❤Part 29❤

13.5K 873 13
                                    

တံခါးပွင့်​သွားတဲ့ အခါ မြင်​လိုက်​ရတဲ့ မြင်​ကွင်းက
ရင်​ထဲနင့်​​စေတယ်​ ၊ sofa ​ပေါ်မှာ 
မေ့လဲ​နေသောကိုကို ၊ ဘာကိုမှ ဂရုမစိုက်​နိုင်ပဲ အ​ပြေးသွားမိတယ်

"ကိုရှင်း ..!
ကိုရှင်း ကျွန်​​တော်​​ခေါ်​နေတာ ကြားလား....
ကိုရှင်း ... လုပ်​ပါဦး ခွန်း လုပ်​ပါဦး
ကိုရှင်းကို သတိရ​အောင်​ လုပ်​​ပေးကြပါဦး ..

"စိတ်​​အေး​အေးထား ကာရန်
မျက်​ရည်​ ​တွေအရင်​သုတ်
ကိုယ်​ ကြည့်​​ပေးမယ်​ ..

"အရမ်းစိတ်​မပူနဲ့ ကာရန်​ ၊ ကိုရှင်း ဘာမှမဖြစ်​ပါဘူး "

"လပြည့်​ သူတစ်​ခုခု ဖြစ်​ရင်​ ငါ ငါ ...

"အဖျားကြီးပြီး သတိ​မေ့သွားတာပါ
ကာရန်​ ကိုယ်​သူ့ကို VIP ခန်းထဲ ​ရွေ့လိုက်​မယ်​​နော်​ "

"....."

"မငိုနဲ့​တော့ တိတ်​​တော့ ၊ ရှင်းဆက်​ ဘာမှမဖြစ်​ပါဘူး "

ခေါင်းတငြိမ့်​ငြိမ့်​ နဲ့ က​လေး​ငယ်
ရှင်းဆက်​က ဘာမှမဖြစ်​ပါဘူး
ကိုယ့်​ရင်​ထဲမှာ​တော့ .....

-------

"ကဲ ကာရန်​ စိတ်​မပူနဲ့​တော့ ၊ အား​ဆေး​တွေလည်း
သွင်းထားပြီ ၊ မကြာခင်​သတိရလာလိမ့်​မယ်​ "

"အင်းပါ ၊ ဒါနဲ့ ခွန်း​ရော ဘယ်​​ရောက်သွားတာလဲ"

"ခုမှသတိရမ​နေနဲ့ ၊ မင်း ကိုရှင်းကိုပဲ ကြည့်​​နေ​တော့ သူဘယ်​လိုလို့်​ဒီမှာ​နေနိုင်​မှာလဲ "

"ဘာမှမဆိုင်​ဘူး လပြည့်​ "

"ဟုတ်​ပါပြီ ​နောက်​​တော့ဆိုင်​တာ သိလာပါလိမ့်​မယ်​"

"...."

"ငါသွား​တော့မယ်​ မင်း​ရော အခုဘာလုပ်​မှာလဲ "

"ဘာမှမလုပ်​ဘူး ကိုရှင်းသတိမရခင်​အထိ သူ့နားမှာ ​နေမယ်​ "

"​နေ​နေ ကိုရှင်းသတိရလာလို့ မင်းကို အရင်​မြင်​ရင်
စိတ်​တိုလွန်​ပြီး ပြန်​​မေ့သွားဦးမယ်​ "

"လပြည့်​ ​ဘောဖြစ်​​နေတာလား "

"အဟက်​ ဆဲသံထွက်​လာပြီပဲ ၊ ကိုရှင်းတို့က​တော့
သတိ​မေ့​နေတာ​တောင်​ ကာရန်​ကို ဆဲ​အောင်
လုပ်​နိုင်​တယ်​ "

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now