"လွှတ်ပါဦးကွာ အိပ်ရာပေါ်ရောက်နေပြီဘဲကို"
မနက်ကတည်းကအနောက်ကနေပွေ့ဖက်ထားသူသည်
အခုအိပ်ချိန်ရောက်လို့ အိပ်ရာပေါ်အတူရှိတာတောင်မလွှတ်ပေးသေး။"မင်းထားသွားမှာ ကြောက်လို့"
ဆိုတော့စိတ်မကောင်း။မျက်နှာချင်းဆိုင်လှည့်ကြည့်တော့
တိမ်ယံငိုနေပြီ။"မင်းအရမ်းသွေးအေးတာဘဲ ငါ့ကိုစွန့်ခွာဖို့မင်းအသင့်ဖြစ်နေတာဘဲ ..ငါ..အရမ်း"
"တော်ပါတော့ကွာ"
တိမ်ယံ့ပါးစပ်အားလက်ဖဝါးနဲ့အသာပိတ်ထားမိသည်။ဆက်ပြောလာမည့်စကားတွေကိုသူနားထောင်ဖို့မရဲပါ။
"ငါတောင်းပန်ပါတယ် ငါလည်းကလေးအရမ်းလိုချင်လို့ပါ
ငါကွာရှင်းရင်မင်းသဘောတူမယ်လို့ခန့်မှန်းပြီး လုပ်လိုက်တာပါ ကွာရှင်းပြီးတောင်မင်းသဘောမတူဘူးဆိုငါပြန်လာဖို့ဆုံးဖြတ်ထားပြီးသားပါ စိတ်ချပါ ငါကမင်းနဲ့အတူအမြဲရှိနေမှာ အဲ့ဒါအပြင်သားသားလေးပါ အပိုလက်ဆောင်ပေးမှာ
ဒီလိုမျိုးလုပ်ခဲ့မိလို့လဲ ငါတောင်းပန်ပါတယ်ကွာ နော် "တိမ်ယံ့နှုတ်ခမ်းထက်အကြင်နုနုခြွေလိုက်သည်။
မျက်နှာနည်းနည်းရွှင်လာတော့တော်ပါသေးသည်။"ဒါနဲ့ လရောင် တကယ်လို့ကလေးယူတာအောင်ခဲ့ရင်
တစ်ယောက်ဘဲယူရမယ်နော် အဲ့ကလေးမွေးပြီးတာနဲ့
သားအိမ်ပြန်ထုတ်ရမယ်""အင်း ကတိပေးတယ် ဘာလို့လည်းမသိဘူး ငါ သားသားရမယ်လို့ထင်နေတယ် သိလား"
"ဟွန် ဘာလို့တုန်း မီးမီးလေး မဟုတ်ဘူးလား"
နှုတ်ခမ်းဆူကာပါးကိုခပ်ဖွဖွရိုက်လာသည်။
"ငါက ကလေးဆိုယောကျာ်းလေးဘဲ ချစ်တာကွ မိန်းကလေးကနည်းနည်း..ဘယ်လိုပြောရမလဲ"
"ဒါဆို မီးမီးလေး မွေးလာရင်မချစ်ဘူးပေါ့"
"ချစ်မှာပေါ့"
YOU ARE READING
You're my everything(Zaw and Uni) (Completed)
RomanceI'm not a robotထဲမှရောဂါကိုကြောရိုးတည်ရေး၏။ Own Creation နေလရောင် စိုင်းတိမ်ယံလင်း နေရန် စိုင်းညီယံလင်း fan ficမဟုတ်ပါ။🔥🔥🔥🔥