11

44K 4.6K 83
                                    

"​ရော့အင်္ကျီ ​ကျေးဇူးဘဲ"

ကျောင်းဆင်း၍ အိမ်​ပြန်​ရ​တော့မည်​ဖြစ်​သဖြင့်
မနက်​ကတည်းက ကိုယ့်​ခန္ဓာကိုယ်​​ပေါ်
ရောက်​​နေသည့်​ သူ့အပိုင်​အင်္ကျီကို လ​ရောင်​ပြန်​​ပေးရသည်​။ဒါ​တောင်​ အခန်းထဲမှာသတိမရဘဲ အခန်းအပြင်
ဝရန်​တာမှ​ သတိရသည်​မို့်​ သူ့ကို​စောင့်​​ပေး​ရသည်​။
ပေး​နေသည်​ကိုမယူဘဲ ကိုယ့်​ကိုဘဲ ကြည့်​​နေသည်​​ကြောင့်​ သူ့မျက်​စိ​ရှေ့အင်္ကျီကို​ ယမ်းပြလိုက်​သည်​။ထိုအခါမှ
သူကစကားဆိုလာသည်​။

"မင်းဝတ်​သွားလိုက်​​လေ စက်​ဘီးစီးရဦးမှာ မိုးကဖွဲဖွဲ​လေးသည်း​နေ​တာကို"

"အယ်​ ဟုတ်​သား"

ဝရန်​တာက​နေ အုံ့မှိုင်း​နေသည့်​​​​ ​ကောင်းကင်​ကြီးကို လ​ရောင်​ ​တွေ​တွေ​ငေးကြည့်​လိုက်​သည်​။ရက်​အတန်​ကြာ​အောင်​ ရွာမည့်​မိုးထင်​ပါသည်​။မိုးကာလည်း မပါသည်​​ကြောင့်
စိုင်းတိမ်​ယံလင်း​ပြောသလိုသာ လုပ်​ဖို့သ​ဘောတူလိုက်​သည်​။

"ဒါဆို ငါ​လျှော်​ပြီး​ခြောက်​တယ့်​ရက်ကျယူလာခဲ့မယ်​...ရတယ်​မလား"

မေးဟန်​ပြု​တော့​ ​ခေါင်းညိတ်​ပြလာသည်​။လက်​ထဲက
အင်္ကျီကို ခန္ဓာကိုယ်​​ပေါ် ပြန်​ဝတ်​လိုက်​​တော့
အရပ်​နှင့်​ကွက်​တိဖြစ်​သွားသည်​​ကြောင့်​ လ​ရောင်​နှာ​ခေါင်းတစ်​ချက်​ရှုံ့လိုက်​သည်​။

"ဟားဟား"

စိုင်းတိမ်​ယံလင်း ရယ်​မိသည်​။

"မရယ်​ပါနဲ့ကွ ငါသွားပြီ"

"အင်း"

ချက်​ချင်းဘဲ တိမ်​ယံ့နှလုံးသားတို့​ ​လေးလံသွားသည်​။
ခဏ​လေး​တောင်​ သူနှင့်​မခွဲချင်​တာ အချစ်​လွန်​နေလို့များပါလား။နေရင်းထိုင်​ရင်းကို မနက်​ဖြန်​ချက်​ချင်း​ရောက်​ချင်​​နေပြီ။အကယ်​၍သာ ကိုယ့်​မှာအချိန်​ရပ်​တန့်​နိုင်​သည့်
စက်​တစ်​ခုရှိပါက သူနှင့်​ရှိသည့်​အချိန်​​လေး​တွေကို
ရပ်​တန့်​ထားချင်​ပါသည်​။အချိန်​​ရွေ့​ပြောင်းနိုင်​သည့်​စက်​ရှိပါကလည်း သူနှင့်​​တွေ့မည့်​အချိန်​​လေး​တွေသာ ​ရွေ့​ပြောင်းချင်​မိသည်​။သူ့အရပ်​နှင့်​ဆိုလျှင်​ ရှည်​လွန်းသည့်​အင်္ကျီ​ကြောင့်​စနိုးဝှိုက်​ထဲက လူပု​လေးလိုပင်​ ပုတက်​တက်​နှင့်​ကိုယ့်​​ရှေ့ကထွက်​သွားသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now