ဘာလို့ အဲလောက် ပျော့ညံ့နေရတာလဲ
"လပြည့် !
"အင်း "
"ကာရန် မေးစရာရှိတယ် "
"အင်း ပြောလေ လပြည့် "
ကိုယ့်ရင်တွေ ခုန်တယ်
"ဒါပဲလား ကာရန် "
"အင်း ဒါပဲ "
"ဒီထက် မပိုဘူးပေါ့ "
"အင်း ဘာလို့လဲ "
သူလို့ ဖြေရမှာလား
"အင်း "
"သူလား "
"...."
"အချိန်တွေ နောက်မကျသေးရင် နောက်ဆုတ်လိုက်ပါ ၊ မဟုတ်ရင် မင်းအရမ်း နာကျင်ရလိမ့်မယ် "
"..."
စမ်းနဲ့ "
ဒါပေမယ့် ထိန်းလေ ငါသူ့ကို ပိုချစ်လေပဲ လပြည့်"
ပေးအပ်ထားပြီးသား "
"ဘယ်ချိန်ကတည်းကလည်း "
"ငါ့ကံပေါ့ လပြည့်ရာ "
"ကျေးဇူးပါကွာ "
"ကျေးဇူး "
---------
"Aww "
"ကိုယ် ကူလုပ်ပေးမယ် "
"အာ မေ့သွားတာ မနက်က လပြည့်ပေးခဲ့တာကို "
"ပေး ကိုယ်လိမ်းပေးမယ် "
"ကျေးဇူး ခွန်း ဟဲဟဲ "
"ခွန်း "
"အင်း ပြော "
ဒဏ်ရာတွေနဲ့ "
"ခွန်းနော် "
ဆေးရုံနာ် hotel မဟုတ်ဘူး "
"အဲတော့ ..."
"ခွန်း စိတ်လျော့ပါ "
လာ ခွန်း သွားမယ် "
"ဘယ်သွားမှာလဲ အဲတာ "
ပြီးတာပဲမလား "
မဟုတ်ဘူးလား "
ရှင်းဆက် "
အခြောက် မဟုတ်ဘူး "
ပြီးတော့မှာ မဟုတ်ဘူး
"လာခဲ့ ...! "
"အာ့ ..."
လက်ကို လိမ်သွားတာပဲ
အရင်လာရှင်း "
........
Unicode
ဘာလို့ အဲလောက် ပျော့ညံံ့နေရတာလဲ
အရင်က သွက်လက်ပြီး ပျော်ပျော် နေတဲ့ ငါ
ဘယ်ရောက် သွားတာလဲ ၊ အထူးသဖြင့်
ကိုကို့ရှေ့မှာ ဘာလို့ ပျော့ညံ့ နေရတာလဲ
ဘာမှမဟုတ်လဲ မျက်ရည်ကကျပီ
"မင်း မပင်ပန်းဘူးလာ ကာရန် "
ထင်တာ မှန်နေတာပဲ ကာရန် ၊ မင်း ငိုနေပြန်ပြီ
"လပြည့် !
"ဘာလို့ငိုနေပြန်တာလဲ ၊ ကိုရှင်း ဘာလုပ်လိုက်ပြန်ပြီ လဲ "
"ဘာမှမဖြစ်ဘူး ဒီတိုင်း ဝမ်းနည်းလို့ပါ ၊ ခွန်းရော"
"လူနာအရေးကြီးလို့ သွားတယ် "
"ဟုတ်လား ဆေးထည့်ပေးပြီးပြီလား "
"ပြီးပြီ သူများကို ပူမနေနဲ့ ကာရန်၊ကိုယ့်ကိုယ်ကို လည်း ပြန်ကြည့်ဦး မျက်နှာလည်း စုတ်ပျက်နေပြီ
ဖူးယောင် နေတာပဲ ၊ ကိုရှင်း ထိုးတာဆို "
"အင်း "
"ကာရန် မေးစရာရှိတယ် "
"အင်း ပြောလေ လပြည့် "
"ခွန်း အပေါ် ဘယ်လိုမြင်လဲ "
"ငါ့ကို ရုတ်တရက် ကြီး ဘာတွေမေး လပြည့် "
"ဖြေမှာသာ ဖြေစမ်းပါ ကာရန်ရာ "
လူနာအပြေးအလွှား ကြည့်နေရပေမယ့် စိတ်က
ဟိုကောင်နောက် လိုက်သွားတဲ့ မင်းဆီမှာပါ ကာရန် ၊ ခုလည်း မင်းကို တွေ့ချင်စောနဲ့ လာတော့
လပြည့်မေးတဲ့ မေးခွန်းကြောင့် ချက်ချင်း
မဝင်နိုင်ပဲ မင်းအဖြေကို စောင့်နေမိတယ် ကာရန်
ကိုယ့်ရင်တွေ ခုန်တယ်
