ကျွန်တော်နဲ့ Prem ည ၇နာရီလောက် ထမင်းစားဖို့ထွက်လာကြခြင်းဖြစ်သည်။သူကတော့ဂျင်းဘောင်းဘီဒူးလောက်လေးကိုတီရှပ်အဖြူလေးနဲ့တွဲ၀တ်ထားသည်။
တရုတ်ကဗျားဒီကောင်လေးပါးဖောင်းဖောင်အသားဖြူဖြူနှင့်အတော်ပင်ချစ်ဖို့ကောင်သည်။ကလေးတစ်ယောက်လိုဘဲ။
အင်းကလေးနဲ့တူမှာပေါ့ ဒီကောက်လေးကအသက်၁၇လောက်ဘဲရှိသေးတာကို။စကားနည်းတဲ့ဒီကောင်လေးကျွန်တော့်ဘေး၌လမ်းလျှောက်ရင်းသူစားချင်သမျှသောအရာရာတိုင်းကိုလက်ချိုးရေကာပီတိတွေဖြစ်နေသည်။
"အကို"
ဒီကောင်လေးရဲ့ခေါ်သံကြောင့်အတွေးများကွယ်ပျောက်
"အွန်း" ဟု ကျွန်တော်ပြန်ထူးကာ
"ကျွန်တော် ဟော့ပေါ့စားချင်တယ်
ပီးရင်ထောပတ်သီးပျော်ရည်သောမယ်
ပီးရင်သရက်သီးရေခဲမုန့်စားမယ်
ပီးရင် "
Prem ဆက်ပြောရန်လက်များဆက်ချိုးနေသည်။
"တော်ပါတော့ ဒီလောက်ဘဲစား ဗိုက်တွေလည်းကွဲထွက်နေပါဦးမယ် "
ကွန်တော့်စကားကြောင့်ဒီကောင်လေးမျက်မှောင်ကျုံ့ပြီးနှုတ်ခမ်းစူကာကျွန်တော့်ကိုလာကြည့်နေသည်။မကျေနပ်တဲ့ပုံစံနဲ့ပေါ့ဗျာ။ကျွန်တော့်စိတ်တွေဘယ်လိုဖြစ်လာမှန်းမသိ ဒီကောင်လေးကိုအတော်အသဲတွေယားနေမိတယ်။
"အား....နာတယ်ဗျ"
ကျွန်တော်မနေနိုင်လို့သူ့ပါးကိုဆွဲမိသဖြင့်အားခနဲထအော်လိုက်တဲ့ကောင်လေး🤣
"လာပါ သွားကြရအောင်"
ကျွန်တော်သူ့ပခုံးကိုဖက်လိုက်ကာအဆောင်နဲ့နီးတဲ့ဟော့ပေါ့ဆိုင်ကိုခေါ်လာလိုက်သည်။
"ဒီည မင်းနဲ့ငါပထမဆုံးစသိတာဆိုတော့ မင်းဟော့ပေါ့ကြိုက်သလောက်စား အကုန်ငါရှင်းမယ်"
ကျွန်တော့စကားကြောင့်
"တကယ်နော် ကျွန်တော်စားပစ်မှာနော်"
ဟုဆိုပြီးကျွန်တော့်ကိုလက်ညှိုးလာထိုးနေတယ်။
"ဒီကောင်လေး ဘယ်လိုလေးလဲဗျာ"
စိတ်ထဲရေရွတ်လိုက်မိသည်။
ကျွန်တော့်ရှေ့ကနေဆိုင်ထဲပြေး၀င်သွားပြီးသူထိုင်ချင်တဲ့နေရာရွေးထိုင်လိုက်သည်။
"လာလေ....အသားတွေအရွက်တွေသွားရွေးရအောင်"
ဟုဆိုပြီးကျွန်တော်လက်မောင်းကိုလာဆွဲသည်။
ကျွန်တော်သူ့ခေါင်းကိုတစ်ချက်ပုတ်လိုက်တော့လျှာထုတ်ကာလာရယ်ပြနေတယ်။
"ဒါစားမယ် ..ဒါလည်းစားမယ်....ဒါလေးရောဘဲ.....အွန့် ဒါလည်းစားချင်တယ်"
သူယူထားတာကြည့်လိုက်တော့ အရွက်တွေအများကြီးတွေ့သမျှအရွက်တွေအကုန်ယူထားသလားမှတ်ရတယ် ကျွန်တော်သူရွေးနေတာကိုပြုံးစိစိနဲ့ကြည့်နေမိတော့
"အကို... ကူသယ်ပေးဦးလေ....."
