Final

61.4K 3.6K 318
                                    

"ငါအရင်​​ဆောင်​မှာ"

"ငါအရင်​​ဆောင်​မှာကွ"

မိမိ​ရှေ့စားပွဲ​ပေါ်မှာရှိ​နေသည့်​sharkအချို​ရေဗူးကို
စိုင်းတိမ်​ယံလင်း​ကောက်​ကိုင်​​တော့စိုင်းညီယံလင်းလည်း
ရေသန့်​ဗူးကို​ကောက်​ကိုင်​လိုက်​သည်​။အခုချိန်​မှာသူ့ထက်​ငါမင်္ဂလာအရင်​မ​ဆောင်​ရပါကတတိယကမ္ဘာစစ်​ကိုစတင်
တော့မည်​အတိုင်း။

"ဟဲ့ သား​တွေ ငြိမ်​ငြိမ်​​နေစမ်း"

ဒေါ်လင်းဟန့်​လိုက်​သည်​။နေရန်​နှင့်​လ​ရောင်​လည်းသက်​ဆိုင်​သူလက်​ထဲကအချိုရည်​​ဗူးနှင့်​​ရေသန့်​ဗူးကိုယူကာ
ငြိမ်​ငြိမ်​​နေဖို့နားချ​နေရသည်​။အခုမိသားစုစုံစုံညီညီလူကြီးပါဝင်​စွာဖြင့်​စိုင်းမိသားစုမှလာ​ရောက်​သား​တောင်းယူခြင်းဖြစ်​သည်​။လက်​ထပ်​ခွင့်​သည်​တရားမဝင်​ဘူးဆို​သော်​လည်း
လက်​ထပ်​ထားသည့်​ဆိုသည့်​အရာကို​တော့နှစ်​ဖက်​စလုံး
ခံစားချင်​ပါသည်​။

ညီယံ့အား​နောက်​မှ​မွေးလာတာ​နောက်​မှာ​နေဆိုသည့်
ပုံစံဖြင့်​တိမ်​ယံကြည့်​​နေသည်​။ပြီးမှအ​မေဖြစ်​သူဘက်​လှည့်​ကာ..

"မာမီ ကျွန်​​တော်​ကအကြီးဆို​တော့ကျွန်​​တော်​ဘဲအရင်​​ဆောင်​လိုက်​ပါ့မယ်​"

ထိုအခါညီယံလှုပ်​လှုပ်​ရှားရှားဖြစ်​လာကာ..

"ဘာ! မင်းအဲ့လိုမညွန့်​နဲ့ မင်းကအကြီးဆိုအကိုကလည်း
လ​ရောင်​ထက်​အကြီး​လေ ငါကအရင်​​ဆောင်​ရမှာကွ"

"ငါကအရင်​လက်​ထပ်​ခွင့်​​တောင်းတာကွ"

"ငါကအရင်​ကွ အရင်ပတ်​ကအင်္ဂါ​နေ့က ညကကွ"

"ဟားဟား ဒါဆိုလစ်​လိုက်​ငါကမနက်​ပိုင်းလက်​ထပ်​ခွင့်
တောင်းတာ"

"မင်း "

ထပ်​ပြီးအ​ရှေ့မှာရှိတဲ့ဗူး​တွေကိုကိုယ်​စီဆွဲကိုင်​ကြသည်​။

"ကဲ ​တော်​ပါ​တော့ညီယံရာ ငါတို့​နောက်​မှလက်​ထပ်​ရ
အောင်​ပါ"

ဆို​တော့ညီယံလှည့်​ကြည့်​လာသည်​။တိမ်​ယံလည်းထိုအခါမှငြိမ်​သွားသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now