❤Part 44❤

12.6K 766 26
                                    

တိုက်ခန်းပြန်ယူမယ့် ပစ္စည်းတွေ သေချာသိမ်းပြီး
ကိုကိုလာခေါ်တာကို စောင့်နေမိသည် ။

ကျွီ

ကိုကို လာပြီလား ၊ တံခါးဖွင့်သံ ကြားလို့ လှည့်ကြည့်တော့ လဒလပြည့် ဖြစ်နေတယ်
ခုချိန်မှာ မတွေ့ချင်ပါဘူး ဆိုမှ
အာ သိပြီ mask အုပ်ထားရမယ်

"ဟာ ကာရန် ပစ္စည်းတွေသိမ်းပြီးပြီပေါ့
မြန်တာ "

"အင်း ပြီးပြီ
ငါစောစောပြန်မလို့ "

"ပြန်နိုင်တဲ့သူတွေ ပြန်ပေါ့
ငါကတော့ night duty ကျတယ်
ဘာဖြစ်လို့ mask တပ်ထားတာလည်း မင်းက "

"ဘာဖြစ်ရမှာလဲ ပစ္စည်းသိမ်းရင်း ဖှုန်တွေ ရှူမိမှာစိုးလို့ ၊ ခုတောင် ချီချင်နေပြီ ဟတ် ဟတ် ဟတ်ချိုး ဘုရား "

"အမယ်လေး ဘုရားတွေ တ နေတာ
မိုးကြိုးမုန်တိုင်း ကျတော့မယ် "

"ဟွန့် ငါ့ကိုဖဲဖို့ပဲ ကြိုးစားမနေနဲ့ "

"ပစ္စည်းတွေနဲ့ ဘယ်လိုပြန်မှာလဲ
နိုင်လို့လား taxi ငှါးမလို့လား "

"ဟုတ်ဘူး ကိုကိုနဲ့ ပြန်မှာ "

"တကယ် ကိုရှင်းလိုက်ပို့မှာလား
အလဲ့ အဲလောက်ထိတောင် ဖြစ်သွားပြီလား
မထင်ရဘူးနော် "

"ဟဲဟဲ
အာ ဒါနဲ့ မင်းကိုမေးစရာ ရှိတယ် လပြည့် "

"အင်း ဘာလဲပြော "

"ဟိုတစ်ခါ ငါမူးတုန်းက မင်းလာခေါ်တာ ဟုတ်လို့လား "

"ဘာလို့ အခုမှ လာမေးနေတာလဲ "

ကိုရှင်း လာခေါ်တယ် ဆိုတာ သိပြီးပြီ မလို့
ပြန်လာမေးနေတာလား ၊ ဘယ်လိုဖြေရမလဲ
အား မသိဘူးကွာ အမှန်ပဲ ဖြေလိုက်မယ်

"ဖြေမှာသာ ဖြေစမ်းပါ "

"မဟုတ်ဘူး ငါမအားလို့ ကိုရှင်း လာခေါ်တာ "

"လဒကောင် အဲ့နေ့က မင်းသူငယ်ချင်း ဘာတွေလုပ်လိုက်လဲ မင်းသိလား
ငါ့မှာရှိသမျှ အရှက် သိက္ခာ တွေအကုန် ရေစုန်မျော သွားတာ "

"အူးဝါး အူးဝါး နဲ့ mask ကြီး ဖြုတ်ပြီး ပြောစမ်းပါ "

"လျှာမရှည်နဲ့ "

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now