"အင်း ငါ့အတွက်တော့ ခွန်းက အရေးကြီးတဲ့ လူတစ်ယောက်ပါ ၊ ငါ့ အကိုလိုပဲ
ပြီးတော့ သူငယ်ချင်း လို "
"ဒါပဲလား ကာရန် "
"အင်း ဒါပဲ "
"ဒီထက် မပိုဘူးပေါ့ "
"အင်း ဘာလို့လဲ "
"အဆိုရင် မင်းချစ်တဲ့သူ ရှိလား "
ရုတ်တရက်ကြီး လပြည့် ဘာတွေမေးနေတာလဲ
ငါချစ်တာ ကိုကို တစ်ယောက်တည်းရှိတာ
သူလို့ ဖြေရမှာလား
"အင်း "
မင်းဘက်က အဖြူထည်လေးပါပဲ
ကိုယ့်ဘက်ကသာ အရောင်ဆိုးမိတာပါ ကာရန်
ဘာပဲဖြစ်ဖြစ်ပါ ကိုယ်က ရယူလိုစိတ်
အနိုင်လိုစိတ်နဲ့ ချစ်တာ မဟုတ်ဘူး
ပေးဆပ်ခြင်းနဲ့ပဲ ချစ်တာမို့လို့ မင်းပျော်ရင်ကို ရပြီ
မင်းချစ်တဲ့သူနဲ့ ပျော်ရွှင်နေရင် ကိုယ်ကျေနပ်ပြီ
နောက်ပြောမယ့် စကားတွေကို ကိုယ်
ဆက်နားမထောင်တော့ဘူးနော် ကာရန်
"သူလား "
"လပြည့် ဘာလို့မေးနေတာလဲ "
"ငါထင်တာ မမှားဘူးပဲ ၊ ကာရန် ငါမင်းကို နောက်ဆုတ်စေချင်တယ် "
"...."
"အချိန်တွေ နောက်မကျသေးရင် နောက်ဆုတ်လိုက်ပါ ၊ မဟုတ်ရင် မင်းအရမ်း နာကျင်ရလိ်မ့်မယ် "
"..."
"ကာရန် မင်း ရူးသွားလိမ့်မယ် နော် "
"နောက်ဆုတ်လို့ မရတော့ဘူး လပြည့်
ငါသူ့ကို အရမ်းချစ်တယ် ၊ ဟုတ်တယ် သူ့ကို
ချစ်ရတာ နာကျင်တယ် အရမ်း နာကျင်တယ်
ဒါပေမယ့် သူ့ကို မချစ်မိအောင် လုပ်တာက ပိုနာကျင်တယ် ၊ ငါဘာလုပ်ရမှာလဲ "
"ခွန်း ကိုစဉ်းစားကြည့်လေ ကာရန် နော်
သူနဲ့ဆို မင်းပျော်ရမှာ "
"မရဘူး လပြည့် ၊ သူမှ မဟုတ်ရင် ငါနှလုံးသား
က ဘယ်သူ့အတွက်မှ မခုန်တာမလို့ "
"ကာရန်ရာ မင်းတို့နှစ်ယောက်က အရင်လို
အခြေမနေ မှ မဟုတ်တာကို ၊ ခုဆို သူမင်းကို ဘယ်လောက်မုန်းနေလဲ ဆိုတာ သူ့အပြော သူ့အလုပ်တွေက သက်သေပြနေတာ မင်းသိရဲ့
စမ်းနဲ့ "
"သိတယ် သိလို့ ငါ့ကိုယ်ငါ ထိန်းတယ်
ဒါပေမယ့် ထိ်န်းလေ ငါသူ့ကို ပိုချစ်လေပဲ လပြည့်"
"ခုမှ အစပဲရှိသေးတာနော် ၊ မင်းခံနိုင်ရည် ရှိပါ့မလား ကာရန် "
"သူ့အမုန်း တွေကျေဖို့ ငါ့အချစ် ငါ့နှလုံးသား
ငါ့ဘဝ ငါ့အသက် ငါပိုင်ဆိုင်သမျှ အရာရာ
ပေးအပ်ထားပြီးသား "
"ဘယ်ချိန်ကတည်းကလည်း "
"Tourism တက်ကတည်းက ခုချိန်ထိပဲ "
"မင်းအဲလောက် ပေးဆပ်ထားတာတောင်
သူ့အမုန်းတွေမကျေဘူး ဆိုရင်ရော "
"ငါ့ကံပေါ့ လပြည့်ရာ "
"ဟုတ်ပါပြီ ဘာမှထပ်ပြောစရာလည်း
မရှိတော့ပါဘူး ၊ မင်းသူ့ကို အဲလောက်ချစ်နေမှတော့ "
" အင်း ငါလည်း မထင်ထားဘူး ၊ ငါသူ့ကို အဲလောက်ထိ ချစ်သွားမယ်လို့ ၊ လပြည့် မင်းငါ့ဘက်မှာ အမြဲ ရှိမယ်မလားဟင်"
"အင်း မင်းသူငယ်ချင်းမလို့ မင်းဘာလုပ်လုပ်
