You're my everything(Zaw and...
By Park_Byun_6104
3.6M 325K 14.1K
I'm not a robotထဲမှ​ရောဂါကို​ကြောရိုးတည်​​ရေး၏။ Own Creation ​နေလ​ရောင်​ စိုင်းတိမ်​ယံလင်း ​နေရန်​ စိုင်းည... More
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
37
38
39
40
41
42
43
44
45
46
Special ep
47
48
49
50
51
52
53
54
55
56
57
Final
ကျေးဇူးတင်​လွှာ
married life 1
Married life 2
Married Life 3
Married Life 4
Married Life 5
Married Life 6
Married Life 7
Married Life 8
Married Life 9
Married Life 10
Married Life 11
Married Life 12
Married Life 13
Married Life 14
Married Life 15
သင်္ကြန်​လက်​​ဆောင်
သင်္ကြန်​လက်​​ဆောင်
နှစ်​ပြည့်​လက်​​ဆောင်
Book Order
36
47.5K 4.4K 134
By Park_Byun_6104
ပြုံးပြုံး​ပျော်​​ပျော်​စကား​ပြော​နေတာ​ကြောင့်​အ​ပျော်​​တွေကူးဆက်​သဖြင့်​ကိုယ်​ပါပြုံးမိ​ပေမယ့်​ခန္ဓာကိုယ်​၏​အောက်​ပိုင်းသို့အကြည့်​​ရောက်​တဲ့အခါခန္ဓာကိုယ်​ဆတ်​ကနဲဖြစ်​သွားကာမျက်​နှာတည်​မိသည်​အထိ။
"ဘာလို့ဒီ​လောက်​တိုတဲ့​ဘောင်းဘီကို.."
နေလ​ရောင်​ကွာ။
"မာမီတို့အတွက်​ကားနှစ်​စီးသပ်​သပ်​ယူလာတယ်​..လာခဲ့ပါ."
"ညီကဘယ်​ကားနဲ့လဲ.."
"ကိုကြီးနဲ့​လေ.."
စိုင်းတိမ်​ယံလင်း​​ကားမှာမှီရပ်​​နေရာကေ​န​လေ​ပွေလိုလျင်​မြန်​တဲ့အရှိန်​နဲ့အမြန်​​ပေးလာကာ..
"မင်းနဲ့."
"​အေး​အေး.."
"သွားစို့.."
ဆတ်​ကနဲလှည့်​လာ​သော​ခန္ဓာကိုယ်​ကြီးနှင့်​အတူနီရဲ​နေ​သောမျက်​နှာကြီးကိုမြင်​ရ​သောအခါ​​နေလ​ရောင်​ခန္ဓာကိုယ်​​တုန်​တက်​ကာလန့့်​သွားသည်​။
"ကိုယ်​လည်းမပူပါဘူး.."
"ဒီဝတ်​စုံသွားလဲခဲ့.."
အမိန့်​​ပေးလိုက်​​တဲ့အသံသည်​​နေလ​ရောင်​ကိုချက်​ချင်းမျက်​နှာမဲ့သွား​စေသည်​။
"ချီး.."
"ဘာလုပ်​တာလဲ.."
"ဝတ်​စုံပြန်​လဲရမယ်​ ဒီဝတ်​စုံနဲ့မသွားရဘူး.ငါမင်းသူ​ဋ္ဌေး​နော်​.​နေလ​ရောင်​."
"​ခွေး​ကောင်​.."
"ဟားဟား..​နေလ​ရောင်​.."
"မင်း.."
"အာ့...မင်း...ဒီဒူးကိုဘဲ.."
"သခင်​​လေး အဆင်​​ပြေလား.."
"မကိုင်​နဲ့.."
"​ခွေး​ကောင်​.."
.....................................................................
"ဒါကဘယ်​​နေရာလဲ.."
"ငါ့အိမ်​​လေ.."
တအံ့တသြ​ပြော​နေ​သောချစ်​သူ​လေး၏လက်​ဖွားနုနု​လေးအားဆွဲ၍အိမ်​ထဲ​ခေါ်လာခဲ့သည်​။
"မိုက်​လိုက်​တာ.."
"ဪ...ဒီညာဘက်​ကျ​ကော."
"ဒီဘက်​ကငါ့အဝတ်​ခန်း.."
"ဪ.."
"ဦးစည်​အပြင်​မှာ​နေခဲ့.."
"ဟုတ်​ကဲ့သခင်​​လေး."
"လ​ရောင်​.."
"ဟင်​...ဟင်​.."
"ဝင်​ခဲ့​လေ.."
"​အေး.."
"အဝတ်​အစားလဲရ​အောင်​​လေ.."
"မရဘူး​ဘောင်းဘီကဒီ​လောက်​တို​နေတာမင်းထိုင်​လိုက်​ရင်​​ပေါင်​​တောင်​မြင်​ရမယ်​..ပြီး​တော့စီးပွား​ရေးလုပ်​ငန်းရှင်​​အောင်​မြင်​တဲ့သူ​တွေအကုန်​လုံးကလူ​ကောင်းမဟုတ်​ဘူး​နေလ​ရောင်​..မင်းကိုတံ​ရေတမြမြနဲ့ကြည့်​မယ့်​သူ​တွေအများကြီး."
"ဒါ​ပေမယ့်​လည်း.."
"ဘာလို့မကြိုက်​တာလဲ.."
လာပြန်​ပြီဒီ​မေးခွန်း။
"​အေးပါကွာ.."
"ဒီထဲကကြိုက်​တဲ့ဝတ်​စုံတစ်​စုံဝတ်​ခဲ့.."
"​အေး..ဒါနဲ့အင်္ကျီ​တွေမှာပါတဲ့စိန်​​တွေကအစစ်​​တွေလား."
"ဒါ​ပေါ့."
"​တော်​ပြီ.."
"မ​ပျောက်​ပါဘူး..ငါ့အင်္ကျီကရတနာ​တွေကျဖို့ဆိုတာ​တော်​​တော်​​စောင့်​ရမှာ...ငါကဘယ်​သူမှတ်​လို့မင်း​ကြောင့်​ကျမယ်​ဆိုရင်​​တောင်​ငါမ​လျော်​ခိုင်းပါဘူး."
"တကယ်​လား.."
"အင်း.."
"မင်းအင်္ကျီ​တွေကလည်းစိန်​တို့​ကျေုာက်​တို့မပါတာမရှိဘူး​နော်​..နည်းတဲ့အင်္ကျီကို​ရွေးယူရတယ်​."
အ​နောက်​တိုင်းဝတ်​စုံ​၏အ​ပေါ်အင်္ကျီတွင်​အကုန်​​စိန်​၊ပတ္တမြား၊နီလာအကုန်​လုံးနဲ့အလှဆင်​ထားသည်​။ခုဝတ်​ထားသည့်​အင်္ကျီ​တောင်​ဘယ်​ဘက်​ရင်​အုံမှာသစ်​ခွပန်းပုံစံကိုမြနှင့်​လုပ်​ထားသည်​။
"ဟုတ်​လား..သွားမယ်​.."
