❤Part 30❤

14.2K 858 14
                                    

ကာရန်​ ဘာတွေလုပ်​ခဲ့တာလဲ ၊ ရူး​နေပြီလား
ဘာ​လို့ ဖွင့်​​ပြောခဲ့ရတာလဲ ၊ ဘယ်​လိုလုပ်​ရမလဲ
ကြောက်​တယ်​ ကိုကို့ကို ဘယ်​လို မျက်​နှာချင်းဆိုင်​ရမှာလဲ ၊ စိ​တ်​​တွေလည်း မွမ်းကျပ်​​တယ်
ခု ဘာဆက်​လုပ်​ရမလဲ.....
တွေးရင်း ​တွေးရင်း ​ခြေဦးတည့်​ရာလာခဲ့​တော့
Bar&BBQ ​ဆိုင်​တစ်​ဆိုင်​​ရှေ့ ​ရောက်​လာတယ်
လာပါ လာပါ ​သောက်​ပါလို့ ​ခေါ်​နေသ​ယောင်
အာ ဟုတ်​တယ်​ ဒီ​​နေ့ ဖြစ်​ပျက်​ခဲ့သမျှကို
အရက်​​သောက်​ပြီး မေ့ပစ်​ရမယ်​ ။ ဘယ်​လိုပဲဖြစ်​ဖြစ်​ ခဏတာ​တော့ ​မေ့ပစ်​နိုင်​မှာပါ ။ စိတ်​ဆုံးဖြတ်​ပြီး ထိုဆိုင်​ထဲကို ဝင်​လာလိုက်​တယ်​ ။ ကိုကို​ရေ
ကိုကို့​ကြောင့်​ မလုပ်​ဖူးတာ​တွေ​ရော လုပ်​တတ်​​နေပါပြီ ....

"Welcome ပါဗျ ..."

"အကို​ရေ ကျွန်​​တော့ကို အပြင်းဆုံး အရက်​​ပေးပါ

"ရပါတယ်​ဗျ ၊ ဒါနဲ့ ညီ တကယ်​​ရော ​သောက်​နိုင်​လို့လား ၊ အပြင်းဆုံးဆို​တော့ "

"​သောက်​နိုင်​ပါတယ်​ဗျ "

"Okok ခဏ​စောင့်​ပါဗျ "

"...."

အရက်​ပုလင်း​ရှေ့​ရောက်​လာ​တော့ တစ်​ခွက်​ငှဲ့ပြီး
သောက်​ကြည့်​လိုက်​တယ်​ ၊ အမယ်​​လေး
ဘယ်​​လောက်​ဆိုးတဲ့ အရသာလည်း ၊ လူ​တွေ ဘယ်​လိုများ​သောက်​နိုင်​ပါ့
အဟဲ ဆိုး​တော့ မဆိုးဘူး ၊ အမြီး​လေးနဲ့ဆို ​သောက်​​ကောင်းတယ်​ .......

----------

ပြောချင်​ရာ​တွေ​ပြောပြီး သူထွက်​သွားတာ
အခ်ျိန်​အနည်းအငယ်​ ရှိပြီ ဖြစ်​​ပေမယ့်
ကျွန်​​တော်​က​တော့ ခုတိုင်းရပ်​​နေတုန်းပဲ
အရမ်းကို ဆွံ့အမိပါတယ်​ ၊ ကိုယ့်​ကို ချစ်​တယ်​တဲ့လား

ကိုရှင်း နိုးလာရင်​ ကာရန်​နဲ့အဆင်​မ​ပြေဖြစ်​မှာစိုးလို့ လာကြည့်​​တော့ ၊ အ​ခြေအ​နေက ဘယ်​လို​တွေ ဖြစ်​​နေတာ ၊ ​ဆေးပိုက်​တန်းလန်းနဲ့
ကျောက်​ရုပ်​လို ရပ်​​နေတဲ့ ကိုရှင်း ၊ အခန်းထဲ ရှာကြည့်​ကြည့်​​တော့ ကာရန်​ မရှိဘူး
ဘာ​တွေ ဖြစ်​သွားပြန်​တာလဲ

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now