ဟုဆိုကာကျွန်တော့လက်ထဲဗန်းကြီးလာထိုးထည့်တယ်။သူရွေးထားသမျှအကုန်ကျွန်တော်သယ်ပေးလိုက်တယ်။သူလည်းဗန်းကြီးသယ်လာပြီးထိုင်မယ့်စားပွဲပေါ်တွင်ထင်လိုက်သည်။
"ဟူး......လိုမှဘဲထပ်သွားသယ်တော့မယ်"
"မင်းစားနိုင်ရဲ့လား အဲတာအကုန်လုံး"
"ဟို....ဒီအကိုအထင်သေးတာဘဲ"
"အေးပါ ကုန်ရင်ပြီးတာဘဲ"
ဟုကျွန်တော်ပြောရင်း သူရွေးထားသမျှကြည့်လိုက်တော့အသားတစ်ပန်းကန်မှမပါ။
"ဘာအသားမှမင်းမရွေးခဲ့ဘူးလား"
"ကျွန်တော်အသားမစားဘူး အရွက်ဘဲစားတာ"
"ဘာလဲ လဲရှောင်တာလား"
"မဟုတ်ဘူးဗျ ငယ်ငယ်ကတည်းကဘာအသားမှမစားတာအခုထိဘဲ"
"မင်း အိမ်ကရော မစားဘူးလား"
"ကျွန်တော်တစ်ယောက်တည်းမစားတာ"
ဒီကောင်လေးတော်တော်ထူးဆန်းတာဘဲ အရွက်ချည်းဘဲစားတာတောင်ပါးကြီးကအဲလောက်ဖောင်းနေတယ်။
"မင်းအရွက်ဘဲသီးသန့်စားတာတောင်မင်းပါးကဖောင်းနေတယ် အသားလည်းမစားဘဲနဲ့"
ကျွန်တော့်စကားကြောင့် ဒီကောင်လေးကစားပွဲပေါ်တွင်မေးလေးထောက်ကာ
"ပုစွန်ရယ် ဂဏာန်းရယ် ကင်းမွန်ရယ် ပြည်ကြီးငါးရယ် ရေဘဝဲရယ် အဲတာစားတယ်"
သူလက်ချိုးရေပြီးကျွန်တော့်ကိုပြောပြနေသဖြင့်
"မင်းက လူလယ်ဘဲ ပင်လယ်စာဘဲစားတာ"
ကျွန်တော့်စကားကိုကျေနပ်တဲ့အပြုံနဲ့ပြန်ချေပပြီး
လာချပေးတဲ့ဟော့ပေါ့အရည်ကိုလက်ခုပ်တီးကာ
"ဟေးးးး"
လို့အော်နေတာများကလေးကျနေတာဘဲ။
စားရင်းသောက်ရင်းနဲ့သူ့ဆီကစကားစလာသည်။
"အကိုသိလား ကျွန်တော် ဒီလိုအပြင်မှာ ဘယ်သူနဲ့မှမစားဖူးဘူး...စားရင်လည်းကျွန်တော်တစ်ယောက်တည်းဘဲသွားစားဖြစ်တယ်"
သူပြောရင်း အစားကတော့မပျက် အကြည့်ကတော့သူ့ပန်းကန်ဆီမှာ
"မင်း မိသားစုနဲ့ ရော" ကျွန်တော်မေးလိုက်တော့ကျွန်တော့်ကိုမော့ကြည့်ကာ အသက်မပါဘဲပြုံးပြလိုက်တယ်။
"မားနဲ့ပါးက ကျွန်တော့နားမှာအမြဲမရှိဘူးဗျ...