"​လှေကားထိပ်​က​စောင့်​​နေ..ပြီးကျငါလိုက်​ခဲ့မယ်​"
"Ok.."
"အဲ့​ဘောင်းဘီကိုလွှင့်​ပစ်​လိုက်​ ဒါမှမဟုတ်​ မီးရှို့ပစ်​လိုက်​"
"မလိုဘူး...ကျွန်​​တော့ဘာသာ​မောင်းမယ်​..ပြီး​တော့​နေလ​ရောင်​အိမ်​သွားပြီး​ဘောင်းဘီဒူး​အောက်​မဟုတ်​တာအကုန်​ယူပြီးမီးရှို့ခဲ့ ကျန်​တာကျွန်​​တော်​ရှင်းလိုက်​မယ်​​နေလ​ရောင်​ကို."
"ဗျာ..ဟုတ်​ဟုတ်​.."
"ကျွန်​​တော်​သွားပြီ."
"သခင်​​လေးကား​သော့.."
"ငါ့ဘဝ​လေး..."
"သွားစို့..လ​ရောင်​"
လှေကား​အောက်​မှာရပ်​​စောင့်​​နေသည့်​နတ်​သား​လေး၏လက်​နုနု​လေးအားခပ်​ဖွဖွဆုတ်​ကိုင်ကာထွက်​လာခဲ့သည်​။
"ဒီကားနဲ့လား.."
"​အေး​လေ.."
"မင်း​မောင်းမှာ.."
"​အေး​လေ."
"လာတက်​.."
"ဟုတ်​မှလည်းလုပ်​ပါ.."
"တက်​ပါ.."
.....................................................................
"ရပါတယ်​ ​မေးပါ.."
"ဒီလိုမျိုးshineကုမ္ပဏီရဲ့ဖိတ်​ကြားခြင်းကိုခံရတဲ့အတွက်​ဘယ်​လိုမျိုးများခံစားရသလဲ.."
"ဒီကသူ​ဋ္ဌေးဦးစံနိုင်​က​ကော.."
"ပထမဆုံးစိုင်း ​ဆောက်​လုပ်​​ရေးနဲ့လုပ်​ငန်း​ဆောင်ရွက်​ခွင့်​ရတဲ့သူဆို​တော့ ဘယ်​လိုခံစားရပါသလဲ.."
"ကျွန်​မ​တော်​​တော်ေ​ပျာ်​မိပါတယ်​.."
"ဦးဝစိုင်းရဲ့​ချွေးမဖြစ်​လာမယ့်​သူလို့​ပြောတဲ့အ​ပေါ်ဘာမှမတုန့်​ပြန်​တာဘာ​ကြောင့်​ပါလဲ.."
ပြီးသား​ပေ။
"ဪ..ဟုတ်​ကဲ့..ဒါဆိုရှိုင်းကုမ္ပဏီကိုအဝင်​အထွက်​ရှိတယ်​ဆိုတာကို​ကောဘာလို့မ​ဖြေရှင်းရတာပါလဲ"
"ဒါက​တော့အမှန်​မလို့ပါ..အဝင်​အထွက်​ရှိပါတယ်​ လျှို့ဝှက်​တယ့်​ဆက်​ဆံ​ရေးတစ်​ခုရှိလို့ပါ."
"ဟုတ်​ကဲ့ ​ဖြေ​ပေးတာ​ကျေးဇူးတင်​ပါတယ်​.."
"ဟုတ်​..ဒယ်​ဒီသွားစို့.."
"Rainလာပြီ Rain.."
"လ​ရောင်​.."
မနိုး​သေး။
"ချစ်​စရာ​လေးကွာ.."
"​ရောက်​ပြီလား.."
"​ရောက်​ရင်​သွားစို့​လေ..."
"ခဏ..မဆင်းနဲ့ဦး.."
"လက်​​ပေး.."
"ပိုင်းလုံး​ကောင်​.."
....................................................................
"သားက​နောက်​ကျတယ်​​နော်​.."
"​ကျေးဇူး​မေ​မေ.."
"​မေ​မေဘာစားမလဲ.."
"​တော်​ပြီကွယ်​.."
"ညီ..လ​ရောင်​.."
"အကို...​အကို.."
"ပြန်​​တော့မှာလား.."
"​အေး."
"ဟုတ်​ပြီကွယ်​.."
"ဒါနဲ့မ​နေ့က​တွေ့တဲ့အမမလား.."
"ဟုတ်​ပါတယ်​."
"ဒီပွဲကိုဘယ်​လိုလုပ်​.."
"အကို့..ချစ်​သူလား.."
"​အေး.."
"ကိုကြီး ​မေ​မေကပြန်​​တော့မယ်​တဲ့ ​ဖေ​ဖေ​ကော."
"မပို့နဲ့​တော့ ရတယ်​...ညီ က နေခဲ့အကိုတို့ဘဲသွားလိုက်​မယ်​"
"ရလို့လား."
"ရတယ်​ ညီကဒီမှာရှိ​နေရမယ့်​သူ​လေ ​နေခဲ့"
"ဟုတ်​.."
"​နေလ​ရောင်​.."
"အွန်​.."
"အဲ့မိန်းက​လေးကအကို့ချစ်​သူဆိုဟုတ်​လား.."
"ဘာမှမဟုတ်​ပါဘူး.."
"များလိုက်​တဲ့ဟင်း​တွေ.."
.....................................................................
ကားကိုမှီကာရပ်စောင့်နေချိန်ကားပတ်လည်မှာအစောင့်တွေကရပ်နေသည်။မလိုဘူးဆိုသော်ငြားအန္တရာယ်ကိုကြိုတင်မမှန်းဆနိုင်တာကြောင့်အဖိုးကအစောင့်တွေခေါ်သွားရန်အမိန့်ပေးခ့ဲသည်။ဝင်းထဲကနေရပ်ကြည့်နေသည့်လူတွေကလည်းတအံ့တသြနှင့်ကိုယ့်မှာတစ်ခြားကမ္ဘာကလာသည့်ဂြိုဟ်သားတစ်ယောက်လို။တဖြည်းဖြည်းလူတွေကြားထဲကနေလျှောက်လာသည့်နေလရောင်။ယောက္ခမကြီးနှင့်
ပြုံးပြုံးပျော်ပျော်စကားပြောနေတာကြောင့်အပျော်တွေကူးဆက်သဖြင့်ကိုယ်ပါပြုံးမိပေမယ့်ခန္ဓာကိုယ်၏အောက်ပိုင်းသို့အကြည့်ရောက်တ့ဲအခါခန္ဓာကိုယ်ဆတ်ကနဲဖြစ်သွားကာမျက်နှာတည်မိသည်အထိ။
"ဘာလို့ဒီလောက်တိုတ့ဲဘောင်းဘီကို.."
ကြည့်ဦး ဒီလောက်တိုတ့ဲဘောင်းဘီကိုဘာလို့ဝတ်လာရတာလဲ။အ့ဲတာကြောင့်မို့လမ်းကလူတွေကနေလရောင်ကိုဝိုင်းကြည့်နေကျတာကိုး။စိုင်းတိမ်ယံလင်းမျက်နှာတကယ်ကိုအပျက်ပျက်ဖြစ်လာသည်။ကိုယ်တောင်တစ်ခါမှမမြင်ဖူးသေးတ့ဲအသားလေးတွေကိုဒီလိုပြလာရသလား
နေလရောင်ကွာ။
"ငါ ရောက်ပြီလေသွားစို့.."
