married life 1

48.8K 3.3K 150
                                    

တီ! တီ! တီ! တီ!

နှိုးစက်​၏အချက်​​ပေးသံသည်​တစ်​စတစ်​စကျယ်​​လောင်​စွာ
မြည်​လာသည်​။လွတ်​​နေသည့်​ညာဘက်​လက်​နှင့်​နာရီအားမှန်းဆကာလှမ်းယူလိုက်​သည်​။ပြီး​တော့သံပတ်​​ပေးထားတာကိုပိတ်​လိုက်​ပြီးစားပွဲ​ပေါ်ပြန်​ထားလိုက်​သည်​။မိမိရဲ့ပုံစံကို​တော့သိပ်​ပြီးအ​နေရမခက်​​တော့လက်​ထပ်​ပြီးမင်္ဂလာဦးကတည်းကညီယံသည်​မိမိအားသူ့လက်​​မောင်း​ပေါ်​ခေါင်းအုံး​စေကာခါးကိုဖက်​ထားပြီး​မိမိ​ခေါင်း​အောက်​ကလက်​သည်​ရင်​ဘက်​ကိုဖက်​ထားပြီးအိပ်​သည်​။မင်္ဂလာသက်​​ငါးလပြည့်​လာ​တော့မိမိလည်းကျင့်​သားရသွား​လေပြီ။ခါး​ပေါ်ကလက်​ကိုဖယ်​လိုက်​​တော့ညီယံပက်​လက်​ဖြစ်​သွားသည်​။အခုတ​လောတိုးတက်​လာသည့်​ကုမ္ပဏီအ​ခြေအ​နေနှင့်​အတူညီယံလည်းပင်​ပန်းကာအိပ်​​မောကျတတ်​လာသည်​။သူ့ဘက်​ကိုတ​စောင်းလှည့်​ပြီးနဖူး​ပေါ်ကဆံပင်​​တွေကိုသပ်​​ပေးလိုက်​ကာနှုတ်​ခမ်းအားတစ်​ချက်​နမ်းလိုက်​သည်​။ဒါဟာမိမိလုပ်​​နေကျအလုပ်​။ထို့​နောက်​မျက်​နှာသစ်​​ရေချိုးကာ​နေရန်​​အောက်​ထပ်​ဆင်းလာသည်​။

"သား​လေး နိုးပြီလား"

"ဟုတ်​ အ​ဒေါ်"

ထမင်းချက်​အ​ဒေါ်ကြီးကလှမ်းနှုတ်​ဆက်​သည်​။မနက်​စာကိုမိမိ​အ​မေနှင့်​အ​ဖေသာထမင်းစားပြီးကျန်​တဲ့သူ​တွေက
တော့မိမိလုပ်​တဲ့မုန့်​​ရေပါးကိုကြက်​ဥနှင့်​ဘာမှမပါဘဲစားကျသည်​။ပထမဆုံးအဖိုးနှင့်​ညီယံ့မိဘကိုလုပ်​​ကျွေးတုန်းကဆယ်​ခု​ကျော်​စားကြသည်​။ဒါ​တောင်​ဆက်​စားချင်​တယ်​ဟုဆိုသည်​ရင်​ပြည့်​မှာမလို့သား​တွေကဝိုင်းရပ်​ခိုင်းကြသည်​အထိ။ဒီအသက်​အရွယ်​အထိဒါ​တွေမစားဖူးဘူးလို့​ပြောသည်​။ဒီလိုမှန်းသိရင်​ငယ်​ငယ်​ကတည်းကဒီမုန့်​​တွေသွားရှာစားပါတယ်​တဲ့။ကိုယ့်​မှာရယ်​ရခက်​ငိုရခက်​။ညီဖြစ်​သူ​တော့ဝိုင်းမကူခိုင်းပါ။နဂိုကတည်းကဖြူ ​ဖျော့​ဖျော့နဲ့အစာအိမ်​ရှိသူဆို​တော့ပင်​ပန်းမှာစိုးသည်​။အလုပ်​ကလည်း​တော်​​တော်​ပင်​ပန်းသည်​မလား။ညီယံက​တော့သူ့အလုပ်​မှာဝင်​လုပ်​ဖို့​ပြောသည်​။သို့​သော်​မိမိသည်​ဒီမုန့်​ပျားသလပ်​​ရောင်းခြင်းအလုပ်​ကိုခင်​တွယ်​သည်​။ဝင်းထဲက​ကောအခြားက​ကောကိုယ့်​လက်​ရာဘဲကြိုက်​သည့်​သက်​ကြီးသူ ငယ်​သူ​တွေကဆက်​ဖွင့်​ဖို့အိမ်​မ​ပြောင်းခင်​က​မှာကြသည်​။သို့​သော်​ညီယံကပင်​ပန်းမှာမလို့မလုပ်​ခိုင်း။သေချာနား​ချမှ​ခေါင်းညိမ့်​လက်​ခံသည်​။သို့​သော်​အိပ်​​ရေးဝဝအိပ်​ပြီး​ဈေးကိုခုနှစ်​နာရီမှထွက်​ရမည်​တဲ့။ထွက်​ရမည့်​​နေရာကလည်းဝင်း​ဈေးထဲမဟုတ်​။အိမ်​ခြံဝင်း​ရှေ့ကပ်​လျက်​ကို​ဈေးထွက်​ဖို့ကိုယ်​တိုင်​​ဆောက်​​ပေးထားသည်​။မီးဖိုကအစ တကယ်​ကိုအ​သေးစိတ်​။ရှေ့မှာ​ဈေးဝယ်​​တွေထိုင်စားဖို့​ကော​စောင့်​ဖို့​ကောခုံ​တွေနဲ့လုပ်​​ပေးထား
တော့အရင်​ကထက်​ပို​ရောင်းရလာသည်​။နဂိုအတိုင်း ၄နာရီဆိုမိမိကိုလာကူသည်​။ထိုအချိန်​​တော့က​လေးမငယ်​ငယ်​​လေး​တွေက၁၀ခု​လောက်​မှာကာသွားကျိုးမတတ်​​နူးညံ့သည့်​မုန့်​ပျားသလပ်​ကိုကိုက်​စားကြသည်​။မိမိမှာကိုယ့်​ညီမအရွယ်​ဆို​တော့ဘာမှမ​ပြောဘဲ စားပါ​စေဟုသာထားထားရသည်​။ရူး​နေတယ်​ဆိုလည်းနားလည်​​ပေးလို့ရ​သေး။တစ်​ခါကအကို့ကိုကြည့်​​နေကြတယ်​ဆိုပြီးညီယံက​မောင်းထုတ်​​ဖို့လုပ်​လို့တားထားရသည်​။

You're my everything(Zaw and Uni) (Completed)Where stories live. Discover now