တညလုံးဂိမ်းဆော့ကာပြာယာခပ်ခဲ့သဖြင့်မနက်ဆိုတော်ရုံနှင့်သူမထနိုင်။
သို့ပေမယ့်လည်းမနားတမ်းခေါက်နေသည့်အခန်းတံခါးခေါက်သံကြောင့်မြည်တွန်တောက်တီးသံတို့ပလုန်စီနေအောင်ရေရွတ်ရင်းတံခါးကိုအပြေးသွားဖွင့်ပေးရပြန်သည်။
အိပ်ချင်မူးတူးနှင့်တံခါးကိုဆွဲဖွင့်လိုက်စဉ်
"မနက်ဖြန်မင်းအခန်းဖော်ရောက်လာလိမ့်မယ်။အခန်းထဲရှင်းစရာရှိတာလေးတွေကြိုရှင်းထားလိုက်နော်။မနက်ပိုင်းလောက်လာလိမ့်မယ်ထင်တယ်"
ဟူသောအဆောင်မှူးရဲ့စကားကြောင့် Boun သက်ပြင်းချမိသည်။အခန်းရှင်ရသည့်အလုပ်သည်သူ့အတွက်အခက်ခဲဆုံးနှင့် စိတ်မပါဆုံးအလုပ်ဖြစ်သည်။
"Khurb .."
သို့ပေမယ့်လည်းခေါင်းကိုတဆတ်ဆတ်ငြိမ့်ပြီးလက်ခံကြောင်းသဘောထားကိုပြရသေးသည်။
အဆောင်မှူးပြန်သွားလေတော့မှတစ်ဒေါင်လောက်ထူသည့်မွေ့ယာထူထူပေါ်တကိုယ်လုံးပစ်တင်လိုက်ပြီး အသံစုံနေအောင်အော်ဟစ်လိုက်ရသည်။
အပျင်းကြောဆန့်သည့်အသံဟုဆိုလျှင်တကယ်ပင်မှန်ပါလိမ့်မည်။သူ့အပျင်းတို့ကို ညှစ်ထုတ်လိုက်ရင် ဂါလန်ပေါင်းသောင်းခြောက်ထောင်လောက်ရပါလိမ့်မည်။
ထို့နောက်အသစ်ရောက်လာမည့်အခန်းဖော်အတွက်အိပ်ရေးမဝသည့်ကြားကပင်သန့်ရှင်းရေးထလုပ်ရတော့သည်။
ဘယ်နှစ်လစာဖွထားသည့်အမှိုက်မှန်းမသိ။အတိုးချ၍ရှင်းနေရသည်မို့ Boun တကယ်ပင်စိတ်မရှည်နိုင်တော့ပေ။
Boun Noppanut ဆိုသည့် ဆေးတက္ကသိုလ်ကျောင်းသားလေးသည် ခပ်ဖြူဖြူအသားအရည်ရှိပြီး ခြောက်ပေကျော်ချင်နေသည့် အရပ်ကြောင့် တက္ကသိုလ်ကျောင်းသူများအကြား ရေပန်းစားသည်။
ဆံပင်ကာလာသည် မီးခိုးရောင်မကျအဖြူမကျအရောင်။ ပန်းနုရောင်နှုတ်ခမ်းတစ်စုံသည်ကား မျက်ခုံးထူနက်နက်နှင့် ပနံသင့်လွန်သည်။
မိသားစု၌တစ်ဦးတည်းသောသားဖြစ်သည့်အလားအလိုလိုက်ခြင်းခံရသည့်အပြင်၊ဖူးဖူးမှုတ် သည်သည်လှုပ်ခြင်းပါခံရသည်။