ရှေ့တည့်တည့်ကနေလရောင်သတိပေးမှအသိပြန်ဝင်လာသည်။စိတ်ဆိုးမာန်ဆိုးပြောလို့မဖြစ်သေး၊ကိုယ့်ယောက္ခမနှင့်ယောက္ခထီးရှိသေးသည်။နောင်ဖြစ်လာမယ့်သားမက်လေးကသူတို့သားလေးကိုအာဏာသုံးတယ်လို့မထင်စေချင်။ထို့ကြောင့်ဖြစ်ညစ်ကာပြုံးပြလိုက်ပြီး...
"မာမီတို့အတွက်ကားနှစ်စီးသပ်သပ်ယူလာတယ်..လာခ့ဲပါ."
နေလရောင်အဖေနှင့်အမေကကားတစ်စီး။နေလရောင်အကိုနှင့်သူ့ချစ်သူအတွက်ကားတစ်စီးပြင်ပေးထားသည်။
ဒါကြောင့်မို့ကားသးုံစီးရပ်ထားတာကိုး။အစစအရာရာအကုန်လုပ်ပေးထားတော့နေလရောင်အားနာရပေသည်။အဖေကခြေထောက်မသန်တာကြောင့်နေရန်နှင့်နေလရောင်သေချာကားထဲသေချာထည့်ပေးရသည်။
"ညီကဘယ်ကားနဲ့လဲ.."
"ကိုကြီးနဲ့လေ.."
စိုင်းတိမ်ယံလင်းကားမှာမှီရပ်နေရာကနေလေပွေလိုလျင်မြန်တ့ဲအရှိန်နဲ့အမြန်ပေးလာကာ..
"မဟုတ်ဘူးလရောင်မင်းကငါနဲ့လိုက်ရမှာ."
"မင်းနဲ့."
မယုံသလိုပြန်မေးလိုက်သည်။
"အေးငါနဲ့...ရတယ် အကိုနေရန်အရင်သွားနှင့်ပါ.."
"အေးအေး.."
နေရန်ကားပေါ်တက်သွားသည်။ထွက်သွားသည့်ကားနှစ်စီးကိုနေလရောင်တာ့တာပြနေဆဲဖြစ်သည်။ထို့နောက်မိမိစီးရမည့်ကားဆီလျှောက်လာကာ..
"သွားစို့.."
အသိပေးပေမယ့်စိုင်းတိမ်ယံလင်းကားကိုကျောပေးကာရပ်နေတုန်း။
"စိုင်းတိမ်ယံလင်းသွားမယ်လေ.."
ကားနှစ်စီးထွက်သွားတာတောင်ကားပေါ်မတက်သေးသည်ကြောင့်နေလရောင်မျက်နှာဆူပုတ်နေပြီ။
"စိုင်းတိမ်ယံလင်းသွားမယ်လေ."
ဆတ်ကနဲလှည့်လာသောခန္ဓာကိုယ်ကြီးနှင့်အတူနီရဲနေသောမျက်နှာကြီးကိုမြင်ရသောအခါနေလရောင်ခန္ဓာကိုယ်တုန်တက်ကာလန့့်သွားသည်။
"ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား."
အနားကိုကပ်သွားကာနဖူးကိုလက်ဖဝါးတင်ပြီးစမ်းကြည့်တော့ကိုယ်တော့မပူပါ။
"ကိုယ်လည်းမပူပါဘူး.."
"ဒီဝတ်စုံသွားလဲခ့ဲ.."
အမိန့်ပေးလိုက်တ့ဲအသံသည်နေလရောင်ကိုချက်ချင်းမျက်နှာမ့ဲသွားစေသည်။
"လာပြန်ပြီ မင်းလည်းငါ့အကိုနဲ့တူတူဘဲ..ဒီတစ်ထည်ဘဲပြင်ထားတာကွ အပိုမရှိတော့ဘူး.."
"ချီး.."
ဘေးပတ်လည်ကိုကြည့်လိုက်ရင်းစိုင်းတိမ်ယံလင်းဆဲလိုက်သည်။အရှေ့ကပုပုလုံးလုံးကလေးစတိုင်ဖြစ်နေသည်ကိုလူကြီးစတိုင်ဖမ်းချင်နေသောနေလရောင်ကိုခေါင်းတစ်ချက်ရိုက်လိုက်သည်။
"မင်း!..ငါ့ကိုအနိုင်မကျင့်နဲ့.."
နာသွားသည့်နေရာကိုလက်ဖဝါးလေးနဲ့ပွတ်နေကာမကျေမနပ်ပြန်ပြောလိုက်သည်။
"ပါးကိုပါနီရဲသွားအောင်ဆွဲပစ်ချင်တာ.."
"ဘာလုပ်တာလဲ.."
နေလရောင်၏အပေါ်ကုတ်အကျႌကြယ်သီးကိုတစ်လုံးမကျန်အကုန်လိုက်တပ်ပေးနေသည်။ဘေးကယောကျာ်းချင်းတောင်နေလရောင်ခြေထောက်ဖွေးဖွေးလေးကိုဘဲကြည့်နေသောလူတွေအားဆွဲထိုးပစ်ချင်သည်။ကြယ်သီးတပ်ပေးတော့နေလရောင်ရုန်းလာသည်။
"ဟာ..စတိုင်ပါဆို..မင်း..မတပ်နဲ့ကွာ.."
"ဝတ်စုံပြန်လဲရမယ် ဒီဝတ်စုံနဲ့မသွားရဘူး.ငါမင်းသူေဋ္ဌးနော်.နေလရောင်."
"ခွေးကောင်.."
ခါးကိုကုန်းလိုက်ပြီးအောက်ဆုံးကကြယ်သီးကိုတပ်ပေးသည်။အကုန်ပြီး၍ပြန်မတ်တပ်ရပ်ပြီးနေလရောင်ကိုကြည့်လိုက်တော့ခွီးကနဲရယ်သံထွက်လာသည်။
"ဟားဟား..နေလရောင်.."
မျက်နှာလေးတဖြည်းဖြည်းမ့ဲလာသည့်နေလရောင်။မျက်ဝန်းထဲတွင်မျက်ရည်တို့ရစ်သိုင်းလာသည်။
"ဟာ..မငိုနဲ့လေ နေလရောင်..ချစ်ဖို့ကောင်းလို့ငါကရယ်တာပါ..မငိုနဲ့..".
နေလရောင်ဘာကြောင့်ငိုမှန်းသူသိသည်။အခုသူ့ပုံစံကစနိုးဝှိုက်မင်းသမီးကားထဲကအငယ်ဆုံးလူပုလေးကုတ်စ်အကျႌဝတ်ထားသလိုတူနေသည်။ကိုယ့်မျက်လုံးထဲချစ်ဖို့ကောင်းလို့ရယ်ပေမယ့်သူကတော့အတင်းလူကြီးဆန်ချင်နေသည်။
"ခွေးကောင်..ဖယ်..ကြယ်သီးတွေပြန်ဖြုတ်မှာ."
