❤Part 40❤

14.6K 869 38
                                    

ဖုန်းကို ကိုင်ကာ ဟိုလျှောက် ဒီလျှောက်နဲ့ ဟိုနှစ်ကောင် ဖုန်းဆက်လာမှာကို မျှော်မိသည် ။

"ဝတ်ရည် ထိုင်နေစမ်းပါဟာ
နင့်ကို ကြည့်ရတာ မျက်စိနောက် လာပြီ
ဘာကိုစောင့်နေတာလဲ "

"ဟိုနှစ်ကောင် ကိုစောင့်နေတာ
ကိစ္စတွေပြီးရင် ဖုန်းဆက်ဖို့ ပြောထားတာ
ခုထိမဆက်သေးဘူး ၊ တစ်ခုခု ဖြစ်လို့ များလား "

"ဆက်မှာပါ စိတ်အေးအေးထား စမ်းပါ "

"ဟာ သွားပြီ ငါအခုမှ သတိရတယ်​ "

"ဘာလဲ "

"ရှင်းဆက်ကို စောင့်ကြည့်ဖို့ မေ့နေတာပဲ
အဲကလေးကိုပဲ အာရုံစိုက်မိနေတော့
နင်ကလည်း အကြံလေး ဘာလေးပေးဖို့ မရှိဘူး "

"ငါ့ကိုအပြစ်မပြောပါနဲ့ ဝတ်ရည်ရာ
နင်စီစဉ်တဲ့အတိုင်း ငါလုပ်တာပဲ "

"ထားပါ အခု ငါဖုန်းမစောင့်နိုင်တော့ဘူး
ဆက်ကြည့်ဦးမယ် "

............

At hilton,

တီ တီ

"ဘယ်သူလဲ "

"ဟို ဟို နှစ်ယောက်ဆက်တာပါ "

"ကိုင်လိုက် speaker ဖွင့်ပြော
အရင်အတိုင်းပဲ ပြော "

"ဟုတ် ဟုတ်
ဟဲလို "

"ဘာဟဲလိုလဲ နင်တို့ဖုန်းဆက်ဖို့ မေ့နေကြတာလား
အခြေအနေ ဘယ်လိုလဲ "

"ဟုတ် ကောင်းပါတယ် "

"Video ရောရိုက်ထားလား "

"ဟုတ် ရိုက်ထားပါတယ် "

ဘာတဲ့ video တောင်ရိုက်ခိုင်းတယ် ဟုတ်လား
သေဖို့တောင် မတန်တဲ့ ဟာတွေ
တောက် !

"အင်း အဲဆို လာနေကျ နေရာပဲ လာခဲ့တော့
စောင့်နေမယ် "

"ဟုတ်ကဲ့ "

ဖုန်းချပြီးတဲ့နောက်

"ငါ့ကို အဲနေရာ ခေါ်သွားပေး "

"ဟုတ် ဟုတ်ကဲ့ "

တီ တီ

"ဟဲလို နေခ ငါ့ကို လူ ၅ ယောက်လောက် လွှတ်ပေး "

"Why ??"

"လျှာမရှည်ပါနဲ့ hilton ရှေ့မှာ လွှတ်လိုက်
ငါစောင့်နေမယ် ဒါပဲ "

ကိုကိုကျေနပ်​မယ်​ဆိုရင်​ ကျွန်​​တော်​ ......Where stories live. Discover now