Unicode
"ချစ်သည်း သွားတော့မလို့လား... ကိုယ်လည်းလိုက်မယ်..."
အိမ်အဝမှာ ထိုင်ကာ ဖိနပ်စီးနေတဲ့ ကျွန်တော့်ဘေးလာရပ်လို့ သူ မေးသည်...
"ငါ ဘယ်သွားမှာမို့လို့... မင်းကလိုက်မှာလဲ..."
"မသိဘူးလေ... မင်းကနေ့တိုင်းအပြင်ထွက်နေတော့ ငါတစ်ယောက်တည်းပျင်းတယ်လေ... အာ့ကြောင့် မင်း ဘယ်သွားသွားလိုက်မှာပဲ..."
"ငါက သင်တန်းသွားမှာ... မင်း ပျင်းရင် မင်းသူငယ်ချင်းတွေနဲ့ သွားတွေ့ပေါ့ကွာ..."
"သူတို့က ခရီးထွက်သွားတယ်...."
"အဲ့ဒါဆိုလည်း လိုက်သွားပေါ့... ဘာလို့နေခဲ့လဲ..."
"မင်း တစ်ယောက်တည်း စိတ်မချလို့လေ..."
"အံမယ် ဖြစ်ရချည်သေး... ငါက ယောက်ျားလေး ဘာမှ မဖြစ်ဘူး..."
"ယောက်ျားလေးလည်း စိတ်ပူရတာပဲလေ... ကိုယ်လိုက်မယ်နော် ချစ်သည်း..."
"မင်း သဘောပဲလေ... ငါ့ သင်တန်းက သုံးနာရီလောက်ကြာမှာ မင်း အိမ်မှာနေတာကမှ ပိုကောင်းဦးမယ်..."
"မသိဘူးကွာ... ဘယ်လောက်ကြာကြာ မင်း အနောက်လိုက်ချင်နေပါတယ်ဆို..."
"ပြောမရတော့လည်း သဘောပဲကွာ..."
ကျွန်တော် ခွင့်ပြုလိုက်တော့ ပြုံးရွှင်သွားတဲ့ သူ့မျက်နှာကြောင့် ကျွန်တော်လည်း စိတ်ချမ်းသာရပါသည်...
"ချစ်သည်း ကားမယူဘူးလား..."
ခြံတံခါးကို သော့ခတ်နေတဲ့ ကျွန်တော့်ကို သူ မေးပြန်တယ်...
"ငါ နေ့တိုင်းသွားနေတာ ဘယ်နှစ်ခေါက်များ ကားယူသွားတာ မင်းတွေ့ဖူးလို့လဲ..."
"ဟင့်အင်း မတွေ့ဖူးဘူး.... ဒါဆို Taxiနဲ့ သွားတာလား..."
"No... busနဲ့..."
"ဟာ ချစ်သည်းရာ အဲ့လောက်လူတွေကြပ်ညပ်သပ်နေတဲ့ busကို ဘာလို့စီးတာလဲ... ကိုယ်ပိုင်ကားလည်း ရှိနေတာကို..."
ခပ်ရွံ့ ရွံ့ မျက်နှာဘေးနဲ့ ပြောနေတဲ့ သူ့ကို ကျွန်တော်မျက်စောင်းထိုးကြည့်လိုက်သည်....
ကျွန်တော် သိတာပေါ့... သူ busကို မစီးတက်မှန်း... သူ တစ်ခါမှလည်း busမစီးဖူးဘူးလေ... ဒါကြောင့်ပဲ ကျွန်တော် တမင် bus စီးဖို့ ရွေးလိုက်တာလေ...
အရင်နေ့တွေကတော့ ကျွန်တော် taxiနဲ့ပဲ သွားတာပါ... busကတော့ တစ်ခါစီးဖူးပါတယ် Soyouနဲ့ အတူပေါ့...
"ငါ့ဟာငါ ဘာပဲစီးစီးပေါ့... စကားသိပ်မများနဲ့... နားသိပ်ငြီးလာရင် ထားပစ်ခဲ့လိုက်မယ်... တိတ်လိုက်တော့..."
ကျွန်တော် ပိတ်အော်ပစ်လိုက်တော့ ဘေးနားကနေပွစိပွစိလုပ်နေတဲ့သူ ပါးစပ်တိခနဲ ပိတ်သွားလေရဲ့...
"လာ ကားလာပြီ...."
စီးရမယ့်ကားလာတော့ သူ့လက်ကို ဆွဲပြီး ကားပေါ်တက်လိုက်တဲ့ ကျွန်တော့်နောက်ကို သူ ကြောင်တောင်တောင်နဲ့ ပါလာ၏...