"ဖြုတ်ရဲရင်ဖြုတ်ကြည့် ပြခန်းမသွားရဘူးမှတ်.."
"မင်း.."
ပြန်ပြောချင်သော်ငြားတည်တင်းလွန်းသောမျက်နှာသည်တကယ်ကိုလုပ်မည့်သဘော။ဒူးခေါင်းကိုကန်ထည့်လိုက်
ပြီးကားပေါ်သာတက်နေလိုက်သည်။
"အာ့...မင်း...ဒီဒူးကိုဘဲ.."
ငါ့ကိုခြေကျိုးဖြစ်အောင်များရည်ရွယ်သလားနေလရောင်။ကျိုးတော့ကောင်းသားဘဲသူတာဝန်ယူရတာပေါ့။နှစ်ချက်လောက်ခုန်စွစွလုပ်ပြီးမှကွေးထားသည့်ခြေထောက်ကိုပြန်ထောက်ကြည့်တော့သေချာထောက်လို့မရ။
"သခင်လေး အဆင်ပြေလား.."
"ရတယ် ဦးစည် ပြခန်းကိုမသွားနဲ့ဦး..အိမ်အရင်သွား."
ထော့နဲ့ ထော့နဲ့နှင့်စိုင်းတိမ်ယံလင်းလည်းကားထဲဝင်လိုက်သည်။ထိုင်ထိုင်ချင်းဘေးမှာရှိနေသည့်နေလရောင်လက်ကလေးကိုကိုင်လိုက်သည်။
"မကိုင်နဲ့.."
ရုန်းပါသည်။စိုင်းတိမ်ယံလင်းကလည်းအလျော့မပေး။လက်ကိုနောက်တစ်ကြိမ်ပြန်ဆွဲလိုက်သည်။ဒီတစ်ခါတော့ရုန်းလို့မရအောင်တင်းတင်းကြပ်ကြပ်ဆုတ်ကိုင်ထားတော့ဆဲသံလေးကိုလက်ခံရရှိသည်။
"ခွေးကောင်.."
.....................................................................
"ဒါကဘယ်နေရာလဲ.."
အရှေ့ကအိမ်ကြီးကိုမော်ကြည့်၍မေးလိုက်သည်။ဒီလောက်ကြီးတ့ဲအိမ်မျိုးနေလရောင်မမြင်ဖူးသေးချေ။
"ငါ့အိမ်လေ.."
"မင်းအိမ်..ဘာလို့ခေါ်လာတာလဲငါ့ကို.."
တအံံ့တသြပြောနေသောချစ်သူလေး၏လက်ဖွားနုနုလေးအားဆွဲ၍အိမ်ထဲခေါ်လာခ့ဲသည်။
"မိုက်လိုက်တာ.."
ပုံပြင်တွေထဲကနန်းတော်ထဲကိုရောက်နေသလားလို့နေလရောင်အောက်မေ့ရသည်။ဝင်ဝင်ချင်းဘယ်ဘက်တွင်ပရိဘောဂတွေနှင့်အလှဆင်ထားသောဧည့်ခန်းသည်လုံးဝနိဗ္ဗာန်ဘုံလို။တည့်တည့်မှာလှေကားရှိတယ်။စိုင်းတိမ်ယံလင်းကထိုလှေကားအတိုင်းအပေါ်ကိုခေါ်သွားသည်။၁၅ထစ်လောက်တက်ပြီးချိန်တွင်လှေကားကိုဘယ်ဘက်နှင့်ညာဘက်ခွဲထားသည်။သူကညာဘက်ကိုခေါ်သွားပြီ..
"ဘယ်ဘက်ကလှေကားအတိုင်းတက်သွားရင် ငါ့အခန်းနဲ့အဖိုးအခန်းရှိတယ်.."
"ဪ...ဒီညာဘက်ကျကော."
"ဒီဘက်ကငါ့အဝတ်ခန်း.."
"ဪ.."
လှေကားတက်ပြီးခပ်လှမ်းလှမ်းလျှောက်ပြီးတော့အခန်းတစ်ခန်းကိုတွေ့ရသည်။ထိုအခန်းရှေ့ရောက်တော့ .
"ဦးစည်အပြင်မှာနေခ့ဲ.."
"ဟုတ်က့ဲသခင်လေး."
အထဲကိုတံခါးအားတွန်းလိုက်လျှင်ပင်မွှေးကြိုင်သောအနံ့ကိုရလိုက်ရသည်။အခန်းတံခါးလုံးဝပွင့်သွားလျှင်ပင်ခပ်မှေးမှေးမျက်ဝန်းတို့သည်အ့ံသြစွာပွင့်ဖူးလာသည်။တံခါးရှေ့မှာအံ့အားကြီးလွန်းနေသောနေလရောင်ကိုကြည့်ရင်းစိုင်းတိမ်ယံလင်းရယ်ချင်မိသည်။
"လရောင်.."
"ဟင်...ဟင်.."
အယောင်ယောင်အမှားမှားနှင့်ပြန်ထူးရသည်။အကြည့်ကတော့အခန်းထဲကအကျႌတွေကမခွာ။ဒီလောက်များလိုက်တ့ဲအဝတ်တွေ။အခန်းတွင်အဝတ်ချိတ်တ့ဲအတန်းငါးတန်းနဲ့အရှေ့အနောက်သွယ်တန်းထားလျက်ရှိသည်။ထိုရှေ့မှာမှထိုင်ဖို့ဆိုဖာချထားပေးသည်။
"ဝင်ခ့ဲလေ.."
"အေး.."
တံခါးကိုပြန်ပိတ်ပြီးနေလရောင်အနားသွားကာခပ်ဟဟပါးစပ်လေးအားလက်ဖဝါးလေးနှင့်ပိတ်လိုက်သည်။
"ငါ့အိမ်မှာယင်ကောင်သာရှိရင်မင်းပါးစပ်ထဲဥဝင်ဥပြီးပြီး"
စိုင်းတိမ်ယံလင်းလက်ကိုရိုက်ချလိုက်ပြီး..
"ငါမမြင်ဖူးလို့ပါကွ..နေပါဦးမင်းကငါ့ကိုဘာလို့ဒီခေါ်လာတာလဲ."
"အဝတ်အစားလဲရအောင်လေ.."
အံ့သြနေသောမျက်နှာလေးမှချက်ချင်းကိုဆူပုတ်ပုတ်မျက်နှာလေးကိုပြောင်းသွားသည်။မျက်နှာကိုတော်တော်ပြောင်းနိုင်တယ့်ဂြိုဟ်သားလေးဟုစိုင်းတိမ်ယံလင်းတွေးမိသည်။
"ငါမလဲချင်ဘူးကွာ..ဒါဘဲဝတ်ချင်တယ်.."