သူတို့အတွက်စီးပွားရေးဘဲအရေကြီးတယ်"
"မင်းအတွက်အလုပ်လုပ်ကြတာလေ"
"တော်ပြီလေ ဒီလောက်လုပ်ရင် ပါးနဲ့မားအမသေခင်ကျွန်တော်အရင်သေသွားရင်ရော"
"မင်းကလဲ "
"တော်ပြီ ကျွန်တော်စားတော့မယ်"
...............................
ဒီည စားသောက်ပြီး ပြန်ရောက်လာတော့ ကျွန်တော် ဗိုက်တွေအရမ်းပြည့်နေပြီ ကျွန်တော့တစ်ကိုယ်လုံးကို ကုတင်ပေါ်ပစ်လှဲလိုက်ပြီး
"မင်း ဗိုက်ဆာနေသေးလား" ကျွန်တော်တမင်တကာမေးလိုက်ရာ
"အွန်း....ကျွန်တော်အာလူးကြော်မှ၀ယ်မလာရတာခဏနေဗိုက်ပြန်ဆာတော့မယ်"
"၀က်ပုတ်" ဟုကျွန်တော်ခေါ်လိုက်ရာ ဒီကောင်လေး ကျွန်တော့်ကို နှာခေါင်းရှုံ့ပြီးကျွန်တော့်ကိုမျက်စောင်းလာထိုးပြန်သည်။
"အိပ်တော့မယ် နိုးနေရင် ဗိုက်ဆာနေဦးမယ်"
ဟုဆိုကာ Prem တစ်ယောက်အိပ်ရာ၀င်သွားသည်။
"အကို အဲကွန်းCool level လျှော့ပေးဦးနော်
ကျွန်တော် အအေးဓာတ်မခံနိုင်လို့"
သူ့စကားကြောင့် "အင်း"ဟုပြန်ဖြေလိုက်ပြီးအအေးလျှော့ပေးလိုက်တယ်။
"Goodnight ပါ အကိုBoun ဒီည အတွက်ကျေးဇူးတင်ပါတယ်"
ဒီကောင်လေးကျေးဇူးတင်စကားဆိုလာသဖြင့်ကျွန်တော်ပြုံးမိသည်။Prem အားရပါးရစားနေသောက်နေရင် ကျွန်တော်တော်တော်လေးသဘောကျမိသည်။ ဘာကြောင့်မှန်းမသိ အကြောင်းပြချက်လည်းမရှိ။
ကျွန်တော်ဖုန်းလေးထုတ်ကာ Internet ဖွင့်ပြီးကုတင်ပေါ်၌လှဲလိုက်သည်။
Line မှ စာအများကြီး၀င်နေသည်။ကျွန်တော့်ကောင်မလေးဆီကဖြစ်သည်။သူနဲ့ကျွန်တော်တွဲနေသည်မှာတစ်နှစ်ပြည့်တော့မည်။
....…....…................................................
သူမနာမည်က LiLi စီးပွားရေးမေဂျာ တတိယနှစ်
အေးအေးဆေးဆေးနေတတ်ပြီး သူမကအရမ်းရင့်ကျက်တယ်။ကျွန်တော့်ထက်အများကြီးရင့်ကျက်တယ်။
တခုခုဆိုနားလည်မှုလည်းအများကြီးပေးနိုင်တယ်။ကျွန်တော်သူ့ကြောင့်တစ်ခါမှစိတ်ဆင်းမရဲဖူးဘူး။ကလေးဆန်ပြီးတခါမှကျွန်တော့ကိုမချွဲမကပ်။
အခုလည်းတနေကုန်သူ့ဆီစာမပို့လို့ကျွန်တော်နေမကောင်းဘူးထင်ပြီးဂရုစိုက်ဖို့ကျွန်တော့်ကိုစာတွေအများကြီးပို့ထားသည်။