မနက် ကျောင်းချိန် ရုံးချိန်ဖြစ်တာနဲ့ အညီ ကားကလည်း ကြပ်သည်...
တဖြည်းဖြည်းပိုများလာတဲ့ လူတွေကြောင့် သူ့မျက်နှာလည်း တဖြည်းဖြည်း စူပုတ်လာသည်...
Bus စီးရမှာ မကြိုက်ဘူးမလား... နည်းနည်းလောက် ဒုက္ခခံကြည့်လိုက်စမ်းပါ Minhoရာ....
"မျက်နှာကြီးက ဘာဖြစ်နေတာလဲ...."
ကျွန်တော့်ဘေးမှာ ရပ်နေတဲ့ သူ့ကို မော့ကာ စောင်းငဲ့ကြည့်ရင်း မေးသည်ကိုလည်း ပြန်မဖြေတဲ့ သူ့ကို ကြည့်ပြီး ကျွန်တော် ရယ်ချင်လာသည်...
"ပြုံးစိစိ လုပ်မနေနဲ့ ဒီကိုလာ..."
"ဟမ်...."
သူ့ဘေးမှာ ရပ်နေတဲ့ ကျွန်တော့်ကို ဆွဲယူကာ သူ့ရှေ့ရပ်စေလိုက်တာမို့ ရုတ်တရပ်ကြောင်သွားသည်...
အခုအနေထားက ကျွန်တော်သည် သူ့ရင်ခွင်ထဲရောက်နေကာ... ကျွန်တော့်ရှေ့တွင်တော့ ခုံရှိနေသည်....
သူ့လက်တစ်ဖက်ကတော့ ကားလက်ကိုင်ကွင်းကို ကိုင်ထားပြီး... ကျန်လက်တစ်ဖက်ကတော့ ကျွန်တော့် ခါးပေါ်တင်ထားလေရဲ့...
သူ့ကို မော့ကြည့်တော့ ဘာမှမသိသလိုပုံစံမျိုးနဲ့... ကျွန်တော်ကသာ ထိုအခြေအနေမှာ မဟားတရားကို ရင်တွေခုန်နေခဲ့တာ... အသက်တောင် ကောင်းကောင်းမရှူရဲခဲ့...
ဆင်းရမယ့် မှတ်တိုင်ရောက်တော့မှပဲ အသက်ရဲရဲရှူနိုင်တော့သည်....
"ချစ်သည်း နောက်တစ်ခါ ဘယ်တော့မှ bus မစီးနဲ့တော့... ချစ်သည်း သွားမယ့်နေရာတွေကို ကိုယ်ပဲလိုက်ပို့မယ်..."
ဆူအောင့်အောင့်နဲ့ သူ့စကားကို ကျွန်တော် နားမလည်နိုင်စွာကြည့်လိုက်သည်...
"ကိုယ်မကြိုက်ဘူး... အဲ့လိုမျိုး ကြပ်ကြပ်သပ်သပ်ကြီးနဲ့ အသားချင်းထိနေတာတွေကို ကိုယ်မကြိုက်ဘူး... အထူးသဖြင့် ချစ်သည်းကို ထိနေတာတွေကိုပေါ့..."
"မင်း မကြိုက်ရင် မစီးနဲ့ပေါ့... ငါကတော့ စီးမှာပဲ... မင်းမှာ ငါ့ကို ဟိုလိုလုပ် ဒီလိုလုပ်ဆိုပြီး ဝင်စွက်ဖက်ခွင့်မရှိဘူးနော် Minho...."
ကျွန်တော် တမင်ရွဲ့ပြောလိုက်တော့ သိသိသာသာ ညိုးကျသွားတဲ့ သူ့မျက်နှာကို မြင်ရပြန်တော့ ပြောပြီးမှ စိတ်မကောင်း ဖြစ်သွားမိ.... တကယ်တော့ ကျွန်တော်လည်း bus မစီးနိုင်ပါ... သူ့ကို တမင်ညစ်ချင်၍သာ စီးခြင်းဖြစ်သည်....
"Sorryပါ ငါ တောင်းပန်တယ်နော်... မင်း သဘောပါပဲ... ငါ ဝင်စွက်ဖက်ခွင့်မရှိဘူးလေ... ဒါပေမယ့် ငါကိုတော့ နေ့တိုင်း မင်းနဲ့ အတူလိုက်ခွင့်ပေးပါ..."
သူပြောလိုက်တဲ့ *နေ့တိုင်း အတူလိုက်ခွင့်ပေးပါ*ဆိုတဲ့ စကားကြောင့် ကျွန်တော် busကို တစ်နေကုန်တောင် စီးချင်မိသွားသည်...
