❤Part 25❤

13.5K 893 29
                                    

ပိန်​သွားတယ်​​ ကိုကို
အရမ်းပင်​ပန်း​နေလားဟင်​ ကျွန်​​တော့်​​ကြောင့်
တောင်းပန်​ပါတယ်​ ကျွန်​​တော်​ ဒီစကားတစ်​ခွန်းပဲ
ပြောနိုင်​လို့ပါ

"အဟက်​ မထင်​ထားဘူး
ကျေ​ကျေနပ်​နပ်​ကြီး ခံယူလိမ့်​မယ်​လို့်​"

"​ကိုရှင်းသာ ခွှင့်​လွှတ်​မယ်​....

"မ​ပြောနဲ့ ဆက်​မ​ပြောနဲ့ အဲဒီခွှင့်​လွှတ်​တယ်​ ဆိုတဲ့ စကား ၊ ငါ့ အသက်​သာ အ​သေခံမယ်
မင်းကို ခွှင့်​လွှတ်​တယ်​ ဆိုတဲ့ စကား
ဘယ်​​တော့မှ မ​ပြောဘူး "

"ကိုရှင်းသ​ဘောပါ
ဒါ​ပေမယ့်​ အန်​တီကို .."

"မင်းပါးစပ်​က ငါ့အ​မေအ​ကြောင်း မ​ပြောနဲ့
ငါ ဆွဲထိုးမိလိမ့်​မယ်​ "

"ဟုတ်​ကဲ့ ကိုရှင်း မကြိုက်​ရင်​ ဘယ်​​တော့မှ
မ​ပြော​တော့ ဘူး"

"ဒါကအစပဲ ရှိ​သေးတယ်​ ၊ ​နောက်​ပိုင်း ဒီထက်​ပိုဆိုးမယ်​  ၊ ထွက်​​ပြေးဖို့ မကြိုးစားနဲ့
မင်း ငါ့လက်​ကမလွှတ်​ပါဘူး ဟားဟား "

"စိ​တ်​ချ အပြစ်​​ကြွေး မ​ကျေမချင်း ကျွန်​​တော်
ကိုရှင်းနားက တစ်​ဖဝါးမှ မ​ရွေ့ဘူး "

"​အေး ငါကလည်း ရှင်းရှင်း ​ပြောမယ်
မင်း အခါ ၁၀၀ ​သေရင်​​တောင်
မ​ကျေဘူး မှ​တ်​ထား
ထွက်​သွား​တော့ မင်းမျက်​နှာ ဆက်​မြင်​​နေရင်
တစ်​ခုခု လုပ်​မိလိမ့်​မယ်​ "

ကြမ်းတယ်​ ၊ကိုကို့ စကားလုံးတိုင်း ကြမ်းတယ်
ဒီလို​တွေဖြစ်​လာမယ်​ဆိုတာ သိလို့ ကြိုတင်
ပြင်​ဆင်​ထား​ပေမယ့်​ တကယ်​တမ်းကျ​တော့
ကိုကို​ပြောတာ​တွေကို ကျွန်​​တော့် နှလုံးသားက
လက်​မခံနိုင်​ဘူး ထင်​တယ်​၊ နာတယ်​ စူးနစ်​ ​နေ​အောင်​ နာတယ်​ ၊ မျက်​ရည်​ မကျစမ်းနဲ့ ကာရန်
တင်းခံထားစမ်းပါ

"ဘာလဲ မင်းမျက်​ရည်​ ကျလာတာနဲ့ပဲ
ငါက သနားသွားပြီ ထင်​​နေတာလား ဟမ်​ "

စိတ်​ရှိလက်​ရှိ ​ဆောင့်​တွန်းလိုက်​မိတယ်
ကျွန်​​တော်​အား များသွားတယ်​ ထင်​တယ်
နောက်​ကို ထိုင်​ရက်​​လေး လဲသွားတယ်
မင်းနဲ့ အဲတာပဲ တန်​တယ်​ ကာရန်

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now