အမှန်တကယ်ပင်နေလရောင်မလဲချင်ပါ။ဒီပုံစံလေးရဖို့အချိန်ဘယ်လောက်ပေးထားရသည်လဲ။ဒီပွဲမှာဝတ်ဖို့ကြိုတင်စီစဉ်ထားရပြီးကိုယ့်အကြိုက်ဆုံးအဝတ်လေး။
"မရဘူးဘောင်းဘီကဒီလောက်တိုနေတာမင်းထိုင်လိုက်ရင်ပေါင်တောင်မြင်ရမယ်..ပြီးတော့စီးပွားရေးလုပ်ငန်းရှင်အောင်မြင်တ့ဲသူတွေအကုန်လုံးကလူကောင်းမဟုတ်ဘူးနေလရောင်..မင်းကိုတံရေတမြမြနဲ့ကြည့်မယ့်သူတွေအများကြီး."
"ဒါပေမယ့်လည်း.."
"မရဘူးငါမကြိုက်ဘူး မင်းကိုမျက်လုံးနဲ့စွေကြည့်တာတောင်ငါမကြိုက်ဘူး ဒီလိုမျိုးမင်းကိုလူတွေကတဏှာကြီးကြီးကြည့်ကြမှာကိုပိုတောင်မကြိုက်သေး.."
ပါးမို့မို့လေးနှစ်ဖက်နီရဲလာလိမ့်မည်ဟုကိုယ့်ကိုယ်ကိုနေလရောင်တွေးမိသည်။အချို့သောစိုင်းတိမ်ယံလင်းစကားတွေသည်အနှောင့်အသွားမလွတ်ပေ။ရှက်သည့်စိတ်ကိုနောက်ထားဘာကြောင့်မကြိုက်တာလဲဆိုတာအရမ်းသိချင်သည်ကြောင့်..
"ဘာလို့မကြိုက်တာလဲ.."
လာပြန်ပြီဒီမေးခွန်း။
"မကြိုက်ပါဘူးဆိုမကြိုက်လို့ပေါ့ကွ.."
မျှော်လင့်တ့ဲစကားကိုမကြားလိုက်ရသည့်သူလိုနေလရောင်နေရခက်မိသည်။ငါဘာတွေသူ့ဆီကမျှော်နေတာလဲ။
"အေးပါကွာ.."
"ဒီထဲကကြိုက်တ့ဲဝတ်စုံတစ်စုံဝတ်ခ့ဲ.."
"အေး..ဒါနဲ့အကျႌတွေမှာပါတ့ဲစိန်တွေကအစစ်တွေလား."
"ဒါပေါ့."
"တော်ပြီ.."
ကိုယ့်ကိုကျော်ကာတံခါးကိုဦးတည်နေသည့်နေလရောင်ကိုရင်ဘက်ကနေဆွေ့ကနဲမကာပြန်သယ်လာသည်။
"မင်း..စိုင်းတိမ်ယံလင်း..ငါ့ကိုလွှတ်ကွာ.."
မြေကြီးနှင့်မထိသည့်ခြေထောက်ဖောင်းဖောင်းနှစ်ဖက်သည်လေထဲမှာယိမ်းနွဲ့နေသည်။
"၉ခွဲတော့မှာ၁၀နာရီပွဲစမှာနော်..မင်းမသွားချင်ဘူးလား"
"ကျပျောက်ရင်ငါလျော်ပေးရမှာပေါ့.."
"မပျောက်ပါဘူး..ငါ့အကျႌကရတနာတွေကျဖို့ဆိုတာတော်တော်စောင့်ရမှာ...ငါကဘယ်သူမှတ်လို့မင်းကြောင့်ကျမယ်ဆိုရင်တောင်ငါမလျော်ခိုင်းပါဘူး."
"တကယ်လား.."
"အင်း.."
"ပြီးတာဘဲငါ့ကိုချပေးတော့.."
ချီထားတာကိုပြန်ချပေးတော့တံခါးကိုလက်ညိုးထိုးပြသည်။ထွက်သွားတော့ဆိုတ့ဲသဘော။
"အေးပါကွာ..တံခါးရှေ့မှာစောင့်နေမယ်.."
နှုတ်ဆက်ပြီးအပြင်ဘက်မှာရပ်စောင့်နေလိုက်သည်။၅မိနစ်လောက်ကြာတော့အဖြူ ရောင်နတ်သားလေးတစ်ပါးသူ့ရှေ့ကိုတံခါးဖွင့်ပြီးရောက်လာသည်။ထိုနတ်သားသည်ဆွဲဆောင်နိုင်လွန်းလို့စိုင်းတိမ်ယံလင်းခေတ္တမျှငေးမိသည်တာတော့ဝန်ခံရမည်။
"မင်းအကျႌတွေကလည်းစိန်တို့ကျေုာက်တို့မပါတာမရှိဘူးနော်..နည်းတဲ့အကျႌကိုရွေးယူရတယ်."
အနောက်တိုင်းဝတ်စုံ၏အပေါ်အကျႌတွင်အကုန်စိန်၊ပတ္တမြား၊နီလာအကုန်လုံးနဲ့အလှဆင်ထားသည်။ခုဝတ်ထားသည့်အကျႌတောင်ဘယ်ဘက်ရင်အုံမှာသစ်ခွပန်းပုံစံကိုမြနှင့်လုပ်ထားသည်။
"ခုမှကြည့်ကောင်းသွားတယ်..သွားစို့.."
"ဟုတ်လား..သွားမယ်.."
"လှေကားထိပ်ကစောင့်နေ..ပြီးကျငါလိုက်ခ့ဲမယ်"
ဦးစည်ကိုပြောစရာရှိသဖြင့်နေလရောင်ကိုအရင်သွားခိုင်းလိုက်သည်။
"Ok.."
နေလရောင်ခပ်ဝေးဝေးရောက်သွားမှစိုင်းတိမ်ယံလင်းသည်ဦးစည်ကိုမှာရသည်။
"အ့ဲဘောင်းဘီကိုလွှင့်ပစ်လိုက် ဒါမှမဟုတ် မီးရှို့ပစ်လိုက်"
"ဗျာ..ဟုတ်..ပြီးကျမှလုပ်ရမှာမလား..အခုပြခန်းလိုက်ပို့"
"မလိုဘူး...ကျွန်တော့ဘာသာမောင်းမယ်..ပြီးတော့နေလရောင်အိမ်သွားပြီးဘောင်းဘီဒူးအောက်မဟုတ်တာအကုန်ယူပြီးမီးရှို့ခ့ဲ ကျန်တာကျွန်တော်ရှင်းလိုက်မယ်နေလရောင်ကို."
"ဗျာ..ဟုတ်ဟုတ်.."
"ကျွန်တော်သွားပြီ."
"သခင်လေးကားသော့.."
"ရတယ်ကျွန်တော့ကားနဲ့သွားမှာ.."
ဦးစည်ကတော့ခေါင်းလေးတကုတ်ကုတ်နဲ့ကျန်ခ့ဲသည်။အခုကိုယ့်ကိုပိုင်ရှင်မသိအောင်ဘောင်းဘီခိုးခိုင်းနေတာလား။ပြီးတော့မီးရှို့ရဦးမည်။ရက်စက်လိုက်တာသခင်လေးရယ် အ့ဲဝင်းကလူတွေကသူခိုးဆိုပြီးဝိုင်းရိုက်ကြရင်ဘယ်လိုလုပ်မလဲသခင်လေးရယ်လို့။မထွက်သည့်မျက်ရည်တွေကိုညစ်နေကာဘောင်းဘီခိုးရန်.အယ်..မဟုတ်ပါဘူး ဘောင်းဘီသွားယူရန်ဦးစည်ထွက်လာခ့ဲတော့သည်။
"ငါ့ဘဝလေး..."