လူစီးများပြီး ကြပ်လွန်းတဲ့ busကို ကျွန်တော်လည်း စီးရတာ မကြိုက်ပေမယ့် သူသာ ပါမယ်ဆိုရင်တော့ ဘယ်လောက်ပဲ လူကြပ်ပါစေ တစ်နေကုန် စီးရမယ်ဆိုရင်တောင် ကျွန်တော် စီးနိုင်ပါတယ်...
အခုတော့ သူပါမှာ ဆိုတဲ့ အသိတို့ကြောင့် busစီးရမှာ မကြိုက်ပေမယ့်လည်း နေ့တိုင်း busကိုပဲ စီးဖို့ဆုံးဖြတ်လိုက်သည်...
Choi Minhoရေ ငါနဲ့အတူ နည်းနည်းတော့ ဒုက္ခခံလိုက်ပါဦး... ငါ့ကို ပြန်လိုချင်မှတော့ ငါ့ရဲ့ စမ်းသပ်မှုတွေကိုလည်း နည်းနည်းလောက် ခံကြည့်ဦးပေါ့...
မင်း ဘယ်လောက် ငါ့ အပေါ်သည်းခံနိုင်မလဲ ငါ ကြည့်နေမှာ...
ငါ စစ်တဲ့ အချစ်စာမေးပွဲမှာ မင်း အမှတ်ပြည့်နဲ့ အောင်ပါစေလို့ ငါ ဆုတောင်းနေမှာပါ....
Tbc....
.........................
Zawgyi
"ခ်စ္သည္း သြားေတာ့မလို႔လား... ကိုယ္လည္းလိုက္မယ္..."
အိမ္အဝမွာ ထိုင္ကာ ဖိနပ္စီးေနတ့ဲ ကြၽန္ေတာ့္ေဘးလာရပ္လို႔ သူ ေမးသည္...
"ငါ ဘယ္သြားမွာမို႔လို႔... မင္းကလိုက္မွာလဲ..."
"မသိဘူးေလ... မင္းကေန႔တိုင္းအျပင္ထြက္ေနေတာ့ ငါတစ္ေယာက္တည္းပ်င္းတယ္ေလ... အာ့ေၾကာင့္ မင္း ဘယ္သြားသြားလိုက္မွာပဲ..."
"ငါက သင္တန္းသြားမွာ... မင္း ပ်င္းရင္ မင္းသူငယ္ခ်င္းေတြန႔ဲ သြားေတြ႔ေပါ့ကြာ..."
"သူတို႔က ခရီးထြက္သြားတယ္...."
"အ့ဲဒါဆိုလည္း လိုက္သြားေပါ့... ဘာလို႔ေနခ့ဲလဲ..."
"မင္း တစ္ေယာက္တည္း စိတ္မခ်လို႔ေလ..."
"အံမယ္ ျဖစ္ရခ်ည္ေသး... ငါက ေယာက္်ားေလး ဘာမွ မျဖစ္ဘူး..."
"ေယာက္်ားေလးလည္း စိတ္ပူရတာပဲေလ... ကိုယ္လိုက္မယ္ေနာ္ ခ်စ္သည္း..."
"မင္း သေဘာပဲေလ... ငါ့ သင္တန္းက သံုးနာရီေလာက္ၾကာမွာ မင္း အိမ္မွာေနတာကမွ ပိုေကာင္းဦးမယ္..."
"မသိဘူးကြာ... ဘယ္ေလာက္ၾကာၾကာ မင္း အေနာက္လိုက္ခ်င္ေနပါတယ္ဆို..."
"ေျပာမရေတာ့လည္း သေဘာပဲကြာ..."
ကြၽန္ေတာ္ ခြင့္ျပဳလိုက္ေတာ့ ျပံဳးရႊင္သြားတ့ဲ သူ႔မ်က္ႏွာေၾကာင့္ ကြၽန္ေတာ္လည္း စိတ္ခ်မ္းသာရပါသည္...
"ခ်စ္သည္း ကားမယူဘူးလား..."
ျခံတံခါးကို ေသာ့ခတ္ေနတ့ဲ ကြၽန္ေတာ့္ကို သူ ေမးျပန္တယ္...
"ငါ ေန႔တိုင္းသြားေနတာ ဘယ္ႏွစ္ေခါက္မ်ား ကားယူသြားတာ မင္းေတြ႔ဖူးလို႔လဲ..."
"ဟင့္အင္း မေတြ႔ဖူးဘူး.... ဒါဆို Taxiန႔ဲ သြားတာလား..."
