23

44.5K 4.5K 85
                                    

"ည၈နာရီထိုး​နေပြီ မအိပ်​​သေးဘူးလား .."

တစ်​​နေကုန်​ ထမင်းစားချိန်​နှင့်​ အိမ်​သာသွားချိန်​ကလွဲရင်​စက်​ချုပ်​​သည့်​​နေရာမှ မထသည့်​အတွက်​​ ​မေးရ​တော့သည်​။အခုလည်း ည၈နာရီထိုးတာ​တောင်​ အထည်​မပြီး​သေး။ဘယ်​​လောက်​အထည်​များများ ရှစ်​နာရီထိုးရင်​ အမြဲအိပ်​တတ်​သည့်​ လ​ရောင်က အခု​တော့ ကြိုးစားပမ်းစား
စက်​ချုပ်​​နေတုန်း။ကြည့်​...အခုလည်း ကိုယ်​စကား​ပြော​နေတာကို မကြားဘဲ အထည်​သာ သဲကြီးမဲကြီးချုပ်​​နေသည်​။

"လ​ရောင်​..​ပြောတာကြားလား.."

"ကြားတယ်​ ကိုကြီး..ကျွန်​​တော်​​ အမ​ရွှေစင့်​အတွက်
ချုပ်​​နေရတာ မနက်​ဖြန်​သူ့သူငယ်​ချင်းမင်္ဂလာ​ဆောင်​သွားဖို့​လေ ခုည၈ခွဲလာယူမှာ ​အမီချုပ်​​နေတာ.."

"​ရွှေစင့်အတွက်​လား..​သေချာချုပ်​​​ပေးလိုက်​လ​ရောင်​ငါတို့​ကျေးဇူးရှင်​ဘဲ.."

"သိပါတယ်​ ကိုကြီးကလည်းဗျာ.."

"​အေး ​အေး.."

စက်​ချုပ်​ခန်းထဲဝင်​လာတာ အိပ်​ဖို့​ပြောရန်​ဖြစ်​​ပေမယ့်
ခုတော့ ဆက်​လုပ်​ဖို့ တိုက်​တွန်းခဲ့ရသည်​။မှာစရာရှိတာမှာပြီး အခန်းထဲက ​နေရန်​ပြန်​ထွက်​လာခဲ့သည်​။
လှေကား​ပေါ်က တက်​လာရင်​ ဘယ်​ဘက်​က လ​ရောင်​ရဲ့စက်​ချုပ်​ခန်းပင်​။ အခန်းဆို​ပေမယ့်​ လိတ်​ကာနဲ့
ကာထားခြင်းဖြစ်​သည်​။တစ်​ခြမ်းလုံးကို အပိုင်​​ပေးထားရသည်​။ အထည်​လက်​ခံရတာ တစ်​​နေ့ကို မနည်းမ​နောမလား။ထိုအခန်း​လေးထဲမှ ထပ်​မံ၍ဘအခန်း​သေး​လေးတစ်​ခန်းရှိသည်​။အဲ့ဒါ​ကတော့ သစ်​သားနဲ့အခန်းဖွဲ့ထားတာပင်​။အဝတ်​လဲခန်းအဖြစ်​​ ​နေရန်​ကိုယ်​တိုင်​​​ ဒေါ်​လေး​ရွှေတင်​ကို
ခွင့်​ပြုချက်​​တောင်းကာ ရိုက်​ထားတာဖြစ်​သည်​။မိန်းက​လေး​တွေဆိုရင်​​တော့ မိဘုတ်​​လေးကပဲ အစစအရာရာလုပ်​​ပေးရ၏။စက်​ချုပ်​ခန်းထဲကအထွက်​​ ​လှေကားညာဘက်
ခြမ်းက​တော့ ဘုရားစင်​နှင့်​ဟင်​လင်းပြင်​ပင်​။ အဲ့မှာ
ည​ရောက်​ရင်​​တော့ ​စောင်​​ခင်းကာ ညီအကိုနှစ်​​ယောက်​အတူအိပ်​ကြရသည်​။ရွှေစင်​​လေးလာမည်​ဆို​တော့၊​ဒေါ်​လေး​ရွှေတင်​ပါ ပါမယ်​ထင်​၏။ရောက်​လာရင်​ တစ်ခုခုစားရ​အောင်​ ကြိုပြင်​ဆင်​ထားရမည်​။ မီးဖိုခန်းထဲသွားပြီး
တစ်​ခုခုများ ရှိမလားရှာကြည့်​​တော့​ ရွှေဘိုကိတ်​မုန်ုနှင့်
ကော်​ဖီ​ထုတ်​ရှိသည်​။ထို့​ကြောင့်​​ ​ကော်​ဖီ​ဖျော်​ထားလိုက်​၍
ပေါင်​မုန့်​ကို အသင့်​အတင့်​လှီးပြီး ပန်းကန်​ပြားထဲ၌
ထည့်​ကာ ​ကြောင်​အိမ်​ထဲထည့်​ထားလိုက်​သည်​။ကော်​ဖီကအရမ်းပူရင်​မ​ကောင်းတာ​ကြောင့်​ ဒီအတိုင်းအ​အေးခံထားဖို့သာ ပြင်​လိုက်​သည်​။ကျွေး​မွေးရန်​ပြင်​ဆင်​ပြီး ညီဖြစ်​သူအထည်​ပြီးသလားဟု အ​ပေါ်တက်​ကြည့်​​မိ​တော့
အရုပ်​မ​တောင်​ အဝတ်​အားဆင်​ပြီး​နေပြီ။ စက်​ရုပ်​​တောင်​ညီဖြစ်​သူ​လောက်​ မမြန်​နိုင်​ဘူးဟု​ နေရန်​​တွေးမိသည်​။တော်​လွန်း​တော့လည်း ဒီ​လောက်​ထိ နာမည်​ထွက်​တာ​ပေါ့​လေ။အထည်​က​တော့ ခပ်​ဆန်းဆန်း။ရင်​ပြတ်​ကိုမှ ရင်​ဟိုက်​​လေးဖြစ်​သည်​။ ထမိန်​လည်းမဟုတ်​၊စကတ်​လည်းမဟုတ်​ ခပ်​ဆန်းဆန်း​လေးပုံ​ဖော်​ထားသည်​။ဒီနယ်​ပယ်​မကျွမ်းကျင်​​တော့​ ​နေရန်​လည်း ဘယ်​လိုပုံ​ဖော်​ရမှန်းမသိ၊လှတာ​တော့အရမ်းလှသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now