❤Part 46❤

13.6K 749 21
                                    

တိတ်ဆိတ်နေတဲ့ အခန်းငယ်လေးထဲ
ကိုကို နဲ့ ကျွန်တော် နဲ့ နှစ်ယောက်တည်း
အလုပ်တွေများပြီး ပင်ပန်းတယ် ထင်ပါရဲ့
ကျွန်တော့်ကို စောင့်ရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ၊ ကြည့်မဝနိုင်ဘူး ကိုကို
ကိုကို့မျက်နှာနုနုအထက် ကျွန်တော့် လက်ချောင်းလေးများ ထိတွေ့လှုပ်ရှားနေသည်။
ကိုကို့ နှာခေါင်း နှုတ်ခမ်း ပါးနုနု
ကိုကို့ မေးဖျားသွယ်သွယ်လေး ထိတွေ့ချင်ခဲ့တာ ကြာပြီ ။ ကိုကို အနမ်းလေး တစ်ပွင့်ပေးမယ်နော်
ကိုကို့ ပါးနုနုထက် ကျွန်တော့် အနမ်းခပ်ဖွဖွလေး
ကျရောက်စေသည် ။ ဟောဗျာ ဘာဆိုင်လို့ မျက်ရည်တွေကျလာရတာတုန်း ၊ ခပ်မြန်မြန် သုတ်လိုက်သည် ကိုကိုက ငိုတာ မကြိုက်ဘူး

ကျွီ

"ကာရန် "

"ရှူးတိုးတိုး လပြည့် ကိုကို အိပ်နေတယ်
ဘာပြောမလို့လဲ "

"ဘာမှမဟုတ်ပါဘူး မင်းပျင်းနေရင်
လမ်းလေးလျှောက်မလားလို့ လာမေးတာ "

"အင်း လျှောက်မယ် "

တံခါးကို ဖြေးညှင်းစွာ ပြန်ပိတ်ကာ
အပြင်သို့ ထွက်လာခဲ့သည် ။

"ငါ ဗိုက်ဆာသလိုပဲ လပြည့်
Canteen အရင်သွားရအောင်
ငါ့ကို တစ်ခုခု ဝယ်ကျွေးပါလား "

"မင်း ကိုကို မဝယ်ကျွေးဘူးလား "

"ကျွေးတယ် ကိုကို ပိုက်ဆံကုန်မှာ စိုးလို့
မစားဘူး ပြောထားတာ "

"အော် ငါ့ကျ ကုန်ပါစေပေါ့ ဟုတ်လား
မကျွေးဘူးကွာ "

"လပြည့်နော် ဒီသူငယ်ချင်းလေး ဒီတစ်ခါပဲ ဝယ်ကျွေးရတော့မှာကို "

"ဘာ ဒီတစ်ခါလည်း ပြောတာကိုက ဘာတွေပြောမှန်းမသိဘူး လာ ဘာစားမှာလဲ
်ဝယ်ကျွေးမယ် "

မဝယ်ကျွေးတာလည်း မဟုတ်ပဲနဲ့ ကျွန်တော့်သူငယ်ချင်းလေး

"လပြည့် "

"ဘာလဲ ပြော "

"ကျေးဇူး"

"ဘာအတွက် ကျေးဇူးလာတင်နေတာလည်း "

"အရာရာတိုင်းအတွက် ကျေးဇူးတင်တာ "

"သိတတ်သေးတယ် တော်သေးတာပေါ့ "

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now