15

44.2K 4.6K 116
                                    

အချိန်​​တော်​​တော်​ကြာသည်​အထိ ထိုဆိုင်​​ရှေ့တွင်
ရပ်​​နေမိကာ ဝင်​ရမလား၊မဝင်​ရဘူးလားဆိုတာ လ​ရောင်​စဉ်းစား​နေသည်​။ဝင်​သွား၍​ ​ဖေ​ဖေနှင့်​​တွေ့လျှင်​ ဖြစ်​​ပေါ်လာမည့်​အရာ​တွေကိုလည်း စိုးရိမ်​မိသည်​။မ​တွေ့လျှင်​လည်း ဘယ်များသွား​နေသလဲဆိုတာ ပူပန်​ရဦးမည်။
ရောက်​လက်​စနှင့်​ မထူးပါဘူးဟုဆိုကာ ထိုဆိုင်​သို့ဝင်​ရန်​ဆုံးဖြတ်​လိုက်​သည်​။မေ​မေအိမ်​ပြန်​​ရောက်​လို့ ကိုယ့်​ကိုမ​တွေ့ရင်​ စိတ်​ပူ​နေပါဦးမည်​​လေ။ ဝင်​ဖို့ဆုံးဖြတ်​ပြီးတာနှင့်​​ ခပ်​သွက်​သွက်​ ဆိုင်​တွင်းသို့ လ​ရောင်​ဝင်​လာခဲ့သည်​။
ဝင်​ဝင်​ချင်း ကိုယ့်​အသိစိတ်​ထဲ ဝင်​လာသည်​က
အရက်​နံ့။အရမ်းနံလွန်းသည်​​ကြောင့်​ အသက်​ရှူပင်​မဝ​တော့။ကိုယ်​ဝင်​လာ​တော့ ဆိုင်​ထဲကလူ​တော်​​တော်​များက
အလန့်​တကြား ကြည့်​လာသည်​။ပြီးမှသူတို့ဘာသာသူတို့
သောက်​စရာရှိတာ ဆက်​​သောက်​​နေကြသည်​။ဆိုင်​အတွင်းကို​ ​ဝေ့ဝဲရှာကြည့်​လိုက်​​တော့​ အ​ဖေဖြစ်​သူကို
မ​တွေ့ရသည်​​ကြောင့်​ ဆိုင်​သို့​ရောက်​မလာ​သေးသည့်​ပုံပင်​။သို့​ပေမယ့်​လည်း​ ​သေချာ​အောင်​ ဆိုင်​ရှင်​ဦး​လေးကြီးဆီ​ယမေးရမည်​​ကြောင့်​​​ အမြည်းလုပ်​သည့်​​နေရာတွင်
ထိုင်​​နေသည့်​​ဦး​လေးဆီသွားလိုက်​သည်​။

"ဦး​လေး ကျွန်​​တော့​ဖေ​ဖေ လာမ​သောက်​​သေးဘူးလား"

ပုလင်းအလွတ်​​တွေထဲ အရက်​ဖြည့်​​နေရင်း စကားပြန်​​ပြောသည်​။

"​အေး လ​ရောင်​ မလာ​သေးဘူး"

"မ​နေ့က​ကော..ညပိုင်းလာ​သေးလားဦး​လေး"

"မ​နေ့ကလည်းတစ်​​နေကုန်​မလာဘူး သား​လေး"

"ဒါဆို ဦး​လေး"

အရက်​ဖြည့်​​နေသည့်​အလုပ်​ကို​ ​ခေတ္တရပ်​ကာ
ကိုယ့်​ဘက်​လှည့်​ကြည့်​လာသည်​။

"​ပြောသား​လေး"

"​ဖေ​ဖေလာရင်​ ကျွန်​​တော့ကိုလာ​ပြော​ပေးပါလား"

"ငါ့ဆိုင်​လား"

"ဟုတ်​"

"​ကောင်းပြီ​ကောင်းပြီ ​ပြောမယ်​ဟုတ်​ပြီလားစိတ်​ချ"

You're my everything(Zaw and Uni) (Completed)Where stories live. Discover now