❤Final part ❤

36.3K 1.1K 298
                                    

(ကျွန်တော် သိပ်ချစ်တဲ့ ကလေးလေး ❤

အဲနေ့က အပေါ့အရမ်းသွားချင်နေခဲ့တာ
Toilet ရောက်ဖို့အရေးကြီးသည်မို့ အတင်းပြေးသွားတဲ့ချိန် မင်းတဲ့တိုက်မိတာ
ပြန်လှည့်ကာ တောင်းပန်ချင်ခဲ့ပေမယ့်
ကျွန်တော့်ကိစ္စက အရေးကြီးနေသည်မို့
မတောင်းပန်ဖြစ်ခဲ့ဘူး ၊ အနောက်ကနေ
ဆဲဆိုသံလေးတွေ ကြားလိုက်ရတယ်
ဟော ခဏကြာတော့ တွေ့ပါပြီဗျာ
ဆရာ့ကို အကျိုးအကြောင်းရှင်းပြနေတာ
ချစ်ဖို့ကောင်းလွန်းလို့ ငေးကြည့်နေမိတာ
နာမည်လေးက ကာရန်တဲ့
ပထမဆုံးတွေ့ဆုံမှုလေးပေါ့

ဒုတိယအကြိမ် တွေ့ဆုံမှုလေးကလည်း
ရယ်ရတယ်ဗျ ၊ အိမ်သာထဲမှာ တွေ့တာ
မုန့်ဟင်းခါး ၃ ပန်းကန်လောက်စားပြီး
လျှက်စား စားတယ်တဲ့ ၊ ရယ်မိတော့
ရန်တွေ့ခံရသေးတယ် တကယ့်စွာစိလေး
နောက်နေ့ ကျောင်းမလာတော့ စိတ်ကပူမိသွားသေးတယ်

တတိယအကြိမ်တွေ့ဆုံမှုလေးကတော့ ဘုရားမှာ
ကျွန်တော် စလိုက်တော့ စိတ်တိုသွားတဲ့ ကလေး
ဘာလို့မှန်းမသိဘူး ကာရန်ကိုတွေ့ရင် ကျွန်တော်
အရမ်းစချင်တာ သူစိတ်တိုနေရင် ချစ်ဖို့သိပ်ကောင်းတာ

ဒီနေ့ကတော့ ကျွန်တော့် နှလုံးသားရဲ့ ရင်ခုန်သံတွေ နိုးထလာတဲ့နေ့
Gay show အတွက်မိန်းကလေးလို ပြင်ဆင်ထားတဲ့ ကာရန် ၊ ကျွန်တော် နဲ့ မတော်တဆ တိုက်မိတော့ တကယ် မိန်းကလေးထင်ပြီး ရင်ခုန်သွားတာ
နောက်မှသိတယ် အဲတာ ကာရန်တဲ့
ကျွန်တော် နှင်းဆီပန်း ပေးတော့ ရှက်နေတဲ့ ပုံစံလေး မေ့လို့မရခဲ့ဘူး

နောက်ပိုင်း သိပ်မတွေ့ဖြစ်တော့ဘူး
လွမ်းတယ် သတိရမိတယ်
ကျွန်တော့်ကျောင်း နောက်ဆုံးရက်ရောက်တော့
တွေ့ပါပြီဗျာ နှလုံးသားထဲက တောင့်တမိသူလေး
Canteenမှာ ထိုင်နေတော့
အတူတူသွားထိုင်မိတယ် လူတွေရှုပ်နေတာနဲ့လည်း အတော်ပဲပေါ့
အဲနေ့က ခံစားချက်တွေပြောချင်ပေမယ့်
ခဏတာ ရင်ခုန်ခြင်းဆိုပြီး စိတ်ထိန်းကာ နှုတ်ဆက်ခဲ့တယ် ၊ နောင်လည်းမတွေ့ရမဲ့အတူတူ

အဲတာပြီးတဲ့နောက် ကျွန်တော်နဲ့ကာရန်
ဆက်မတွေ့ဖြစ်တော့ဘူး
ကျွန်တော်လည်း ကျောင်းပြီးတော့ ကိုယ့်အလုပ်ကို လုပ်တာပေါ့
သူကတော့ ကျောင်းဆက်တက်ရမှာပေါ့
ဒီလိုနဲ့ ၆ နှစ်ကြာသွားတယ်
ဒီကြားထဲ ကျွန်တော့် နှလုံးသား ဘယ်သူ့အတွက်မှ မခုန်ခဲ့ပါဘူး ဒါပေမယ့် ၆နှစ်ကြာမှ တစ်ယောက်သောသူကြောင့် ကျွန်တော့်နှလုံးသား လေး ပြန်အသက်ဝင်လာတယ်
မေမေဆေးရုံတက်နေတဲ့အချိန် video call
မှာတွေ့ရတဲ့ ကောင်လေးတစ်ယောက်ကြောင့်

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Место, где живут истории. Откройте их для себя