မင်းဘက်မှာပဲ ရှိမှာပါ "
"ကျေးဇူးပါကွာ "
"အင်း ငါသွားပြီ ၊ လူနာ ကြည့်စရာရှိတယ်
ရော့ ဆေးဗူး မင်းမျက်နှာ လိမ်းဦး "
"ကျေးဇူး "
ရင်ထဲ မွန်းကျပ်နေတာတွေ ထုတ်ပြောလိုက် ရလို့
ရင်ထဲ ပေါ့သွားသလိုပဲ ကျေးဇူးပါ လပြည့်
---------
အာ ညောင်းလိုက်တာ ဒီတစ်ထပ်ပြီးရင် ပြီးပြီ
ခဏတော့ နားဦးမှ ၊ ကြီးကျယ်တာတော့
မဟုတ်ဘူး ၊ ကျွန်တော်က တစ်ကောင်ကြွက်သာ ဖြစ်တာ ဒီလိုအလုပ်မျိုး တစ်ခါမှ မလုပ်ဖူးဘူး
ခုမှ ပထမဆုံး လုပ်ဖူးတာ ဆိုတော့ ပင်ပန်းတယ်
"ပင်ပန်းနေပြီလား ကာရန် "
"အာ ခွန်း မပြန်သေးဘူးလား ၊ ဟိုနှစ်ကောင် တောင် ပြန်ပြီ "
"အင်း ကိုယ့် night duty လေ "
"Aww "
"ပင်ပန်းနေပြီလား ကာရန် "
"မပန်းဘူး ပြောရင် လိမ်ရာကျမှာပေါ့ ခွန်းရယ်
နည်းနည်းပါးပါး တော့ ပင်ပန်းတာပေါ့လို့ "
"ကိုယ် ကူလုပ်ပေးမယ် "
"အား ရတယ် ခွန်း ၊ ဒီတစ်ထပ်ပြီးရင် ပြီးပြီ
ကျွန်တော် ကိုယ့်ဘာသာကို လုပ်မယ် ၊ ဒါနဲ့
မနက်က ကိစ္စ ဘယ်လိုဖြစ်မှာလဲ ခွန်း
ဆေးရုံအုပ်နဲ့ ရန်ဖြစ်တယ်ဆိုတော့ "
"စိတ်မပူနဲ့ မနက်ဖြန် ကိုယ့်အဖေ လာလိမ့်မယ် "
" မျက်နှာ ဆေးမလိမ်းထားဘူးလား "
"အာ မေ့သွားတာ မနက်က လပြည့်ပေးခဲ့တာက်ို "
"ပေး ကိုယ်လိမ်းပေးမယ် "
"အာ ရတယ် ခွန်း ၊ ကျွန်တော် ကိုယ့်ကိုယ်ကို လိမ်းတတ်တယ် "
"ကဲ ပေးပါဆို ၊ မှန်လည်းမရှိပဲ ဘယ်လို လိမ်းမှာလဲ "
"ကျေးဇူး ခွန်း ဟဲဟဲ "
စပ်ဖြီးဖြီးနဲ့ ရုပ်က မနက်ကပြဿနာ ဖြစ်တုန်းက
ငိုယိုနေတာ သူမဟုတ်တဲ့ အတိုင်းပဲ
ဒီလိုတွေလုပ်နေရတာ တော်တော် ပျော်နေပုံပဲ
"ခွန်း "
"အင်း ပြော "
"ကျွန်တော် ရုပ်ဆိုးသွားပြီလား
ဒဏ်ရာတွေနဲ့ "
"ပိုတောင် ချစ်စရာကောင်းသေးတယ်
ဖူးဖူးယောင်ယောင်လေးနဲ့ "
"ခွန်းနော် "
"တကယ်ပါဆို ဒါပေမယ့် နောက်ဆို ဒဏ်ရာတွေမရစေနဲ့ မျက်နှာနုနုဖက်ဖက်လေးကို "
"ဟဲဟဲ အာ့ ဖြေးဖြေးလိမ်းပါ ခွန်းရဲ့ "
"စပ်ဖြီးဖြီးနဲ့ မလို့ နာနာလိမ်းပေးရမယ် "
ရုံးခန်းထဲကထွက်ထွက်ခြင်း တွေ့လိုက်ရတဲ့
မြင်ကွင်းက ဒေါသတွေ အလိမ့်လိုက်
ထွက်စေတာပဲ ကြည်နူးနေလိုက် ကြတာများ
အဟက် ကိုယ့်စိတ်ကို လာစွနေတာပဲ
"ဖြစ်ချင်တိုင်း ဖြစ်နေရအောင် ဒီနေရာက
ေဆးရုံနာ် hotel မဟုတ်ဘူး "
ကိုကို! ဟုတ်သားပဲ ကိုကို့ရုံးခန်းရှိတဲ့ အထပ်ပဲ
လာပြန်ပြီ အထင်အမြင်လွဲမှုတွေ
ကျန်တာတွေ ခံနိုင်တယ် ၊ ဒီနှလုံးသား ကိစ္စ နဲ့တော့
သည်းမခံချင်ဘူး ကိုကို
"အဲတော့ ..."
