ခုတင်ခေါင်ရင်းက အမှီကိုမှီလျက် ပန်းချီပုံကို တိမ်ယံ
ထုတ်ကြည့်နေသည်။ဘေးကအဝါကွက်လေးက
ပုံဆွဲတုန်းက ကျဆင်းလာသည့် လရောင်ရဲ့မျက်ရည်လေးပင်။ထိုအကွက်လေးကို လက်ညိုးလေးနှင့်အသာထိတွေ့ရင်း စိုင်းတိမ်ယံလင်းကျေနပ်နေမိသည်။ထို့နောက်
ဘေးကဓာတ်ပုံမှန်ဘောင်ကို ယူလိုက်ကာ စာရွက်မပြဲစေရန် သတိထား၍ ထည့်နေမိသည်။ဒီလိုအဖိုးမတန်တယ့်
စာရွက်အား စိန်တစ်လုံးလို ယုယနေသည်ကို
အခြားသူများတွေ့ရင် ရီနေမှာအမှန်ပင်။"ငါတကယ်ပုံမှန်မဟုတ်တော့ဘူးဘဲ"
ကိုယ့်ကိုယ်ကို အားမရစွာ ပြောလိုက်သည်။ပြီးစီးသွားသည့် မှန်ဘောင်ကို ပေါင်ပေါ်တင်ထားကာ မိမိစိတ်ကိုမိမိကိုယ်တိုင် ပြန်သုံးသပ်ကြည့်ရမည်ဟု တွေးမိသည်။
လရောင်ကို ဘာကြောင့်ဒီလောက်ထိ အာရုံထားမိတာလဲ။ဘာလို့ သူ့အမူအရာတစ်ခုခြင်းစီကို လိုက်ကြည့်ပြီး ပြုံးနေမိတာလဲ။အမှန်တကယ်ဆို သူနဲ့ကိုယ်က
ယောကျာင်္းလေးတွေလေ။ဘာကြောင့် ကိုယ်ကသူ့ကိုပဲ
အမြဲတမ်းကြည့်ချင်နေပြီး သူငိုရင် ဘာကြောင့်ရင်ထဲက
နာလာရတာလဲ။အဲ့တာအချစ်လား။မဖြစ်နိုင်တာ
ကိုယ်ချစ်ရမှာလှပတယ့်မိန်းကလေးတစ်ယောက်ကိုလေ။ဒါပေမယ့်လည်း ပြောလို့မှမရနိုင်တာ ဟုတ်တယ်မလား။
မှီနေရာမှ ဆက်ကနေမတ်မတ်ထိုင်လိုက်သည်။"ငါသူ့ကိုချစ်နေတာလား"
"ဘယ်သူ့ကိုချစ်နေတာလဲမြေးလေးရဲ့"
"အဖိုး!!"
အခန်းတံခါးကို ပြန်ပိတ်ကာ ဝင်လာခဲ့ပြီး ခုတင်ပေါ်ခပ်လှမ်းလှမ်းမှာ ဦးဝစိုင်းထိုင်လိုက်သည်။
"ပြောပါဦးမြေးဘယ်သူ့ကိုချစ်နေတာလဲ."
"သားသေချာမသိဘူး အဖိုး"
"ဟေ ဘာကိုတုန်း"
"အဖိုး အဖွားကိုစချစ်တာ ဘယ်လိုသိခဲ့တုန်းဟင်"
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