❤Part 26❤

13.2K 921 23
                                    

ဘာလို့ အဲ​လောက်​ ​ပျော့ညံ့​နေရတာလဲ
အရင်​က သွက်​လက်​ပြီး ​​ပျော်​​ပျော်​ ​နေတဲ့ ငါ
ဘယ်​​ရောက်​ သွားတာလဲ ၊ အထူးသဖြင့်
ကိုကို့​ရှေ့မှာ ဘာလို့ ​ပျော့ညံ့ ​နေရတာလဲ
ဘာမှမဟုတ်​လဲ မျက်​ရည်​ကကျပီ

"မင်း မပင်​ပန်းဘူးလာ ကာရန်​ "

ထင်​တာ မှန်​နေတာပဲ ကာရန်​ ၊ မင်း ငို​နေပြန်​ပြီ

"လပြည့်​ !

"ဘာလို့ငို​နေပြန်​တာလဲ ၊ ကိုရှင်း ဘာလုပ်​လိုက်​ပြန်​ပြီ လဲ "

"ဘာမှမဖြစ်​ဘူး ဒီတိုင်း ဝမ်းနည်းလို့ပါ ၊ ခွန်း​ရော"

"လူနာအ​ရေးကြီးလို့ သွားတယ်​ "

"ဟုတ်​လား ​ဆေးထည့်​​ပေးပြီးပြီလား "

"ပြီးပြီ သူများကို ပူမ​​နေနဲ့ ကာရန်​၊ကိုယ့်​ကိုယ်​ကို လည်း ပြန်​ကြည့်​ဦး မျက်​နှာလည်း စုတ်​ပျက်​​နေပြီ
ဖူး​ယောင်​ ​နေတာပဲ ၊ ကိုရှင်း ထိုးတာဆို "

"အင်း "

"ကာရန်​ ​​မေးစရာရှိတယ်​ "

"အင်း ​ပြော​လေ လပြည့်​ "

"ခွန်း အ​ပေါ် ဘယ်​လိုမြင်​လဲ "

"ငါ့ကို ရုတ်​တရက်​ ကြီး ဘာ​တွေ​မေး လပြည့်​ "

"​ဖြေမှာသာ ​ဖြေစမ်းပါ ကာရန်​ရာ "

လူနာအ​ပြေးအလွှား ကြည့်​​နေရ​ပေမယ့်​ စိတ်​က
ဟို​ကောင်​​နောက်​ လိုက်​သွားတဲ့ မင်းဆီမှာပါ ကာရန်​ ၊ ခုလည်း မင်းကို ​တွေ့ချင်​​စောနဲ့ လာ​တော့
လပြည့်​​မေးတဲ့ ​မေးခွန်း​ကြောင့်​ ချက်​ချင်း
မဝင်​နိုင်​ပဲ မင်းအ​ဖြေကို ​စောင့်​​နေမိတယ်​ ကာရန်
ကိုယ့်​ရင်​​တွေ ခုန်​တယ်

"အင်း ငါ့အတွက်​​တော့ ခွန်းက အ​ရေးကြီးတဲ့ လူတစ်​​ယောက်​ပါ ၊ ငါ့ အကိုလိုပဲ
ပြီး​တော့ သူငယ်​ချင်း လို "

"ဒါပဲလား ကာရန်​ "

"အင်း ဒါပဲ "

"ဒီထက်​ မပိုဘူး​ပေါ့ "

"အင်း ဘာလို့လဲ "

"အဆိုရင်​ မင်းချစ်​တဲ့သူ ရှိလား "

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Opowieści tętniące życiem. Odkryj je teraz