36

47.3K 4.4K 134
                                    

ကားကိုမှီကာရပ်​​စောင့်​​နေချိန်​ကားပတ်​လည်​မှာအ​စောင့်​​တွေကရပ်​​နေသည်​။မလိုဘူး​ဆို​သော်​ငြားအန္တရာယ်​ကိုကြိုတင်​မမှန်းဆနိုင်​တာ​ကြောင့်​အဖိုးကအ​စောင့်​​​တွေ​ခေါ်သွားရန်​အမိန့်​​ပေးခဲ့သည်​။ဝင်းထဲက​နေရပ်​ကြည့်​​နေသည့်​လူ​တွေကလည်းတအံ့တသြနှင့်​ကိုယ့်​မှာတစ်​ခြားကမ္ဘာကလာသည့်​ဂြိုဟ်​သားတစ်​​ယောက်​လို။တဖြည်းဖြည်းလူ​တွေကြားထဲက​နေ​​လျှောက်​လာသည့်​​နေလ​ရောင်​။ယောက္ခမကြီးနှင့်
ပြုံးပြုံး​ပျော်​​ပျော်​စကား​ပြော​နေတာ​ကြောင့်​အ​ပျော်​​တွေကူးဆက်​သဖြင့်​ကိုယ်​ပါပြုံးမိ​ပေမယ့်​ခန္ဓာကိုယ်​၏​အောက်​ပိုင်းသို့အကြည့်​​ရောက်​တဲ့အခါခန္ဓာကိုယ်​ဆတ်​ကနဲဖြစ်​သွားကာမျက်​နှာတည်​မိသည်​အထိ။

"ဘာလို့ဒီ​လောက်​တိုတဲ့​ဘောင်းဘီကို.."

ကြည့်​ဦး ဒီ​လောက်​တိုတဲ့​ဘောင်းဘီကိုဘာလို့ဝတ်​လာရတာလဲ။အဲ့တာ​ကြောင့်​မို့လမ်းကလူ​တွေက​နေလ​ရောင်​ကိုဝိုင်းကြည့်​​နေကျတာကိုး။စိုင်းတိမ်​ယံလင်းမျက်​နှာတကယ်​ကိုအပျက်​ပျက်​ဖြစ်​လာသည်​။ကိုယ်​​တောင်​တစ်​ခါမှမမြင်​ဖူး​သေးတဲ့အသား​လေး​တွေကိုဒီလိုပြလာရသလား
နေလ​ရောင်​ကွာ။

"ငါ ​ရောက်​ပြီ​လေသွားစို့.."

ရှေ့တည့်​တည့်​က​နေလ​ရောင်​သတိ​ပေးမှအသိပြန်​ဝင်​လာသည်​။စိတ်​ဆိုးမာန်​ဆိုး​ပြောလို့မဖြစ်​​သေး၊ကိုယ့်ယောက္ခမနှင့်​​ယောက္ခထီးရှိ​သေးသည်​။နောင်ဖြစ်လာမယ့်သားမက်ေ​​​​လးကသူတို့သား​လေးကိုအာဏာသုံးတယ်​လို့မထင်​​စေချင်​။ထို့​ကြောင့်​ဖြစ်​ညစ်​ကာပြုံးပြလိုက်​ပြီး...

"မာမီတို့အတွက်​ကားနှစ်​စီးသပ်​သပ်​ယူလာတယ်​..လာခဲ့ပါ."

နေလ​ရောင်​အ​ဖေနှင့်​အ​မေကကားတစ်​စီး။နေလ​ရောင်​အကိုနှင့်​သူ့ချစ်​သူအတွက်​ကားတစ်​စီးပြင်​​ပေးထားသည်​။
ဒါ​ကြောင့်​မို့ကားသုးံစီးရပ်​ထားတာကိုး။အစစအရာရာအကုန်​လုပ်​​ပေးထား​တော့​နေလ​ရောင်​အားနာရ​ပေသည်​။အ​ဖေက​ခြေ​ထောက်​မသန်​တာ​ကြောင့်​​နေရန်​​နှင့်​​နေလ​ရောင်​​သေချာကားထဲ​သေချာထည့်​​ပေးရသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now