"မေမေ!!!"
အဖေက အားထည့်၍ ရိုက်လိုက်တာကြောင့်
လဲကျသွားသည့်အမေဖြစ်သူကို လရောင်အမြန်ထူရသည်။အမေက မထသေးဘဲ အဖေ့ကိုကြည့်ကာ.."ရှင်ကကျွန်မကို လက်တင်တယ်ပေါ့ဟုတ်လား"
"အဲ့တော့မကျေ..နပ်ဘူးလား..မင်းက"
"ဟာ မေမေ!!"
ထိုင်ရာကနေ ဝုန်းကနဲထရပ်လိုက်ကာ အဖေ့ကို
အငြိုးတကြီး ပြန်ရိုက်နေသည်။ဒေါ်စန်းသည်
ဒေါသကြောင့် ဘယ်လောက်သွေးပူနေပါစေ
ယောကျာင်္းနှင့်မိန်းမ မမျှသောကြောင့် ဒေါ်စန်းသာ
အများဆုံးရိုက်နှက်ခံရသည်။ နှစ်ယောက်ကြား လရောင်အမြန်ဝင်၍ ရိုက်နေသည့်အဖေ့လက်တစ်ဖက်ကို
လက်နှစ်ဖက်နှင့်ကိုင်လျက် ဆွဲထား၏။"ခွေးကောင်ငါ့ကို ဖယ်စမ်း"
"မေမေ့ကိုလွှတ်"
"ဟာကွာ...ခွေးကောင်လွှတ်စမ်း"
"မေမေ့လွှတ်.."
ငိုသံပါသော အသံဖြင့်ပြောလိုက်သည်။
"ခွေးကောင် လွှတ်.."
အားပြင်းပြင်းနှင့် လရောင်တွန်းထုတ်ခံလိုက်ရသည်။
အရှိန်မထိန်းနိုင်သည်ကြောင့် ကြမ်းပြင်၌ ပြန့်ကြဲနေသောပုလင်းကွဲအပေါ် လက်ထောက်လျက်ကျသွားပြီး
စူးစိုက်ဝင်လာသည့် ပုလင်းကွဲဒဏ်ကြောင့် နာကျင်စွာအော်လိုက်မိသည်။"အား!!.."
"သားငယ်...ရှင် ကျွန်မကိုလွှတ်စမ်း အာ့"
ရိုက်နှက်ခံရသည့်ကြားမှ သားငယ်ကို ထူပေးရန်အသွား လက်မောင်းကနေ ဆွဲခံရပြီး မျက်နှာသို့အထိုးခံရသည်။
အငြိုးတကြီး အမေ့ကိုထိုးနေသည်ကြောင့် အမေနာလို့ထင်၏ ပြန်မလုပ်နိုင်တော့ပေ။လရောင်အမြန်ထကာအဖေ့လက်ကို ပြန်ဆွဲရသည်။ထို့နောက် သားအမိနှစ်ယောက်လုံး ခံရတာကို မကြည့်ရက်ကျတော့ထင်သည်
အပြင်က အဒေါ်ကြီးနှစ်ယောက်နှင့်ဦးလေးတစ်ယောက်ကအိမ်ပေါ်တက်လာကာ ဝင်ဆွဲသည်။ဒါတောင် အဖေသည်ထိုဦးလေးချုပ်ထားပါလျက် ဒေါသမပြေစွာ ရုန်းထွက်ရင်း
ရိုက်မယ်တကဲကဲလုပ်နေ၏။
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