❤Part 1❤

86.1K 2.6K 15
                                    

ကျွန်​​တော့ နာမည်​ ကာရန်​ ပါ။ငယ်​ငယ်​​လေးကတည်းက မိဘမရှိ​၊ ​ဆွေမျိုးသားချင်းလည်းမရှိတဲ့ တစ်​​ကောင်​ကြွက်​ ​ပေါ့ဗျာ။ ဒါ​ပေမယ့်​ ကျွန်​​တော်​က ကံ​ကောင်းတယ်​ဗျ ဘာလို့ဆို ကျွန်​​တော်​ကို​ကျောင်းတက်​ဖို့ ​ထောက်​ပံ့​ပေးတဲ့သူ ရှိတာ ​မွေးစားတာမျိုးလည်းမဟုတ်​ဘူး ကျွန်​​တော့​ကျောင်းစရိတ်​​ထောက်​ပံ့​ပေးရုံ​ပေါ့ဗျာ။ ကိုယ့်​ဘဝကို သိတဲ့ကျွန်​​တော်​က​တော့ ကြိုးစားတယ်​။
ကျွန်​​တော်​ ၈တန်း​လောက်​​ရောက်​​တော့ အလုပ်​စလုပ်​တယ်​ဗျ။ Tour guide လုပ်​တယ်​ အင်္ဂလိပ်​စာလည်း တိုးတက်​တာ​ပေါ့ဗျာ။ အခု​တော့ ကျွန်​​တော်​ ၁၀တန်း​အောင်​လို့်​ တက္ကသိုလ်​ ​တောင်​ပထမနှစ်​တက်​​​​တော့မယ်​။ ရည်​မှန်းချက်​ က​တော့ ဆရာဝန်​ အရမ်းဖြစ်​ချင်​တယ်​။ အလုပ်​တစ်​ဖက်​နဲ့ ​ကျောင်းတက်​ရတဲ့ ကျွန်​​တော့ ဘဝ​ကြောင့်​ ရည်​မှန်းချက်​ မပြည့်​ခဲ့ဖူး​ပေါ့ဗျာ။ ဒါ​ပေမယ့်​ လည်း eng language ​တော်​​တော်​​လေးတိုးတက်​လာတယ်​ ပြီး​တော့ ပိုက်​ဆံ လည်း အများကြီး စုမိတယ်​။ ခုဆိုရင်​ ကျွန်​​တော်​ ဘယ်​သူ့အ​ထောက်​အပံ့မှ မလို​တော့ဘူး ကိုယ့်​ဘဝကို ရပ်​တည်​နိုင်​ပြီ။
အိမ်​​တော့မပိုင်​​သေးဘူး​ပေါ့ဗျာ။ တိုက်​ခန်း​ကောင်း​ကောင်း​လေးနဲ့ ကိုယ်​ပိုင်​ဆိုင်​ကယ်​​လေးနဲ့ ဘဝကို ဆက်​​လျှောက်​​နေတယ်​။ အားရင်​အားသလို tour guide လုပ်​တယ်​ eng စာလိုက်​သင်​တယ်​။ ​ကျေနပ်​ပါတယ်​။ ဒီ​နေ့​တော့ ​တက္ကသိုလ်​ ပထမ ဆုံး တက်​မယ့်​​နေ့ စိတ်​နည်းနည်း​တော့ လှုပ်​ရှားမိတယ်​။ ​တော်​​သေးတယ်​ ကျွန်​​တော့ သူငယ်​ချင်း လပြည့်​ ရှိလို့ ။ ငယ်​ငယ်​​လေးကတည်းက ကျွန်​​တော့ အတွက်​ သူငယ်​ချင်း ​ကောင်းတစ်​​ယောက်​ပါ။ သူလည်းဆရာဝန်​ဖြစ်​ချင်​ခဲ့တာ ရည်​မှန်းချက်​ မပြည့်​ခဲ့​တော့ နှစ်​​ယောက်​အတူတူ tourism major ကို ​ရွေးခဲ့တာ​ပေါ.။

"တီ တီ တီ " "​ဟေ့​ရောင်​ မပြီး​သေးဘူးလားကွာ တအားပြင်​မ​နေနဲ့ "

အာဗြဲကြီးနဲ့ ​အော်​​နေတယ်​ အိမ်​​ရှေ့က​နေ ဟွန့်
"လပြည့်​ မင်းအသံ ​ကောင်းတယ်​များမှတ်​​နေလား ​အော်​မ​နေနဲ့  လာပြီ သူ​တောင်းစား ရဲ့"
"အ​စောကြီးရှိ​သေးတာ ​လော​နေတာပဲ လပြည့်​ရာ"

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now