"No... busန႔ဲ..."
"ဟာ ခ်စ္သည္းရာ အ့ဲေလာက္လူေတြၾကပ္ညပ္သပ္ေနတ့ဲ busကို ဘာလို႔စီးတာလဲ... ကိုယ္ပိုင္ကားလည္း ႐ွိေနတာကို..."
ခပ္ရြံ႕ ရြံ႕ မ်က္ႏွာေဘးန႔ဲ ေျပာေနတ့ဲ သူ႔ကို ကြၽန္ေတာ္မ်က္ေစာင္းထိုးၾကည့္လိုက္သည္....
ကြၽန္ေတာ္ သိတာေပါ့... သူ busကို မစီးတက္မွန္း... သူ တစ္ခါမွလည္း busမစီးဖူးဘူးေလ... ဒါေၾကာင့္ပဲ ကြၽန္ေတာ္ တမင္ bus စီးဖို႔ ေရြးလိုက္တာေလ...
အရင္ေန႔ေတြကေတာ့ ကြၽန္ေတာ္ taxiန႔ဲပဲ သြားတာပါ... busကေတာ့ တစ္ခာစီးဖူးပါတယ္ Soyouန႔ဲ အတူေပါ့...
"ငါ့ဟာငါ ဘာပဲစီးစီးေပါ့... စကားသိပ္မမ်ားန႔ဲ... နားသိပ္ၿငီးလာရင္ ထားပစ္ခ့ဲလိုက္မယ္... တိတ္လိုက္ေတာ့..."
ကြၽန္ေတာ္ ပိတ္ေအာ္ပစ္လိုက္ေတာ့ ေဘးနားကေနပြစိပြစိလုပ္ေနတ့ဲသူ ပါးစပ္တိခနဲ ပိတ္သြားေလရ႕ဲ...
"လာ ကားလာၿပီ...."
စီးရမယ့္ကားလာေတာ့ သူ႔လက္ကို ဆြဲၿပီး ကားေပၚတက္လိုက္တ့ဲ ကြၽန္ေတာ့္ေနာက္ကို သူ ေၾကာင္ေတာင္ေတာင္န႔ဲ ပါလာ၏...
မနက္ ေက်ာင္းခ်ိန္ ရံုးခ်ိန္ျဖစ္တာန႔ဲ အညီ ကားကလည္း ၾကပ္သည္...
တျဖည္းျဖည္းပိုမ်ားလာတ့ဲ လူေတြေၾကာင့္ သူ႔မ်က္ႏွာလည္း တျဖည္းျဖည္း စူပုတ္လာသည္...
Bus စီးရမွာ မႀကိဳက္ဘူးမလား... နည္းနည္းေလာက္ ဒုကၡခံၾကည့္လိုက္စမ္းပါ Minhoရာ....
"မ်က္ႏွာႀကီးက ဘာျဖစ္ေနတာလဲ...."
ကြၽန္ေတာ့္ေဘးမွာ ရပ္ေနတ့ဲ သူ႔ကို ေမာ့ကာ ေစာင္းင့ဲၾကည့္ရင္း ေမးသည္ကိုလည္း ျပန္မေျဖတ့ဲ သူ႔ကို ၾကည့္ၿပီး ကြၽန္ေတာ္ ရယ္ခ်င္လာသည္...
"ျပံဳးစိစိ လုပ္မေနန႔ဲ ဒီကိုလာ..."
"ဟမ္...."
သူ႔ေဘးမွာ ရပ္ေနတ့ဲ ကြၽန္ေတာ့္ကို ဆြဲယူကာ သူ႔ေ႐ွ႕ရပ္ေစလိုက္တာမို႔ ႐ုတ္တရပ္ေၾကာင္သြားသည္...
အခုအေနထားက ကြၽန္ေတာ္သည္ သူ႔ရင္ခြင္ထဲေရာက္ေနကာ... ကြၽန္ေတာ့္ေ႐ွ႕တြင္ေတာ့ ခံု႐ွိေနသည္....
သူ႔လက္တစ္ဖက္ကေတာ့ ကားလက္ကိုင္ကြင္းကို ကိုင္ထားၿပီး... က်န္လက္တစ္ဖက္ကေတာ့ ကြၽန္ေတာ့္ ခါးေပၚတင္ထားေလရ႕ဲ...
သူ႔ကို ေမာ့ၾကည့္ေတာ့ ဘာမွမသိသလိုပံုစံမ်ိဳးန႔ဲ... ကြၽန္ေတာ္ကသာ ထိုအေျခအေနမွာ မဟားတရားကို ရင္ေတြခုန္ေနခ့ဲတာ... အသက္ေတာင္ ေကာင္းေကာင္းမ႐ွဴရဲခ့ဲ...
