❤Part 47 ❤

19K 821 88
                                    

တံခါးပွင့်နေတာနဲ့ ကျွန်တော်ဝင်သွားတော့
မဖြစ်ဘူး ကိုကိုတစ်ခုခုဖြစ်လို့် မဖြစ်ဘူး
ကိုကို သတိထား !

ဇေယျ ကျွန်တော့်နှလုံသားတည့်တည့် အားဖြင့်
စိုက်ချလိုက်သည် ။ ဒါပေမယ့် ကျွန်တော် နာကျင်မှု တစိုးတစဉ်းမျှ မခံစားရ ။ ၎င်းအစား
ခန္ဓာကိုယ် သေးသေးပိန်ပိန်လေးတစ်ခု ကျွန်တော့်
ကိုယ်နှင့် ထပ်လျက် ကျွန်တော့် ဇက်ပိုး ထိပ်ဝယ် လက်သေးသေးလေးဖြင့် တင်းကျပ်စွာ
ပွေ့ဖက်ထားသည် ။ လွှတ်ထွက်သွားမှာ စိုးသည့်အလား

အင့်
ကျွန်တော့် နှလုံးထားထဲထိကို ဝင်သွားတာပဲ

ကိုကို

ကျွန်တော့်ရဲ့ အရာရာဖြစ်တဲ့ ကိုကို

ကျွန်တော်သိပ်ချစ်ရတဲ့ ၊ သိပ်မြတ်နိုးရတဲ့ ကိုကို

ကျွန်တော့်ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှု ရင်ခုန်မှု
အကုန်လုံးက ကိုကို့ကြောင့်ပါ

တောင်းပန်ပါတယ်ဗျာ

ကိုကို့အတွက် ပေးဆပ်ခဲ့ရလို့ ကျွန်တော် ကျေနပ်လိုက်တာ ပီတိဖြစ်လိုက်တာ

ကိုကို့အပြုံးလေးတွေ ထပ်မြင်ချင်သေးတယ်

ကိုကို့အနမ်းလေးတွေ ထပ်လိုချင်သေးတယ်

ကိုကို ကိုကို ဆိုပြီး ကိုကိုနားငြီးအောင် ခေါ်ချင်သေးတယ်

ကိုကိုနဲ့အတူတူ ခရီးတွေထွက်ချင်သေးတယ်

ကိုကိုနဲ့အတူတူ နေဝင်တာကို ကြည့်ချင်သေးတယ်

ကိုကို့ကို ကျွန်တော် ဘယ်လောက်ချစ်ကြောင်း
ပြောပြချင်သေးတယ်ဗျာ

ဒီလိုဖြစ်မယ်မှန်း ကြိုသိခဲ့ရင် ကိုကို့ကို ချစ်တဲ့ အကြောင်း အစောကြီး ဖွင့်ပြောခဲ့ပါတယ်

ကျွန်တော် ဆရာဝန်လည်း မလုပ်ခဲ့ဘူး

ဆေးကျောင်းလည်း မတက်ခဲ့ဘူး

နေ့တိုင်း ကိုကို့နောက် လိုက်နေပြီး ကိုကို့ကို ဘယ်လောက်ချစ်ကြောင်း တတွတ်တွတ်ပြောနေမှာ

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Donde viven las historias. Descúbrelo ahora