26

46.3K 4.8K 226
                                    

"ဝမ်းနည်း​မနေနဲ့ ညီ ​နောက်​တစ်​ခါကြိုးစား​ပေါ့.."

လက်​ထဲကဖုန်းကိုသာ ငူငူကြီးထိုင်​ကြည့်​​နေသည့်
လ​ရောင်​ပခုံးကိုကိုင်​၍ နေရန်​အား​ပေးမိသည်​။

"ဟုတ်​တယ်​ ကိုကို​လေး ​နောက်​တစ်​ခါကြိုးစားကြမယ်​​လေဝမ်းနည်းမ​နေနဲ့.."

လ​ရောင်​မှာ​တော့ မလုပ်​မယှက်​ရှိ​နေတုန်း။

"ကိုကြီး မိဘုတ်​.."

လ​ရောင်​ထံမှ အသံထွက်​လာသည်​။ထို့​နောက်​ မျက်​ရည်​​တွေပါ ကျလာ​တော့​ ​နေရန်​ပျာယာခတ်​သွားသည်​။

"ဟာ...မငိုနဲ့​လေ ဒါငိုစရာမှမဟုတ်​တာ.."

ပါး​ပေါ်က မျက်​ရည်​​တွေကို​ ​နေရန်​သုတ်​​ပေးလိုက်​သည်​။
ထို့​နောက်​​ လ​ရောင်​က အသံကွဲကြီးနှင့်​...

"ကျွန်​​တော်​ ​ရွေးတဲ့ထဲမှာ အ​ကောင်းဆုံးနဲ့​ရွေ့းချယ်​ခံရတယ်​ကိုကြီး.."

"တကယ်​.."

"တကယ်​.."

ကိုကို​လေးလက်​ထဲက ဖုန်းကို မိဘုတ်​အမြန်​​ယူကာ
ကြည့်​လိုက်​သည်​။ထို့​နောက်​ အ​ပျော်​ဆုံး​လေသံဖြင့်​..

"ဟုတ်​တယ်​ ကိုကိုကြီး..ဒီမယ်​ကြည့်​.."

မျက်​နှာ​ရှေ့ထိုးပြသည့်​ ဖုန်းမျက်​နှာပြင်​ကို ​နေရန်
ကြည့်​​တော့..

"ဂုဏ်​ယူပါသည်​။
သင်​သည်​ ရှိုင်းဟွာကုမ္ပဏီမှ​ရွေးချယ်​ခံရသည့်​အ​ကောင်းဆုံးဆုရှင်​ဖြစ်​ပါသည်​။
မနက်​ဖြန်​မနက်​၈နာရီရှိုင်းဟွာကုမ္ပဏီသို့လာခဲ့ပါရန်​​မေတ္တာရပ်​ခံပါသည်​။"

ပျော်​လွန်းလို့ ​နေရန်​ပင်​ မျက်​ရည်​ဝဲရသည်​။

"မငိုနဲ့​တော့ညီရယ်​ ကိုကြီးကမပါတာလားလို့.."

ချော့​မော့၍ မျက်​ရည်​​တွေသုတ်​​ပေး​တော့ ပိုလို့ပင်​ငိုသည်​။

"ကျွန်​​တော်​ ပါမယ်​လို့..အင့်​....ထင်​ထား​ပေမယ့်​...အ​ကောင်း...အင့်​..ဆုံးရလိမ့်မယ်​လို့...မထင်​ထားဘူး.."

စကားတစ်​ခွန်း​ပြောဖို့ ရှိုက်​သံ​ကြောင့်​ ထစ်​ထစ်​သွားသည့်​​လ​ရောင်​​ကြောင့်​ ရီချင်​​သော်​လည်းမရီရဲ။ပါးမို့မို့​လေးက
ရဲကာ ပါးစပ်​ဟလျက်​ ရှိုက်​ကာရှိုက်​ကာငို​နေေ​​သာ
လ​ရောင်​သည်​ တကယ်​ချစ်​စဖွယ်​အတိ။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now