"သွားစို့..လရောင်"
လှေကားအောက်မှာရပ်စောင့်နေသည့်နတ်သားလေး၏လက်နုနုလေးအားခပ်ဖွဖွဆုတ်ကိုင်ကာထွက်လာခ့ဲသည်။
"ဒီကားနဲ့လား.."
"အေးလေ.."
"မင်းမောင်းမှာ.."
"အေးလေ."
"ငါငယ်ငယ်လေးဘဲရှိသေးပါတယ်ကွာ..မသေချင်သေးဘူး"
"အရူးလေးလျှောက်ပြောမနေနဲ့.."
လက်ညိုးနဲ့နဖူးကိုတွန်းလိုက်တော့ခေါင်းလေးကနောက်ကိုလှန်သွားသည်။
"လာတက်.."
"ဟုတ်မှလည်းလုပ်ပါ.."
"တက်ပါ.."
စိုင်းတိမ်ယံလင်းတံခါးဖွင့်ပေးလိုက်သည်။
"ငါဒီနေ့မမြင်ဖူးတာတွေဘဲမြင်နေရတယ်.."
အပေါ်ထောင်တက်နေသည့်တံခါးအားမော့ကြည့်လျက်နေလရောင်ကားပေါ်တက်ထိုင်လိုက်သည်။
မောင်းနေကျအတိုင်းဆိုခပ်ကြမ်းကြမ်းမောင်းပစ်ချင်သော်ငြားအသက်ထက်တတ်ဖိုးထားရသောနေလရောင်ကြောင့်
ဖြည်းဖြည်းနှင့်မှန်မှန်မောင်းလာခ့ဲသည်။သူ့အားစိတ်ထဲမှာတောင်ကြောက်စိတ်မဖြစ်လိုပါ။
.....................................................................
shineကုမ္ပဏီ၏ထုတ်ကုန်များအတွက်ပြပွဲ၊ရောင်းပွဲကျင်းပရန်အတွက်သက်သက်ဆောက်လုပ်ထားသည့်The Moonlight hotel၏အဝင်ဝ၌သတင်းထောက်များပြည့်ကျပ်နေသည်။တစ်ကားပြီးတစ်ကားရပ်ကာကားပေါ်မှဆင်းလာသည့်စီးပွားရေးလုပ်ငန်းရှင်တို့အားကင်မရာမီးတဖြတ်ဖြတ်နှင့်ကြိုဆိုနေကြသည်။
"စံနိုင်ဆောက်လုပ်ရေးကလာပြီ.."
ကားပေါ်ကနေဦးစံနိုင်နှင့်စီးပွားရေးလောကရဲ့နတ်သမီးလိ့ုတင်စားထားသည့်ဝတ်စံရီလျှောက်လမ်းပေါ်လျှောက်လာသည်နှင့်အလုအယက်ကင်မရာရိုက်ကြသည်။shineကုမ္ပဏီ၏စည်းကမ်းအရသတ်မှတ်ထားသည့်စည်းကျော်ပါကမီဒီရာသမားတွေအားလာခွင့်ပိတ်မည်ဟူသောစကားအရဘယ်သူမှတော့စည်းမကျော်ရဲပေ။
အထဲရောက်တော့အင်တာဗျူ းမေးခွင့်ရှိသည့်လူတစ်ယောက်ကဝတ်စံရီကိုမေးရန်ခွင့်တောင်းသည်။
"ရပါတယ် မေးပါ.."
"ဒီလိုမျိုးshineကုမ္ပဏီရဲ့ဖိတ်ကြားခြင်းကိုခံရတ့ဲအတွက်ဘယ်လိုမျိုးများခံစားရသလဲ.."
"တကယ်ကိုဝမ်းသာမိပါတယ် လေ့လာစရာတွေလည်းရှိတာကြောင့်ကိုယ့်အတွက်တကယ်အသုံးဝင်ပါတယ်ဒီပြပွဲကိုလာရတာ.."
"ပြထားတယ့်ဒီဇိုင်းတွေကိုဘယ်လိုမြင်ပါသလဲ..အိမ်ဒီဇိုင်းဘဲဖြစ်ဖြစ်၊လက်ဝတ်ရတနာဖြစ်ဖြစ်.."
"ညီမကတော့မိန်းကလေးပီပီလက်ဝတ်ရတနာတွေဘက်အရင်သွားကြည့်ုဖြစ်တယ် တကယ်ကိုတစ်နှစ်ထက်တစ်နှစ်အရမ်းလှလာပါတယ်..ဒယ်ဒီကတော့ကိုယ်နဲ့ဆန့်ကျင်ဘက်ပေါ့..ဟားဟား"
ဦစံနိုင်ပါဟန်လုပ်ကာရယ်လိုက်သည်။
"ဒီကသူေဋ္ဌးဦးစံနိုင်ကကော.."
"ကျွန်တော်ကတော့t_3ကအပေါ်ဆုံးထပ်ကိုမျက်စိကျနေတယ်ဗျ..လုဝယ်ရဦးမယ်ထင်တယ်.."
ဦးစံနိုင်ဖြေလိုက်သည်။
"ပထမဆုံးစိုင်း ဆောက်လုပ်ရေးနဲ့လုပ်ငန်းဆောင်ရွက်ခွင့်ရတ့ဲသူဆိုတော့ ဘယ်လိုခံစားရပါသလဲ.."
"ကျွန်မတော်တော်ပျော်မိပါတယ်.."
"ဦးဝစိုင်းရဲ့ချွေးမဖြစ်လာမယ့်သူလို့ပြောတ့ဲအပေါ်ဘာမှမတုန့်ပြန်တာဘာကြောင့်ပါလဲ.."
ဝတ်စံရီရယ်လိုက်သည်။ဒါမေးမယ်ဆိုတာကြိုတင်သိထား
ပြီးသားပေ။
"ဟုတ်လူချင်းကလည်းရင်းနှီးတော့ဖြစ်နိုင်တာကော၊မဖြစ်နိုင်တာကောသေချာမသိသေးတာကြောင့်ပါ.."
"ဪ..ဟုတ်က့ဲ..ဒါဆိုရှိုင်းကုမ္ပဏီကိုအဝင်အထွက်ရှ်ိတယ်ဆိုတာကိုကောဘာလို့မဖြေရှင်းရတာပါလဲ"
"ဒါကတော့အမှန်မလို့ပါ..အဝင်အထွက်ရှိပါတယ် လှိျု့ဝှက်တယ့်ဆက်ဆံရေးတစ်ခုရှိလို့ပါ."
"ဟုတ်က့ဲ ဖြေပေးတာကျေးဇူးတင်ပါတယ်.."
"ဟုတ်..ဒယ်ဒီသွားစို့.."
