2

64K 5.4K 115
                                    

ကျောင်းဆင်း​သည်​နှင့်​ စက်​ဘီးရှိရာသို့ လ​ရောင်
အမြန်​သွားရသည်​။ ​နောက်​ကျပါက
အခြား​ကျောင်းသား​တွေ စက်​ဘီးထုတ်​သည်​​နှင့်
တိုက်​ကာ အဝင်​အထွက်​ကြပ်​တတ်​၏။
ကျောင်းဝင်းထဲ​ ​ကျောင်းသား​​ကျောင်းသူ​တွေ
စက်​ဘီးမစီးရ၊ဆရာဆရာမ​တွေ ဆိုင်​ကယ်​မစီးရဆိုသည့်
ဆရာမကြီး၏ စည်းကမ်းချက်​​ကြောင့်​​ ​ကျောင်းဝင်း​အပြင်
ရောက်​သည်​အထိ စက်​ဘီးဆိုင်​ကယ်​တို့ကို
တွန်းသွားရ၏။ကျောင်းအပြင်​​ရောက်​​တော့
တော်​​တော်​​လေး သစ်​လွင်​​တောက်​ပ​နေသည့်
ကားတစ်​စီးကို​ လ​ရောင်​​တွေ့ရသည်​။
အ​တွေးထဲ ချက်​ချင်းဝင်​​ရောက်​လာသည်​က
ထိုကားသည်​ ဟိုဘဝင်​ရူး​ကောင်​၏ ကားပင်​ဖြစ်​မည်​ဟုပင်​။ထို့​​နောက် လ​ရောင်​လည်း
သီချင်းဆိုလျှက်​​ ​အေး​အေး​ဆေး​ဆေးပင်
စက်​ဘီးစီးကာ အိမ်​ပြန်​​တော့သည်​။

......................................................................

"​ကျောင်းသား​တွေရှင်းပြီလား..ဦးစည်​.."

"လူရှင်းပြီသား​လေး ပြန်​လို့ရပြီ."

"အဲ့တာဆိုပြန်​စို့.."

ဦးစည်​ကိုအသိ​ပေးပြီးသည်​နှင့့််​​အခန်းပြင်​သို့ စိုင်းတိမ်​ယံလင်း ထွက်​လာခဲ့သည်​။ကျောင်းဝန်းထဲက ထူးဆန်းစွာကြည့်​​နေသည့်​ မျက်​လုံး​တွေကို​တော့ မသိဟန်​​ဆောင်​ထားလိုက်​သည်​။ ကျောင်း​ရှေ့​ရောက်​​တော့ driverက ကားတံခါးကို အဆင်​သင့်​ဖွင့်​​ပေးထားသည်​​ကြောင့်​​ ​နောက်​ခန်းမှာယဝင်​ထိုင်​လိုက်​သည်​နှင့်​အတူ မျက်​နှာမှာ တပ်​ထားသည့်​ မက်​စ်​နှင့်​လက်​အိတ်​တို့ကို ချွတ်​လိုက်​​မိသည်​။ ထွက်​​ပေါ်လာသည့်​ နက်​​မှောင်​သည့်​မျက်​ခုံး သွယ်​သည့်​နှာတံ
ဗွီပုံစံ​မေးရိုးနှင့်​ ​ယောကျာင်္းဆန်​ဆန်​မျက်​နှာထားသည်
ကား​၏နောက်​ကြည့်​မှန်​တွင်​ တင့်​တယ်​စွာ
နေရာယူထားသည်​။ ကားစထွက်​​​တော့ ဦးစည်​ကို
မေးစရာရှိတာ တိမ်​ယံ​မေးလိုက်​သည်​။

"ဒယ်​ဒီ နဲ့ မာမီဆီက ဘာကြား​သေးလဲ.."

"ဘာမှမကြားပါဘူးသား​လေး.."

You're my everything(Zaw and Uni) (Completed)Where stories live. Discover now