❤Part 33❤

13.2K 848 31
                                    

တိတ်​ဆိတ်​ ငြိမ်​သက်​​နေသည်​ ။ ​ဘေးကိုကြည့်​ကြည့်​​တော့ ကျွန်​​တော့်​ကို မြင်​​တော့ လန့်​ပြီး
ကိုယ်​​လေးကျုံ့ကာရပ်ေ​န​သော ပုံရိပ်​​လေးက
အသည်းယားဖွယ်​ အတိ။ ချစ်​ဖို့​ကောင်းလွန်းတယ်
မူးပြီး ကျွန်​​တော့်​ကို နမ်းတဲ့ပုံစံ​လေး ပြန်​မြင်​မိသည်​ ။ ထပ်​ပြီး ထိ​တွေ့ချင်​စိတ်​က ထိန်းမရ ။
တစ်​ကိုယ်​လုံး ပူထူလာတယ်​ ။ အဲတာ​ပဲ ကာရန်​ ကိုယ်​မင်း​ဘေးနား ကြာကြာမ​နေသင့်​တဲ့
အ​ကြောင်းပြချက်​....

ရုတ်​တရက်​ကြီး ကိုကို့ကို ​တွေ့ရတာ​ကြောင့်
ရင်​ခုန်​နှုန်း​တွေ မြန်​လာသည်​ ။ ​ကာရန်
စိတ်​ထိန်းစမ်း နှလုံးထ​ဖောက်​ပြီး ​သေ​တော့မှာပဲ ။
ဘယ်​လိုလုပ်​ရမလဲ? ? စကားအရင်​စ​ပြောလိုက်​ရမလား ?? ပြန်​မ​ပြောရင်​ ဘယ်​လိုလုပ်​မလဲ
အား မသိဘူး ၊ ဒီတိုင်း ငြိမ်​​နေတာထက်​ဆိုင်​ရင်
ပြောလိုက်​တာ ပို​ကောင်းတယ်​ ။ စိတ်​ကိုဆုံးဖြတ်​ပြီး ကိုကို့ကို ကျွန်​​တော်​ အရင်​စကား စ​ပြောလိုက်​တယ်

"ကို ကိုရှင်း "

"အင်း "

တိတ်​ဆိတ်​မှုကို စတင်​ဖြိုခွင်းလာသူ က​လေးငယ်
မဟုတ်​လည်း ကျွန်​​တော်​အရင်​ စ​မေးမလို့ပါ
ကြည့်​ရတာ မ​တွေ့ရတဲ့ ၃ရက်အတွင်း
ပိ​​န်​သွားသလိုပဲ ၊ ​နေ​ရော​ကောင်းရဲ့လား ??

"ဘယ်​ ဘယ်​အလွှာ ကိုသွားမှာလဲ "

"မင်းနှိပ်​ထားတဲ့ အလွှာပဲ "

"ဟုတ်
ကိုရှင်း ​နေမ​ကောင်းလို့ ​ဆေးရုံကိုမလာတာလား "

"​တွေးစရာ​တွေ ရှိလို့ "

"Aww ဟုတ်​ "

"မင်း​ရော ​နေ​ကောင်းရဲ့လား "

"ဟုတ်​ ဟုတ်​ ကျွန်​​တော်​​နေ​ကောင်းပါတယ်​ "

"အင်း"

တွေ့ကတည်းက မနည်းထိန်းထားတဲ့ နှလုံးသား
အခု ကိုကို့ရဲ့ ​နေ​ကောင်းလား အ​မေး ​အောက်​မှာ
မြန်​ဆန်​လာသည်​ ။ အသက်​ရှူကျပ်​လို့ ​မောဟိုက်​လာသည်​ ။ ရင်​ဘက်​ထက်​ လက်​တို့ဖြင့်​ ဖိကပ်​ထားလိုက်​သည်​ ။ ​တော်​​သေးသည်​ ဓာတ်​​လှေကား တံခါးပွင့်​သွားလို့ ကျွန်​​တော့်​ပုံစံကို ကိုကို မမြင်​ဘူး
ကိုကို့​​နောက်​ ဆက်​လိုက်​ဖို့လည်း ဒီပုံစံနဲ့ မဖြစ်​နိုင်​ ၊
ဒါေ​ကြာင့်​ဓာတ်​​လှေကားကို ပြန်​ပိတ်​ကာ
နား​နေခန်း​ရှိရာ အလွှာ ၃ ကို ဦးတည်​သည်​။အလွှာ ၃ ​ရောက်​​တော့ နံရံ ကိုကိုင်​ကာ ​ဖြေး​ဖြေး ချင်း ​လျှောက်​လာခဲ့သည်​ ။

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now