ဆင္းရမယ့္ မွတ္တိုင္ေရာက္ေတာ့မွပဲ အသက္ရဲရဲ႐ွဴႏိုင္ေတာ့သည္....
"ခ်စ္သည္း ေနာက္တစ္ခါ ဘယ္ေတာ့မွ bus မစီးန႔ဲေတာ့... ခ်စ္သည္း သြားမယ့္ေနရာေတြကို ကိုယ္ပဲလိုက္ပို႔မယ္..."
ဆူေအာင့္ေအာင့္နဲ႔ သူ႔စကားကို ကြၽန္ေတာ္ နားမလည္ႏိုင္စြာၾကည့္လိုက္သည္...
"ကိုယ္မႀကိဳက္ဘူး... အ့ဲလိုမ်ိဳး ၾကပ္ၾကပ္သပ္သပ္ႀကီးန႔ဲ အသားခ်င္းထိေနတာေတြကို ကိုယ္မႀကိဳက္ဘူး... အထူးသျဖင့္ ခ်စ္သည္းကို ထိေနတာေတြကိုေပါ့..."
"မင္း မႀကိဳက္ရင္ မစီးန႔ဲေပါ့... ငါကေတာ့ စီးမွာပဲ... မင္းမွာ ငါ့ကို ဟိုလိုလုပ္ ဒီလိုလုပ္ဆိုၿပီး ဝင္စြက္ဖက္ခြင့္မ႐ွိဘူးေနာ္ Minho...."
ကြၽန္ေတာ္ တမင္ရြ့ဲေျပာလိုက္ေတာ့ သိသိသာသာ ညိဳးက်သြားတ့ဲ သူ႔မ်က္ႏွာကို ျမင္ရျပန္ေတာ့ ေျပာၿပီးမွ စိတ္မေကာင္း ျဖစ္သြားမိ.... တကယ္ေတာ့ ကြၽန္ေတာ္လည္း bus မစီးႏိုင္ပါ... သူ႔ကို တမင္ညစ္ခ်င္၍သာ စီးျခင္းျဖစ္သည္....
"Sorryပါ ငါ ေတာင္းပန္တယ္ေနာ္... မင္း သေဘာပါပဲ... ငါ ဝင္စြက္ဖက္ခြင့္မ႐ွိဘူးေလ... ဒါေပမယ့္ ငါကိုေတာ့ ေန႔တိုင္း မင္းန႔ဲ အတူလိုက္ခြင့္ေပးပါ..."
သူေျပာလိုက္တ့ဲ *ေန႔တိုင္း အတူလိုက္ခြင့္ေပးပါ*ဆိုတ့ဲ စကားေၾကာင့္ ကြၽန္ေတာ္ busကို တစ္ေနကုန္ေတာင္ စီးခ်င္မိသြားသည္...
လူစီးမ်ားၿပီး ၾကပ္လြန္းတ့ဲ busကို ကြၽန္ေတာ္လည္း စီးရတာ မႀကိဳက္ေပမယ့္ သူသာ ပါမယ္ဆိုရင္ေတာ့ ဘယ္ေလာက္ပဲ လူၾကပ္ပါေစ တစ္ေနကုန္ စီးရမယ္ဆိုရင္ေတာင္ ကြၽန္ေတာ္ စီးႏိုင္ပါတယ္...
အခုေတာ့ သူပါမွာ ဆိုတ့ဲ အသိတို႔ေၾကာင့္ busစီးရမွာ မႀကိဳက္ေပမယ့္လည္း ေန႔တိုင္း busကိုပဲ စီးဖို႔ဆံုးျဖတ္လိုက္သည္...
Choi Minhoေရ ငါန႔ဲအတူ နည္းနည္းေတာ့ ဒုကၡခံလိုက္ပါဦး... ငါ့ကို ျပန္လိုခ်င္မွေတာ့ ငါ့ရ႕ဲ စမ္းသပ္မႈေတြကိုလည္း နည္းနည္းေလာက္ ခံၾကည့္ဦးေပါ့...
မင္း ဘယ္ေလာက္ ငါ့ အေပၚသည္းခံႏိုင္မလဲ ငါ ၾကည့္ေနမွာ...
ငါ စစ္တ့ဲ အခ်စ္စာေမးပြဲမွာ မင္း အမွတ္ျပည့္န႔ဲ ေအာင္ပါေစလို႔ ငါ ဆုေတာင္းေနမွာပါ....
Tbc....