မိဘများမှာ BNG စားသောက်ကုန်လုပ်ငန်းစုပိုင်ရှင်ကြီးများကြသည်။တစ်ဦးတည်းသောသားလေးအားလိုလေသေးမရှိထားကြသော်လည်းသားဖြစ်သူကအဆောင်နေချင်သည်ဟုပူဆာသဖြင့်၀ယ်ပေးထားသည့်ကွန်ဒိုကနေအဆောင်သို့ချက်ချင်းပင်ပြောင်းပေးထားရခြင်းဖြစ်သည်။
ငယ်ငယ်ကတည်းကအားကစားရော၊ကျောင်းစာမှာပါထူးချွန်သူဖြစ်လေတော့ဆရာဆရာမတို့ကချစ်သည့်အပြင် ကျောင်သားတိုင်းကျောင်းသူတိုင်းရဲ့ Role Model ပင်ဖြစ်သည်။
University ရောက်မှာတော့ မေဂျာတူ စီနီယာ၊ဂျူနီယာများကြားတွင်သာမက မေဂျာပေါင်းစုံမှ စီနီယာ၊ဂျူနီယာများအကြားတွင်ပါအတော်ပင်နာမည်ရလာခဲ့သည်။ One Always Boun and Besides Boun ဟူ သည့် fan site တို့၏ support အား ကောင်းမှုကြောင့် ကျောင်းတွင်းသာမက ပြင်ပနယ်ပယ်များတွင်ပါ နာမည်ရနေသူဖြစ်သည်။
Boun ငှားနေသည့်အဆောင်အခန်းသည်နှစ်ယောက်ခန်းဖြစ်သည့်အတွက် အခန်းဖော်ရောက်လာရခြင်းဖြစ်သည်။
အဆောင်ကသန့်လည်းသန့်သကဲ့သို့ကျောင်းနှင့်လည်းနီးသေးသည်။ရေချိုးခန်း၊အိမ်သာ အစသည်ဖြင့်ပြည့်ပြည့်စုံစုံရှိသလို ရေခဲသေတ္တာ အဲကွန်းအကုန်ပါသဖြင့်တိုက်ခန်းလိုပင်ဖြစ်နေသည်။အခန်းအရှေ့တွင်လသာဆောင်လေးပင်ပါသေးသည်။
Boun တစ်ယောက် အဆောင်မှူးကအခန်းဖော်လာမည်ဟုပြောသဖြင့်သူ့ပစ္စည်းများအားလူမြင်ကောင်းအောင်ထားလိုက်သည်။
အိမ်မှာဆိုခြေမွှေးမီးမလောင်လက်မွှေးမီးမလောင်နေရသောဆရာဝန်လောင်းလေး သည်အခုတော့သန့်ရှင်းရေးလုပ်နေရသဖြင့်နှုတ်ခေါင်းရှုံ့ကာဖြင့်။
နောက်တနေ့မနက်ရောက်တော့လည်းတစ်ညလုံးဂိမ်းဆော့ထားပြန်သည်မို့အခန်းဖော်ရောက်လာမည့်မနက်ပိုင်းအထိပင်မထနိုင်သေး။
ကောင်ငယ်လေးတစ်ယောက် ...
အသက်အား အကြမ်းဖျင်းခန့်မှန်းရမည်ဆိုလျှင် ဆယ့်ရှစ်နှစ်ပင်သိပ်ပြည့်ပုံမပေါ်။
ခပ်ပွပွတီရှပ်အဖြူကိုစွတ်ကာ ဒူးလောက်ဂျင်းဘောင်းဘီတိုတိုကို တွဲဝတ်ထားသည့် ထိုကောင်လေးသည် လက်ထဲ ဟိုတစ်ထုတ်သည်တစ်ထုတ်နှင့် မနိုင်မနင်း ဟိုသယ်သည်သယ်။
5/B 1200 ....