ဖခင်လက်မောင်းကိုကိုင်လျက်ဝတ်စံရီမျက်နှာချီကာဝင်လာခ့ဲသည်။ဝတ်စံရီဝင်လာတာတွေ့တော့အခြားစီးပွားရေးသမားတွေလှုပ်လှုပ်ရှားရှာဖြစ်လာကာအနားချဉ်းကပ်ပြီးစကားပြောဖို့ကြံစည်ကြသည်။ဝတ်စံရီအင်တာဗျူ းဖြေရတာကျေနပ်သည်။မနက်ဖြန်တော့စိုင်းတိမ်ယံလင်းနှင့်ကိုယ့်ရဲ့ပတ်သက်မှုကိုမီဒီယာတွေကပို၍စိတ်ဝင်စားတော့ပေမည်။
"Rainလာပြီ Rain.."
Moonlight hotelရှေ့ကားရပ်လိုက်သည်နှင့်mediaသမားတွေ၏လှုပ်လှုပ်ရှားရှားဖြစ်နေမှုကိုကားမှန်ကနေမြင်ရသည်ကြောင့်စိတ်ရှုပ်ရပြန်သည်။နေလရောင်ကိုကြည့်တော့ကားမှန်ကိုခေါင်းလေးတင်ကာပါးစပ်လေးဟလျက်အိပ်ပျော်နေပြီ။
"ဟာ...ဒီအချိန်လေးနဲ့အိပ်ပျော်တယ်.."
"လရောင်.."
မနိုးသေး။
"ချစ်စရာလေးကွာ.."
အူယားတာလည်းပါသည်၊နှိုးလည်းနှိုးရမည်ကြောင့်အားနည်းနည်းထည့်ကာပါးလေးကိုဖျစ်ညစ်လိုက်သည်။လှုပ်လ့ဲလှုပ်လဲ့နဲ့နိုးလာပါသောလူကြီးပေါက်စ..
"ထတော့ ရောက်နေပြီ ငါကတော့စိတ်လှုပ်ရှားနေတယ်မှတ်နေတာ မင်းကအိပ်နိုင်သေးတယ်နော်.."
"ရောက်ပြီလား.."
ပြူ းတူးပြဲတဲနဲ့နေလရောင်ဘေးပတ်ပတ်လည်ကိုကြည့်လိုက်သည်။
ဟိုက်! တကယ်ရောက်နေပြီဘဲ
"ရောက်ရင်သွားစို့လေ..."
"ခဏ..မဆင်းနဲ့ဦး.."
တံခါးဖွင့်ဖို့လှမ်းလိုက်သောလက်သည်ပြန်၍တပ်ဆုတ်ရသည်။သူကမက်စ်၊ဦးထုပ်၊လက်အိတ်ဝတ်ကာကားပေါ်မှအမြန်ဆင်းပြီးကားကိုပတ်ကာကိုယ့်ကိုတံခါးလာဖွင့်ပေးသည်။
"လက်ပေး.."
ရှေ့ကိုရောက်လာသည့်လက်တစ်စုံ ထိုလက်အစုံသည်မိမိ၏ကြောက်စိတ်ကိုပြေပျောက်စေတာကိုတော့သိသည်။စိုင်းတိမ်ယံလင်းကိုကြည့်တော့ပြုံးပြနေသည်။ငါ့ကိုယုံကြည်ပြီးလက်တွဲလိုက်ပါဆိုတ့့ဲအဓိပ္ပါယ်။ဘာမှစဉ်းစားမနေတော့ဘဲမိမိလက်ကိုလှမ်းလိုက်သည်။ခပ်အေးအေးလက်ဖဝါးတစ်ခုသည်စိုင်းတိမ်ယံလင်း၏ခပ်နွေးနွေးလက်ဖဝါးအောက်တွင်ပျောက်ကွယ်နေသည်။
"ဘေးဖယ်ပါ..မတိုးပါနဲ့....ဘေးဖယ်.."
လျှောက်လမ်းရဲ့ဘယ်ဘက်ကောညာဘက်ကောအစောင့်တွေကလိုက်ပါလာသည်။ဘေးတိုက်လျှောက်နေရင်းမှစိုင်းတိမ်ယံလင်းကိုကြည့်မိတော့မက်စ်အောက်ကမျက်နှာသည်ပြုံးနေလိမ့်မည်ဟုခန့်မှန်းနိုင်သည်။
"မင်္ဂလာပါ ဥက္ကဋ္ဌrain.."
အားလုံးကနှုတ်ဆက်ကြပေမယ့်rainကတော့ရှိသည်ဟုမထင်။ယောကျာ်းတစ်ယောက်လက်ကိုဆုတ်ကိုင်လျက်ဝင်လာသည့်rainကိုထူးဆန်းသလိုကြည့်နေကြသည်။မိန်းကလေးဖြစ်ရမှာမဟုတ်ပေဘူးလား။
rainအနားကိုချဉ်းကပ်မည့်ဝတ်စံရီပင်လက်တွဲထားခံရမည့်သူကသူမဟုတ်သဖြင့်စိတ်တိုလာသည်။
"ပိုင်းလုံးကောင်.."
စိုင်းတိမ်ယံလင်းကတော့ရဲရင့်စွာထိုလက်ကလေးအားဆုတ်ကိုင်ထားဆဲ။
....................................................................
"ရှိုင်းဟွာကုမ္ပဏီခွဲရှိုင်းကုမ္ပဏီ၏ဥက္ကဋ္ဌrainမှအမှားစကားပြောကြားပေးပါရန်ဖိတ်ခေါ်ပါတယ်ရှင့်.."
လက်ခုတ်သြဘာသံနှင့်အတူခန့်ညားထည်ဝါစွာစင်ပေါ်၌ရပ်နေသောစိုင်းတိမ်ယံလင်းအားမမြင်ဖူးသလိုနေလရောင်ငေးကြည့်နေသည်။
"သားကနောက်ကျတယ်နော်.."
ဒေါ်စန်းပြောလိုက်သည်။နေလရောင်အမေ့နားသို့ခေါင်းကပ်လိုက်ကာ
"ဘာလို့လဲ မနေတတ်လို့လား မေမေ."
"မဟုတ်ဘူးကွယ် ဧည့်ဝတ်ကျေလွန်းလို့ခက်နေတာ ဦးဝစိုင်းကဖော်ရွေတယ်ကွဲ့ မင်းအဖေနဲ့ခုထိစကားလက်စုံကျပြီး ဒီမှာမထိုင်နိုင်တာဘဲကြည့်.."
အဖေကဒီမှာမရှိချေ ။အဖိုးဦးဝစိုင်းနဲ့ဒုတိယထပ်ကနားနေခန်းမှာနေနေသည်ဟုဆိုသည်။အကိုကလည်းအဖေ့ကိုစောင့်ရှောက်ဖို့နေနေပေးနေသည်။
"ပြောပါစေ အဖေပျော်နေလို့နေမှာပါ.."
"အင်း...ဒါနဲ့သားကအရမ်းတော်တာဘဲ သားရဲ့ဒီဇိုင်းတွေကအရမ်းမိုက်တာဘဲ.."
