်လုံးအနားမှာရှိနေရင်တော့ ကောင်းတာပေါ့"
ကျွန်တော်ပြောလိုက်ပြီး သူ့ဆံပင်လေးကို ဖွ လိုက်တော့
"ကျောင်းသွားမယ်" Prem စကားကြောင့်
"ဟင် "
"ကျောင်းသွားမယ်ဆို"
"ဒီနေ့ကျောင်းဖွင့်ပြီလား "
"အင်း ကျောင်းသွားပါမယ်ဆို"
.….............….........................…...........................
ကျွန်တော် အကို Boun ရဲ့ကားနဲ့ဘဲလိုက်လာခဲ့တယ်။
အကိုကပြောတယ်ကျောင်းဆင်းရင်လည်းသူဘဲလာခေါ်ပါ့မယ်တဲ့။
အကိုနဲ့အခန်းဖော်ဖြစ်ရတာကျွန်တော်အတော်လေးကိုအကျိုးရှိပါတယ်ဗျ။စာသင်ခန်းထဲထိအကိုကလိုက်ပို့ပေးတယ်။ကျွန်တော့်ကိုစိတ်မချလို့ထင်ပါရဲ့။
အခုလည်းအတန်းထဲကထွက်သွားရောကျွန်တော်တစ်ယောက်တည်း ပျင်းပျင်း နဲ့ဘဲ ph လေးထုတ် earph လေးနဲ့ သီချင်းနားထောင်နေမိတယ်။
ပထမဆုံးကျောင်းတက်တဲ့နေ့ဆိုတော့စာကလည်းမသင်။အိပ်တောင်အိပ်ချင်လာပြီဗျာ။ကျွန်တော်အိပ်မလို့စဉ်းစားနေတုန်း
"ဒီနေရာမှာလူရှိလား "
တစ်စုံတစ်ယောက်ရဲ့အမေးစကားကြောင့်
"ဗျာ မရှိပါဘူး "
"ဒါဆို ထိုင်မယ်နော်" ပြောကာကျွန်တော့်ဘေး၌၀င်ထိုင်လိုက်သည်။သူကဘဲစပြီး
"နာမည်ဘယ်လိုခေါ်လဲ"
"Prem လို့ခေါ်လို့ရပါတယ်"
"အင်း ငါက fluke"
မိတ်ဆက်ရင်းနဲ့ဘဲသူနဲ့ကျွန်တော်သူငယ်ချင်းဖြစ်သွားတယ်။fluke ကကျွန်တော့်ရဲ့ပထမဆုံး uni က သူငယ်ချင်းပါ။
"Prem မင်းသိလား ကျောင်းမှာလေ အသင်းတွေ၀င်လို့ရတယ် မင်းဘယ်အသင်းရွေးထားလဲ"
Fluke ပြောမှသတိထားမိသည် ကျွန်တော် ဘာမှမရွေးရသေး။
"မင်း ရော ဘယ်အသင်း၀င်မှာလဲ " ကျွန်တော်မေးလိုက်ရာ ပိန်ပိန်သေးသေးလေးနှင့်ချစ်ရာကောင်းသောကျွန်တော့်သူငယ်ချင်း fluke က
"အိမ်တွင်းမှု " ဟု ပြုံးစိစိနှင်ပြန်ဖြေသည်။
"မင်းက ဟင်းချက်တာတို့မုန့်လုပ်တာတို့ဝါသနာပါတာလား "
"အင်း ငါချက်ပြီး ငါစားရတာကိုကြိုက်တယ်
အားနေရင် ချက်စားလို့ရအောင် "
ဟု ရယ်ကာပြန်ဖြေလေသည်။
ကျွန်တော်တို့နှစ်ယောက်စကားပြောနေတုန်း
Ig မှစာ၀င်လာသည်။အကို boun ဆီက 😎
"Prem မင်းအသင်းမရွေးသေးဘူးဆိုရင်
Basketball အသင်းထဲ၀င်ပါနော်
အကိုစားရင်းပေးပြီးသွားပြီမင်းအတွက်"
အကို့စာကိုမြင်တော့
"ဟင် "
ကျွန်တော့် အာမေဍိတ် ကြောင့် fluke မှ
"ဘာဖြစ်လို့လဲ prem "
"ငါ့အကိုက basketball အသင်း၀င်ဖို့စားရင်းပေးပြီးပြီတဲ့ ငါမဆော့တတ်ဘူး"
"မဆော့တတ်လဲ ဘာဖြစ်လဲ သူတို့သင်ပေးတယ်လေ"
"ဟင် ဟုတ်လား "
"အင်း မသင်ဘဲ ဘယ်သူကတက်မှာလည်းကွ"
Fluke စကားကြောင့်
"အင်း ကျေးဇူးဘဲ" ဟု အကို့အားစာပြန်လိုက်သည်။
...........…..….......................................................
"ဟူး " သက်ပျင်းချနေသော ကောင်ငယ်လေး
နှစ်ခုဆက်ထားသောကုတင်ပေါ်မှာလှဲရင်း
"အကို ကျွန်တော် တစ်ခါမှ basketball မဆော့ဖူးဘူးဗျ"
သူ့ဆီကစိတ်ပူေနေသာေလသံဖြင့်စကားသံလေးထွက်လာသည်။
"ငါ သင်ပေးမှာပေါ့
Basketball အသင်း ဥက္ကဋ္ဌ က ငါလေ"
ကျွန်တော်မျက်ခုံးတစ်ချက်ပင့်ရင်းသူ့ကိုလှမ်းကြည့်ကာ ဖြေလိုက်သဖြင့် မျက်စောင်း နဲ့လှမ်းထိုးတာခံလိုက်ရသည်။
"မသိတော့ဘူး ဗျာ အိပ်တော့မယ်
ကျွန်တော်အရမ်းပင်ပန်းနေပြီ"
စကားလည်းဆုံးရော ကောင်ငယ်လေး မှာ ဖက်လုံးကြီးကိုခွကာ အိပ်နေတော့သည်။
"၈နာရီ ခွဲဘဲရှိသေးတယ် အိပ်တော့မှာလား "
ကျွန်တော့် အမေးတောင်မဖြေနိုင်ဘဲ အိပ်နေရှာသော
၀က်ပေါက်လေးတင်ကောင်ပါ။ခေါင်းအုံးကိုဖိကပ်ကာအိပ်နေသော အကောင်ပေါက်လေးရဲ့ ပါးတစ်စုံမှာ ပေါက်ဆီအလား။
မနက်ကသူ့ကျောင်းသားကဒ်ထဲကနေသူ့မွေးနေ့ကိုချောင်းကြည့်ထားမိသည်။12လပိုင်းမှ 18ပြည့်မည့်ဒီကောင်လေး။ အသက်မပြည့်ဘဲကျောင်းတက်တာလား။ဟာဗျာ ကျွန်တော်သူ့အကြောင်းတွေဘဲစိတ်၀င်စားတေမိတယ်။
ဖုန်းကိုကိုင်ကာ internet ဖွင့်တော့ လီလီ ဆီမှစာအများကြီး၀င်နေသည်။ဟူး စိတ်ညစ်တယ် ကိုယ်လုပ်ထားတာတွေ ကိုယ်ဘဲပြန်ရှင်းရတာပေါ့ ပင်ပန်းလိုက်တာ။
Ch7 : end 🖤