အခန်းအရှေ့၌ရပ်ကာ အခန်းနံပါတ်ကို တစ်လုံးချင်းအသံထွက်ကာရွတ်ဖတ်သည်။
ထို့နောက် အခန်းတံခါးကိုခေါက်မနေတော့ဘဲ ပါလာသော အခန်းသော့ဖြင့်ဖွင့်ဝင်လိုက်သည်။
အခန်းထဲ၌ ကလန်ကလားနိုင်လွန်းသူသည် ရွဲ့ကာစောင်းလျက် အိပ်မောကျနေသည်။
အခန်းရဲ့ညာဖက်ခြမ်းနံရံ၌ကပ်ထားသောလွတ်နေသည့်ကုတင်(မိမိကုတင်)အနားလျှောက်လာပြီးခြေရင်းရှိဗီရိုထဲသို့အ၀တ်များကိုစီစီရိရိထည့်ထားလိုက်သည်။
ပစ္စည်းများကိုနေရာချပြီးနောက်
သက်ပြင်းတစ်ချက်ချပြီး အိတ်ထဲပါလာသော စာအုပ်တစ်အုပ်ကောက်ကိုင်ကာအိပ်ရာပေါ်၌လှဲလိုက်သည်။
အလုပ်မရှိလို့သာစာအုပ်ဖတ်နေရသည်။စိတ်ကတော့မပါ။ပါပါးနဲ့မာမားကိုလွမ်းသည့်စိတ်ကသူ့ကိုကြီးစိုးနေခြင်းကြောင့်ဖြစ်သည်။
အဖေကတရုတ်လူမျိုးဖြစ်ပြီး အမေကထိုင်းလူမျိုး
ဖြစ်သည်မို့ထိုကောင်လေးသည်တရုတ်ထိုင်းကဗျားကောင်လေးတစ်ယောက်။
ပါပါးနဲ့မာမားအိမ်ထောင်ကျတော့တရုတ်မှာအခြေချခဲ့ကြသလ်ိုသူ့ကိုလည်းပေကျင်းမှာပဲမွေးခဲ့သည်။
သူ့အသက်၆နှစ်မှ တစ်မိသားစုလုံးထိုင်းကိုပြန်ပြောင်းလာခဲ့ခြင်းဖြစ်သည်။
တရုတ် ထိုင်း စင်ကာပူ မှာ မားရဲ့ အင်္ကျီဆိုင်ခွဲ အတော်အတန်ရှိသည်။လက်ချိုးရေ၍မနိုင်ဘူးပြောလျှင်အတိသယဝုတ္တဖြစ်နေလေမလား။တကယ်တော့အမှတ်တကယ်ပင်။
ပါပါးကတော့လေယာဉ်မှုးတစ်ယောက်ဖြစ်သကဲ့သို့ မားကဆိုင်ကိစ္စတွေနဲ့နိုင်ငံရပ်ခြား အမြဲသွားနေရသူဖြစ်သည်။
သို့ဖြစ်၍ ကောင်ငယ်လေးသည် မိသားစုနှင့် အတူပင်မနေရ။
Stateကျောင်းကတည်း Prem မှာသူငယ်ချင်းများများစားစားမရှိ။ အနေအေးပြီး စကားနည်းသော်လည်း ဖောင်းအစ်နေသော ပါးမို့မို့ကြောင့် တရုတ်ကဗျားကောင်လေးသည် လူချစ်လူခင်ပေါသည်။
စာအုပ်ကိုမျက်နှာပေါ်၌တင်ပြီးအိပ်ပျော်သွားသည်မှာ ညနေ4နာရီ အထိပင်။
"ဟာ...လေးနာရီတောင်ထိုးနေပြီ"
တအံ့တဩပြောရင်း ဘေးကအခန်းဖော်ကိုကြည့်လိုက်တော့ ထတောင်မထသေး။
"ဒီလူတော်တော်အိပ်နိုင်တာဘဲ"
စိတ်ထဲ၌ရေရွတ်လိုက်ကာ
မားကပြောဖူးသည့် ညနေစောင်းအထိအိပ်ရင်ဖျားတတ်တယ်ဆိုတာကိုသတိရတာအိပ်ပျော်နေသောအခန်းဖော်အားနှိုးခြေလှမ်းပြင်လိုက်တော့သည်။
Boun ရဲ့ လက်မောင်းကို လှုပ်ကာကိုင်လိုက်ပြီး
"Phi Khurb Phi ...
ညနေ လေးနာရီ ထိုးပါပြီ Khurb"
ခပ်တိုးတိုးလေးဆိုလိုက်လေတော့သည်။