"ခွန်း စိတ်လျော့ပါ "
"ကျွန်တော်တို့က ဘာဖြစ်နေလို့လဲ ကိုရှင်း "
"ဘာဖြစ်နေလဲ ကိုယ့်ကိုယ်ကို သိမှာပေါ့ ပလူးပလဲနဲ့မသတီစရာတွေ "
"ရတယ်လေ ဒီမှာ မလုပ်ရင် ပြီးတာပဲမလား
လာ ခွန်း သွားမယ် "
"ဘယ်သွားမှာလဲ အဲတာ "
"ဘယ်သွားသွားလေ ၊ ကိုရှင်း ရှေ့မှာ မဟုတ်ရင်
ပြီးတာပဲမလား "
"ဘာ ! မင်းငါ့ကို စမ်းနေတာလား "
"ဘာကို စမ်းရမှာလဲ ကိုရှင်း ၊ ခွန်းက ကျွန်တော့်ကို ဆေးလိမ်းပေးနေတာလေ ၊ အဲတာကို သူပဲ
ထင်ချင်ရာ ထင်နေပြီးတော့ လာပြောနေတာ
မဟုတ်ဘူးလား "
"မင်းကောင်အားကိုးနဲ့ ငါ့ကို တစ်ခွန်းမကျန် ပြန်ပြောနေတယ်ပေါ့ ဟုတ်လား "
"ကျွန်တော်က အမှန်တရားကို ရှင်းပြနေတာလေ "
"မနာလိုနေတာတော့ မဟုတ်ပါဘူးနော်
ရှင်းဆက် "
"ဘာစကားပြောတာလဲ ခွန်းစစ် "
"မင်းကြားတဲ့ အတိုင်းပဲ "
"ဟာသပဲ ငါက မနာလိုရအောင် မင်းတို့လို
အခြောက် မဟုတ်ဘူး "
"ဟုတ်လား အဲဆိုလည်း ကိုယ်သွားမယ့် လမ်းကို
ကိုယ်သွားလေ ဘာလို့ စကားလာရှည်နေတာလဲ "
"မင်းနဲ့ ဆိုင်လား ခွန်းစစ် "
"မင်းနဲ့ရော ဆိုင်လား ရှင်းဆက် "
"ခွန်း တော်ပါတော့ ၊ လူနာတွေ ရှိတယ်မလား
သွားလေ ကျွန်တော်လဲ အလုပ်ဆက်လုပ်လိုက် ဦးမယ် "
ဆက်ကြည့်နေရင် ထသတ်နေကြတော့မှာ
ပြီးတော့မှာ မဟုတ်ဘူး
"လာခဲ့ ...! "
"အာ့ ..."
ကိုကို လုပ်လိုက်ရင် အရမ်းကြမ်းတာပဲ
မကျေနပ်ချက်တွေနဲ့ ဆောင့်ဆွဲလိုက်တာ
လက်ကို လိမ်သွားတာပဲ
"ဘာလဲ ကျွန်တော်အလုပ်မပြီးသေးဘူး "
"ငါ့ရုံးခန်း အရမ်းရှုပ်ပွနေတာ ၊ အဲတာကို
အရင်လာရှင်း "
နောက်ဆုံး တော့လည်း အဲကောင်နောက် ပါသွား
တာကိုပဲ ကြည့်ဖို့ တတ်နိုင်ခဲ့တယ် ၊ တကယ်တမ်း မနာလိုနေတာက ကိုယ်ထင်တယ် ကာရန်