"ကျေးဇူးမေမေ.."
မေမေ့ပါးလေးကိုအမြန်နမ်းလိုက်တော့မေမေကပါးလေးကိုပြန်ဆွဲသည်။အမှာစကားပြောလို့ပြီးတော့လက်ဝတ်ရတနာရောင်းပွဲကိုအရင်စသည်။ပြီးမှတိုက်ခန်းတွေကိုရောင်းမည်။လာသည့်ဧည့်သည်တွေအတွက်ကျွေးမွေးတာကတော့ဘူဖေးလိုခင်းပေးထားသည်။စိုင်းတိမ်ယံလင်းကမအားသေး ၊ဦးစည်လက်ထဲကဖိုင်တွေမှာပစ္စည်း ဈေးနှုန်းတွေကိုပြန်စစ်နေသည်။
"မေမေဘာစားမလဲ.."
"တော်ပြီကွယ်.."
"ညီ..လရောင်.."
ထိုင်နေသည့်ဝိုင်းကို ကိုကြီးနှင့်အဖေ အမရွှေစင်တို့လာနေကြသည်။
"အကို...အကို.."
ပွဲစကတည်းကနေရန့်ကိုရှာနေသမျှခုမှတွေ့ရသဖြင့်အပျော်လွန်ကာစိုင်းညီယံလင်းအပြေးလာခ့ဲသည်။လာမယ်ဆိုတာသိလို့ရှာပေမယ့်ခုမှတွေ့ရအောင်ဘယ်မှာများနေနေသလဲ။အဖေကသူ့အနားကမခွာခိုင်းဘဲအကိုဖြစ်သူ၏အလုပ်အားစောင့်ကြည့်ဖို့ပြောပေမယ့်သည်းမခံနိုင်သဖြင့်လစ်ထွက်လာခ့ဲသည်။အကို့အနားရောက်မှမြင်လိုက်ရသည့်တစ်စုံတစ်ယောက်ကြောင့်စိုင်းညီယံလင်းအပြုံးတို့ပျောက်ကွယ်သွားသည်။
"အမေတို့ပြန်နှင့်တော့မယ်ကွယ် "
ဒေါ်စန်းသားဖြစ်သူကိုပြောလိုက်သည်။
"ပြန်တော့မှာလား.."
"အေး."
"ဒါဆိုမေမေကားပေါ်ကိုအရင်သွားပြီးစောင့်နေနော်..သားဖေဖေ့ကိုခေါ်လာမယ်..."
"ဟုတ်ပြီကွယ်.."
ဝန်ထမ်းတစ်ယောက်လမ်းပြမှုဖြင့်hotelအပြင်ကိုဒေါ်စန်းထွက်သွားသည်။
"ဒါနဲ့မနေ့ကတွေ့တ့ဲအမမလား.."
"ဟုတ်ပါတယ်."
"ဒီပွဲကိုဘယ်လိုလုပ်.."
မိသားစုတွေသာလာရမယ့်ပွဲမှာထိုမိန်းကလေးဘာလာလုပ်တာပါလိမ့်။ရွှေစင်မျက်နှာငယ်သွားတာမြင်တော့နေရန်ဖြေရှင်းချက်ပေးသည်။
"ငါ့ချစ်သူမလို့ တိမ်ယံကလည်းခေါ်လာလို့ရတယ်ဆိုလို့ခေါ်လာတာ.."
ရုတ်တရက်ကြီးစိုင်းညီယံလင်းရင်ထဲကစို့အောင့်အောင့်ဖြစ်လာသည်။ချစ်သူလို့ထင်မိသော်ငြားမဟုတ်ပါစေနဲ့လို့ဆုတောင်းခ့ဲသမျှအခုတော့မျှော်လင့်ချက်တို့ပျောက်ဆုံးခဲ့ပြီ။
"အကို့..ချစ်သူလား.."
"အေး.."
"ကိုကြီး မေမေကပြန်တော့မယ်တ့ဲ ဖေဖေကော."
နေလရောင်ရောက်လာသည်ကြောင့်စကားဝိုင်းပျက်သွားတော့သည်။
"အေးဖေဖေလည်းပြန်တော့မယ်.."
"ဟုတ်..ဒါဆိုသားလိုက်ပို့ပေးမယ်.."
"မပို့နဲ့တော့ ရတယ်...ညီ က နေခ့ဲအကိုတို့ဘဲသွားလိုက်မယ်"
"ရလို့လား."
"ရတယ် ညီကဒီမှာရှိနေရမယ့်သူလေ နေခ့ဲ"
"ဟုတ်.."
ဖခင်ဖြစ်သူအားထိုမိန်းကလေးနှင့်တစ်ဖက်ဆီတွဲလျှက်ထွက်သွားပုံသည် စိုင်းညီယံလင်းအား အရှုံးသမားဟုပြောနေသယောင်။အထူးသဖြင့်ထိုမိန်းကလေး၏အပြုံးသည်ငါနိုင်တယ်ဟုလှောင်ပြောင်နေသည်။
"နေလရောင်.."
"အွန်.."
"အ့ဲမိန်းကလေးကအကို့ချစ်သူဆိုဟုတ်လား.."
"ဟုတ်တယ်လေ..ချွေးမလောင်းလေးလေ..ဘာလို့."
"ဘာမှမဟုတ်ပါဘူး.."
ရင်ထဲတင်းစို့စို့ခံစားချက်ကြောင့်ဒီနေရာကနေအမြန်ထွက်လာလိုက်သည်။မရဘူးအကို..အကိုကကျွန်တော့အပိုင်။ကျွန်တော်အကို့ကိုဘယ်သူ့မှမပေးနိုင်ပါ။ထို့အတွက်လုပ်သင့်တာတော့လုပ်ရမည်။အ့ဲမိန်းကလေးအတွက်တကယ်စိတ်မကောင်းပါဘူးအကို။
နေလရောင်လည်းဗိုက်ဆာလာသဖြင့်လှည်းပုံစံလိုအလှဆင်ထားသည့်နေရာသွားကာထမင်းပန်းကန်ကိုယူလိုက်သည်။
"များလိုက်တ့ဲဟင်းတွေ.."
အစားအစာတွေကိုတွေ့တော့မျက်လုံးအရောင်တောက်လာကာသွားတက်လေးပေါ်အောင်ပြုံးလိုက်သည်။
အချစ်ကြီးသူကရှုံးရပါချည်ရဲ့။
အကို့ ကို မနာစေကျင်တာမို့..
သူ့ကိုနာကျင်စေမိတယ့်အတွက်
ကျွန်တော့ကိုမုန်းနိုင်ပါတယ်။
.....................................................................
Continue Reading
You'll Also Like
1.3M 46.3K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.4M 104K 43
(Unicode + Zawgyi) (Unicode below) ​တေဇာပိုင်​ × သက်​တန့်​လင်း ​ငယ်​ရွယ်​တဲ့အချိန်​မှာ အချစ်​ကိုစ​တွေ့ခဲ့တယ်​။ အရွယ်​နဲ့မလိုက်​​အောင်​ အချစ်​လမ်းခ...
162K 20K 31
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
450K 23.4K 51